စစ်ကောင်စီသည် အာဏာလက်မလွှတ်ရရေးအတွက် မည်သူ့ကိုမဆိုကျွန်ခံရန် သဘောထားရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။ ဝန်ကြီးဦးရည်မွန်က လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ (ဇန်နဝါရီလ၂၁ရက်)တွင် ထိုကဲ့သို့ရေးသား အသိပေးထားခြင်းဖြစ်သည်။ “ကိုယ်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးကို တိုင်းတပါးက ချယ်လှယ် သြဇာပေးတယ်ဆိုတာ တွေးကြည့်ရင်အင်မတန် နှလုံးနာဖို့ ကောင်းပါတယ်။ ကိုယ့်အုပ်စု အာဏာမြဲ ပြီးရောဘယ်သူ့ကျွန်ခံရ ခံရ ခံမယ်ဆိုတာစစ်အုပ်စုရဲ့ သဘောထားပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ကစစ်အုပ်စု မရှိမှ အေးမယ်ဆိုတဲ့ တိုင်းပြည်ပါပဲ”ဟု ရေးသားထားသည်။ စစ်ကောင်စီသည် တရုတ်နိုင်ငံ၏ကြားဝင်ညှိနှိုင်းပေးမှုဖြင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)နှင့် အပစ်ရပ်လက်မှတ်ထိုးလိုက်ကြောင်း ယမန်နေ့က တရုတ်ဘက်က ကြေညာခဲ့သည်။ ထိုကြေညာချက်ကို MNDAAရော စစ်ကောင်စီကပါ တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားခဲ့ခြင်းဖြစ်သည်။ စစ်ရှုံးနေသည့်စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ၏ ထိုးစစ်ကြောက်လန့်နေပြီး တိုက်ပွဲများရပ်တန့်ရေး၊ ရွေးကောက်ပွဲကျင်းပနိုင်တို့အတွက် တရုတ်နိုင်ငံရေးအကူအညီကို…
လက်နက်ကိုင် တော်လှန်ရေးတွင် တစ်ယောက် တစ်ပေါက် ဖြစ်၍မရဘဲ စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ရန် NUG ယာယီသမ္မတ ထပ်မံ သတိပေး အကြမ်းဖက်စစ်ကောင်စီကို တော်လှန်နေသည့် လက်နက်ကိုင် တော်လှန်ရေးတွင် တစ်ယောက် တစ်ပေါက်ဖြစ်၍မရဘဲ စစ်ရေးအရ စုစည်းညီညွတ်မှု တည်ဆောက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ထပ်မံ သတိပေးလိုက်သည်။ ယနေ့ ပြုလုပ်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ၃/၂၀၂၅ အစည်း အဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။ NUG အစိုးရ၏ အမိန့်ပေး ကွပ်ကဲမှုထီးရိပ်အောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တော်လှန်ရေးတပ်များ တစ်ညီတစ်ညွတ်တည်း ဖြစ်စေရန် ဆက် လက် တည်ဆောက်ရန် လိုအပ်ကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စုစည်းညီညွတ်မှုကို နိုင်ငံရေးအရ တည်ဆောက်ရမည့်အပြင် စစ်ရေးအရပါ လက်တွေ့ကျကျ တည်ဆောက်နိုင်ရေး ကြိုးစားကြရန်…
မြ၀တီမြို့ကို ပြန်သိမ်းရန် ထိုးစစ်ဆင်နေသော စစ်ကောင်စီ၏ အောင်ဇေယျာ စစ်ကြောင်းမှ စစ်သား ၂ ဦး အလင်းဝင် ကရင်ပြည်နယ်၊ မြ၀တီမြို့ကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသော အောင်ဇေယျာ စစ်ကြောင်းမှ အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦး လက်နက်မပါဘဲ အလင်းဝင်လာသဖြင့် ဂုဏ်ပြုဆုငွေ၁၀သိန်း ချီးမြှင့်ခဲ့ကြောင်း People Defense Force မှ ဗျူဟာ ၃၁ လုံခြုံရေးတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ရက်နေ့ ညပိုင်း တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၁ ထံသို့ အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ် ကြောင်းမှ စစ်သား ၂ ဦးက အလင်းဝင်လာကြောင်း၊ ထိုအလင်းဝင်လာသော အကြမ်းဖက်စစ်ကောင်စီ စစ်သား ၂ ဦးကို ဗျူဟာ ၃၁ က…
ချင်းပြည်နယ်၊ တီးတိန်မြို့ကို People Defence Army(PDA)-Tedim က မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီးတိန်မြို့နယ်ကောင်စီက ထုတ်ပြန်ပြီးနောက် PDF-ဇိုလန်ကလည်း ကန့်ကွက်ကြောင်းနှင့် ၎င်းတို့လည်း တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဟု ဆက်လက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် PDF-ဇိုလန်အနေဖြင့် တီးတိန်မြို့သိမ်းတိုက်ပွဲအတွက် လုပ်ငန်းစဥ်များချမှတ်ထားပြီဖြစ်ပြီး PDA-တီးတိန်နှင့် မဟာမိတ်ပူးပေါင်းတပ်က တီးတိန်မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်လာပါက (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)/ချင်းညီနောင်(CB)နှင့် လက်တွဲကာ ပြတ်ပြတ်သားသားတိုက်ထုတ်သွားမည်ဟု PDF-ဇိုလန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မြို့သိမ်းတိုက်ပွဲအတွက် လွဲဆွဲမှုတွေကြောင့် ချင်းတော်လှန်ရေးအင်အားစုအချင်းချင်းကြားမှာ တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်မိတယ်။ နှစ်ဖက်သေချာညှိနှိုင်းပြီးမှ သေသေချာချာကိုင်တွယ် လုပ်ဆောင် စေချင်ပါတယ်။ မနှစ်က မတူပီမြို့သိမ်းတိုက်ပွဲတုန်းကလည်း အချင်းချင်းတိုက်ပွဲဖြစ်တယ်။ အချင်းချင်းတွေပဲ ထိခိုက်နစ်နာတယ်။ ဒါကို စံနမူနာယူကြဖို့ လိုအပ်တယ်ပေါ့နော်။ တီးတိန်မြို့ သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး အမှား/အယွင်းတွေရှိခဲ့ရင်…
မိုင်းဆတ်မြို့၊ ထပခ ၈၂၃ တပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်သဖြင့် တပ်သားတချို့ မသန်စွမ်းဖြစ် ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့၊ ထပခ ၈၂၃ တပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်က စစ်မှုထမ်း တပ်သားသစ်များကို အကြောင်းမဲ့ ရိုက်နှက်မှုကြောင့် မသန်စွမ်း ဖြစ်သွားသူများရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။ အမှတ် ၈၂၃ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲတွင် ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်သည် တပ်တွင်းကြီးနိုင်ငယ်ညှဉ်း နှိပ် စက်မှုများကို ကျူးလွန်နေသူများဖြစ်ပြီး တပ်ထဲသို့ အသစ်ရောက်ရှိလာသည့် စစ်မှုထမ်း တပ်သားသစ် လူငယ်များကို ပစ်မှတ်ထား၍ ရိုက်နှက်မှုများ ပိုမိုလုပ်ဆောင်ကြောင်း သိရသည်။ ရုံးအုပ် ဒုအရာခံဗိုလ် မျိုးဇော်ဆတ်သည် တပ်အတွင်း ၎င်းဖွင့်လှစ်ထားသော…
မြန်မာနိုင်ငံ၏ တရားဝင်အစိုးရမှာ အမျိုးသားညီညွတ်ရေးအစိုးရသာ ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ်ထံသို့ NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ အကြောင်းကြား မြန်မာနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှာ တရားဝင် မြန်မာအစိုးရဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌသစ် မလေးရှားဝန်ကြီးချုပ် Dato’ Seri Anwar Ibrahim ထံသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ အကြောင်းကြားလိုက်သည်။ NUG အမျိုးသားညီညွတ်ရေးအစိုးရမှာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း၊ မြန်မာစစ်တပ်က တိုင်းပြည်၏နယ်မြေ ၂၅ ရာခိုင်နှုန်းထက်လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်ခြင်းဖြစ်ပြီး အဆိုပါရာခိုင်နှုန်းကလည်း နေ့စဉ်နှင့်အမျှလျှော့နည်းလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသောနေရာဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက အုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။ မလေးရှားနိုင်ငံအနေဖြင့်…
စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေဟု NUG ပြော အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၃၁ ထရီလီယံအထိ စည်းမဲ့ကမ်းမဲ့ ရိုက်ထုတ်မှုကြောင့် မြန်မာ့သမိုင်းတွင် စံချိန်တင် ငွေကြေးဖောင်းပွပြီး ပြည်သူလူထု စီးပွားရေးချွတ်ခြုံကျ ကျပ်တည်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုလိုက်သည်။ ယနေ့ ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၂/၂၀၂၅တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက နိုင်ငံ၏ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေပြီး ကုန်စျေးနှုန်းများ မတန်မဆ မြင့်မားကာ လူထု စီးပွားရေးချွတ်ခြုံကျကာ ကျပ်တည်းနေကြောင်း၊…
ရခိုင်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့သို့ တိုက်ပွဲများ ရောက်ရှိနေပြီဟု AA ပြော ၊ အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ ရခိုင်ပြည်နယ်နှင့်စပ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့တွင် တိုက်ပွဲများ ရောက်ရှိနေပြီဖြစ်ကြောင်း AA က ပြောဆိုထုတ်ပြန်လိုက်သည်။ စစ်ကောင်စီက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက် ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း ၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်တပ်နှင့် AA တို့အကြားတိုက်ပွဲများပြင်းထန်နေကြောင်း သိရှိရသည်။ ရခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့၊ ပွိုင့်…
အမ်းမြို့နယ် ရိုးမပေါ်ရှိ ကံမြင်ကန်ပတ်ဝန်းကျင်တိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်းတွေ၊ သုံ့ပန်းနဲ့ ရန်သူ့အလောင်းတချို့ AA သတင်းထုတ်ပြန် ရခိုင်ပြည်၊ အမ်းမြို့နယ် ရိုးမပေါ်ရှိ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင် တိုက်ပွဲတွေကနေ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ စစ်အသုံးအဆောင် ပစ္စည်းတွေ သုံ့ပန်းနဲ့ရန်သူ့အလောင်းတချို့ကို အာရက္ခတပ်တော် (AA) က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲတွေဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီးမှာ အပြန်အလှန် ထိုးစစ်၊ ခံစစ်တွေနဲ့ အတူ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့တာ တစ်ပတ်ကျော်ခန့်…
မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်ကို အောင်ဇေယျစစ်ကြောင်းက စစ်ပြေးများနေတာကို ကွပ်ကဲကြပ်မတ်ဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ခေါင်းဆောင်က ကော့ကရိတ်အခြေစိုက် စကခ(၁၂)ကို ပို့ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပါတ်မှာ ဘားအံကနေ လုံခြုံရေးကိစ္စတွေ ဦးစီးနေတဲ့ ရတခ ရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကိုလည်း စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ ပြဿနာဖြစ်လို့ ဘားအံကနေ ကော့ကရိတ်ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ နောက်ဆုံးရတဲ့ အချက်အလက်တွေအရ ဘားအံ ဂေါက်ကွင်းမှာ စစ်ကောင်စီပြည်နယ်ဝန်ကြီးနဲ့ ထိုး ကြိတ်မှုကြောင့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်ကို အရန်အင်အားအဖြစ် အနားပေးလိုက်ပြီလို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး CDM ဗိုလ်မှူးစွယ်တော်ကို ဆက်သွယ်မေးမြန်းတဲ့အခါ ကျွန်တော်ကြားတာတော့ စစ်ကောင်စီပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြဿနာဖြစ်လို့ ဒုတိုင်းမှူးကို ဘားအံကနေ…