Category: News
-

ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦး
ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦးကို ရဲတပ်ဖွဲ့နဲ့အတူ ချစ်သူဖြစ်သူက နောက်ယောင်ခံလိုက်ကာ ကယ်တင်နိုင်ခဲ့ ဖူးခတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ အသက် (၁၇) နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို တည်းခိုခန်းတစ်ခုသို့ အဓမ္မခြိမ်းခြောက်ခေါ်ဆောင်သွားတဲ့ ထိုင်းအမျိုးသား (၂) ဦးကို ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 📌 ဖြစ်စဉ်အကျဉ်း ဖြစ်စဉ်မှာ (၁၁) ရက်နေ့ညက ဖူးခတ်မြို့ထဲတွင် အသက် (၂၃) နှစ်အရွယ် မြန်မာလူငယ်တစ်ဦးနှင့် ထိုင်းအမျိုးသား (၂) ဦးတို့ ဆိုင်ကယ်ကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ရန်ဖြစ်ပြီးနောက် လမ်းခွဲထွက်လာစဉ် အဆိုပါ ထိုင်းအမျိုးသားနှစ်ဦးက မြန်မာလူငယ်နှင့်အတူရှိနေသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးကို သဘောကျသွားပြီး၊ မြန်မာလူငယ် မရှိခိုက်တွင် မိန်းကလေးကို ခြိမ်းခြောက်ကာ…
-

နှမြောတသ ရင်နာမိပါတယ် ချောက်မြို့သူ/သားတို့ရေ…
ဒီနေ့ (၁၀. ၅ .၂၀၂၆) မနက်ပိုင်းမှာ ကိစ္စတစ်ခုနဲ့ “အပူချိန်လျှော့ချရေးနှင့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးကော်မတီ (ချောက်မြို့)” ရဲ့ စိုက်ကွက် (၁) ဖြစ်တဲ့ ရှစ်မျက်နှာဘုရားကုန်းစိုက်ခင်းထဲ ရောက်ခဲ့ပါတယ်။ စိုက်ခင်းထဲ လှည့်ကြည့်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ တကယ့်ကို အံ့သြတုန်လှုပ်ပြီး ရင်နာစရာပါပဲ။ ကျွန်တော်တို့ သေချာပြုစုပျိုးထောင်ထားတဲ့ အရွယ်ရောက်ပြီးသား “ရှားပင်” တွေကိုမှ ရွေးပြီး ခုတ်ဖြတ်ခိုးယူသွားကြတာကို တွေ့လိုက်ရပါတယ်။ 👋 ခုတ်ယူသွားတဲ့သူတွေကို မေးချင်ပါတယ်… ခင်ဗျားတို့ တကယ်ကို လူမဆန်လိုက်တာဗျာ။ ကျွန်တော်တို့ မြို့အပူချိန် လျော့ကျဖို့အတွက် ဒီသစ်ပင်တွေကို ၆ နှစ်ကျော်ကြာ အချိန်ပေး၊ လူပင်ပန်းခံပြီး စိုက်ပျိုးခဲ့ကြတာပါ။ သစ်ပင်တစ်ပင် ဖြစ်လာဖို့ ဘယ်လောက် အချိန်ပေးရလဲ ခင်ဗျားတို့ သိလား? ကျွန်တော်တို့ သွေးချွေးတွေနဲ့ စိုက်နေချိန်မှာ ခင်ဗျားတို့တစ်ခါလောက်…
-

ရက်ချိန်နဲ့ မုဒိန်းကျင့်တဲ့ဆေးထက် (၄)ဆပိုပြင်းတဲ့ တို့ဆေး သို့မဟုတ် Burundanga ပဒိုင်းပွင့်ဆေး
မေးခွန်း (၁) ဆရာရှင့် ကျွန်မအဒေါ်အသက်က ၅၀ပါ။ ဈေးသွားချိန်မှာ လူတစ်ယောက်က အနားလာပြီး ပခုံးပုတ်ကာ လမ်းမသိလို့ညွှန်ပြပေးပါလို့ဆိုပါတယ်။ အဒေါ်လည်း ရုတ်တရက်ကြောင်သွားပြီး သူပြောတဲ့လမ်းကို လိုက်ပို့မိတယ်လို့ဆိုတယ်။ အဒေါ်နည်းနည်း ဇေ၀ဇဝါဖြစ်သွားပြီး ပြန်သတိရလာတဲ့အချိန်မှာ ဆန်ဆိုင်တစ်ခုရှေ့ရောက်နေပါတယ်တဲ့။ အဒေါ်ဟာ ဈေးကနေအိမ်ပြန်ရောက်တဲ့အထိ ခပ်ကြောင်ကြောင်ဖြစ်နေတုန်းပဲ။ လည်ပင်းက ရွှေဆွဲကြိုးနဲ့ ဆွဲသီးက ပါမလာတော့ပါဘူး။ ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်လည်း ပါသွားပါတယ်။ တို့ဆေးအမိခံရတယ်လို့ ကျွန်မတို့ အားလုံးထင်နေကြပါတယ်။ တို့ဆေးဆိုတာ တကယ်ရှိပါသလားဆရာ။ တို့ဆေးအမိမခံရအောင် ဘာလုပ်လို့ရပါသလဲဆရာ။ မေးခွန်း (၂) ဆရာ တို့ဆေးဆိုတာလည်း သိချင်ပါတယ်။ ဘန်ကောက်မှာ မြန်မာတွေကိုအဲလိုလုပ်ပြီး ဒေါ်လာတွေယူသွားတယ်လို့ သတင်းကြားရလို့ပါ။ မေးခွန်း (၃) Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါးရောင်းချတဲ့ဆိုင်တွေမှာ မေးမြန်း၀ယ်လို့ရပါသလား။ ရခဲ့ရင်အဘယ်ကဲ့သို့…
-

အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး
အမျိုးသမီးများသတိထားကြပါ။ ဖြစ်သွားပြီးမှဆို မလွယ်ဘူး မိန်းကလေးများ သထိထားရန်ကူးယူတင်ပြလိုက်သည်။ အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ်၀တ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ်ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ တချိန်တည်းမှာပဲ အဲဒီယောက်ျားဟာ တခြားလူရည်သန့်ယောက်ျား တစ်ဦးမောင်းတဲ့ ကားပေါ် တက်သွားပါတယ်။ ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း…
-

လမိုင်းမြို့ရဲစခန်းအနီးတိုက်ခိုက်မှု ခလရ(၁၀၆)ဒုတပ်ရင်းမှူး သေဆုံး
မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ မနေ့က(မေလ ၁၁ ရက်) ည ၆နာရီခွဲဝန်းကျင်မှာ လမိုင်းမြို့ရဲစခန်းအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “မစ်ရှင်အနေနဲ့ဝင်ဆော်တာ။ လမိုင်းမြို့ထဲမှာ သူက ဟွန်ဒါဖစ်ကားနဲ့ လိုက်ပတ်နေတဲ့အချိန်။တခါတလေ သူ့လုံခြုံရေး ၄၊ ၅ ယောက်လောက်နဲ့။ မနေ့က သူထွက်လာတဲ့အချိန်က သူ့လုံခြုံရေး သုံးယောက်ပါတယ်။ လုံခြုံရေးတွေ ပစ္စည်းဆင်းဝယ်တဲ့အချိန်သူ ကားပေါ်ကျန်ခဲ့တယ်။ အဲဒီအချိန် ကျွန်တော်တို့ ဝင်ပစ်တယ်။ သေနတ်ဒဏ်ရာငါးချက်နဲ့ သေဆုံးတယ်”လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်ခိုက်မှုဖြစ်စဥ်ကို ရှင်းပြပါတယ်။ ခလရ(၁၀၆)တပ်ရင်း ဒုရင်းမှူးထွန်းရာကျော်က တပ်ရင်းမှူးအဆင့်နဲ့ မကြာမီတပ်ပြောင်းရွှေ့ရတော့မှာလို့လည်း သူက အသိပေးပါတယ်။ မေလ ၁၁ရက်ညပိုင်းမှာ လမိုင်းမြို့အနီးပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်တပ်ရဲ့ စစ်ဆေးမှုတွေအများအပြားရှိတယ်လို့ လမိုင်းမြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။ “သေတဲ့ရာထူးက…