မလေးရှားရောက် မြန်မာများကို အလုပ်ရှာပေးမည်ဟုဆိုကာ ဂိုဏ်းဖွဲ့ပြီး မြန်မာအချင်းချင်း ငွေညှစ်ကာ နှိပ်စက်မှုများရှိနေ

မလေးရှားနိုင်ငံတွင် လက်ရှိအလုပ်အကိုင် အခွင့်အလမ်းများ အလွန်ရှားပါးနေချိန်၌ TikTok အပါအဝင် လူမှုကွန်ရက်စာမျက်နှာပေါ်က အလုပ်ကြော်ငြာများကို အယုံလွယ်ပြီး လာရောက်ကြသူ မြန်မာလုပ်သားများအနေဖြင့် မြန်မာပွဲစားအဖွဲ့အစည်းများ၏ ငွေညှစ်မှုများနှင့် ဆက်တိုက်ကြုံတွေ့နေရကြောင်း မြေပြင်ရှိ မြန်မာလုပ်သားတစ်ဦးက သတင်းပေးပို့လာပါသည်။ အဆိုပါ မြန်မာလုပ်သား၏ ပြောပြချက်အရ လိမ်လည်သူ မြန်မာပွဲစားများသည် TikTok ပေါ်တွင် အလုပ်အကိုင်ကောင်းများရမည်ဟု အယောင်ပြကာ အလုပ်သမားများကို ဆွဲဆောင်လေ့ရှိကြောင်း ၊ ၎င်းတို့ညွှန်ပြသည့်နေရာသို့ အလုပ်သမားများ ရောက်ရှိသွားသည့်အခါတွင်မူ မလေးရှားရန်းဂစ်ငွေ ၈၀၀ မှစ၍ မရရအောင် နည်းမျိုးစုံဖြင့် ငွေညှစ်ပြီး နောက်ဆုံးတွင် ရန်းဂစ် ၄,၀၀၀ ခန့်အထိ မတရားတောင်းခံမှုများ ပြုလုပ်နေကြခြင်း ဖြစ်သည်။ ပွဲစားများသည် အလုပ်သမားများကို ၎င်းတို့၏ ယာယီအိမ်ရာများသို့ ခေါ်ဆောင်သွားလေ့ရှိသော်လည်း ထိုနေရာများမှာ ၎င်းတို့၏ နေရာအမှန်မဟုတ်ဘဲ အလုပ်သမားများက မေးမြန်းသည့်အခါတွင်လည်း […]

ကလေးတွေရဲ့ ငွေတွေခိုးပြီး စလော့ဂိမ်းဆော့တဲ့ မြန်မာအိမ်အကူ

အိမ်ရှင်နဲ့ ကလေးတွေရဲ့ ငွေတွေခိုးပြီး စလော့ဂိမ်းဆော့တဲ့ မြန်မာအိမ်အကူ ထောင်ဒဏ် (၁၀) လ ချမှတ်ခံရ စင်ကာပူနိုင်ငံမှာ အိမ်အကူ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးတစ်ယောက်ဟာ စလော့ဂိမ်း အွန်လိုင်းလောင်းကစား စွဲလမ်းနေပြီး အိမ်ရှင်ရဲ့ အသက် (၁၁) နှစ်နဲ့ (၁၂) နှစ်အရွယ် ကလေးတွေ စုထားတဲ့ စင်ကာပူဒေါ်လာ (၁၇,၀၀၀) (မြန်မာငွေ သိန်း ၅၆၀ ကျော်) ကို ခိုးယူခဲ့လို့ ထောင်ဒဏ် (၁၀) လ ချမှတ်ခံလိုက်ရပါတယ်။ ပြစ်မှုကျူးလွန်သူ မအေးစုနိုင် (အသက် ၂၇ နှစ်) ဟာ ဇွန်လ (၃) ရက်နေ့က တရားရုံးမှာ သူမရဲ့ အပြစ်ကို ဝန်ခံခဲ့ပါတယ်။ တရားရုံးမှတ်တမ်းတွေအရ မအေးစုနိုင်ဟာ Queen Astrid Park မှ […]

ဆရာမဖြစ်သူ၏ ဓာတ်ပုံကိုသုံး၍ မဖွယ်မရာပြုလုပ်ခဲ့သည့် ကျောင်းသား(၃)ဦး

ကံချိုင်ရွာ၌ ဆရာမဖြစ်သူ၏ ဓာတ်ပုံကိုသုံး၍ မဖွယ်မရာပြုလုပ်ခဲ့သည့် ကျောင်းသား(၃)ဦးနှင့် ထိုကိစ္စအား ဖုံးဖိပေးရန်ကြိုးပမ်းသည့် ကျောင်းအုပ်ကြီးအပါဝင် ဆရာမအချို့ကြောင့် ရဲစခန်း၌ အမှုဖွင့်တိုင်ကြားထားရ ​ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ငပု‌တော့မြို့နယ်ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင်ကျေးရွာရှိ စစ်ကျွန်ပညာရေး အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က – ကံချိုင်) တွင် အလယ်တန်းပြဆရာမတစ်ဦး၏ TikTok အကောင့်မှ ဓာတ်ပုံများကို ရယူကာ မဖွယ်မရာစာသားများ ရေးသားဖြန့်ဝေခဲ့သည့် ကျောင်းသား (၃) ဦးအား အရေးယူပေးရန်နှင့် ယင်းဖြစ်စဉ်ကို မမှန်မကန် ဖုံးဖိရန် ကြိုးပမ်းခဲ့သည့် ကျောင်းအုပ်ကြီးနှင့် ဆရာမအချို့၏ လုပ်ရပ်အပေါ် တရားမျှတမှု ရရှိရန် ရဲစခန်း၌ တိုင်ကြားထားကြောင်း သိရသည်။ ​ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ(၂၈) ရက်နေ့က အ.ထ.က (ကံချိုင်) ကျောင်းမှ Grade 9 ကျောင်းသားများဖြစ်ကြသည့် မောင်စိုးပြည့်ရှင်း (ဘ) ဦးအောင်မြင့်+ဒေါ်ခင်မိုး၊ […]

ပေါက်နယ် ပျူစခန်းသိမ်း တိုက်ပွဲ ထွက်ပြေးတဲ့ စစ်အုပ်စုနဲ့ပျူတွေ အများအပြား ဖမ်းမိ

အလောင်း ၄၀ ကျော်နဲ့ လက်နက် ၃၀ ကျော်လည်း သိမ်းဆည်း ရရှိထားပြီး ဖမ်းမိသူ ၅၀ ကျော် မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ဆိုသူရဲ့ တပည့်တွေ အခြေပြုရာ ကုက္ကိုစုရွာ ပျူစောထီးစခန်းနဲ့ ရေပြာရွာ ရဲစခန်းတို့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ချိန် ထွက်ပြေးတဲ့ စစ်အုပ်စုနဲ့ ပျူစောထီး အများအပြားကို ဇွန် ၅ရက် ညနေပိုင်းမှာ ထပ်မံ ဖမ်းဆီးရရှိတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ “ပျူစောထီး လက်နက်ကိုင် ၃၀ လောက်နဲ့ မိသားစု ၄၀ ကျော်၊ စုစုပေါင်း ၇၀ လောက် ထပ်မိတယ်တဲ့” လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အဲ့ဒီ စစ်အုပ်စုနဲ့ […]

ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်

ပေါက်ကိုယ်တော်စစ်ကူတောင်းပေးနေတဲ့ ပေါက်မြို့နယ်က ပျူစောထီးရွာ တော်လှန်ရေးတပ်တွေ သိမ်းပိုက် အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကို ဆက်သွယ်ထားတဲ့ မုံရွာ-ပုသိမ်လမ်းမကြီးပေါ်မှာရှိပြီး ပေါက်မြို့အတွက် အရေးပါတဲ့ လမ်းပိုင်းပေါ်က ကုက္ကိုလ်စုရွာကို ၃ရက်ကြာထိုးစစ်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)ညနေပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ “ကုက္ကိုလ်စုကို သိမ်းရတာအတည်ပြုတယ်။နောက်ဆက်တွဲကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပါလိမ့်မယ်”လို့ ပေါက်မြို့ခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပျူစောထီးကျေးရွာအဖြစ် သတ်မှတ်ထားတဲ့ ကုက္ကိုလ်စုရွာမှာ စစ်တပ်က အခြေစိုက်စခန်းအဖြစ်ထားရှိပြီး အခုသိမ်းပိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းတယ်လို့လည်း သိရပါတယ်။ ကုက္ကိုလ်စုရွာ စတင်တိုက်ခိုက်ခံရချိန်ကစပြီး နေပြည်တော်၊မန္တလေးက စစ်ကောင်စီလူကြီးတွေကို အကူအညီတောင်းခံခဲ့ပြီး လက်နက်ခဲယမ်း […]

မြောက်ဥက္ကလာဆေးရုံထက် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အလောင်းဓားပြများ ပိုဆိုးကြောင်း ပရဟိတအသင်းများ ဖွင့်ချ

မြောက်ဥက္ကလာဆေးရုံထက် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အလောင်းဓားပြများ ပိုဆိုးကြောင်း ပရဟိတအသင်းများ ဖွင့်ချ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံ၌ ကွယ်လွန်သူ ပလုံကောက်အမျိုးသမီး၏ ရုပ်အလောင်းအပေါ် တာဝန်ရှိသူများက ငွေညှစ်ခဲ့သည့်ဖြစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင်လည်း အလားတူ ငွေညှစ်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေကြောင်း ကြုံတွေ့ဖူးသူများနှင့် လူမှုကူညီရေးအသင်းအချို့က ထုတ်ဖော်ပြောဆိုလာကြသည်။ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံရှိ တာဝန်ရှိသူများသည် မြောက်ဥက္ကလာပဆေးရုံထက် ပိုမို၍ ဗြောင်ကျကျ ငွေညှစ်လေ့ရှိပြီး၊ ငွေမပေးနိုင်သည့် နာရေးရှင်မိသားစုဝင်များကို အကြောင်းအမျိုးမျိုးပြကာ အနှောင့်အယှက်ပေးခြင်း၊ အရစ်ခံခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။ ရောင်စင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်အောင်က “မြောက်ဥက္ကလာ ဆေးရုံကြီး ရင်ခွဲရုံ ဆိုးတယ်ဆိုတာ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အိပ်နေသလောက်ဘဲရှိတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် […]

ဂျပန်နိုင်ငံတွင် ခြေတစ်ဖက် ကျိုးထားသည့် သမင်အပေါ်တက်ထိုင်ရန် ကြိုးစားခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦး ဝေဖန်ခံနေရ

ဂျပန်နိုင်ငံ၊ နာရာပန်းခြံအတွင်း သမင်တစ်ကောင်၏ ကျောပေါ်သို့ အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်ရန်အတွက် အတင်းအဓမ္မ တက်ထိုင်ရန် ကြိုးပမ်းနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး နိုင်ငံတကာ သတင်းဌာနအချို့တွင်ပါ ဖော်ပြခြင်း ခံခဲ့ရသည်။ အဆိုပါ ဗီဒီယိုမှတ်တမ်းထဲတွင် အမျိုးသမီးဖြစ်သူသည် ထွက်ပြေးနေသည့် သမင်တစ်ကောင်နောက်သို့ လိုက်လံမောင်းနှင်နေသည်ကို တွေ့ရပြီး၊ ထို့နောက် သမင်ကို အမှီလိုက်ကာ ကျောပေါ်တက်ရန် ထပ်မံကြိုးပမ်းခဲ့သည်။ ၎င်းနှင့်အတူပါလာသည့် အမျိုးသားကမူ အဆိုပါဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယိုရိုက်ကူးပေးနေခဲ့ခြင်း ဖြစ်သည်။ နာရာမြို့ရှိ သမင်များကို ကူညီစောင့်ရှောက်ပေးနေသည့် စေတနာ့ဝန်ထမ်းများ၏ ထုတ်ဖော်ပြောကြားချက်အရ ဗီဒီယိုထဲပါ သမင်လေးမှာ မော်တော်ယာဉ်မတော်တဆမှုကြောင့် ရှေ့ခြေထောက်တစ်ဖက် ကျိုးထားသဖြင့် လမ်း ကောင်းကောင်းမလျှောက်နိုင်ဘဲ နာကျင်နေသည့် သမင်လေးဖြစ်ကြောင်း သိရသည်။ စေတနာ့ဝန်ထမ်းများက အဆိုပါအမျိုးသမီး၏ လုပ်ရပ်မှာ တိရစ္ဆာန်အပေါ် ညှင်းပန်းနှိပ်စက်ခြင်းဖြစ်ပြီး လုံးဝခွင့်မလွှတ်နိုင်စရာ အောက်တန်းကျသည့် […]

မျက်ရည်ပါ ဝဲရတဲ့ မောင်နှမမေတ္တာ

“အလတ်မလေးအတွက် ပြည့်စုံသွားပေမယ့်… အငယ်ဆုံးလေးအတွက် ထိုင်းမှာ ဆက်ပြီး ပင်ပန်းခံနေဦးမယ့် အစ်ကိုကြီး 😭 (မျက်ရည်ပါ ဝဲရတဲ့ မောင်နှမမေတ္တာ)” ပရိသတ်ကြီးရေ… မိသားစုဆိုတာ ကိုယ့်သွေးသားတွေအတွက် ဘယ်လောက်ပဲ ပင်ပန်းဆင်းရဲပါစေ အပြုံးမပျက် အနစ်နာခံရဲကြတာ သဘာဝပါ။ အခုလည်း ညီမငယ်လေးတွေအတွက် တိုင်းတစ်ပါးမှာ အလုပ်ကြိုးစားရင်း ဘဝကို ပေးဆပ်ထားတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ရင်နင့်စရာ မေတ္တာတရားလေးကို ကြည်နူးဖွယ် ဝေမျှပေးချင်ပါတယ်။ 💖 ညီမလေးတွေအတွက် အနစ်နာခံတဲ့ အစ်ကိုကြီး ပရိသတ်တွေ အားပေးချစ်ခင်မှု အပြည့်အဝ ရရှိထားတဲ့ သမီးလေး အိမ့်ချစ်သူကိုတော့ အားလုံး သိကြမှာပါ။ အခုဆိုရင် အလတ်မလေးဖြစ်တဲ့ အိမ့်ချစ်သူအတွက် လိုလေသေးမရှိ အစစအရာရာ ပြည့်စုံသွားပြီ ဖြစ်ပေမယ့်… ကျန်နေသေးတဲ့ အငယ်ဆုံး ညီမလေး “ချောဝတ်ရည်” အတွက်တော့ အစ်ကိုဖြစ်သူက […]

မိဘတွေသဘောမတူခဲ့တဲ့ကြားထဲက ကြိုးစားပြီး နိုင်ငံလက်ရွေးစင်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ နန်းစနေမ

မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရတာ ကျွန်မအတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ” – နန်းစနေမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ နန်းစနေမကတော့ စိတ်လှုပ်ရှားဂုဏ်ယူနေပါတယ်။ “ဒီနေရာကိုရောက်ဖို့အထိ မိသားစုနဲ့ ရွာကလူတွေအားလုံးက အမြဲတမ်း အားပေးကူညီခဲ့ကြပါတယ်။ အခုလို လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရတာဟာ ကျွန်မရဲ့ အိမ်မက်တစ်ခု ပြည့်ဝသွားတာပါ” လို့ သူမက ရင်ဖွင့်ပြောကြားပါတယ်။ ပထမဆုံး နိုင်ငံတကာပွဲစဉ်ကို ရင်ဆိုင်ရတော့မယ့် သူမအနေနဲ့ စိုးရိမ်မှုတွေရှိနေပေမဲ့လည်း အကောင်းဆုံး ကြိုးစားသွားဖို့ ပြင်ဆင်နေပါတယ်။ “ပထမဆုံးပွဲဆိုတော့ စိုးရိမ်စိတ်လေးတော့ ရှိနေပါတယ်။ ဒါပေမဲ့ အသင်းအတွက် အကောင်းဆုံး ကြိုးစားကစားသွားမှာပါ” လို့ နန်းစနေမက ဆက်လက်ပြောပါတယ်။ မြန်မာ့အမျိုးသမီးဘောလုံးလောကရဲ့ မျိုးဆက်သစ်ကြယ်ပွင့်လေး နန်းစနေမရဲ့ ခြေစွမ်းကို စောင့်မျှော်အားပေးလိုက်ရအောင်။

ယမန်နေ့ကပျောက်ဆုံးသွားတဲ့ကလေး ၂ ဦး အလောင်းပဲ

ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းကတည်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် ကလေးငယ် ၂ ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရတဲ့ စိတ်မကောင်းစရာ သတင်းဆိုးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ​ဖြစ်စဉ်အကျဉ်း ​ဇွန်လ ၆ ရက် (နံနက် ၀၉:၀၀ နာရီ) ခန့် – ကလေးငယ်နှစ်ဦး နေအိမ်မှ စတင်ပျောက်ဆုံးသွားခဲ့သဖြင့် မိသားစုဝင်များနှင့် ရပ်ကွက်လူထုက လူမှုကွန်ရက်ပေါ်တွင် အပူတပြင်း လိုက်လံရှာဖွေခဲ့ကြသည်။ ​ဇွန်လ ၆ ရက် (ည ၂၁:၀၀ နာရီ) ခန့် – အူဒွန်းထာနီခရိုင်၊ မူအန်းအူဒွန်းထာနီမြို့နယ်၊ နောင်ဘူအာရပ်ကွက်ရှိ “နောင်ဆွိုင်” စည်ပင်သာယာအမှတ် (၁) ကျောင်းရဲ့ အနောက်ဘက် ကန်ဘောင်ဘေးတွင် ကလေးငယ်များ၏ ညှပ်ဖိနပ်များနှင့် […]

လျှို့ဝှက်လိုဏ်ခေါင်းနှင့် တရားမဝင်လုပ်သားများ – အမှောင်ခေတ်ကို ပြန်သတိရစေသည့် တရုတ်မိုင်းတွင်း ဘေးအန္တရာယ်

တရုတ်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်း၏ အချက်အချာဖြစ်သော ရှန်းရှီပြည်နယ်တွင် “တခြားလုပ်ကိုင်စရာမရှိတော့မှသာ ကျောက်မီးသွေးတွင်းထဲ ဆင်းပါ” ဟူသော ဆိုရိုးစကားတခု ရှေးယခင်ကတည်းက ရှိခဲ့ဖူးသည်။ ဆယ်စုနှစ်များစွာတိုင်အောင် ယင်းတွင်းနက်ကြီးများထဲက ဘဝများသည် ကြေကွဲစရာဖြစ်ရပ်များနှင့် ဒွန်တွဲနေခဲ့သည်။ ယင်းကြေကွဲစရာများက အမြဲတမ်းဖြစ်လာခြင်းကြောင့် အခြားဆိုရိုးစကားများကိုပင် ဖြစ်တည်လာစေခဲ့သည်။ ကျောက်မီးသွေးတွင်းလုပ်သားများသည် ဓာတ်ငွေ့ပေါက်ကွဲမှု၊ ရေကြီးမှုနှင့် တွင်းပြိုမှုများကြောင့် သေဆုံးနိုင်သည့် မြေအောက်လိုဏ်ခေါင်းများထဲသို့ ဆင်းသွားကြသည့်အခါ “ငွေရဖို့ အသက်နဲ့လဲနေကြရသူများ” (သို့မဟုတ်) “မနက်ဖြန်အတွက် အသက်နဲ့လောင်းကြေးထပ်နေရသူများ” ဟူ၍ တင်စားပြောဆိုခဲ့ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တခုအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် ယင်းလုပ်ငန်း၏ သေမင်းတမန်ဂုဏ်သတင်းသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး၊ ထိုဆိုးရွားလှသော နေ့ရက်များသည် တရုတ်အတွက် အတိတ်မှာ ကျန်ရစ်ခဲ့ပြီဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် မေလ ၂၂ ရက်က ရှန်းရှီပြည်နယ်ရှိ လျှိုရှန်းယွီကျောက်မီးသွေးတွင်းတွင် ပေါက်ကွဲမှုဖြစ်ပွားကာ လူပေါင်း […]

ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ

ရန်ကုန်မြို့နယ်အချို့တွင် ရေကြီးရေလျှံ၊ တိုင်းနှင့်ပြည်နယ် ၈ ခုတွင် မိုးဆက်ကောင်းနိုင် ရန်ကုန်တိုင်း မြို့နယ်အချို့တွင် ယမန်နေ့ (ဇွန်လ ၄ ရက်) ညက မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် ရေကြီးမှုများ ဖြစ်ခဲ့ပြီး နေအိမ်အတွင်း ရေဝင်ရောက်ခြင်း၊ ရပ်နားထားသည့် မော်တော်ယာဉ်အချို့ ရေမြုပ်ခြင်းနှင့် ပစ္စည်းအချို့ ရေကြီးမှုကြောင့် ပျက်စီးမှုများရှိခဲ့သည်။ “အလုံမှာက ရေမကြီးတာကြာပြီ။ ညက မိုးကြောင့် အိမ်တွေထဲ ရေတွေဝင်ပြီး တချို့မြေညီထပ်အိမ်တွေဆို တန်ဖိုးကြီးပစ္စည်းတွေ ပျက်စီးမှုတွေ ကြုံခဲ့ရတယ်။ မိုးရာသီစစချင်းမှာတောင် ဒီလိုရေကြီးတာ ကြုံရတော့ မိုးတွင်းမှာ ရေကြီးမှုအတွက် ကြိုပြင်ရတော့မယ့် အခြေအနေပါ” ဟု အလုံမြို့နယ် ဒေသခံတဦးက ပြောသည်။ ရန်ကုန်တွင် ယမန်နေ့ ညက […]

မြောက်ဥက္ကလာဆေးရုံထက် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အလောင်းဓားပြများ ပိုဆိုးကြောင်း ပရဟိတအသင်းများ ဖွင့်ချ

မြောက်ဥက္ကလာဆေးရုံထက် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အလောင်းဓားပြများ ပိုဆိုးကြောင်း ပရဟိတအသင်းများ ဖွင့်ချ ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံကြီး ရင်ခွဲရုံ၌ ကွယ်လွန်သူ ပလုံကောက်အမျိုးသမီး၏ ရုပ်အလောင်းအပေါ် တာဝန်ရှိသူများက ငွေညှစ်ခဲ့သည့်ဖြစ်စဉ် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံတွင်လည်း အလားတူ ငွေညှစ်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပွားနေကြောင်း ကြုံတွေ့ဖူးသူများနှင့် လူမှုကူညီရေးအသင်းအချို့က ထုတ်ဖော်ပြောဆိုလာကြသည်။ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံရှိ တာဝန်ရှိသူများသည် မြောက်ဥက္ကလာပဆေးရုံထက် ပိုမို၍ ဗြောင်ကျကျ ငွေညှစ်လေ့ရှိပြီး၊ ငွေမပေးနိုင်သည့် နာရေးရှင်မိသားစုဝင်များကို အကြောင်းအမျိုးမျိုးပြကာ အနှောင့်အယှက်ပေးခြင်း၊ အရစ်ခံခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။ ရောင်စင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းထိုက်အောင်က “မြောက်ဥက္ကလာ ဆေးရုံကြီး ရင်ခွဲရုံ ဆိုးတယ်ဆိုတာ ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံက အိပ်နေသလောက်ဘဲရှိတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် […]

ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား

ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား၊ ဆေးမှူးများပါ၀င်ပြီး တိုင်းမှူးတစ်ဦးလည်း လာရောက်ကွပ်ကဲ ပဲခူးတိုင်းဖြူးမြို့နယ်နှင့်ကျောက်တံခါးမြို့နယ်အတွင်း ဇွန်လ ၆ရက်နေ့လယ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ တပ်သားအင်အား ၈၀၀ ထက်မနည်းပို့ဆောင်ထားတယ်လို့ KNLAစစ်ရေး သတင်းအရင်းမြစ်တစ်ဦးထံမှသိရှိရသည်။ အဆိုပါပို့ဆောင်ထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် နေပြည်တော်၊ တောင်ငူဘက်မှ ဆင်းလာပြီး အင်အား ၂ဖွဲ့ခွဲပို့ဆောင်ထားသည်ဟု အဆိုပါသတင်းအရင်းမြစ်ကဆိုသည်။ ပဲခူးတိုင်းဖြူးမြို့နယ်တွင် ခလရ ၅သို့တပ်အင်အား၄၀၀ထက်မနည်းပို့ဆောင်ထားပြီး ဆေးမှူးများ ပါဝင်သည့်အပြင် ခလရ ၅တပ်တွင်းတွင် တိုင်းမှူးတစ်ဦးလည်း လာရောက်ကွပ်ကဲနေသည်ဟု အထက်ပါသတင်းအရင်းမြစ်ကဆိုသည်။ အင်အား၄၀၀ကျော်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်ပင်သာဘက်သို့ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ရန်ရှိနေသည်ဟု အဆိုပါ KNLA သတင်းမြစ်မှပြောပါသည်။ ဒါ့အပြင် တပ်အင်အား၈၀၀ထက်မနည်းပို့ဆောင်ထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲမှ ၄၀၀ခန့်သည် ကျောက်တံခါးမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ရန်ကုန်-မန္တလေးလမ်းဟောင်း ပဲနွယ်ကုန်း အခြေစိုက် ခမရ ၃၀၇ ရွှေဝါတပ်ရင်းသို့ ပို့ဆောင်ထားသည်ဟု အထက်ပါ သတင်းရင်းမြစ်မှပြောပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် […]

အသက် ၂ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်

ချမ်းအေးသာစံမှာ အသက် ၂ နှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်သူကို ပြည်သူတွေ ဝိုင်းဖမ်း မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်မှာ ဇွန် ၈ ရက်နေ့ ည ၇ နာရီဝန်းကျင်က အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အဓမ္မကျင့်ပြီး ထွက်ပြေးဖို့ ကြိုးပမ်းသူ အမျိုးသားတစ်ဦးကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ညက ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်အား အဓမ္မကျင့်ပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ရပ်ကွက်နေပြည်သူတွေက လိုက်လံပိတ်ဆို့ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “မနေ့ညက ၂ နှစ်ကလေးလေးကို အဓမ္မကျင့်ပြီး ထွက်ပြေးတဲ့သူကို ရပ်ကွက်ထဲကလူတွေ ဝိုင်းဖမ်းတာ မိသွားတယ်။ မိသွားတော့ သူအရက်မူးနေလို့ […]

အင်းတော်မြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

ကျေးရွာအချို့ရှိ စစ်တပ်ခြေကုပ်စခန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထား ‎‎စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တောင်ဘက်ခြမ်းရှိ လယ်ပြင်၊ နန်းကင်း နှင့် နတ်မဟုတ်ကလေး စသည့် ကျေးရွာတဝိုက်တွင် ရွေးတုအစိုးရစစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ များ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။ ‎‎ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က နတ်မဟုတ်ကလေးကျေးရွာတွင် အခြေစိုက်ထားသည့် စစ်တပ်၏ ခြေကုပ် စခန်းငယ်တစ်ခုကို အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ၂ နာရီခန့်အကြာ စီးနင်းတိုက်ခိုက်ပြီး‌နောက် သိမ်းပိုက်နိုင်ခဲ့သည်။ ‎”မနေ့ကတည်းက ဂျက်ဖိုက်တာရော၊ ထောက်ပို့သယ်ယူ လေယာဉ်ရောဝဲနေတာ မပခ (မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်) ကိုဝင်တဲ့ ယာဉ်တန်းတွေပြန်းဆင်းမှာကြောင့်လို့လည်း ပြောတယ်။ အင်းတော်၊ ကသာဘက်ကတော့ အဖွဲ့စုံက ဝင်တိုက်နေတဲ့သဘောပဲ။ AA ရှိမယ်။ KIA ရှိမယ်။ NUG တပ်တွေရှိမယ်။ […]

ကုက္ကိုစုရွာ၏ ယုတ်မာခဲ့မှုများနှင့် ပေါက်ကိုယ်တော်ရဲ့ ပေါက်ကွဲခန်း

မကွေးတိုင်း၊ ပေါက်မြို့နယ်၏ အသက်သွေးကြောဟု တင်စားထားကြပြီး ပေါက်ကိုယ်တော် (ခေါ်) အာရိယာဝံသ၏ အားအထားရဆုံးသော အမာခံ ကုက္ကိုစုပျူစောထီးကျေးရွာသည် ဇွန်လ ၄ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အပြတ်တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် လုံးဝပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ဤဖြစ်စဉ်သည် စစ်ကော်မရှင်နှင့် ပျူစောထီးအုပ်စုများအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သလို၊ တစ်ဖက်တွင်လည်း ၎င်းတို့ကျူးလွန်ခဲ့သည့် စက်ဆုပ်ရွံရှာဖွေရာ ယုတ်မာမှုများကြောင့် ကာလ ရှည်ကြာ စိတ္တဇနာနာကျင်ကျင် ခံစားခဲ့ရသော ပတ်ဝန်းကျင်ကျေးရွာသားများအတွက်မူ တရားမျှတမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ ကုက္ကိုစုရွာနှင့် လှည်းလမ်းလေးတစ်ခုသာ ခြားနေသော မကျီးစင်ရွာသည် မောင်နှမ ဆွေမျိုးသားချင်း တော်စပ်သူများ နေထိုင်ကြပြီး သွေးမကွဲအပ်သည့် ရွာနှစ်ရွာ ဖြစ်သည်။ သို့သော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်း ကုက္ကိုစုရွာသည် စစ်ကော်မရှင်၏ လက်နက်တပ်ဆင်ပေးမှုကို ရယူကာ ပျူစောထီးရွာအဖြစ် ပြောင်းလဲသွားချိန်မှစ၍ ထိုသံယောဇဉ်များ […]

မုန်းတီးခွဲခြားမှုတွေကြား ရုန်းကန်ရှင်သန်နေကြတဲ့သက်တံရောင် LGBT တွေ

“ဥပဒေမဲ့နေတဲ့ကာလမှာ စစ်တပ်ရဲ့ယုတ်မာမှု၊ ဖိနှိပ်မှုတွေကို သာမာန်လူတွေထက် LGBT ပိုခံစားရတယ်။ ဒါ့ ကြောင့် လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ကြောက်ရွံ့မုန်းတီးမှုတွေကို တော်လှန်ရေးနဲ့အတူ တိုက်ထုတ် သွားမယ်။”လို့ လိင်စိတ်ခံယူမူကွဲပြားသူ(LGBT)တွေက ထောက်ပြပြောဆိုနေကြပါတယ်။ ဒါကတော့ LGBT တစ်ဦးဖြစ်တဲ့နဝရတ်အောင်အောင်ရဲ့မိတ်ကပ်နဲ့ ဆံပင်အလှပြင်ဆိုင်ထဲကိုစစ်သားနဲ့ ရဲတွေ အကြောင်းအရင်းမရှိဘဲ ဝင်လာပြီး ဆိုင်ရှိ LGBT လေးဦးကို သေကောင်ပေါင်းလဲထိုးကြိတ်ရိုက်နှက်ခဲ့တဲ့အပြင် နှုတ်နဲ့လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ ပြုလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အခုလိုရိုက်နှက်သွားပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ နဝရတ်အောင် အောင်ကို ဆန္ဒပြသပိတ်မှာပါဝင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။ ဖမ်းဆီးရာမှာလည်း ရဲနဲ့ စစ်သားတွေဟာ နဝရတ်အောင်အောင်နေအိမ်ကို အင်အားအလုံးအရင်းနဲ့ရောက်လာပြီး သူ့ကို ဝိုင်းဝန်း ထိုးကြိတ်ကြတဲ့အပြင် နားထင်ကို သေနတ်နဲ့ ထောက်ကာ အကြမ်းဖက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါ တယ်။ […]