📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ခဲ့ရပြန်ပြီ

ရွေးတုအစိုးရက TIME မဂ္ဂဇင်းပါ ဆောင်းပါးကို ပြစ်တင်ခြင်းသည် နိုင်ငံတကာ မီဒီယာကို နားလည်မှု မရှိ၍ အရှက်ကွဲခြင်းဖြစ်ဟု ဆို

ကမ္ဘာ့အဆင့်မီ TIME မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် မြန်မာ့အရေးဆောင်းပါးနှင့် ပတ်သက်၍ ရွေးတု အစိုးရက သတင်းမီဒီယာကျင့်ဝတ်မရှိဟု ပြစ်တင်ထုတ်ပြန်ခဲ့ခြင်းသည် မီဒီယာသဘောတရားကို နားလည်မှုမရှိခြင်းကြောင့်ဖြစ်ပြီး စစ်အုပ်စု၏ အရှက်ကွဲမှုကို ပေါ်လွင်စေခဲ့ကြောင်း မြန်မာ့သတင်းစာ ဆရာများက သုံးသပ်ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့က TIME မဂ္ဂဇင်းတွင် “အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နေသော မြန်မာအာဏာရှင်” ခေါင်းစဉ်ဖြင့် ဆောင်းပါးထွက်ပေါ်လာပြီးနောက် ယင်းနေ့မှာပင် TIME မဂ္ဂဇင်းသည် အင်တာဗျူးကို အမေးအဖြေပုံစံအတိုင်း ရေးသားဖော်ပြခြင်းမရှိဘဲ ဆောင်းပါးပုံစံရေးသားဖော်ပြခြင်းသည် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

TIME မဂ္ဂဇင်း၏ တင်ပြပုံနှင့် ရေးသားပြောဆိုချက်များသည် လတ်တလော မြန်မာနိုင်ငံ၏ လက်တွေ့အခြေအနေကို ထင်ဟပ်စေပြီး လုပ်ထုံးလုပ်နည်းအတိုင်းသာ ဖော်ပြခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ်က CNN နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင်လည်း ယခုကဲ့သို့ အလားတူ အခြေအနေမျိုး ကြုံတွေ့ခဲ့ဖူးကြောင်း သတင်း စာဆရာများက ထောက်ပြကြသည်။

အမေရိကန် အခြေစိုက် TIME မဂ္ဂဇင်း၏ ဖော်ပြမှုမှတစ်ဆင့် ပြည်သူထု၏အသံနှင့် ပြည်သူလူထု ကြုံတွေ့နေရသည့် အခက်အခဲများ နိုင်ငံတကာစာမျက်နှာပေါ်သို့ ရောက်ရှိလာခဲ့ပြီး ရွေးတုသမ္မတ မင်းအောင်လှိုင်၏ သရုပ်သဏ္ဍာန်ကိုလည်း အဆိုပါမဂ္ဂဇင်းက ထင်ဟပ်ဖော်ပြနိုင်ခဲ့ကြောင်း သတင်းစာ ဆရာ ဦးသုတဉာဏ်က ဆိုသည်။

“မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်က နိုင်ငံတကာမီဒီယာက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ဘယ်တုန်း ကမှ နားမလည်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာဆိုတာဟာ အသုံးချခံဖို့အတွက်ပဲလို့ တွေးခေါ်ခဲ့ကြလို့ပဲ” ဟု ပြည်တွင်းရှိ သတင်းစာဆရာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို သုံးသပ် ပြောကြား သည်။

ရွေးတုအစိုးရအုပ်စုအနေဖြင့် သတင်းစာပညာကို နားလည်မှုမရှိခြင်းထက် အနောက်နိုင်ငံများမှ တရားဝင်မှုရရှိရန် လော်ဘီလုပ်ရန်သာ ကြိုးပမ်းခဲ့ကြပြီး ပြည်သူ့ဆက်ဆံရေးနည်းလမ်းနှင့် မီဒီယာ ကိုင်တွယ်ပုံများကို ကျွမ်းကျင်မှုမရှိကြောင်း သတင်းစာဆရာ ဦးသုတဉာဏ်က ဆက်လက် ပြောကြားသည်။

“ဒါက အရှက်ကွဲတာပေါ့။ သူတို့မှာ မီဒီယာနဲ့ပတ်သက်ပြီး နားမလည်ဘူး။ သတင်းခန်းတွေကို ဘယ်လိုဆက်ဆံရတယ်ဆိုတဲ့မျိုး၊ အုပ်ချုပ်ရေးနဲ့ပတ်သက်တာတွေ၊ ပြည်သူ့ဆက်ဆံရေးနဲ့ပတ်သက် တာတွေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်တာတွေမှာ သူတို့မှာ အရည်အချင်းမရှိဘူး။ ဒါတွေကို နားမလည်ဘူး” ဟု ၎င်းက ဆိုသည်။

TIME မဂ္ဂဇင်း၏ သတင်းထောက် Charlie Campbell နှင့် ရွေးတုသမ္မတ မင်းအောင်လှိုင်တို့၏ အင်တာဗျူးတွင် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ကိစ္စရပ်များအပေါ် ဖြေကြားရာ၌ ကောင်းစွာပြောကြားနိုင်ခြင်းမရှိဘဲ ကျွမ်းကျင်လိမ္မာပါးနပ်မှု မရှိခဲ့ ကြောင်း သတင်းစာဆရာများက သုံးသပ်ဖြေကြားထားသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်