Author: Baby Yit Lone
-

မြန်မာနိုင်ငံမှ လူမဆန်ဆုံးသော သတ်ဖြတ်မှုကြီး
February 7, 2024 မှ ဆောင်းပါးဖြစ်ပါသည်။ မီးပုံထက်တွင် တွဲလောင်းကျအနေအထားဖြင့် လူငယ်နှစ်ဦး ရုန်းကန်နေသည်။ သွေးအလူးလူးဖြင့် လူငယ်နှစ်ဦးကို သစ်ပင်ထက်မှ တွဲလောင်းချကာ လူတစ်စုက မီးတင်ရှို့နေခြင်းဖြစ်သည်။ မီးတောက်များ စတင်ဝါးမျိုချိန်တွင် လူငယ်နှစ်ဦး၏ခန္ဓာကိုယ်က လူးလွန့်လှုပ်ရှားနေသည်။ အရွယ်ကောင်း လူငယ်နှစ်ဦးကို သံကြိုးဖြင့်တုပ်ကာ အရှင်လတ်လတ်မီးပုံရှို့နေသည့် ရုပ်သံဖိုင်မှာ လွန်စွာတုန်လှုပ်ချောက်ချားဖွယ်ကောင်းလှသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပေါ်ခဲ့သော ဖမ်းဆီးသတ်ဖြတ်မှုများအနက် အဆိုးဆုံးအဖြစ်အပျက်ပင်။ လွန်ခဲ့သည့်သုံးနှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော ဖမ်းဆီးသတ်ဖြတ်မှုများအနက် လူမဆန်ဆုံးသော ထိုဖြစ်ရပ်မှာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ ကျေးရွာတစ်ရွာတွင် လွန်ခဲ့သော သုံးလခန့်က ဖြစ်ခဲ့သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာတွင် ဖြစ်ပွားခဲ့သော ထိုသတ်ဖြတ်မှုအကြောင်း ရိုက်ကူးထားသည့် ရုပ်သံဖိုင်များသည် ဖေဖော်ဝါရီ…
-

၇ နှစ်အရွယ် မွန်ကလေးငယ် သတ်ဖြတ်ခံရမှု
၇ နှစ်အရွယ် မွန်ကလေးငယ်ကို သတ်ဖြတ်သူမှာ အသက်မပြည့်သေးသော ဦးလေးနှင့် အစ်မအရင်းဖြစ်ကြောင်း ထိုင်းရဲချုပ်အမှုမှန်ဖော်ထုတ် ထိုင်း-မြန်မာနယ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်တွင် အသက် ၇နှစ်အရွယ် မွန်တိုင်းရင်းသူ နောင်အငွန်အသတ်ခံရမှု၏ တရားခံများမှာ အသက် ၁၇နှစ်အရွယ် ဦးလေးဖြစ်သူနှင့် ၁၃နှစ်အရွယ် အစ်မအရင်းတို့ဖြစ်ကြောင်း ယနေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါလူသတ်မှုသည် ၎င်းတို့၏ နေအိမ်အတွင်း၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တရားခံနှစ်ဦးက ဝန်ခံထွက်ဆိုထားသည်။ “ဒီမနက်ပိုင်းတော့ တရားခံရမိပြီလို့ သိရတယ်။ လက်ရှိမှာကတော့ ဖြစ်တဲ့ ရာဘာခင်းနေရာကို အာဏာပိုင်တေွအများကြီး ရောက်နေတယ်”ဟု စံခလပူရီရောက်ရှိနေသော ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့နှစ်ဦးသည့် ကလေးငယ် သေဆုံးသွားပြီးနောက် ရုပ်အလောင်းကို အဝတ်အစားဗီရိုအတွင်း ဦးစွာဝှက်ထားခဲ့ကြပြီးနောက် လူမသိစေရန် ဘေးတွဲသုံးဘီးဆိုင်ကယ်ပေါ်တင်ကာ ပရန်ဖလယ်ကျေးရွာအုပ်စုရှိ ရော်ဘာခြံအတွင်းသို့ သွားရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်…
-

ရန်ကုန်၊ လှိုင်က ရပ်ကွက်တချို့မှာ မြေကြီးထဲကတုန်ခါသံကြားလို့ စိုးရိမ်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ရပ်ကွက်တချို့မှာ ဒီနေ့ မနက် ၆ နာရီခွဲခန့်မှာ စက္ကန့်ပိုင်းမျှ မြေကြီးတုန်ခါတဲ့အသံကြားရပြီး မြေကျွံမယ့်အန္တရာယ်ကိုစိုးရိမ်မိတယ်လို့ မြို့ခံတချို့ဆီက သိရပါတယ်။ “အပေါ်ဆုံးထပ်ကနေတောင် ဒုတ် ဒုတ် ဆိုတဲ့ အသံကိုကြားလိုက်ရတယ်။ မနက် ဟင်းချက်နေတဲ့ အချိန်ဆိုတော့ ဘေးမှာ အဆောက်အဦဖြိုတယ်လို့ထင်လိုက်တာ။ အိပ်ယာထဲလှဲနေတဲ့ အမျိုးသား ကတော့ ငလျင်လှုပ်သလိုခံစားရတယ်တဲ့။ ခဏလေးပဲ” လို့ လှိုင်မြို့နယ်၊ ၇ ရပ်ကွက်နေ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။ အင်းလျားကန်အနီး ကန်လမ်း၊ ၁၀ ရပ်ကွက်မှာနေထိုင်သူတချို့လည်း ဒီဖြစ်စဉ်ကိုသိလိုက်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကန်လမ်းအနီး အင်းစိန်လမ်းမကြီးပေါ်က ၉ ရပ်ကွက် လူနေတိုက်ခန်းပေါ်မှာ နေထိုင်သူတွေ ကတော့ ဒီတုန်ခါမှုကို မသိလိုက်ဘူးလို့ ဆိုကြပါတယ်။ “အဲ့အချိန် မတ်တပ်ရပ်ရင်းဟင်းချက်နေတာပါပဲ၊ အသံလည်းမကြားရဘူး။ ဘယ်လိုမှ…
-

ကုက္ကိုစုရွာ၏ ယုတ်မာခဲ့မှုများနှင့် ပေါက်ကိုယ်တော်ရဲ့ ပေါက်ကွဲခန်း
မကွေးတိုင်း၊ ပေါက်မြို့နယ်၏ အသက်သွေးကြောဟု တင်စားထားကြပြီး ပေါက်ကိုယ်တော် (ခေါ်) အာရိယာဝံသ၏ အားအထားရဆုံးသော အမာခံ ကုက္ကိုစုပျူစောထီးကျေးရွာသည် ဇွန်လ ၄ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အပြတ်တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် လုံးဝပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဤဖြစ်စဉ်သည် စစ်ကော်မရှင်နှင့် ပျူစောထီးအုပ်စုများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သလို၊ တစ်ဖက်တွင်လည်း ၎င်းတို့ကျူးလွန်ခဲ့သည့် စက်ဆုပ်ရွံရှာဖွေရာ ယုတ်မာမှုများကြောင့် ကာလ ရှည်ကြာ စိတ္တဇနာနာကျင်ကျင် ခံစားခဲ့ရသော ပတ်ဝန်းကျင်ကျေးရွာသားများအတွက်မူ တရားမျှတမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ ကုက္ကိုစုရွာနှင့် လှည်းလမ်းလေးတစ်ခုသာ ခြားနေသော မကျီးစင်ရွာသည် မောင်နှမ ဆွေမျိုးသားချင်း တော်စပ်သူများ နေထိုင်ကြပြီး သွေးမကွဲအပ်သည့် ရွာနှစ်ရွာ ဖြစ်သည်။ သို့သော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုက္ကိုစုရွာသည် စစ်ကော်မရှင်၏ လက်နက်တပ်ဆင်ပေးမှုကို ရယူကာ ပျူစောထီးရွာအဖြစ် ပြောင်းလဲသွားချိန်မှစ၍ ထိုသံယောဇဉ်များ…
-

ကဝမြို့နယ်က ငါးလောင်းပြိုင်လူသတ်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိပြီး စစ်ဆေးနေ
ပဲခူးတိုင်း ၊ ကဝမြို့နယ် ၊ ရွှေဘုံသာကျေးရွာမှာ မိသားစုဝင် ငါးယောက်လုံး သတ်ဖြတ်ခံခဲ့ရပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အသတ်ခံရသူတွေက အသက် ၅၇ နှစ်အရွယ် အမျိုးသမီး၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးနဲ့ သူရဲ့သားသမီးတွေဖြစ်တဲ့ အသက် ၈ နှစ်နဲ့ အသက် ၄ နှစ် အရွယ် မိန်းကလေး၊ အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတို့ဖြစ်ပြီး သတ်ဖြတ်ပြီးတော့ စောင်နဲ့အုပ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ငါးလောင်းပြိုင်လူသတ်မှုကို ကျူးလွန်တဲ့ တရားခံလေးယောက်ကလည်း ရွှေဘုံသာရွာကပဲ ဖြစ်ပြီး လက်ရှိမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။ “အသက် ၅၇ နှစ်ဆိုတာက ယောင်းမပေါ့။ ကလေးတွေနဲ့ဆိုရင်အဒေါ်တော်တယ်။ ကလေးတွေအဖေက မလေးရှားမှာ အလုပ်လုပ်နေတာ ။…