မေတ္တာနဲ့ရက်လုပ်ထားတဲ့ ဖျာလေးတစ်ချပ်နဲ့ အမေ့ရဲ့မျှော်လင့်ချက် ”အမေ တရားထိုင်ရင် သုံးဖို့… အမေ မေတ္တာပို့ အမျှဝေရင် ထိုင်ဖို့…” အသက် (၃၀) ကျော် သေဒဏ်ကျခံထားရတဲ့ သားဖြစ်သူက ထောင်ထဲကနေ သူကိုယ်တိုင် လက်နဲ့ယှက်လုပ်ပြီး ပေးလိုက်တဲ့ Handmade ကော်ဖီမစ်ဖျာလေး။ ဒီဖျာလေးပေါ်မှာ အမေထိုင်ပြီး ဆုတောင်းပေးတိုင်း သားဖြစ်သူရဲ့ မေတ္တာတွေကို အမေ ခံစားနေရမှာပါ။ နိုင်ကျဉ်းမိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒီအမေကြီးဟာ အပြင်လောကမှာ ဈေးရောင်းရင်း ပင်ပင်ပန်းပန်း ရုန်းကန်နေရသူပါ။ အမေကြီး အားမရှိလို့ ဆေးထိုးပေးဖို့ တောင်းဆိုလာတဲ့အခါတိုင်းလည်း အနီးကပ်စောင့်ရှောက်ပြီး ဆရာဝန်နဲ့တိုင်ပင်ကာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေကို အကောင်းဆုံး ကူညီပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ဟာ ဘေးကင်းလုံခြုံတဲ့ ပရဟိတမျိုးကိုပဲ ရွေးချယ်လုပ်ကိုင်နေတာမဟုတ်ဘဲ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်းနေရတဲ့ နိုင်ကျဉ်းမိသားစုဝင်တွေနဲ့အတူ ထပ်တူနီးပါး ရုန်းကန်ရှင်သန်နေကြတာပါ။ အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ […]