
၁၃ နာရီကြာ ဖြေရတဲ့ ကမ္ဘာ့အချိန်အကြာဆုံး စာမေးပွဲဖြစ်တဲ့ ဆူနန်စာမေးပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ စာမေးပွဲဖြေတဲ့အချိန်မှာ ဈေးဆိုင်တွေ ပိတ်ပေးရတာ၊ လေယာဉ်သံတွေကြောင့် အနှောင့်အယှက် ဖြစ်မှာစိုးလို့ လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းရတာတွေနဲ့ ကျောင်းသားတွေအတွက် မနက်တိုင်း နေ့စဉ်လှုပ်ရှားမှုတွေကိုလည်း လျှော့ချပေးတာမျိုးတွေ ပြုလုပ်လေ့ရှိတဲ့ စာမေးပွဲပဲ ဖြစ်ပါတယ်။ ဒီစာမေးပွဲကို နှစ်စဉ် နိုဝင်ဘာလတိုင်း ပြုလုပ်တာဖြစ်ပြီး ကျောင်းသားတွေရဲ့ အနာဂတ်ကို အဓိက ဆုံးဖြတ်ပေးတဲ့ စာမေးပွဲပဲ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ ဖြေဆိုရမယ့် ဆူနန်စာမေးပွဲကို နိုင်ငံတဝန်း ကျောင်းသားပေါင်း ၅၅၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုရမှာဖြစ်ပြီး ဒါဟာ ၇ နှစ်အတွင်း စာမေးပွဲဖြေဆိုသူ အများဆုံး အရေအတွက်ပဲ ဖြစ်ပါတယ်။ သင်္ချာ၊ အင်္ဂလိပ်၊ လူမှုရေးနဲ့ သိပ္ပံ၊ နိုင်ငံခြားဘာသာ၊ ဟန်ဂျဘာသာ စတဲ့…

နိုင်ငံတော်ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်မှာ အဝတ်အစားနဲ့ မိတ်ကပ်တို့ မပြည့်မစုံဖြစ်ခဲ့တာကြောင့် နိုင်ငံတော်လူကြီးတွေနဲ့ ပရိသတ်တွေကို တောင်းပန်ပါတယ်ဆိုတဲ့ ရွှေမှုံရတီ ခရီးပန်းနေခဲ့ပြီး ပြင်ဆင်ချိန်မရှိခဲ့လို့ပါတဲ့.. သဲတို့ ၂ ယောက်ရဲ့ ဖျော်ဖြေရေးခရီးပန်းလာမှုကြောင့် မိတ်ကပ်နှင့် အဝတ်အစား အဆင်မပြေမှုအပေါ် ကြည့်ရှုရသူ နိုင်ငံတော်မှ လူကြီးမင်းများနှင့် မိဘပြည်သူပရိသတ်များအပေါ် မလေးမစား ပြုမူသလိုဖြစ်မိပါက … အားလုံးကို အနူးအညွှန့်တောင်းပန်အပ်ပါတယ်ရှင် သဲတို့ကိုလဲ နားလည်ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်ရှင့် ဒီဇင်ဘာ ၂၈ ရက်ရွေးကောက်ပွဲအတွက် အသိပညာပေး ရုပ်သံရိုက်ကူးရေးတွေမှာ ဒါဇင်နဲ့ချီတဲ့ နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ဆောင်ရွက်ပေးတယ်လို့ဆိုပြီး စစ်ကော်မရှင်က သတင်းထုတ်ပြန်လာပါတယ်။ ရွေးကောက်ပွဲအသိပညာပေး ရိုက်ကူးရေးမှာ ပြည်တွင်းကအဆိုတော်တွေ ပါဝင်ခဲ့ကြတယ်လို့ စစ်ကော်မရှင်က ပြောပြီး နောက်တစ်နေ့မှာပဲ ထိပ်တန်းသရုပ်ဆောင်တွေပါ ပါဝင်နေကြတဲ့အကြောင်း ဆက်ပြောလာတာဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ရုပ်သံဇာတ်လမ်းတိုမှာ ပါဝင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနကို အကြောင်းမပြန်လို့…

ရေမွန့်အမေကို သိန်း ၅၀ ကန်တော့မယ်ဆိုတာ သားတယောက်လို နှုတ်ကတိပဲ ပြောခဲ့တာမို့ မဖြစ်မနေ ပေးစရာမလိုလို့ မပေးတော့ဘူးဆိုတဲ့ ပွဲစီစဉ်သူ သက်ဖုန်းနိုင် (GG) ရေမွန့်အတွက် သီးသန့် ဖျော်ဖြေခ မပေးတော့ဘဲ အဖွဲ့ကို ပေးထားတဲ့ငွေထဲကနေ သူတို့ဘာသာ ဝေမျှယူရမှာပါလို့ ပွဲစီစဉ်သူက ပြောလာခဲ့တာပါ။ ရေမွန့်ရဲ့မိခင် ဒေါ်ခင်မြတ်မွန်ကတော့ idiots အဖွဲ့ဝင် ဖိုးလုံးက တာဝန်ယူဖြေရှင်းပေးတဲ့ သိန်း ၅၀ ကို ရခဲ့ပေမဲ့လည်း အွန်လိုင်းပေါ်မှာ ပွဲဖြစ်သွားတာကြောင့် ကုသမှုခံယူ ခဲ့ရတယ်လို့ သိရပါတယ်။ ကဲ မပြီးတော့ဘူးလား ကျနော်က မပေးပဲ ထွက်ပြေးတယ်ဆိုတဲ့ ကိစ္စ ! ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး IDF ပွဲမှာ ပေးရမယ်. Artists Fee တွေကို ၂၇-၁၁-၂၅ နေ့မှာ…

မန္တလေးမြို့မှာ မင်းသားလွင်မိုးရဲ့ ရုပ်ရှင်ရုံသစ် ဖွင့်ပွဲမတိုင်ခင် မီးလောင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်းနဲ့ ၄၃ လမ်းကြား၊ ၈၆ လမ်း ပေါ်ရှိ မင်းသားလွင်မိုး ပိုင်တဲ့ မဟာအောင်မြေ ရုပ်ရှင်ရုံသစ် ဒီကနေ့ ညနေပိုင်း မီလောင်မှုဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ရက် ညနေ၄ နာရီခွဲလောက်မှာ အဲ့ဒီ မဟာအောင်မြေ ရုပ်ရှင်ရုံအတွင်းက မီးခိုးလုံးတွေ ထွက်ပေါ်လာပြီး ရုံအတွင်းထဲက ဆိုဖာနဲ့ ပစ္စည်းတွေ လောင်ကျွမ်းတာ ဖြစ်နိုင်တယ်လို့ အနီးဝန်းကျင် နေထိုင်သူ တစ်ဦးက ပြောပါတယ်။ “မီးခိုးတွေ အူထွက်လာတာ၊ မီးငြိမ်းတာ မကြာလိုက်ဘူး၊ မိနစ် ၂၀ လောက်ပဲ ကြာတယ်၊ ဆိုးဆိုးဝါးဝါးကြီးတော့ မဖြစ်ဘူးထင်တာပဲ၊ ဝါယာရှော့ကြောင့် လောင်တာလို့ ကြားတယ်၊ လူ ထိခိုက်မှုတော့ မရှိဘူး”…