Author: Baby Yit Lone
-

စစ်ကိုင်းမြို့ပေါ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရ
ဗုံးပေါက်ကွဲသော လ၀ကရုံးမှာ စစ်တပ်နှင့်ပျူစောထီးများက နှစ်ရှည်လများစွာ လုံခြုံရေးယူထားသည့်နေရာဖြစ် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိကြောင်း စစ်ကိုင်းမြို့အခြေစိုက် ပရဟိတအဖွဲ့များက ပြောဆိုသည်။ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းမြို့နယ် လ၀ကရုံး ဝင်ပေါက်ဘေးတွင် ဗုံးစတင်ပေါက် ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် လ၀ကရုံးမှ ဝန်ထမ်းတချို့နှင့် ပြည်သူ တချို့ စုစုပေါင်း ၁၀ ဦးဝန်းကျင် ဒဏ်ရာရရှိသွားကြောင်း၊ သေဆုံးသူမရှိကြောင်း သိရှိရသည်။ “ဖြစ်တာက ရုံးဝင်ပေါက်ဘေးမှာ ဗုံးကွဲတာ။ ဝန်ထမ်းတွေနဲ့ လူတွေ ဒဏ်ရာရတာရှိတယ်။ ဗုံးပေါက်တဲ့နေရာက UDI ကတ်နဲ့ မှတ်ပုံတင်တွေ စိစစ်ဖောင်တင်တဲ့နေရာပါ။ ဒရုန်း ဗုံးကျတာမဟုတ်ဘူး” ဟု လူနာများကို ဆေးရုံတင်ပို့ခဲ့သော ပရဟိတအဖွဲ့ဝင်တစ်ဦးက…
-

အသက် (၁၂) နှစ်အရွယ်လေးနဲ့ ပါဠိဂုဏ်ထူးရှင်
အသက် (၁၂) နှစ်အရွယ်လေးနဲ့ ပါဠိဂုဏ်ထူးရှင် ဖြစ်လာတဲ့ သာသနာ့အာဇာနည် ကိုရင်ငယ်လေး ပရိသတ်ကြီးရေ… သာသနာတော်အတွက် တကယ့်ကို ဂုဏ်ယူ ကြည်နူးစရာကောင်းလွန်းတဲ့ သတင်းထူးလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ အရွယ်နဲ့မလိုက်အောင် ဉာဏ်ပညာ ကြီးမားလွန်းပြီး၊ ဇွဲလုံ့လ ကြီးမားတဲ့ ကိုရင်ငယ်လေးရဲ့ ကြိုးစားမှုကတော့ မြင်ရသူတိုင်းကို သာဓု သုံးကြိမ် ခေါ်ဆိုချင်စိတ် ပေါက်သွားစေမှာ အသေအချာပါပဲ။ ✨ အသက်အငယ်ဆုံးနဲ့ ပါဠိဂုဏ်ထူးရှင် ဖြစ်လာသူ မော်လမြိုင်မြို့၊ နာမည်ကြီး မဟာမြိုင်စာသင်တိုက်ကြီးရဲ့ ပထမငယ်တန်း စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူတွေထဲကမှ အသက်အငယ်ဆုံး (၁၂) နှစ်အရွယ်လေးနဲ့ “ပါဠိဂုဏ်ထူး” ပါ ထူးထူးချွန်ချွန် ရရှိခဲ့တဲ့ ကိုရင်လေး “ရှင်သီလာနန္ဒ” ရဲ့ အောင်မြင်မှုဟာ တစ်နိုင်ငံလုံးက ဗုဒ္ဓဘာသာဝင်တွေအတွက် ဝမ်းမြောက်စရာပါပဲ။ အောင်မြင်ဖို့ အရမ်းခက်ခဲပါတယ်ဆိုတဲ့ ပါဠိဘာသာရပ်ကို ဂုဏ်ထူးထွက်အောင်…
-

မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်
အကြမ်းဖက်စစ်တပ်က မြစ်ခြေမြို့ပေါ်တွင် ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ် နေရာအနှံ့တွင် စွန့်ပစ်ထား လတ်တလော အလောင်း ၄၀ ကျော်တွေ့ရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်သို့ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများကို မြို့အဝင်လမ်းနှင့် မြို့ပေါ်နေရာအနှံ့အပြားတွင် စွန့်ပစ်ထားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁၊ ညောင်ဦးအခြေစိုက် ခလရ-၄၁၅ နှင့် အောင်သာရွာမှ ပျူစောထီးများ ပူးပေါင်းထားသည့် အင်အား ၅၀၀ ခန့်ပါ စစ်ကြောင်းသည် မေလဆန်းပိုင်းကတည်းက မြစ်ခြေမြို့ဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် လမ်းတောက်လျှောက်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပြင်၊ မေလနှောင်းပိုင်း မြစ်ခြေမြို့ပေါ်သို့ ရောက်ရှိလာချိန်တွင်လည်း နေအိမ်များနှင့် ဈေးဆိုင်ခန်းများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့သည်။…
-

ကားရပ် ပြဿနာတစ်ခုအတွက် အမျိုးသမီးတစ်ဦးကို အမျိုသားသုံးဦးက သံတုတ်နဲ့ရိုက် ဓါးနဲ့ခုတ်မှုဖြစ်ပွား
ဘာမဟုတ်တဲ့ လမ်းဘေးကားရပ်တဲ့ကိစ္စလေးတခုအတွက် အမျိုးသမီးတစ်ဦးကို အမျိုးသားသုံးဦးက သံတုတ်နဲ့ရိုက်ခြင်း ဓါးဖြင့်ခုတ်ခြင်းများ တောင်ကြီးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း မိန်းကလေး၏ အကိုဖြစ်သူမှ ၎င်း၏ လူမှုကွန်ယက်တွင်ပြောဆိုမှုများအရသိရပါသည်။ တောင်ကြီးမြို့ ဈေးအနီး တွင်ကားရပ်ရာမှ အဆိုပြဿနာဖြစ်ပွားခဲ့ပြီး အမျိုးသားသုံးဦးက အမျိုးသမီးနှင့် ၎င်းအကိုဖြစ်သူကို ကြမ်းတမ်းစွာဆဲဆိုခဲ့ပြီး ကားကိုလေးခွများနှင့်ပစ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရပါသည်။ ထို့အပြင် အမျိုးသားနှစ်ဦးမှ မိန်းကလေးကို ချုပ်နှောင်ကာ အင်္ကျီများဆုတ်ဖြဲကာ လက်သီးဖြင့်ထိုးခြင်း သံတုတ်နဲ့ရိုက်နှက်ခြင်း ဓါးဖြင့်ခုတ်ခြင်းများကျူးလွန်ခဲ့ပါသည်။ ထိုအခြေအနေကြောင့် မိန်းကလေးတွင် နှုတ်ခမ်းကွဲ မေးရိုးကျိုး သွားကျိုး ဒဏ်ရာများဖြင့်တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံတွင် ကုသနေရကြောင်းသိရပါသည်။ ကျူးလွန်သူများတွင် တောင်ကြီးမြို့တွင် အောင်အမည်ဖြင့် ဆေးခန်းဖွင့်ထားသော ဆရာဝန်ဖြစ်သူလည်း ပါဝင်ကြောင်း မိန်းကလေး၏ အကိုဖြစ်သူပြောဆိုမှုများအရ သိရပါသည်။ ကျူးလွန်သူများကိုအရေးယူပေးရန်နှင့် လူမှုကွန်ယက်တွင်လည်း ဖြန့် ဝေပေးရန်တောင်းဆိုမှုများစွာတွေ့နေရပါသည်။
-

EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ ကားပိုင်ရှင်များ ငြီးတွား
အမြန်လမ်းတစ်လျှောက်ရှိ EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ ကားပိုင်ရှင်များ ငြီးတွား အမြန်လမ်းတစ်လျှောက်ရှိ EV အားသွင်းရုံများတွင် မီးလာချိန်မရှိသလောက်နည်းနေ၍ အားသွင်းချိန်မရဖြစ်နေကြောင်း ကားပိုင်ရှင်များက ငြီးတွားပြောဆိုသည်။ ဘက်ထရီအားအပေါ်အဓိကထားမောင်းနှင်ရသော လျှပ်စစ်မော်တော်ယာဉ်(EV)များကို အားသွင်းရန် အမြန်လမ်းတစ်လျှောက် လျှပ်စစ်မီးမလုံလောက်ဖြစ်နေ၍ ခရီးဝေးထွက်ရန် အလွန်စိုးရိမ်ပူပန်နေကြကြောင်း ယာဉ်ပိုင်များက ဆိုသည်။ လောင်စာဆီသုံး(ICE)ကားမှ စက်သုံးဆီဈေးကြောင့် EV ကားပြောင်းစီးသူတစ်ဦးကတော့ အမြန်လမ်းတလျှောက် ကားမောင်းရင်း မသိမသာ တမျိုး၊ သိသိသာသာ တစ်မျိုး ဘတ္ထရီရာခိုင်နှုန်းမည်မျှ ကျန်ရှိသနည်းဆိုသည်ကို စိုးရိမ်စိတ်ဖြင့် ကြည့်ပြီးမောင်းလာခဲ့ရသည်ဟု ဆိုသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့နှင့်မနီးမဝေးရှိ အမြန်လမ်း(၃၉)မိုင်သို့ ခရီးတိုတစ်ခုကို ၎င်းပိုင် EV ကားဖြင့် မိသားစုနှင့်အတူ ထွက်ခဲ့သည့်အခြေအနေများကို အထက်ပါအမျိုးသားက ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ရေးသေားပြောပြခြင်းဖြစ်သည်။ အိမ်က ဘတ္ထရီအား ၈၅ ရာခိုင်နှုန်းဖြင့် စထွက်ခဲ့ရာ…