Category: News
-

ရန်ကုန် ကွန်ဒိုတွေပေါ်ထိ ဝင်ဆွဲဖို့ပြင်နေပြီ
ရန်ကုန်မြို့က ကွန်ဒိုနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က စတင်ဆင့်ခေါ် ရန်ကုန်မြို့က ကွန်ဒိုတွေမှာနေထိုင်သူတွေကို စစ်မှုထမ်းဖို့ စစ်တပ်က ဆင့်ခေါ်စာတွေ စတင်ပေးပို့နေတယ်လို့ ကွန်ဒိုအခန်းတွေမှာ နေထိုင်သူတွေက ပြောပါတယ်။ စစ်တပ်က ပြဋ္ဌာန်းထားတဲ့ စစ်မှုထမ်းဥပဒေအရ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အတွင်း စစ်မှုထမ်းမနေရ အကျုံး၀င်သူတိုင်းကို ပုံစံ (၂) နဲ့ ဆင့်ခေါ်မှာလို့ ဆိုပါတယ်။ စစ်မှုထမ်း ဥပဒေပါ ပုံစံ (၂)ဆိုတာက စစ်မှုထမ်းအသက်အရွယ်ရောက်သူတွေကို မြေပြင်စာရင်းကောက်ယူပြုစုတာနဲ့ စစ်ဆေးဖို့အတွက် အသုံးပြုတာ ဖြစ်ပါတယ်။ “ပြီးခဲ့တဲ့လကအထိ စစ်မှုထမ်းနဲ့ မငြိချင်ဘူးဆိုရင် လူငယ်တွေရှိတဲ့ ကွန်ဒိုတခန်းကို တစ်လ တစ်သိန်းပေးရတယ်။ ဘယ်သူ့ပေးရလဲ ဆိုတော့ ရပ်ကွက်အုပ်ကြီးကို ပေးရတာ”လို့ မရမ်းကုန်းမြို့နယ်ကွန်ဒို တိုက်ခန်းတစ်ခုမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ လစဉ်ကောက်ခံတဲ့…
-

မန္တလေးက မီလျံနာရွှေဆိုင်ကို ဝင်လုသွားတဲ့ အုပ်စုကြီးကို ဖမ်းမိချိန်… အံ့သြမှင်သက်စရာ ဖြစ်သွားရတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်များ
မန္တလေးက မီလျံနာရွှေဆိုင်ကို ဝင်လုသွားတဲ့ အုပ်စုကြီးကို ဖမ်းမိချိန်… အံ့သြမှင်သက်စရာ ဖြစ်သွားရတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်များ ပြီးခဲ့တဲ့ရက်ပိုင်းက တစ်နိုင်ငံလုံး အာရုံစိုက်ခဲ့ရတဲ့ မန္တလေးမြို့က နာမည်ကြီး “မီလျံနာ” ရွှေဆိုင် ဖြစ်စဉ်ကြီးမှာ ပါဝင်ကျူးလွန်ခဲ့သူ အားလုံးကို အချိန်တိုအတွင်းမှာပဲ သက်ဆိုင်ရာက အမိအရ ဖမ်းဆီးနိုင်ခဲ့ပြီဆိုတဲ့ ဝမ်းသာစရာ သတင်းထူးကို မျှဝေပေးလိုက်ပါတယ်။ 😱 (၃) ရက်အတွင်း အမြန်ဆုံး ခြေရာခံမိခြင်း (ဇူလိုင် ၂၀) ရက်နေ့ ညနေ (၄) နာရီခန့်က မန္တလေးမြို့၊ မနော်ဟရီလမ်းပေါ်က “မီလျံနာ” ရွှေဆိုင်မှာ မျက်နှာဖုံးတွေတပ်၊ ဆိုင်ကယ်ဦးထုပ်မှန်တွေချပြီး အသံပေးခြောက်လှန့်ကာ ရွှေ (၁) ပိဿာခန့် လုယက်သွားခဲ့တာ အားလုံးသိပြီး ဖြစ်မှာပါ။ ဒီဖြစ်စဉ်ကို တိုင်းရဲတပ်ဖွဲ့က အပူတပြင်း စုံစမ်းခဲ့ရာမှာ… သူတို့…
-

DEMU ရထားအသစ်ကြီးပေါ်မှာ ကွမ်းတံတွေးတွေ ပွတ်သုတ်သွားတဲ့ အမျိုးသမီး (၄) ဦးကို… အခုတော့ တရားဝင် အမှုဖွင့် အရေးယူလိုက်ပြီ
“DEMU ရထားအသစ်ကြီးပေါ်မှာ ကွမ်းတံတွေးတွေ ပွတ်သုတ်သွားတဲ့ အမျိုးသမီး (၄) ဦးကို… အခုတော့ တရားဝင် အမှုဖွင့် အရေးယူလိုက်ပြီ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်မှာ ပြည်သူတွေ အတော်လေးကို ဒေါသထွက်ခဲ့ရတဲ့… နိုင်ငံတော်က အကုန်အကျခံ တင်သွင်းထားတဲ့ DEMU အမြန်ရထားကြီးပေါ်မှာ စည်းကမ်းမဲ့ ညစ်ပတ်ခဲ့တဲ့ အမျိုးသမီး (၄) ဦးကိုတော့ သက်ဆိုင်ရာက အချိန်တိုအတွင်းမှာပဲ ထိထိရောက်ရောက် အရေးယူလိုက်ပြီဆိုတဲ့ ဝမ်းသာစရာ သတင်းထူးကို မျှဝေပေးလိုက်ပါတယ်။ 😡 ပြည်သူတွေ ဒေါသထွက်ခဲ့ရတဲ့ စည်းကမ်းမဲ့ လုပ်ရပ် ဖြစ်စဉ်ကတော့ ဇူလိုင်လ (၂၁) ရက်နေ့က ရန်ကုန်-မန္တလေး DEMU ရထား (အထက်တန်းတွဲ-၁) မှာ လိုက်ပါလာတဲ့ အမျိုးသမီး (၄) ဦးဟာ… ရထားပေါ်မှာ ကျယ်လောင်စွာ စကားပြောတာ၊ ကွမ်းယာ…
-

“ကွမ်းယာစားမလား”ဆိုပြီး ဒဲ့ ဝင်ဒွမ်ပြလိုက်တဲ့ ဗိုလ်ပိုင်ချဲ (ရုပ်သံ)
ကန့်ဘလူ၊ ဇာဒီပျူစောထီးကျေးရွာတွင် ကင်းစောင့် ပျူစောထီးကို “ကွမ်းယာစားမလား” ဟုဆိုကာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းပြီး G3 သေနတ် ၁ လက် သိမ်းဆည်းရရှိ၊ ငါန်းဇွန်တွင်လည်း ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇာဒီပျူစောထီးကျေးရွာ အနောက်ဘက်ကင်းစခန်းတွင် ကင်းစောင့်နေသော ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးကို တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ကွမ်းယာစားမလား” ဟုဆိုကာ အနီးကပ်ချဉ်းကပ်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ G3 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန် ရေးရဲဘော်ဗိုလ်ပိုင်ချဲက ဗီဒီယိုဖိုင်နှင့်တကွ လူမှုကွန်ရက်တွင် သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စစ်ဆင်ရေးကို အနီးကပ်လှည့်ကွက်အသုံးပြု၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပျူစောထီးထံမှ G3 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ဆင် ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်က ၉ မမ…
-

သမီးကို ပွက်ပွက်ဆူနေတဲ့ ရေနွေးတွေနဲ့ လောင်းချမှု နောက်ဆက်တွဲတွေပေါ်လာပြီ
သမီးဖြစ်သူကိုအိမ်တိုင်မှာကြိုးတုတ်ပြီး ပွက်ပွက်ဆူနေတဲ့ရေနွေးနဲ့လောင်းတဲ့မြန်မာအမျိုးသမီးကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးပြီးနစ်နာသူမိန်းကလေးငယ်ကိုကယ်တင် ထိုင်းနိုင်ငံကန်ချနပူလီမြို့မှာ(၁၃)နှစ်အရွယ်သမီးအရင်းဖြစ်သူကိုရေနွေးနဲ့လောင်းတဲ့မိခင်ဖြစ်သူ မြန်မာအမျိုးသမီးကိုထိုင်းအာဏာပိုင်တွေဖမ်းဆီးပြီးနစ်နာသူမိန်းကလေးငယ်ကိုကယ်တင်ခဲံတယ်လို့သိရပါတယ်။ ကျူးလွန်သူဟာအသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူ မြန်မာပြည်သားဖြစ်အမျိုးသမီးဖြစ်ပြီးကန်ချနပူလီမြို့မှ တရားမဝင်နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင် လ ၁၇ ရက်နေ့မှာပဲ နစ်နာသူမိန်းကလေးငယ်ဟာ နေမကောင်းဖြစ်တဲ့အတွက် ဆေးသောက်ဖို့ ထမင်းယူစားခဲ့တဲ့အတွက်အခုလိုရိုက်နှက်နှိပ်စက်ခဲ့တာဖြစ်ပြီးတော့ မိန်းကလေးငယ်ကိုရိုက်နှက်နှိပ်စက်နေတာကို ဘေးနားကထိုင်းလုမျိုးတွေတွေ့ပြီးအခုလိုတိုင်ကြားခဲ့တာလို့သိရပါတယ်။ လက်ရှိမှာတော့နစ်နာသူမိန်းကလေးငယ်ဟာကန်ချနပူလီမြို့ရဲ့ ဆေးရုံတရုံမှာ ဆေးကုသမှုခံယူနေရပြီးတော့ ရေနွေးပူလောင်းခံရတဲ့ ခန္ဓာကိုယ် အစိတ်ပိုင်းတွေကို ခွဲစိတ်ရမယ့်အပြင်၊ အသားတွေ ကွာသွားလို့ ပိုးသက်ဆေးတွေ မပြတ် ထည့်နေရပါတယ်လို့သိရပါတယ်။ ကျူးလွန်သူ မိခင်အရင်းဖြစ်သူ မြန်မာအမျိုးသမီးကိုတော့ထိုင်းအာဏာပိုင်တွေဖက်က တရားမဝင် နေထိုင်မှု၊ လတ်မှတ်မရှိမှူတို့နဲ့ လက်ရှိ တရားစွဲထားပြီးတော့ကလေးသူငယ်နှိပ်စက်မှုအပါအဝင်တခြားပုဒ်မတွေနဲ့လဲဆက်လက်တရားစွဲဖို့ရှိနေတယ်လို့သိရပါတယ်။ ရေနွေးပူနဲ့ လောင်းခံရတဲ့ သမီးလေးကို 24ရက်နေ့မှာ ခွဲစိတ်တော့မှာ ဖြစ်ပါတယ်။ ဒီသမီးလေးဟာ အသက် ၁၃ နှစ် ဖြစ်ပီး မိခင်ရင်းက ၁၇ ရက်နေ့က ထမင်းခိုးစားလို့ဆိုပီး…