Category: News


  • ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့ အမေရိကန်ဖွဲ့စည်း

    မြန်မာအပါအဝင် အရှေ့တောင်အာရှမှာ ခရစ်ပတိုငွေကြေး အွန်လိုင်းငွေလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် အထူးတပ်ဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ကြေညာပါတယ်။ ငွေလိမ်ဂိုဏ်းတိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) လို့အမည်ပေးထားတဲ့အဖွဲ့ကို ဝါရှင်တန်မှာ အမေရိကန်အစိုးရရှေ့နေ ဂျင်နိုင်းဖားရစ်ပီရိုက ဦးဆောင်ပြီး တရားရေးဝန်ကြီးဌာန၊ FBI နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အပါအဝင် ဖက်ဒရယ်ဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့အတူ ဖွဲ့စည်းလိုက်တာပါ။ တရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်တဲ့အဖွဲ့ (TCOs) တွေက ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှု လိမ်လည်တာတွေ၊ ယုံကြည်အောင် လှည့်ဖြားတဲ့ နည်းလမ်းပေါင်းစုံတွေ သုံးပြီး သာမန် အမေရိကန်ပြည်သူတွေရဲ့ ဘဝတသက်စာ စုဆောင်းထားတဲ့ ပိုက်ဆံတွေကို လိမ်လည်ခိုးယူ နေကြတယ်လို့ ဆိုပါတယ်။ အမေရိကန် လူမှုကွန်ရက်တွေ ဒါမှမဟုတ် အမေရိကန်နိုင်ငံသားတွေရဲ့ ဖုန်းနံပါတ်တွေဆီ ပို့တဲ့ text…

  • စစ်ကိုင်းတိုင်း ကန့်ဘလူတိုက်ပွဲ ဗျူဟာမှူးအပါအဝင် ၅၀ခန့် သေဆုံးပြီး သုံ့ပန်း ၁၅ဦးနှင့်လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်မှ ဗျူဟာမှူးအပါအဝင် ၅၀ခန့်သေဆုံးပြီး သုံ့ပန်း ၁၅ဦးဖမ်ဆီးမိကာ လက်နက် ၂၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှသတင်းထုတ်ပြန်သည်။ ၎င်းတိုက်ပွဲသည် နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်တွင်ကန့်ဘလူမြို့နယ် ယင်းတိုက်ရွာအနီးတွင် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံးများပြီး စစ်ကြောင်းပြိုကွဲသွားခဲ့သည်ဟု သိရသည်။ တပ်မ(၃၃) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခလရ -၁၁၁ )တပ်နှင့်ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ပါသောစစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ဝက်တိုးရွာစစ်တပ်အထိုင်စခန်းမှ ခင်ဦးမြို့နယ်နယ်ဘက်ကို စစ်ကြောင်းထိုးလာစဉ်တော်လှန်ရေးတပ်ဖွဲ့များမှ ကန့်ဘလူမြို့နယ်တောင်ခြမ်း ယင်းတိုက်ရွာတောင်ဘက်အရောက်တွင် တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ ၎င်းစစ်ကြောင်းကို နံနက်ကစပြီး ကြားဖြတ် တိုက်ခိုက်ရာ နံနက် ၉နာရီ ဝန်းကျင်မှာ…

  • ဗိုလ်ပိုင်ချဲ ပြောတဲ့ ကန့်ဘလူက စစ်ကောင်စီရဲ့ တပ်မ၃၃စစ်ကြောင်းကို ဖြုတ်တဲ့ပွဲ

    ဗိုလ်ပိုင်ချဲ ပြောတဲ့ ကန့်ဘလူက စစ်ကောင်စီရဲ့ တပ်မ၃၃စစ်ကြောင်းကို ဖြုတ်တဲ့ပွဲ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ၀က်တိုးခွေးခြံက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီး အင်အား ၁၀၂ ယောက်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကာဘိုးတိုက်နယ် ယင်းတိုက်ကျေးရွာအနီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်း ၁၅ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။ အဆိုပါတိုက်ပွဲကိုဦးဆောင်ခဲ့တဲ့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှားရေးတပ် ဒုတပ်ရင်းမှူး ဗိုလ်ပိုင်ချဲက တိုက်ပွဲမဝင်မီ ကြိုတင်ပြင်ဆင်ခဲ့ပုံတွေ၊ တိုက်ပွဲအတွင်း မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချနိုင်ခဲ့ပုံတွေ၊ စစ်ရဲ့သဘောအရ စည်းကမ်းလိုက်နာခဲ့ပုံတွေ၊ တပ်ဖွဲ့တစ်ခုလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ခဲ့ပုံတွေ၊ တိုက်ပွဲအတွင်း စိတ်ဝင်စားစရာအတွေ့အကြုံတွေ၊ အားပေးစကားတွေကို BBM မှ ကိုထက်မြတ်နဲ့ အတူ တွေ့ဆုံဆွေးနွေးမှုကို လေးစားဂုဏ်ယူဖွယ်တင်ဆက်ပေးထားပါတယ်။

  • ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

    ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး ဗေဒင်ဆရာမနဲ့ တရုတ်ရိုးရာ ဖုန်းရွှေ အခါပေး ဆရာမ သားအမိ နှစ်ယောက်ကို ဒေါ်လာ သန်းနဲ့ချီ လိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုနဲ့ ဆက်စပ်ပြီး ဩစတြေးလျ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဩစတြေးလျ နိုင်ငံကို ရောက်နေပြီး အကာအကွယ် နည်းပါးတဲ့ ဗီယက်နမ် နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားလေ့ ရှိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး ပါဝင်ပတ်သက်ထားတဲ့ လိမ်လည်မှုတွေကြောင့် နစ်နာခဲ့ရတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၄၆ သန်းနီးပါးလောက်ထိ များပြားနိုင်တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဆစ်ဒနီမှာရှိတဲ့ ဒိုဗာဟိုက်ဂ်စ် ဆင်ခြေဖုံး ရပ်ကွက်မှာ အသက်…

  • မှော်ဘီတွင် ခွေးစာကျွေးနေသည့် ကလေးငယ်အား ရိုက်နှက်ခဲ့သည့် တိဂေဟာပိုင်ရှင် အမျိုးသမီးကို ဖမ်းဆီး

    အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ကိုယ်တွင်းဒဏ်ရာရအောင် ရိုက်နှက်ခဲ့တဲ့ မှော်ဘီမြို့နယ်၊ သရက်ညိုပင်ရွာက မေအိ တိဂေဟာပိုင်ရှင် အမျိုးသမီးကို နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁၁ ရက် နေ့လယ်က တိဂေဟာမှာ စောင့်ရှောက်ထားတဲ့ ခွေးလေခွေးလွင့်တွေ အစာကျွေးနေတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဂေဟာပိုင်ရှင်ဖြစ်သူ ဒေါ်မေအိလွင်က စိတ်တိုင်းမကျလို့ တနေကုန် ရိုက်နှက်ခဲ့ရာ ညပိုင်းမှာ ကလေးငယ်က ထွက်ပြေးခဲ့ပြီး ရေသိုးကျေးရွာထိပ်မှာ ဒဏ်ရာတွေနဲ့ သတိလစ် လဲကျနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကယ်ရီသမားတွေက ကူညီပေးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “အရမ်းရိုက်လို့ ညဘက် ကလေးက ဂေဟာကနေ ထွက်ပြေးတာ၊ ရေသိုးရွာထိပ်မှာ ဒဏ်ရာတွေနဲ့…