ဂွမြို့အနီး တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေပြီး တောင်ကုတ်စကခ ၅ တွင်လည်း တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ ရခိုင်ပြည်၊ ဂွမြို့အနီးတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အလင်းဝင်လာမှုများ တောက်လျှောက်ရှိနေကြောင်း AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလဆန်းပိုင်းမှစတင်၍ ဂွမြို့အနီးသို့ AA တပ်များက ထိုးစစ်ဆင်လာခဲ့ကြောင်း၊ နေ့စဉ်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ အမြဲမပြတ် လုပ်ဆောင်လျက်ရှိကြောင်း၊ တိုက်ပွဲများမှာ ၂ လနီးပါး ကြာမြင့်လာကြောင်း၊ လက် ရှိ တွင် တိုက်ပွဲများမှာ ဂွမြို့နှင့်အနီးဆုံးတွင် ရောက်ရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ တပ်သားသစ်များ နှင့် တပ်ဖွဲ့ဝင်များ တောက် လျှောက်ဆိုသလို လက်နက်ချ အလင်းဝင်လျက်ရှိကြောင်း သိရှိရသည်။ “ဂွမြို့နှင့်အနီးဆုံးမှာတိုက်ပွဲဖြစ်နေတုန်းမှာ နေဗီက လက်နက်ကြီးပစ်ကူပေးနေတယ်။ စကစဖက်ကတော့ အကျအဆုံးတွေနဲ့ တပ်ဆုတ်နေတယ်။…
အင်အား ၇၀၀ ကျော်နှင့် မိုင်းပေါင်း ၁၀၀၀ ကျော်ဖြင့် ကာရံထားသော ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို အာရက္ခတပ်တော် AA က တစ်လက်မချင်းတိုး၍ တိုက်ခိုက်ခဲ့ရသည်ဟု ပြောဆိုထားသည်။ မောင်တောမြို့ကို စက်တင်ဘာလ ၈ ရက်နေ့ကတည်းက သိမ်းပိုက်ရရှိခဲ့သော်လည်း မြို့စောင့်တပ် နခခ ၅ ကိုမူ ဒီဇင်ဘာလ ၈ ရက်နေ့မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်ကောင်စီသည် မောင်တော နခခ ၅ တပ်စခန်းကို အင်အား ၇၀၀ ကျော်ဖြင့် တပ်စွဲထားသလို စခန်းပတ်ပတ်လည်ကိုလည်း သံဆူးကြိုး နှစ်ထပ်ဖြင့် ကာရံထားသည်။ အချို့နေရာများတွင် ပေ ၂၀ ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များထောင်ထားကြောင်းနှင့် ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိ…
အချင်းချင်း အခုလိုချနေရင် သဘောသိပ်ကျတာဗျာ။တမြန်နေ့ ညကပေါ့ ဗျာ …… မြေ-လ-တ်မြို့လေး တစ်မြို့ဖြစ်တဲ့ ချော-က်မြို့။ Royal Chauk တည်းခိုခန်းကို ဘဲတစ်ပွေနဲ့ စကီလေးတစ်ပွေ လာတည်းကြတယ်။ဘဲက ဆော-င့် ကြွားကြွား ပ-စ်စရာအ-တိုကို မန်နေဂျာ မြ-င်အောင် ဟ-န်ရေးပြသလိုလို။မန်နေဂျာက ဒီဘဲကို PDF ထင်သွားတယ်။ဒါနဲ့ ဝါဇီ လနစ ( လုံ-ခြုံ-ရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ) အဖွဲ့တွေ အခြေချနေတဲ့ ဗို-လ်တဲ အိမ်အမှတ် ၆၀ က အ ဖွဲ့ တွေကို သတ-င်းပို့ပါလေရော။ အဲဒီမှာတင် စကီနဲ့ လာတည်းတဲ့ ဘဲကလည်း ဘယ်ရမလဲ။အများနဲ့ တစ်ယောက် ပေမယ့် ခံ-ချတယ်။ပ-စ် ခ-တ်ပြီး ဇာတ်ရည်လည်တော့ တစ်ယောက် မတ်စိကို-က်သွားတယ်။မတ်စိကို-က် သွားတာ ဝါဇီကတစ်ပွေ။စကီလေးနဲ့ လာတဲ့ဘဲက တော့…
စခန်းပေါင်းများစွာ လက်လွှတ်လိုက်ရပြီးနောက် စစ်ကောင်စီတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ဒေသအများအပြားတွင် ဒရုန်းအသုံးပြုမှု ပိုများလာသည်။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကြည်း၊ ရေ၊ လေ တပ်များ သုံးပြီး ထိုးစစ်ပြန်ဆင်ရာတွင် စစ်ကောင်စီက ဒရုန်းအမျိုးမျိုးသုံးစွဲလာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ပြောသည်။မတ္တရာမြို့အနီးဝန်းကျင်အထိ ဝိုင်းပတ်ပိတ်ဆို့ထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို စစ်ကောင်စီက နိုဝင်ဘာ လလယ်ခန့်မှစပြီး တန်ပြန်ထိုးစစ်ဆင်ရာတွင် ပါဝင်လာသည်မှာ ဗုံးသီးချတိုက်ခိုက်ရာတွင် သုံးသည့် ဒရုန်း၊ Suicide ဒရုန်း ဟု ခေါ်ကြသည့် ပေါက်ကွဲမည့်ဗုံးသီးနှင့်အတူ ပျက်စီးသွားမည့် တစ်ခါသုံးဒရုန်း၊ ကင်းထောက်ဒရုန်းတို့ ဖြစ်သည်ဟု သိရသည်။“စစ်ကောင်စီက သူတို့လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေတွေ၊ တပ်စခန်းတွေကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်ရာမှာ ဒရုန်းကို အရင်ကထက် ပိုမိုအသုံးပြုလာတယ်။ အထူးသဖြင့်တော့ ကာမီကာဇေလို့ ခေါ်တဲ့ Suicide ဒရုန်းတွေကို ပိုပြီး…
ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အလောဘွမ်တိုက်ပွဲမှစ၍ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်ခဲ့၏။ ထို့နောက် ပြည်မအင်အားစုများနှင့် စုစည်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ စစ်ဒေသ ၁ ကို တာဝန်ယူခဲ့သကဲ့သို့ ကချင်နှင့် ရှမ်းမြောက်တွင်လည်း ကချင်ပြည်သူ့ ကာကွယ်ရေးတပ် (KPDF) များကို ဖွဲ့စည်းခဲ့၏။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်များတွင် KIA ၏ စစ်ရေးလှုပ်ရှားမှုများကို KPDF, PDF, အာရက္ခတပ်တော် (AA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည့် မဟာမိတ်များနှင့်တွဲ၍ မြင်ရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် KIA ၏…
မန္တလေးတွင် အလွန်ရက်စက်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူ ဗိုလ်မှူးချုပ် သူရိန်ထွန်း AA ၏ လက်ဝယ်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံလိုက်ရပြီ မန္တလေးမှ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်းစစ်ကြောရေးတွင် စစ်အာဏာရှင်ဆန့်ကျင်သော အမျိုး သမီးများကို မုဒိမ်းကျင့် စစ်ကြောခြင်း၊ နိုင်ငံရေးလှုပ်ရှားသူများကို ညှဉ်းပန်းသတ်ဖြတ်ခြင်းများတွင် ဦးဆောင်အမိန့်ပေးခဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောမြို့တို့ကို မီးလောင်တိုက်သွင်းပြီး လူမျိုးရေး ပဋိပက္ခဖြစ်စေရန် အဓိက ကြိုးကိုင်ခဲ့သူ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိကြောင်း ဓာတ်ပုံများနှင့်တကွ တရားဝင် သတင်းထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်း ARSA မွတ်စလင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့်အတူ စကခ ၁၅ မှ ဗိုလ်မှူးချုပ်သူရိန်ထွန်း၊…
ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ လေယာဉ်ဖြင့် ဗုံးကျဲမှုများကြောင့် နေ့ရောညပါ မြို့ မီးလောင်နေကြောင်း ဒေသပြည်သူများနှင့် KIA သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဒီဇင်ဘာလ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပိုက်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်းအထိ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မြို့ပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများ လုပ်ဆောင်နေသဖြင့် မြို့မီးလောင်နေကြောင်း သိရှိရသည်။ “ဗန်းမော်မြို့မ ရဲစခန်း၊ စုပေါင်း ရုံးကြီး၊…
မောင်တော၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိ စစ်ကောင်စီဘက်မှ သေဆုံးသူအလောင်း ၄၅၀ အထက်ရှိပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် အရာရှိများ၊ စစ်သားများ၊ လက်အောက်ခံ မွတ်စလင် လက်နက်ကိုင်များကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည် မောင်တောမြို့စောင့်တပ် နခခ ၅ ကို အသည်းအသန် ခုခံခဲ့သော စကခ ၁၅ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းအား အာရက္ခတပ်တော် AA က…
ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ၊ စစ်တပ်လက်အောက်ခံ စည်ပင်ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်အချိန် တာမွေမြို့နယ်၊ မီးပွိုင့်အနီး မြို့နယ်စည်ပင်သာယာရေးရုံးတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုတွင် Non-CDM ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “တာမွေမီးပွိုင့်နားမှာရှိတဲ့ ရေစည်ပင်ရုံးမှာ ပေါက်ကွဲမှုဖြစ်တယ်။ ပေါက်ကွဲသံက အတော်ကျယ်တယ်။ အခုတော့ စခတွေနဲ့ ဆေးရုံကားတော့ရောက်လာတယ်” ဟု မျက်မြင်ဒေသပြည်သူက ပြောဆိုသည်။ လက်ရှိတွင် တာမွေမြို့နယ်နေရာတချို့တွင် စစ်တပ်နှင့်ရဲကားများ လှည့်လည် စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တချို့ထံသို့ ယခု ဧည့်စာရင်းစစ်ရန် ညွှန်ကြားမှုရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အနောက်ခြမ်းမှာ စစ်အုပ်စုရဲ့ တပ်သားသစ်အဖြစ် စုဆောင်ခံထားရသူတွေ စစ်သင် တန်းဆင်းလာပြီးနောက် ဉသျှစ်ကန်ရွာဟောင်း၊ သပြေသာရွာနဲ့ မြိုက်ရွာတွေကို နှစ်ရက်ဆက်စစ်ကြောင်းထိုး မီးရှို့သွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ဆိုပါတယ်။ အဆိုပါ ကျေးရွာတွေကို စစ်အုပ်စု သင်တန်းဆင်း တပ်သားသစ်တွေဟာ ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက် နှစ်ရက်ဆက် စစ်ကြောင်းထိုး မီးရှို့ကြတာဖြစ်ပြီး သင်တန်းဆင်းတာနဲ့ အခုလို ချက်ချင်းမီးရှို့တာဟာ လုပ်ရဲကိုင်ရဲဖြစ်အောင် စစ် အုပ်စုက လေ့ကျင့်ခိုင်းတဲ့သဘော ယူဆရဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။ “လေ့ကျင့်ပေးတဲ့ပုံစံ မီးရှို့ခိုင်းတာလို့ ကျနော်တို့က အဲလိုယူဆတာဗျ။ လုပ်ရဲကိုင်ရဲအောင် လက်ရဲဇက်ရဲဖြစ်အောင် လေ့ကျင့်နေတဲ့သဘောဖြစ်တယ်လို့ ကျနော်တို့က အဲလိုယူဆထားတာ”လို့ အာဠာဝက ပြည်သူ့ကာကွယ်ရေး အဖွဲ့ က တာဝန်ရှိသူ ကိုအာဠာဝကကြီးက ပြောပါတယ်။ နေအိမ်တွေကို…