ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည်ခုခံနိုင်ရန် အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ခံစစ်ပူးပေါင်းပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ စစ်တွေမြို့တွင် ရုံးအခြေစိုက်ကာ စစ်ကောင်စီ၏ အကူအညီများဖြင့် ဒေသခံများကို ခေါ်ယူပြီး စစ်သင်တန်းပေးနေကြောင်း မြို့ခံသတင်းရင်းမြစ်အချို့က ပြောသည်။ ALP သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြံအရံများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်းကို ဒီဇင်ဘာလ တတိယအပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း မြို့ခံသတင်းရင်းက ပြောသည်။ “ALP ရဲ့ အခြေခံစစ်ပညာသင်တန်းကို မင်းဂံက ဒေါ်စောမြရာဇာလင်းရဲ့ နေအိမ်ခြံဝန်းနဲ့…
ကျိုက်မရောမြို့နယ်က အကြမ်းဖက် ကျေးရွာ ရဲစခန်း ၂ ခုကို မွန်ပြည်သစ်က ဒရုန်းနဲ့ဗုံးကြဲ၊ ရန်သူတပ်သား ၆ ဦးသေ မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၊ ကဒါကျေးရွာက ရန်သူရဲစခန်း နဲ့ တောင်ကလေးကျေးရွာ အကြမ်းဖက် ရဲစခန်းတို့ကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး ဒရုန်းတပ်ဖွဲ့က ဒရုန်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၆ ဦးသေပြီး၊ ၅ ဦး ဒဏ်ရာရရှိခဲ့တယ် လို့ New Mon State Party-AD ကဒီနေ့မှာထုတ်ပြန်ပါတယ်။ တောင်ကလေးကျေးရွာ အကြမ်းဖက်ရဲစခန်းကို ဇန်နဝါရီ ၁၂ ရက် က ဒရုန်းသုံးပြီး၊ဗုံးကြဲတိုက်ခိုက်ရာ ရန်သူတပ်သား တစ်ဦး သေပြီး၊ တပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ ကဒါကျေးရွာ ရန်သူရဲစခန်းကို ဇန်နဝါရီ ၁၀…
မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ-မန္တလေးလမ်းတွင် စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး ၂၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန် မြင်းခြံ- တောင်သာ-မန္တလေးသွားကားလမ်းတွင် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။ “ကျနော်တို့သိထားရတာက မနက်ခင်းပိုင်းက တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲအတွင်းပါတဲ့အဖွဲ့တွေက မြင်းခြံခရိုင် တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ အထူးကွန်မာဒိုအဖွဲ့ 2ICကိုဗညားနဲ့ မြင်းခြံခရိုင်တပ်ရင်း ၁…
ဖာပွန်-ဘီးလင်း ကားလမ်းမ အနီးရှိ လှဂွန်းပျို စစ်ခွေးစခန်းမှ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ၂၀၂၅ ဇန်နဝါရီလ ၇ ရက်က လက်နက်ချ အလင်းဝင်လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲမှ သတင်းထုတ်ပြန်သည်။ စစ်ခွေးတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က စစ်ခွေးတပ်စခန်းများသို့ ထောက်ပို့ပေးနေတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့စစ်ခွေးစခန်းတစ်ခုဖြစ်ကြောင်း သိရသည်။ လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့ မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲထံမှ သိရသည်။ လှဂွန်းပျိုစစ်ခွေးစခန်းကို ၂၀၂၅ ဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ခြင်းဖြစ်ကြောင်း တပ်မဟာ (၅)၏…
၂၀၂၅ ခုနှစ်တွင် စစ်အာဏာရှင်အုပ်စုကို စုစည်းညီညွတ်အားဖြင့် ဖြိုချပစ်ရေး ၊ စစ်အာဏာရှင် အုပ်ချုပ်ရေး ယန္တရား နောက် ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောဆို ၂၀၂၅ နှစ်တွင် စစ်အာဏာရှင်အုပ်စုကို စုစည်းညီညွတ်အားဖြင့် ဖြိုချပစ်ရေး၊ တအာင်း TNLA က သိမ်းပိုက်ထားသော နယ်မြေများတွင် စစ်အာဏာရှင်အုပ်စု၏ အုပ်ချုပ်ရေး ယန္တရား နောက်ထပ် တစ်ကြိမ် အခြေမစိုက်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းကာကွယ်သွားကြရန် TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြု မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ်အတွင်း TNLA…
ကချင်ပြည်နယ်၊ မံစီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ ထွက်ပြေးသွားသော စစ်သား ၁၄၀ ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံ ချေမှုန်းသုတ်သင်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန် မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကိုအပြီးသတ်သိမ်းပိုက်ခဲ့ပြီး မံစီမြို့ နယ်တစ်ခုလုံးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ တပ်ရင်းများမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံ ချေမှုန်းသုတ်သင်ခဲ့ရာ စစ်သားစုစု ပေါင်း ၁၄၀ ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း သိရှိရသည်။ “ထွက်ပြေးသွားတဲ့…
စစ်ပွဲများတွင်ရှုံးနိမ့်လာသည့် အာဏာသိမ်းစစ်ကောင်စီသည် လက်ရှိတွင် ဝေဟင်(လေကြောင်း) အဓိကထား အားပြုတိုက်ခိုက်နေရပြီး ယခုအခါတွင် ၎င်းတို့၏လေတပ် ကုန်ချစရိတ် လျှော့ချနိုင်ရန် အတွက် အင်ဂျင်တပ်လေထီး (Paramotor/Paraglider) များကို အသုံးပြု၍ ကျေးရွာများကို စမ်းသပ်ဗုံးကြဲလာကြောင်း သိရသည်။ စစ်ကောင်စီသည် လက်ရှိတွင် အင်ဂျင်တပ်လေထီးများအသုံးပြု၍ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ထိခိုက်သေဆုံးမှုများ ရှိနေပြီး ထိုသို့လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ၊ ဧပြီ(သင်္ကြန်အပြီး)မှ စတင်ကာ ပြင်ဦးလွင် တပ်နယ်အတွင်း လေ့ကျင်ခဲ့ကြောင်း တပ်မတော်သား CDM အရာရှိများထံက သိရသည်။ “အဲအချိန်ကာလက ပြင်ဦးလွင်ဘက်ခြမ်းမှာ ကျွန်တော်ရှိနေတယ်၊ အဲဒီမှာ ကျွန်တော်ကိုယ်တိုင် ပြင်ဦးလွင်တပ်နယ် တစ်နေရာကနေ မြင်ခဲ့တာပါ။ အဲဒီကနေ စလာတာ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။…
တောင်ငူ -သံတောင်လမ်း ၆ မိုင်တွင် KTV မှ ပြန်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -သံတောင်လမ်းမပေါ် ၆ မိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း KNLA တပ်မ ဟာ ၂ တပ်ရင်း ၅ ၏ သတင်းရင်းမြစ် Thawthikho မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီက သံတောင်ကြီးမြို့နယ်၊ တောင်ငူ – သံတောင်လမ်းမပေါ် တွင် တပ်မဟာ ၂…
မြန်မာနိုင်ငံတစ်ဝန်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ စစ်ကောင်စီကို အပြီးတိုင်ချေမှုန်း တော်လှန်သွားမည်ဟု TNLA က ကြေညာ မြန်မာနိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီကို အပြီး တိုင်ချေမှုန်းတော်လှန်သွားမည်ဟု TNLA က ထုတ်ပြန် ကြေညာလိုက်သည်။ ယနေ့ ကျရောက်သည့် ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်တွင် TNLA က အထက်ပါအတိုင်း ထုတ်ပြန်ကြေညာလာခြင်းဖြစ်သည်။ တအာင်းဒေသခံ ပြည်သူလူထုတို့၏ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည် တစ်ဝန်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်း တော်လှန်သွားမည်ဖြစ်ကြောင်း TNLA က ကြေညာသည်။ ထို့ပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ-TPCC ဦးဆောင်ရေးဆွဲထားသည့်…