ပြည်ပသို့ သွားရောက်ခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာ မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းနေ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခွင့်နှင့် ပညာသင်ကြားခွင့်ရရှိရေး စစ်မှုထမ်း ရွှေ့ဆိုင်းခွင့် လျှောက်ထားရာတွင် မြို့နယ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ် အနည်းဆုံး သိန်း ၅၀ တောင်းယူနေကြောင်း သိရှိရသည်။ ဇန်နဝါရီလနှောင်းပိုင်း မရမ်းကုန်းမြို့နယ်နှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ကောက် ယူခဲ့ကြောင်း၊ မရမ်းကုန်းမြို့နယ်တွင် ဂျပန်နိုင်ငံသို့ PJ ဖြင့် သွားရောက် အလုပ်လုပ်ကိုင်မည့် အသက် ၂၉ နှစ်အရွယ် အမျိုး သားလူငယ် ၁ ဦးနှင့် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် ထိုင်းနိုင်ငံသို့ သွားရောက် တက္ကသိုလ်တက်မည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားလူငယ် ၁…
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျားခေါင်းရွာတွင်ခံစစ်ပြင်ထားသော စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနိုင်ခြင်းမရှိတော့ဘဲ တပ်ဆုတ် ပြေးနေကြကြောင်း သိရသည်။ ကြက်သွန်ကွင်း- သဲဖြူ- မကျီးဇင် လမ်းပေါ်ရှိ စစ်ကောင်စီ၏ ကျားခေါင်းရွာ စစ်စခန်း ခံစစ်ပြိုပြီး သာပေါင်း လေးရွာအနီးတွင် တန်ပြန်ခံစစ်ပြင်ရန်ပြင်ဆင်နေကြောင်း သိရသည်။ “သာပေါင်းမြို့နယ်အစပ်မှာ တိုက်ပွဲဖြစ်နေတာ။ AAက စနိုက်ဘာတပ်နဲ့ပါချနေတော့ စစ်တပ်အထိ အခိုက်များတယ်။ ညတိုင်း ဒဏ်ရာရတဲ့သူနဲ့ သေတဲ့သူတွေကို ကြက်သွန်ကွင်းလမ်းဆုံကို ပို့နေရတယ်။ မြို့ထဲတော့ နည်းနည်းစိတ်ပူနေကြတယ်။ စစ်ရောက်လာမှာစိုးရိမ်နေကြတယ်” ဟု သာပေါင်းဒေသခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ AA က ပြောက်ကျားစနစ်နှင့် တိုက်ခိုက်နေသည့်အပြင် စနိုက်ဘာများပါအသုံးပြုတိုက်ခိုက်နေသည့် အတွက် စစ်ကောင်စီတပ်မှာ ထိခိုက်သေဆုံးမှုများပြားပြီး သဲဖြူတွင် ခံစစ်စခန်းတည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။…
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် မဲဇလီ ရဲစခန်းကို AA နှင့် PDF၊ CDF – ASHO တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ ဒဏ်ရာများဖြင့် ဆုတ်ခွာသွားကြောင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။ ဖေဖော်ဝါရီ ၁ရက်နေ့ နေလယ် ၁နာရီကျော်က မုံရွာလမ်းမကြီး မဲဇလီ ရဲစခန်းကို အာရက္ခတပ်တော် AA နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF၊ ကာကွယ်ရေးတပ် – အရှို တို့ပူပေါင်းအဖွဲ့ တို့က ဝင်ရောက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “AA ပူးပေါင်းတပ်ဖွဲ့တွေက မဲဇလီ ရဲစခန်းကိုဝင်တိုက်တာဗျ၊ တိုက်ပွဲက အရမ်းပြင်းတယ်။ စစ်တပ်က သေဆုံးမူကို မသိဘူး။ ဒဏ်ရာများနဲ့…
ရွှေသောင်ယံမှတပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိရာ ဂွ- ငသိုင်းချောင်း ဘက်သို့ ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးထွက်ပြေး ဂွ- ငသိုင်းချောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ဒဏ်ရာရရှိကာ အင်အား ၂၀ ခန့် ဖြင့် ခုခံနေရ ရွှေသောင်ယံမှ တပ်ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပွဲရှိနေသည့် ဂွ- ငါးသိုင်းချောင်းဘက်ပို့ဆောင်၍ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ထွက်ပြေးသွားကြောင်း သိရသည်။ စစ်ကောင်စီသည် ရွှေသောင်ယံရှိ ခလရ ၁၁ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးမှုများနေခြင်း ကြောင့် ပြန်လည်ခေါ်ယူ၍ ဂွ- ငသိုင်းချောင်းလမ်းဘက်သို့ပို့ဆောင်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ခန့် ထိခိုက် သေဆုံးမှုများရှိနေပြီး အင်အား ၂၀ ခန့်ဖြင့် ခုခံနေရသည့်အတွက် စိတ်ဓာတ်ကျဆင်းကာ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ပါ ထွက်ပြေးကြောင်း သိရသည်။ စစ်ကောင်စီသည်…
ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။ ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။ ” အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မဲပလီဗျူဟာစခန်းအား KNLA ဦးဆောင်မှုဖြင့် PDF၊…
ရှမ်း၊ ကယား (ကရင်နီ) နယ်စပ်တွင် စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် လက်နက်ကိုင်နှစ်ဖွဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) လက်အောက်မှ နုတ်ထွက်မည်ဟု ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာသည်။ MoD ၏ စစ်ဘက်ဆိုင်ရာကျင့်ဝတ် (CoC) ဖြင့် လှုပ်ရှားနေသည့် အမှတ် (၁၀၀၅) တပ်ရင်း (SSPDF) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ နှုတ်ထွက်ကြမည်ဖြစ်ပြီး အခြားစုဖွဲ့မှုပုံစံနှင့် တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။ သဘောထားကြီးစွာဖြင့် နှုတ်ထွက်ခွင့်ပေးသည့် MoD အား ကျေးဇူးတင်ကြောင်းလည်း ထိုတပ်ရင်းများက ဆိုသည်။ MoD လက်အောက်တွင် မရှိဘဲ ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားနေသည့် ရှမ်းတောင်ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) အဖွဲ့နှင့် နုတ်ထွက်သည့်အဖွဲ့များ ပူးပေါင်းကြမည်ဖြစ်သည်။…
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၁ တပ်ရင်း ၊ အမတ ၃၄၄ တပ်ရင်း နှင့် လေ့ကျင့်ရေး ၆ မှ အရာရှိ အပါအဝင် တပ်သား ၃၁ ဦးထွက်ပြေးသွားကြောင်း တပ်သတင်းရင်းမြစ်များကပြောဆိုသည်။ ဇန်နဝါရီလ ၃၁ ရက်နေ့ ပုသိမ်မြို့နယ်ရှိ ခြေလျင်တပ်ရင်း (ခလရ-၁၁) မှ အရာရှိ အပါအဝင် တပ်သား ၁၄ ဦးနှင့် ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းမှ တပ်ကြပ် အပါအဝင် တပ်သား ၁၂ ဦးသည် လက်နက်များ ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။ အဆိုပါ စစ်ကောင်စီ တပ်သားများသည် ရွှေသောင်ယံမြို့ ဝက်သေဘက် နှင့် ရေကြည်မြို့နယ် မယ်ဇလီကုန်း၊…
မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေမှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ ကရင်နီပြည် နှင့် ကရင်နီ -ရှမ်းတောင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး မိုးဗြဲမြို့ကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု ကြောင့် နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၉ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ မိုးဗြဲမြို့တွင်းသို့ ဦးတည်၍ စစ်ကောင်စီဘက်မှ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် တစ်နေကုန် နီးပါး တိုက်ပွဲပြင်း ထန် ခဲ့ကာ ကရင်နီပူးပေါင်းတော်လှန်ရေးတပ်များမှ ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ချိန် ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း၊ ထို့အတူ တိုက်ပွဲများဆက်လက်၍…
ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းတွင် စစ်တပ်က လူငယ် ၄၀ ကျော်ကို ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်နေ ရန်ကုန်မြို့၊ ပုဂံမြို့၊ ကျိုင်းတုံနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့တွင် အကြမ်း ဖက် စစ်တပ်က လူငယ် ၄၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူနာတင်ကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ကမာရွတ်ဘူတာတွင် ရထားစောင့်နေသည့် လူငယ် ၁ ဦးကို ပရဟိတ လူနာတင်ကားဖြင့် ရောက်လာသည့် အရပ်ဝတ် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခံရသော လူငယ်က ထွက်ပြေးရန် ကြိုးစားခဲ့သောကြောင့် ပျူစောထီးများ ဝိုင်းဝန်းရိုက်နှက်ပြီး…
ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းများစွာရဟု အသိပေး ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေရှိ စစ်ကောင်စီ၏ ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီ အရာရှိများအပါအဝင် စစ်သုံ့ပန်းများစွာရရှိခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။ ဘီးလင်းမြို့နယ် မဲ့ပရိ(မဲပလီ)ဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းရပြီး ဗျူဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအပေါ် KNU သတင်းရင်းမြစ်က အတည်ပြုပေးခြင်းဖြစ်သည်။ “အတည်ပြုလို့ရတယ်။ တပ်မဟာ(၁)နယ်မြေထဲက။ သထုံခရိုင် ဘီးလင်းမြို့နယ် မဲ့ပရိစခန်း ဗျူဟာစခန်း”ဟု KNU သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲပါဝင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခကလည်း မဲပရိ(မဲပလီ)ကျေးရွာရှိ စစ်ကောင်စီဗျူဟာစခန်း သိမ်းပိုက်နိုင်မှုကို…