📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ဂျပန်နိုင်ငံတွင် ခြေတစ်ဖက် ကျိုးထားသည့် သမင်အပေါ်တက်ထိုင်ရန် ကြိုးစားခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦး ဝေဖန်ခံနေရ

ဂျပန်နိုင်ငံ၊ နာရာပန်းခြံအတွင်း သမင်တစ်ကောင်၏ ကျောပေါ်သို့ အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်ရန်အတွက် အတင်းအဓမ္မ တက်ထိုင်ရန် ကြိုးပမ်းနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး နိုင်ငံတကာ သတင်းဌာနအချို့တွင်ပါ ဖော်ပြခြင်း ခံခဲ့ရသည်။

အဆိုပါ ဗီဒီယိုမှတ်တမ်းထဲတွင် အမျိုးသမီးဖြစ်သူသည် ထွက်ပြေးနေသည့် သမင်တစ်ကောင်နောက်သို့ လိုက်လံမောင်းနှင်နေသည်ကို တွေ့ရပြီး၊ ထို့နောက် သမင်ကို အမှီလိုက်ကာ ကျောပေါ်တက်ရန် ထပ်မံကြိုးပမ်းခဲ့သည်။ ၎င်းနှင့်အတူပါလာသည့် အမျိုးသားကမူ အဆိုပါဖြစ်စဉ်တစ်ခုလုံးကို ဗီဒီယိုရိုက်ကူးပေးနေခဲ့ခြင်း ဖြစ်သည်။

နာရာမြို့ရှိ သမင်များကို ကူညီစောင့်ရှောက်ပေးနေသည့် စေတနာ့ဝန်ထမ်းများ၏ ထုတ်ဖော်ပြောကြားချက်အရ ဗီဒီယိုထဲပါ သမင်လေးမှာ မော်တော်ယာဉ်မတော်တဆမှုကြောင့် ရှေ့ခြေထောက်တစ်ဖက် ကျိုးထားသဖြင့် လမ်း ကောင်းကောင်းမလျှောက်နိုင်ဘဲ နာကျင်နေသည့် သမင်လေးဖြစ်ကြောင်း သိရသည်။

စေတနာ့ဝန်ထမ်းများက အဆိုပါအမျိုးသမီး၏ လုပ်ရပ်မှာ တိရစ္ဆာန်အပေါ် ညှင်းပန်းနှိပ်စက်ခြင်းဖြစ်ပြီး လုံးဝခွင့်မလွှတ်နိုင်စရာ အောက်တန်းကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ကြသည်။

အဆိုပါ ဗီဒီယိုဖိုင် ပျံ့နှံ့လာပြီးနောက် ဗီဒီယိုထဲက အမျိုးသမီးမှာ မြန်မာနိုင်ငံသူတစ်ဦး ဖြစ်နေသည်ကို အင်တာနက်အသုံးပြုသူများက စုံစမ်းဖော်ထုတ်နိုင်ခဲ့ကြပြီး၊ အထူးသဖြင့် Instagram (IG) နှင့် X (ယခင် Twitter) ကဲ့သို့သော လူမှုကွန်ရက်စာမျက်နှာများတွင် Myanmar, Myanmar ဟု နာမည်တပ်ကာ နိုင်ငံတကာက ဝိုင်းဝန်းဆဲဆို ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေကြသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ Htet Htet Ooအမည်ရှိ Facebbok အကောင့်တစ်ခုက “ဓာတ်ပုံရိုက်ချင်ရုံနဲ့ ခြေထောက်ဒဏ်ရာရပြီး ရှောင်ပြေးနေတဲ့ တိရစ္ဆာန်တစ်ကောင်ကို အတင်းလိုက်ဖမ်းပြီး တက်ထိုင်ဖို့ လုပ်နေတာက တကယ့်ကို အသိဉာဏ်ကင်းမဲ့တဲ့ လုပ်ရပ်ပါ။ အခုတော့ IG မှာ ရော နိုင်ငံတကာမှာပါ Myanmar ဆိုပြီး နိုင်ငံနဲ့ချီပြီး အပြောခံနေရတာ၊ သူတို့အစား တကယ်ကို ရင်နာဖို့ကောင်းပြီး အရမ်းရှက်ဖို့ကောင်းပါတယ်” ဟု စိတ်ပျက်လက်ပျက် ဝေဖန်ပြောဆိုထားသည်။

လက်ရှိတွင် အဆိုပါပို့စ်သည် ကြည့်ရှုသူအကြိမ်ရေ ၆ သိန်းကျော်အထိ ရှိလာခဲ့ပြီး ဂျပန်နိုင်ငံသားများနှင့် နိုင်ငံတကာ အင်တာနက်အသုံးပြုသူများက ထိုကဲ့သို့သော ယဉ်ကျေးမှုမရှိသည့် ခရီးသွားများ၏ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြပြီး တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုဖြင့် အရေးယူရန်အထိ တောင်းဆိုမှုများ ရှိနေသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်