Get the latest updates directly on Telegram.
ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...
အားပေးသူ တစ်ယောက်တိုင်းကို ကျေးဇူးတင်ပါတယ်။ အချို့ Video များကို မမြင်ရပါက VPN လေးခံကြည့်ပေးပါခင်ဗျာ အောက်ပါခလုတ်ကို နှိပ်လိုက်ပါက ကြော်ငြာဆိုဒ်တစ်ခုသို့ ရောက်ရှိသွားပါမည်။ ပြီးလျှင် Back ခလုတ်ကိုနှိပ်၍ ပြန်လာနိုင်ပါသည်။
ကြော်ငြာများ ကြည့်ရင်း ခဏစောင့်ပေးပါ...
သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ
Myanmar News
အင်းစိန် လူမိုက် သီဟအောင် ဟော့ပေါ့စားပြီး ပြန်လာတဲ့ မိန်းကလေးငယ်နှစ်ယောက်ကို ငွေညှစ်ပြီး အဓမ္မကျင့် စက်တင်ဘာ ၁၆ ရက် ည ၇ နာရီခန့်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် နေထိုင်သည့် အသက် ၁၆ နှစ်အရွယ် မနီလာ (အမည်လွှဲ) သည် သူငယ်ချင်းဖြစ်သူ အသက် ၁၈ နှစ်အရွယ် မသီတာ (အမည်လွှဲ) နှင့်အတူ City Mall သို့ Hot Pot သွားရောက်စားသောက်မည်ဟု ဆိုကာ နေအိမ်မှ ထွက်ခွာခဲ့ကြသည်။ သို့သော် ညစာစားပြီးနောက် ည ၈ နာရီခန့်တွင် နေအိမ်သို့ လမ်းလျှောက်ပြန်လာစဉ် (၂၇) ရပ်ကွက်၊ ဆရာစံလမ်းအရောက်၌ ခဲရောင် PRADO မော်တော်ယာဉ် မောင်းနှင်လာသည့် အမည်မသိ […]
ရန်ကုန်မြို့လယ်ကောင်မှာ ဘဏ်ဓားပြတိုက်ခံရပြန် သေနတ်၊ ဓါး ကိုင်ဆောင်ထားတဲ့ ဓားပြတွေကို ပြည်သူများက ဝိုင်းဖမ်းပေးပြီး ရဲလက်အပ်ရ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ UAB ဘဏ်ခွဲတွင် သေနတ်နှင့် ဓား ကိုင်ဆောင်ကာ ဝင်ရောက်လုယက်သည့် ဓားပြအဖွဲ့အား အနီးဝန်းကျင်ရှိ ပြည်သူများက ရဲဝံ့စွာ ဝိုင်းဝန်းဖမ်းဆီးခဲ့သဖြင့် ဓားပြတစ်ဦးကို ငွေကျပ် သိန်း ၆၅၀ နှင့်အတူ လက်ဝယ်ဖမ်းဆီးရမိ။ စစ်အုပ်စု လက်ထက် တရားဥပဒေ စိုးမိုးရေး ပျက်စီးယိုယွင်းနေသဖြင့် မြို့ကြီးများ၌ ဘဏ်ဓားပြတိုက်မှုများ အပါအဝင် ရာဇဝတ်မှုများ မကြာမီခဏ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားနေ ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ UAB ဘဏ်ခွဲတွင် စက်တင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီ ၅၀ မိနစ်ခန့်က သေနတ်နှင့် […]
လှိုင်သာယာမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တဦး မုန့်ဝယ်ထွက်သွားရာက ပျောက်ဆုံးသွားခဲ့ပြီး တရုတ်မယားအဖြစ် ရောင်းစားခံရဖို့ဖြစ်ခဲ့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ မိန်းကလေးငယ်တွေ အပါအဝင် လူငယ်တွေနေ့စဉ် အဖမ်းခံနေရပြီး တရုတ်မယားအဖြစ် ရောင်းစားနေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ လိူင်သာယာမြို့နယ်၊ ၁၃ ရပ်ကွက်မှာ နေထိုင်တဲ့ အသက်မပြည့်သေးတဲ့ ၁၄ နှစ်အရွယ်ရှိ မိန်းကလေးငယ်တဦးဟာ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၇ နာရီခန့်က အအေးဝယ်မယ်ဆိုပြီး ထွက်သွားရာက ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။ “၇ နာရီလောက်က ထွက်သွားတာ ပြန်မလာလို့ ၈ နာရီလောက်မှာ စရှာခဲ့ကြတာ။ ကလေးရဲ့ သူငယ်ချင်းအိမ်တွေကို သွားမေးတော့လည်း ၃ လမ်းထိပ် ကားမှတ်တိုင်ဘက် သွားတယ်ပြောတယ်။ အစအနက အဲ့လောက်ပဲ ရခဲ့တယ်။ […]
သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် PDF တပ်ဖွဲ့ဝင် ၆ ဦး အကြမ်းဖက်စစ်တပ်ထံ ဘက်ပြောင်း မကွေးတိုင်း၊ သရက်ခရိုင်အတွင်း စစ်ရေးတင်းမာနေချိန် အကြမ်းဖက်စစ်တပ်လက်အောက်ကို တပ်ဖွဲ့ဝင် ၆ ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးအညံ့ခံသွားကြောင်း သရက်ခရိုင် အမှတ်-၄တပ်ရင်းရဲ့ သတင်းတာဝန်ခံ ကိုမြတ်ကမောင်းကိုပြောပါတယ်။ သရက်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ PDF သရက်ခရိုင် အမှတ်- ၄ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် ၆ ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမပတ်အတွင်းမှာပဲ အကြမ်းဖက်စစ်တပ်ရှိရာကို လက်နက်တွေနဲ့အတူ ထွက်ပြေးဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။ အညံ့ခံဘက်ပြောင်းသွားသူတွေကတော့ ရန်ပိုင်စိုး(ခ) ပိုင်လေး၊ လမင်းသန့်၊ ဇင်မိုးအောင်၊ မိုးထက်ကျော်၊ မျိုးထက်နိုင်နဲ့ သူထူးစံ တို့ဖြစ်ကြပြီး ပထမဆုံးထွက်ပြေးသွားတဲ့ ရန်ပိုင်စိုး(ခ) ပိုင်လေးရဲ့ ဆက်လက်ချိတ်ဆက်မှုကနေ နောက်ထပ်ရဲဘော် ၅ ဦး ပါ […]
“အချစ်ရေး အဆင်မပြေ၍ စိတ်မထိန်းနိုင်ဘဲ ကားဖြင့် လိုက်လံတို-က်” — ပန်းဆိုးတန်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် ဖြစ်ပွားခဲ့သည့် ထိတ်လန့်ဖွယ် ဖြစ်စဉ် ရန်ကုန်မြို့လယ်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့် လူစည်ကားရာ လမ်းဆုံတွင် ယနေ့ညပိုင်းက ယာဉ်မောင်းတစ်ဦး ချစ်သူနှင့် အဆင်မပြေ စကားများရာမှ ကားကို အရှိန်ပြင်းစွာ မောင်းနှင်ကာ ကားများအား လိုက်လံတို-က်-ခိုက် ရမ်းကားခဲ့သည့် ထူးဆန်းထိတ်လန့်ဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကနဦး ကြားသိရသည့် ဖြစ်စဉ်အကျဉ်း နေရာနှင့် အချိန် — ယနေ့ညပိုင်း၊ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်။ ဖြစ်ပျက်ပုံ — ယာဉ်မောင်းဖြစ်သူသည် အချစ်ရေးပြဿနာဖြင့် စိတ်အလိုမကျ ဒေါသထွက်ရာမှ ကားကို အထိန်းအကွပ်မဲ့စွာ မောင်းနှင်ပြီးလမ်းဆုံအနီး ပတ်ဝန်းကျင် ရှိ ယာဉ်များနှင့် အရာဝတ္ထုများကို လိုက်လံ […]
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့်လူမိုက်အဖွဲ့ ရမ်းကားနေပြီး လူငယ်မှန်သမျှ အမျိုးသမီး၊ အမျိုးသားမခွဲခြားဘဲ ဖမ်းဆီးရိုက်နှက်ငွေညှစ်ကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းပို့ဆောင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၁၀၆ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့် လူမိုက်အပေါင်းပါများက လူငယ်များကို အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ဖမ်းဆီးရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်ရမ်းကားနေပြီး လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ပို့ဆောင်နေကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရသည်။ အုပ်ချုပ်ရေးမှူး ကျော်မိုးနှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်း ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားတိုင်း အမှုအခင်းနှင့် သက်ဆိုင်သူများကို အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ ဥပဒေမဲ့ ထိပ်တုံးခတ်၍ ရိုက်နှက်စစ်ဆေးလေ့ရှိပြီး အမျိုးသမီးများကိုလည်း အလားတူ ရိုက်နှက်မှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။ “တောင်ဒဂုံ ၁၀၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းပါတွေက တော်တော်ဆိုးနေပါတယ်။ စစ်မှုထမ်းဖို့ဆိုပြီး […]
ဗန်းမော်တွင် အထိနာပြီး ပြန်လာသည့် စစ်သားများကို အောင်ပွဲရစစ်သည်များအဖြစ် စစ်ကောင်စီ ပုံဖော် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သို့ စစ်ကူ၊ လက်နက်ခဲယမ်းနှင့် ရိက္ခာပို့ရန် မန္တလေးမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်သွားခဲ့သည့် စစ်သင်္ဘောများသည် တိုက်ပွဲများကြားမှ မန္တလေးဘက်သို့ ပြန်လည်ရောက်ရှိလာနေချိန်တွင် စစ်ကောင်စီဘက်ကမူ ထိုသို့ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကို “အောင်ပွဲများနှင့်အတူ ပြန်လည်ရောက်ရှိလာသော အောင်ပွဲရ သူရဲကောင်းများ” ဆိုသည့် စကားလုံးများဖြင့် တယ်လီဂရမ်ချန်နယ်များတွင် ဝါဒဖြန့် ရေးသားလျက်ရှိသည်။ စစ်ကောင်စီဘက်မှ ဖြန့်ဝေသည့် အကြောင်းအရာတွင် ဗန်းမော်မြေပြင်ရှိ KIA/PDF တပ်ဖွဲ့များကို အကြမ်းဖက် ဟု သတ်မှတ်၍ ချေမှုန်းသုတ်သင်ခဲ့ကြောင်း ဖော်ပြထားသကဲ့သို့၊ ဗန်းမော်စစ်မျက်နှာမှ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကိုလည်း အောင်ပွဲရ သူရဲကောင်းများအဖြစ် ပုံဖော်ထားခြင်းဖြစ်သည်။ သို့သော်လည်း တစ်ဖက်တွင် ဗန်းမော်သို့ စစ်ကူပို့သည့် ရေကြောင်းတပ်ဖွဲ့များသည် ဩဂုတ်လကုန်ပိုင်းကတည်းက […]
🌟 ၁၈ နှစ်ပြည့်ပြီး အရပ် ၆ ပေရှိတဲ့ မြေးချောလေးနဲ့ မိတ်ဆက်ပေးလာတဲ့ အကယ်ဒမီနေအောင် 🙏🏻 အကယ်ဒမီ နေအောင်ကတော့ အသက် (၁၈) နှစ်ပြည့်ပြီးပြီဖြစ်တဲ့ သူ့ရဲ့မြေးလေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလာပါပြီ။ မြေးလေးရဲ့ နာမည်ကတော့ “အောင်ဘုန်းလှိုင်” ဖြစ်ပါတယ်။ အရပ် ၆ ပေကျော်အထိ ရှိပြီး ကျန်းမာသန်စွမ်းတဲ့ လူပျိုပေါက်လေး ဖြစ်ပါတယ်။လက်ရှိမှာ International School မှာ တက်ရောက်နေပြီး၊ ရှေ့ဆက် နိုင်ငံခြားမှာ ပညာသွားသင်ဖို့ စိတ်ကူးထားပါတယ်။ အဘိုးဖြစ်သူလို အနုပညာဘက်ကို ဝါသနာမပါဘဲ သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ သူ လျှောက်လှမ်းနေသူ ဖြစ်ပါတယ်။ သရုပ်ဆောင်နေအောင်ကတော့ “သမီးက မွေးတဲ့ မြေးပါ၊ သားက လူပျိုကြီး၊ သမီးက မွေးမှ ကိုယ့်မြေးအစစ်လေ…. မြေးအစစ်မို့ အချစ်ဆုံးပါ” […]
ပြည်ပရောက်ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များကို စစ်မှု ထမ်းမဲနှိုက်သူများစာရင်းတွင် ထည့်သွင်းပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန်လာ၍ စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြား အကြမ်းဖက်စစ်တပ်က ပြည်ပရောက်ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုး သားများကို စစ်မှုထမ်းမဲနှိုက်သူများစာရင်းတွင် ထည့်သွင်းခိုင်းထားပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန် လာ၍ စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြားလာကြောင်း ရန်ကုန်တိုင်းမှ မြို့နယ်စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။ ယခင်က မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက စစ်မှုထမ်းများခေါ်ယူခြင်းနှင့်မဲနှိုက်ပွဲများ လုပ် ဆောင်ခြင်း အပါအဝင် စစ်မှုထမ်ဆိုင်ရာ အပြီး သတ်အဆုံးအဖြတ် စီမံခန့်ခွဲခွင့်ရရှိခဲ့သော်လည်း ဩ ဂုတ်လနှောင်းပိုင်းမှစတင်၍ ခရိုင်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက သက်ဆိုင်ရာမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို စီမံညွှန်ကြားတိုက်ရိုက် ထိန်းချုပ်လာကြောင်း၊ မြို့နယ်များတွင် […]
ကျောင်းသားတွေ အုပ်စုလိုက် ဖိုက်တင်ပွဲမှ Darr နဲ့ ၂ ချက်ထိုးခံရပြီး လူ T-ဆုံးမှုဖြစ် (ရုပ်သံ) ရန်ကုန်မြို့ စမ်းချောင်းမှာ အုပ်စုလိုက် ရန်ပွဲဖြစ်လို့ လူသေဆုံးမှုဖြစ် ရန်ကုန်မြို စမ်းချောင်းမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့က info Myanmar ကျောင်းက ကလေး နှစ်ယောက်ကို အုပ်စုလိုက် ဝိုင်းရိုက်တာ တယောက်က ခေါင်းပေါက် တယောက်က အဆုတ်ထိသည်အထိ ဓား၂ ချက်ထိုးခံရပြီး ဆေးရုံရောက်နေကြောင်း သိရသည်။ ဒါကြီးကတော့ လုံးဝ လက်ခံပေးလို့မရပါ. ကျွန်တော်တို့ လည်း ငယ်ငယ်က ရန်ဖြစ်ပါတယ်. ရန်ဖြစ်တာ ဖြစ်လို့ရတယ်. . တော်ရုံ လက်သီးထိုးပါးရိုက်တော်ပြီပေါ့။ ဒါတောင် အုပ်စုလိုက်မလုပ်သင့်ဘူး။ ဘာနာကျည်းချက်မှ မရှိပဲ ပေါ်ပင် ငါ ဓားနဲ့ ထိုးလိုက်တာကွ […]
အကြွေးသိန်းသောင်းချီချေးယူပြီး ထိုင်းနိုင်ငံသို့ ထွက်ပြေးသွားတဲ့ Project K အဖွဲ့ဝင်ဟောင်း Morris မြန်မာပြည်သို့ ခပ်တည်တည်ဖြင့် ပြန်ရောက်နေထိုင်🙏🏻🙏🏻 နာမည်ကြီး Boy Band တစ်ခုဖြစ်တဲ့ Project K အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Morris ဟာ လွန်ခဲ့တဲ့လေးနှစ်ကျော်က ငွေကြေးဆိုင်ရာ အရှုပ်အရှင်းတွေနဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီးနောက် အခုအခါမှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဖြစ်စဉ်ရဲ့အစမှာတော့ Morris ရဲ့အမွှာညီအကိုတော်စပ်သူ ဘုန်းနေလင်းခိုင် က မြန်မာပြည်ပြန်ရောက်လာတဲ့အမှတ်တရအနေနဲ့ ” ၄ နှစ်ကြာမှ ပထမဆုံး ညီကိုနှစ်ယောက်အတူရိုက်တဲ့ ပုံ ” ဆိုပြီး ဆိုရှယ်မီဒီယာမှာ ဝမ်းသာအားရ တင်ပြလာခဲ့ပါတယ်။ အဲ့ဒီလို တင်လိုက်ချိန်မှာပဲ လွန်ခဲ့တဲ့လေးနှစ်ကျော်ကတည်းက ကျန်ရစ်ခဲ့တဲ့ အကြွေးရှင်တွေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းကပါ Comment မှာ ဝိုင်းဝန်းတောင်းဆိုလာကြပါတော့တယ်။ “ဘယ်လိုဖြေရှင်းပေးမှာလဲ”၊ […]
အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်နှင့် ၎င်းတို့သားသမီးများကို စစ်မှုထမ်းဆင့်ခေါ်မည်ဟု ဦးမင်းအောင်လှိုင်အစိုးရ၏ ကာကွယ်ရေးဒုဝန်ကြီးသတိပေး လတ်တလောတွင်စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရနေသည့် အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏သားသမီးများကို အလှည့်ကျစစ်မှုထမ်းဆင့်ခေါ်မည်ဟု ယမန်နေ့က နေပြည်တော်တွင်ကျင်းပခဲ့သည့် စစ်အုပ်စု၏ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဒုဝန်ကြီးက သတိပေးလိုက်သည်။ ထိပ်တန်းစစ်ဗိုလ်ချုပ်များ၏ သားများပင်လျှင်စစ်မှုထမ်းဆင့်ခေါ်ခံနေရချိန်တွင် ကင်းလွတ်ခွင့်ရနေသည့် သူများအကြောင်း ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ကိုယ်စားပြု ကြံ့ခိုင်ရေးအမတ် ဦးဥာဏ်ဝင်းထိုက်က မေးခွန်းထုတ်ချိန်တွင် အရပ်သားအရေခြုံစစ်အစိုးရ၏ ကာကွယ်ရေးဒုဝန်ကြီးက ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အနုပညာရှင်၊ အတတ်ပညာရှင်၊ လုပ်ငန်းရှင်များနှင့် ၎င်းတို့၏သားသမီးများသည် စစ်မှုထမ်းဥပဒေပါ ကင်းလွတ်ခွင့်နှင့် မကိုက်ညီပါက ‘အလှည့်ကျတာဝန်ထမ်းဆောင်ရမယ်’ ဟု ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်ကဆိုသည်။ စစ်မှုထမ်းဥပဒေကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ် ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်တွင်အတည်ပြုခဲ့သည်။ ထိုဥပဒေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ […]
လွိုင်လင် ဟွေးတောက်မူလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက် ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟွေးတောက်မူလွန်ကျောင်းတွင် ကလေးငြိမ်ငြိမ်မနေသည်ဟုဆိုကာ ကျောင်းအုပ်ဆရာမဖြစ်သူက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက်ခဲ့ပြီး ဆေးကုသခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ရိုက်နှက်ခဲ့ခြင်းကြောင့် ကလေး၏ ခန္ဓာကိုယ်တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမမှုများ ဖြစ်ပွားနေခြင်းအပေါ် မိဘများနှင့် ဒေသခံအချို့က စိုးရိမ်နေကြပြီး ကလေးများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးရန် လိုလားနေကြသည်။ “ကလေးတွေကို ဒီလောက်အထိ ရိုက်နှက်တာကတော့ လွန်လွန်းတယ်။ ကလေးတောင် ဆေးခန်းသွားပြရတဲ့အထိ ဖြစ်သွားတယ်။ ကလေးတစ်ယောက်ကို ဆုံးမတယ်ဆိုတာနဲ့ ဒီလောက်အထိ ရိုက်နှက်လို့ရတာ မဟုတ်ဘူး။ တစ်ခုခု […]
လောင်းလုံးတွင် သီလရှင်တစ်ပါးက ကားတစ်စီးနှင့် ဆရာလေးသုံးပါးကို ခေါ်ဆောင်သွားမှု အပြန်အလှန်အငြင်းပွား လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာအုပ်စု၊ ဆိပ်ပင်အင်းကျေးရွာတွင်ရှိသော သီလရှင်ကျောင်းတွင် သီတင်းသုံးနေ သည့် သီလရှင်တစ်ပါးသည် ဆရာလေး သုံးပါး ခေါ်ဆောင်ပြီး ကားတစ်စီးကို ယူဆောင်သွားမှုအပေါ် နှစ်ဖက်အပြန်အလှန် အငြင်းပွားနေကြ သည်။ အနုဓမ္မာစာရီ သီလရှင်ကျောင်းတွင် ကျောင်းပိုင် သီလရှင် အနုဓမ္မာထေရီနှင့် သီလရှင် အင်္ကုရဉာဏီ တို့ အတူ သီတင်းသုံး နေသည်မှာ သုံးနှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း အဆိုပါသီလရှင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်တွင် အလှူငွေကိစ္စ အငြင်းပွားရာမှ သီလရှင် အင်္ကုရဉာဏီသည် ကျောင်းရှိ ကားတစ်စီးနှင့် အသက် ၉နှစ်မှ ၁၃နှစ်အထိအရွယ် ဆရာလေးသုံးပါးကို ခေါ်ဆောင်ကာ ကျောင်းမှ ထွက်ခွာသွားကြောင်း သီလရှင်ကျောင်း နာယက […]
တိုင်းပြည်အတွက် အသက်စွန့်ပြီးစစ်မှုထမ်းရန် တိုက်တွန်းသူ နေအောင် မြေးဖြစ်သူကို နိုင်ငံခြားသို့ စေလွှတ်ရန် ပြင်ဆင်နေ တိုင်းပြည်အတွက် အသက်စွန့်၍ စစ်မှုထမ်းရန် ပြည်သူလူထုကို တိုက်တွန်းပြောဆိုထားသူ သရုပ်ဆောင် နေအောင်သည် မြေးဖြစ်သူအား အနုပညာအမွေ ဆက်ခံခိုင်းတော့မည်မဟုတ်ဘဲ နိုင်ငံခြားသို့ ပညာသင်ကြားရန် ပို့ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ မြေးဖြစ်သူ အောင်ဘုန်းလှိုင်မှာ အရပ် ၆ ပေကျော်၊ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာသန်စွမ်းသဖြင့် စစ်မှုထမ်းနိုင်သည့် အခြေအနေရှိသူ ဖြစ်သည်။ လက်ရှိတွင် International School တစ်ခု၌ ပညာသင်ကြားနေပြီး အနာဂတ်တွင် နိုင်ငံခြား၌ ဆက်လက်ပညာသင်ယူရန် စီစဉ်ထားကြောင်း သိရသည်။ ထိုသို့ မြေးဖြစ်သူကို နိုင်ငံခြားသို့ ပို့ရန် စီစဉ်နေသော်လည်း နေအောင်သည် ပြည်သူလူထု၏ သားသမီးများ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့အပေါ် […]
Bar 4U မီးလောင်မှုနှင့်ပတ်သတ်ပြီး ကူးစက်ခံရသောဖုန်းဆိုင်ပိုင်ရှင် ဒါရိုက်တာညိုမင်းလွင်အပါအဝင် စုပေါင်းပိုင်ရှင် ၄ ဦးမှ သိန်း (၂၅၀၀) လျော်ကြေး တောင်း🙏🏻🙏🏻 ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော Bar 4U စားသောက်ဆိုင် မီးလောင်မှုနှင့် ဆက်စပ်ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ပိုင်ရှင်မှာ လက်ရှိတွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ မီးကူးစက်ခံရသည့် ဖုန်းဆိုင်ပိုင်ရှင် (၄) ဦး (ဒါရိုက်တာ ညိုမင်းလွင် အပါအဝင်) က ဆိုင်ပြင်ဆင်စရိတ်ဆိုကာ ကျပ်သိန်း (၂၅၀၀) အထိ လျော်ကြေးတောင်းခံနေသည့်အတွက် Bar 4U ဆိုင်ပိုင်ရှင်အနေဖြင့် အခက်တွေ့နေရခြင်း ဖြစ်သည်။ အနီးအနားရှိ အခြားဆိုင်များမှာ လျော်ကြေး လုံးဝမတောင်းဆိုကြသော်လည်း ဒါရိုက်တာ ညိုမင်းလွင်နှင့် ဖုန်းဆိုင်ပိုင်ရှင် (၃) ဦးတို့ကသာ ယခုကဲ့သို့ […]