
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကြား လေးရက်ကြာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က အယောက် ၇၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးလက်အောက်မှာရှိတဲ့ ဒေါနတပ်ရင်းက ထုတ်ပြန်ပါတယ်။ စစ်ကောင်စီက ပူးပေါင်တပ်တွေရှိတဲ့နေရာကို စစ်ကြောင်းထိုးတာကြောင့် တိုက်ပွဲဖြစ်ခဲ့တာလို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောပါတယ်။ “ကျုံလောင်းရွာဟောင်းမှာ သူတို့က စစ်ကြောင်းတွေလာကာတာ။ ဘာဖြစ်လို့လဲဆိုရင် မွန်ပူးပေါင်းလေးဖွဲ့နဲ့ ကျွန်တော်တို့ ဒေါနတပ်ရင်းပေါင်းပြီးတော့ ရှိနေတယ်ဆိုတာကို လာပြီးစစ်ကြောင်းလာထိုးတာ။ ကျွန်တော်တို့နဲ့ စကခ ၁၉ တပ်မနဲ့ဆိုတာ အရမ်းမဝေးတော့ဘူး။ လေးကီလိုမီတာပဲ ကျန်ပြီ။ ရေးမြို့နဲ့ဆို ငါးကီလိုမီတာ၊ အမှတ် ၈ ပြည်ထောင်စုလမ်းဆို လေးကီလိုမီတာပဲရှိတော့တာ။ အဲဒါကြောင့် လာပြီးတော့ ကျွန်တော်တို့ကို စစ်ကြောင်းထိုးပြီး လာရှင်းတာ။ ဒါပေမဲ့မရဘူး တက်လာတဲ့ရက်အားလုံး လန်ပြီး ပြန်သွားရတယ်” စစ်ကောင်စီတပ်ရဲ့…

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ၌ လာရောက်တပ်စွဲထားသော စစ်ကောင်စီတပ်အား ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ပျူစောထီးအားကောင်းသည့် ဆင်လူးကျေးရွာတွင် လာရောက်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ယမန်နေ့(ဇန်နဝါရီ ၁၅)တွင် မင်းဘူးခရိုင် တပ်ရင်း(၄)နှင့် မဟာမိတ်တပ်ဖွဲ့များက ၆၀ မမ ဒရုန်းဗုံးသီးများနှင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။ “ဒီရွာက ပျူစောထီးအားကောင်းပြီး ပျူရွာလုံးလုံးဖြစ်သွားတယ်။ အဲဒီပျူတွေနဲ့ စကစ တွေပေါင်းပြီး နေအိမ်တွေမှာ အထိုင်ချထားထာကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေတော့ အဲဒီအိမ်တွေမှာ မရှိဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့က သူတို့အထိုင်ချထားတဲ့အိမ်တွေရဲ့ တည်နေရာအတိအကျနဲ့ ဒရုန်းဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”ဟု မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများနေထိုင်ရာနေအိမ် ၁၀လုံးခန့်…

စစ်တပ်ထဲ အတင်းအဓမ္မ ထည့်သွင်းခဲ့သည့် အုပ်ချုပ်ရေးမှူးကို ပြန်လည် တိုက်ခိုက်မည်ဟုဆို မကွေးတိုင်း၊ စလင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့မှ အကြမ်းဖက် စစ်တပ်၏ တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံရသော စစ်မှုထမ်း ၂ ဦးသည် သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ကြိုးကြာနီ ပြည်သူ့ကာကွယ်ရေးတပ်၊ မကွေး အရှေ့ခြမ်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဗိုးဗြဲ ၄၂၂ တပ်ရင်းမှ အကြမ်းဖက် စစ်တပ်၏ တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုဆောင်းခံရသူ ၂ ဦးသည် လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အလင်းဝင်လာတဲ့သူတွေကို ဆုချီးမြှင်ဖို့ကတော့ အစီစဉ်တော့ရှိတယ်။ နောက်လာမည့် သူတွေကတော့ အဓိကတော့ ဖုန်းလိုင်းအဆက်အသွယ်တွေ…

တနင်္သာရီတိုင်းအတွင်း စစ်ရေးအခြေအနေ တင်းမာနေသည့် ဒေသများ၌ ဗုံးခိုကျင်းမတူးရန် ဒေသခံပြည်သူများအား စစ်ကောင်စီက ခြိမ်းခြောက်ပြီး တူးပြီးသား ကျင်းများကိုလည်း ဖျက်ဆီးမှုများရှိနေကြောင်း ဒေသခံများကပြောသည်။ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြိတ်မြို့နယ်၊ တနင်္သာရီမြို့နယ်တို့တွင် ထိုကဲ့သို့သောဖြစ်ရပ်အချို့ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ မြိတ်မြို့ဒေသခံတဦးက“ သဲအိတ်တွေနဲ့ ဖုံးထားတဲ့ ဗုံးခိုကျင်းတွေ တွေ့ရင် သူတို့က မီးရှို့တယ်။ ဖျက်ဆီးပစ်တယ်။ ပြီးတော့ ရွာထဲ ဝင်လာလို့ ဗုံးခိုကျင်းတူးနေတာတွေမလုပ်ဖို့ တားတယ်” ဟု ပြောသည်။ တနင်္သာရီတိုင်းစစ်ဌာန စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star ကလည်း စစ်ကောင်စီသည် တိုက်ပွဲနယ်မြေအတွင်း ဒေသခံများအား ယင်းကဲ့သို့ခြိမ်းခြောက်အကျပ်ကိုင်မှုများရှိသည်ဟု ကြားသိရကြောင်း ပြောသည်။ “ တချို့ရွာတွေမှာကျရင် ဗုံးခိုကျင်းတွေကို (စကစ က) ပေးမတူးဘူး။…

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြို့တော်စစ်တွေကိုသာ အာရက္ခတပ်တော် (AA) သိမ်းယူရန်ကျန်ရှိနေပြီး စစ်ကောင်စီက မြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီသည် ယနေ့ ဇန်နဝါရီ ၁၆ရက်နေ့ နံနက် ၃နာရီခန့်က စစ်တွေမြို့၊ ဝါဘိုကျေးရွာကို ဂျက်ဖိုက်တာဖြင့် ၂ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “ရှေ့လကမှ ဗုံးအလုံး ၂၀ လောက်ကြဲချသွားသေးတယ်။ အခုလာကြဲတာတော့ အရပ်သားထိခိုက်မှု မရှိလောက်ဘူး။ ရွာတွေကနေစစ်ရှောင်ထွက်သွားကြပြီဆိုတော့လေ။ AA ရှိနိုင်တယ် ထင်တဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းပြီး ဗုံးကြဲတယ်ပြောတယ်” ဟု စစ်တွေဒေသခံတစ်ဦးက ပြောသည်။ ထို့အပြင် စစ်တွေမြို့ ရဲတပ်ရင်း ၁၂နှင့် ရွှေမင်းဂံဆိပ်ကမ်းတို့မှလည်း ဝါဘိုကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီက အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ဂွမြို့နယ်တို့အသိမ်းခံရပြီးနောက် စစ်တွေနှင့်ကပ်လျက်ရှိသည့်…