📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်
စမ်းချောင်းကေ့စ်က လူငယ်တွေ မိပြီ

စမ်းချောင်းမြို့နယ်တွင် အုပ်စုဖွဲ့ကာ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် လူငယ်တစ်စုအား ဖမ်းဆီးရမိ စမ်းချောင်းမြို့နယ်တွင် အုပ်စုဖွဲ့ကာ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် လူငယ်တစ်စုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဗားကရာလမ်း၊ စမ်းချောင်းလင့် မုန့်စျေးတန်းတွင် ကျောင်းသားနှစ်ဦးကို လူငယ်တစ်စုက ဓားဖြင့်ထိုးခဲ့ခြင်းဖြ​စ်သည်။ ဖြစ်စဥ်တွင် ပါဝင်ခဲ့သည့် လူငယ်များမှာ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။ ကျူးလွန်ခဲ့ရသည့် ကျောင်းသားနှစ်ဦးအနက် အာကာကျော်ဆိုသူက ၎င်းနှင့်သိကျွမ်းသည့် ရွှေရည်ဝတီ(ခ)သဒ္ဒါအား တယ်လီဂရမ်မှတစ်ဆင့် နောက်ပြောင်ရာမှာ ရွှေရည်ဝတီ၏ ရည်းစားဖြစ်သူ သူရိန်ထွန်းဆိုသူက မကျေနပ်ခဲ့ကြောင်း၊ ယင်းကြောင့် အခင်းဖြစ်နေရာသို့ ချိန်းဆိုကာ အုပ်စုလိုက် ဓားဖြင့်ထိုးခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ထုခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှ CCTV […]

ကလေးမှာ ကွန်ပြူတာဆိုင် 🔥🚒မှု အမျိုးသမီးဝန်ထမ်းသုံးဦး ပိတ်မိT-ဆုံး

ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ ကလေးမြို့မှာ ကွန်ပြူတာဆိုင် မီးလောင်ပြီး အမျိုးသမီးဝန်ထမ်းသုံးဦး ပိတ်မိသေဆုံး စစ်ကိုင်းတိုင်း၊ကလေးမြို့ ၊တပ်ဦးသီတာရပ်ကွက်မှာ စက်တင်ဘာ(၂၁)ရက် ညပိုင်းက ကွန်ပြူတာဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးဝန်ထမ်းသုံးဦး ပိတ်မိသေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ စက်တင်ဘာ(၂၁)ရက် ည(၁၁)နာရီဝန်းကျင်မှာ ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက် ကမ္ဘာ့ရတနာဘဏ်နဲ့ အင်ပါယာစတိုးဆိုင်ကြားက (Apple) ကွန်ပြူတာဆိုင် မီးလောင်ခဲ့တာဖြစ်ပြီး ဆိုင်အတွင်းရှိနေတဲ့ အမျိုးသမီးသုံးဦး ပိတ်မိသေဆုံးခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “ညကြီးမီးလောင်တာ၊တံခါးတွေ ရိုက်ချိုးဖွင့်ကြသေးတယ်။ဘယ်လိုဖွင့်လို့မရဘူး ။မီးတောက်ကပြင်းတော့ မီးထဲပါသွားတာ ” မီးလောင်နေချိန်မှာ ဆိုင်အတွင်း အလုပ်လုပ်ကိုင်နေတဲ့ မင်းကင်းမြို့နယ် ၊ ဆိတ်သာကျေးရွာက အမျိုးသမီးနှစ်ဦးနဲ့ ကလေးဝမြို့နယ်က အမျိုးသမီးတစ်ဦးတို့ ရှိနေတာဖြစ်ပြီး ဆိုင်တံခါးတွေ ရိုက်ချိုးဖွင့်ကြပေမယ့် ဖွင့်မရတဲ့အတွက် မီးလောင်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးမြို့မှာ လျှပ်စစ်မီးမရရှိတာကြောင့် ဘထ္ထရီအိုး အသုံးပြုရာက […]

မရမ်းကုန်း မုဒိတာမှာ Darr ထောက် လု လို့ ပြည်သူတွေ ဝိုင်း.ဖ.မ်း (ရုပ်သံ)

မရမ်းကုန်း မုဒိတာအိမ်ရာအနီး ဓားထောက် လုယက်သူကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးမိ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးရှိ မုဒိတာအိမ်ရာတွင် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားထောက်၍ ဆွဲကြိုးနှင့် ဖုန်းကို လုယက်မှု ဖြစ်ပွားခဲ့ အနီးနားရှိ ပြည်သူ ၃ ဦးက ဝင်ရောက် ကူညီဖမ်းဆီးရာ ဓားဖြင့် ပြန်လည် တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိခဲ့သော်လည်း ကျူးလွန်သူကို အမိအရ လက်ရ ဖမ်းဆီးနိုင်ခဲ့ ညပိုင်း လုံခြုံရေး အပြည့်အဝ အာမခံချက် ရှိသည်ဟု အကြမ်းဖက်စစ်အုပ်စုက လေလုံးထွားနေသည့် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးရှိ မုဒိတာအိမ်ရာတွင် စက်တင်ဘာ ၁၉ ရက် ညပိုင်းက အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးက ဓားထောက်၍ ဆွဲကြိုးနှင့် လက်ကိုင်ဖုန်းကို အဓမ္မ လုယက်သည့် ဖြစ်စဉ်တစ်ခု […]

ပေါ်တာဆွဲပြီး ဂျေးထဲထည့်ခံထားရတဲ့လူငယ်တွေ ထွက်ပြေးလွတ်မြောက်

ရေဦးမြို့ပေါ်မှာ စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးတာခံထားရတဲ့ လူငယ် ၁၀ ဦးကျော် အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက် လွတ်မြောက်လာတဲ့ လူငယ်တွေကို တော်လှန်ရေးတပ်ဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးထား စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ စစ်အုပ်စုက စစ်မှုထမ်းဖို့ လူသစ်စု ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်အမျိုးသား ၁၀ ဦးကျော်ဟာ မနေ့က စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူက ပြောပါတယ်။ ရေဦးမြို့ပေါ်ရပ်ကွက်တွေက အသက် ၂၀ ကနေ ၃၀ ကျော်အရွယ်ရှိတဲ့ လူငယ်အမျိုးသားတွေကို စစ်အုပ်စုက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းထဲမှာ ထိန်းသိမ်းချုပ်နှောင်ထားခဲ့တာဖြစ်ပြီး မနေ့က အဲဒီချုပ်နှောင်ထားတဲ့ (အထက)ကျောင်းထဲက အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ရေဦးမြို့နယ် ပကဖ […]

နှစ်ယောက်ပေါင်း သောက်စားပြီး ၃ နှစ်ကလေးကို x&÷ပြုကျင့်

ဂွမြို့နယ်တွင် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ၊ ကျူးလွန်သူ ၂ ဦးကို DLEPS ဖမ်းဆီး ရက္ခိုင်ပြည်၊ ဂွမြို့နယ်၊ ရဟိုင်းဖျားကျေးရွာတွင် အသက် ၃ နှစ် ၃ လ အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့ရာ ကျူးလွန်သူ အမျိုးသား ၂ ဦးကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ ​ပြီး​ခဲ့သည့် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် နစ်နာသူ ကလေးငယ်၏ မိခင်ဖြစ်သူမှာ ဂွမြို့သို့ ထောက်ပံ့ရေးဆန် သွားရောက်ယူဆောင်နေစဉ် ရဟိုင်းဖျားကျေးရွာမှ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့်အတူ သမီးဖြစ်သူ ရောက်ရှိလာခဲ့​ပြီး အတူ ပါလာသူ ခင်မောင်ဌေး […]

ကျောင်းအုပ်ဆရာမ လက်စွမ်းပြလိုက်ပြန်ပြီ

လွိုင်လင် ဟွေးတောက်မူလွန်ကျောင်းတွင် ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက် ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟွေးတောက်မူလွန်ကျောင်းတွင် ကလေးငြိမ်ငြိမ်မနေသည်ဟုဆိုကာ ကျောင်းအုပ်ဆရာမဖြစ်သူက ကျောင်းသားတစ်ဦးကို ညိုမဲစွဲသည်အထိ ရိုက်နှက်ခဲ့ပြီး ဆေးကုသခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါဖြစ်စဉ်သည် စက်တင်ဘာ ၁၇ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ဆရာမက ကျောင်းသားတစ်ဦးကို ရိုက်နှက်ခဲ့ခြင်းကြောင့် ကလေး၏ ခန္ဓာကိုယ်တွင် ညိုမဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမမှုများ ဖြစ်ပွားနေခြင်းအပေါ် မိဘများနှင့် ဒေသခံအချို့က စိုးရိမ်နေကြပြီး ကလေးများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ပေးရန် လိုလားနေကြသည်။ “ကလေးတွေကို ဒီလောက်အထိ ရိုက်နှက်တာကတော့ လွန်လွန်းတယ်။ ကလေးတောင် ဆေးခန်းသွားပြရတဲ့အထိ ဖြစ်သွားတယ်။ ကလေးတစ်ယောက်ကို ဆုံးမတယ်ဆိုတာနဲ့ ဒီလောက်အထိ ရိုက်နှက်လို့ရတာ မဟုတ်ဘူး။ တစ်ခုခု […]

သိန်း ၅,၄၀၀ ကျော် မိခဲ့တဲ့ နာမည်ကျော် ကြက်ဝိုင်းကြီး

ညောင်တုန်းတွင် အနုပညာရှင်များပင် လာရောက်လေ့ရှိသည့် နာမည်ကြီး ကြက်ဝိုင်းကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ ဖမ်းဆီး၊ လောင်းကြေးငွေသိန်းရာချီ အပျောက်ရိုက် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် နာမည်ကြီး အနုပညာရှင်များပင် လာရောက် လောင်းကစားလေ့ရှိသည့် င် ကြက်တိုက်လောင်းကစားဝိုင်းကို အကြမ်းဖက်စစ်အုပ်စု၏ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ၌ လောင်းကြေးငွေ ကျပ်သိန်း ၁၄၀ ကျော်သာ သက်သေခံအဖြစ် ဖမ်းဆီးပြပြီး ကျန်ရှိသည့် ငွေကြေးများကို အပျောက်ရိုက် သောက်သုံးသွားကြကြောင်း ဒေသခံများ၏ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်နေ့က ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာရှိ ကျော်သူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်း အလျား ပေ ၁၀၀၊ အနံ ပေ ၄၀ ခန့်ရှိ ဓနိမိုးတဲအတွင်း ပေ ၂၀ […]

စမ်းချောင်းကေ့စ်က လူငယ်တွေ မိပြီ

စမ်းချောင်းမြို့နယ်တွင် အုပ်စုဖွဲ့ကာ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် လူငယ်တစ်စုအား ဖမ်းဆီးရမိ စမ်းချောင်းမြို့နယ်တွင် အုပ်စုဖွဲ့ကာ ကျောင်းသားနှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် လူငယ်တစ်စုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် ဗားကရာလမ်း၊ စမ်းချောင်းလင့် မုန့်စျေးတန်းတွင် ကျောင်းသားနှစ်ဦးကို လူငယ်တစ်စုက ဓားဖြင့်ထိုးခဲ့ခြင်းဖြ​စ်သည်။ ဖြစ်စဥ်တွင် ပါဝင်ခဲ့သည့် လူငယ်များမှာ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။ ကျူးလွန်ခဲ့ရသည့် ကျောင်းသားနှစ်ဦးအနက် အာကာကျော်ဆိုသူက ၎င်းနှင့်သိကျွမ်းသည့် ရွှေရည်ဝတီ(ခ)သဒ္ဒါအား တယ်လီဂရမ်မှတစ်ဆင့် နောက်ပြောင်ရာမှာ ရွှေရည်ဝတီ၏ ရည်းစားဖြစ်သူ သူရိန်ထွန်းဆိုသူက မကျေနပ်ခဲ့ကြောင်း၊ ယင်းကြောင့် အခင်းဖြစ်နေရာသို့ ချိန်းဆိုကာ အုပ်စုလိုက် ဓားဖြင့်ထိုးခြင်း၊ လက်သီးဖြင့်ထိုးခြင်း၊ ကျောက်ခဲဖြင့် ထုခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာမှ CCTV […]

ယောနယ်ပြန် ခေါင်းစိမ်းများ

ကျောက်ထုမှ ပြန်ဆုတ်လာသည့် စစ်တပ်စစ်ကြောင်းတွင် တိုက်ပွဲအတွင်း အင်္ဂါမသန်ဖြစ်သွားသည့် အ‌ကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ပါဝင်လာ ယောဒေသ၊ ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်မှ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်အုပ်စု စစ်ကြောင်းတွင် ကြီး-ရွှေအောင်သာ တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါ မသန်မစွမ်း (တို/ပြတ်) ဖြစ်သွားသည့် စစ်ခွေးများနှင့် ပျူစောထီး ဒဏ်ရာရ လူနာများ ပါဝင်လာပြီး ပင်ထောင်ရွာသို့ ရောက်ရှိနေ။ ဆောမြို့နယ်အတွင်း တိုက်ပွဲများ၌ ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်များကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့တွင် လောင်းရှည်မြို့သို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ စစ်ကြောင်းသည် ခရီးစဉ်အတွင်း အရပ်သား ပြည်သူ ၄ ဦးအား […]

၄၈ နာရီအတွင်း လာတော့မယ့် မုန်တိုင်း

မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်‌နေပြီး လာမည့် ၄၈ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင် မြစ်ဝကျွန်းပေါ်ကမ်းလွန်အနီးတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်‌နေပြီး လာမည့် ၄၈ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ပြီး လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် စက်တင်ဘာ ၂၀ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် […]

မြေးဖြစ်သူကို နိုင်ငံခြားလွှတ်ဖို့ ပြင်နေပြီဖြစ်တဲ့ နေအောင်

တိုင်းပြည်အတွက် အသက်စွန့်ပြီးစစ်မှုထမ်းရန် တိုက်တွန်းသူ နေအောင် မြေးဖြစ်သူကို နိုင်ငံခြားသို့ စေလွှတ်ရန် ပြင်ဆင်နေ တိုင်းပြည်အတွက် အသက်စွန့်၍ စစ်မှုထမ်းရန် ပြည်သူလူထုကို တိုက်တွန်းပြောဆိုထားသူ သရုပ်ဆောင် နေအောင်သည် မြေးဖြစ်သူအား အနုပညာအမွေ ဆက်ခံခိုင်းတော့မည်မဟုတ်ဘဲ နိုင်ငံခြားသို့ ပညာသင်ကြားရန် ပို့ဆောင်မည်ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။ မြေးဖြစ်သူ အောင်ဘုန်းလှိုင်မှာ အရပ် ၆ ပေကျော်၊ အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာသန်စွမ်းသဖြင့် စစ်မှုထမ်းနိုင်သည့် အခြေအနေရှိသူ ဖြစ်သည်။ လက်ရှိတွင် International School တစ်ခု၌ ပညာသင်ကြားနေပြီး အနာဂတ်တွင် နိုင်ငံခြား၌ ဆက်လက်ပညာသင်ယူရန် စီစဉ်ထားကြောင်း သိရသည်။ ထိုသို့ မြေးဖြစ်သူကို နိုင်ငံခြားသို့ ပို့ရန် စီစဉ်နေသော်လည်း နေအောင်သည် ပြည်သူလူထု၏ သားသမီးများ နိုင်ငံရပ်ခြားသို့ သွားရောက်ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းတို့အပေါ် […]

အမြန်လမ်းမှာ ယာဥ်မောင်းအိပ်ငိုက်လို့ ဖြစ်ကြပြန်ပြီ

ရန်ကုန်-မန္တလေးအမြန်လမ်း၌ ယာဉ်မတော်တဆမှု ၂ ကြိမ်ဖြစ်ပွား၊ ထိခိုက်ဒ-ဏ်ရာရသူမရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းက အရှိန်မထိန်းနိုင်ခြင်းနှင့် ယာဉ်မောင်းအိပ်ငိုက်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်နှစ်ခုစလုံးတွင် ထိခိုက်ဒ-ဏ်ရာရရှိသူ မရှိကြောင်း သိရသည်။ ပထမဖြစ်စဉ်မှာ နံနက် ၁၂ နာရီခွဲခန့်က ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် “ရွှေလရောင်” အဝေးပြေးခရီးသည်တင်ယာဉ်သည် ကျွဲကောသီးအိတ်များ တင်ဆောင်လာစဉ် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇/၆ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ အတွင်းယာဉ်ကြောနှင့် ကပ်လျက်ရှိသည့် မြေသားလမ်းပုခုံးပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း အဝေးပြေးခရီးသည်တင်ယာဉ်မှာ ပျ-က်စီးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းအသုံးပြုသည့် ခရီးသည်တင်ယာဉ်များအနေဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ခြင်းမပြုရန်၊ လမ်းပေါ်မထွက်မီ ယာဉ်ကြံ့ခိုင်မှုကို သေချာစွာ စစ်ဆေးရန်နှင့် […]

၁၈ နှစ်ပြည့်ပြီး အရပ် ၆ ပေရှိတဲ့ မြေးချောလေးနဲ့ မိတ်ဆက်ပေးလာတဲ့ အကယ်ဒမီနေအောင်

🌟 ၁၈ နှစ်ပြည့်ပြီး အရပ် ၆ ပေရှိတဲ့ မြေးချောလေးနဲ့ မိတ်ဆက်ပေးလာတဲ့ အကယ်ဒမီနေအောင် 🙏🏻 အကယ်ဒမီ နေအောင်ကတော့ အသက် (၁၈) နှစ်ပြည့်ပြီးပြီဖြစ်တဲ့ သူ့ရဲ့မြေးလေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလာပါပြီ။ မြေးလေးရဲ့ နာမည်ကတော့ “အောင်ဘုန်းလှိုင်” ဖြစ်ပါတယ်။ အရပ် ၆ ပေကျော်အထိ ရှိပြီး ကျန်းမာသန်စွမ်းတဲ့ လူပျိုပေါက်လေး ဖြစ်ပါတယ်။လက်ရှိမှာ International School မှာ တက်ရောက်နေပြီး၊ ရှေ့ဆက် နိုင်ငံခြားမှာ ပညာသွားသင်ဖို့ စိတ်ကူးထားပါတယ်။ အဘိုးဖြစ်သူလို အနုပညာဘက်ကို ဝါသနာမပါဘဲ သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ သူ လျှောက်လှမ်းနေသူ ဖြစ်ပါတယ်။ သရုပ်ဆောင်နေအောင်ကတော့ “သမီးက မွေးတဲ့ မြေးပါ၊ သားက လူပျိုကြီး၊ သမီးက မွေးမှ ကိုယ့်မြေးအစစ်လေ…. မြေးအစစ်မို့ အချစ်ဆုံးပါ” […]

<img src="http://mm-news.xyz/wp-content/uploads/2026/09/mm-news.xyz-2026-09-25_223245.jpg" alt="" width="627" height="69" class="alignnone size-full wp-image-38602" />
မန္တလေး သင်္ဂဇာချောင်းဘေးမှာ DB တစ်ခု တွေ့ပြန်ပြီ

မန္တလေးက သင်္ဂဇာချောင်းဘေးမှာ ပိုင်ရှင်မသိ အမျိုးသမီးအလောင်းတွေ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက် သင်္ဂဇာချောင်းအနောက်ဘက် ၃၃ လမ်းနဲ့ ၃၄ လမ်း ကြားမှာ ဒီကနေ့စက်တင်ဘာ ၁၆ ရက် မနက် ၇ နာရီအချိန်မှာ မှောက်လျက်အနေအထားနဲ့ သေဆုံးနေတဲ့အမျိုးသမီးတယောက် အလောင်းတွေ့တယ်လို့ သိရပါတယ်။ “ဒဏ်ရာဒဏ်ချက်တော့ မပါဘူး၊ လဲကျပြီးသေဆုံးတဲ့အနေအထားပါ၊ အမည်မသိရသေးဘူး၊ ရဲတပ်ဖွဲ့က မှတ်တမ်းယူပြီးတာနဲ့ ဆေးရုံကြီးကို ပို့ပေးလိုက်ပါတယ်” လို့ အေးချမ်းငြိမ်း လူမှုနာမှု ကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ သေဆုံးသူ အမျိုးသမီးဟာ အသက် ၄၀ ဝန်းကျင်ရှိပြီး ရုပ်အလောင်းမှာ ဒဏ်ရာဒဏ်ချက်မရှိပေမယ့် ဘာကြောင့်သေဆုံးတယ်ဆိုတာတော့ မသိရသေးပါဘူး။ မနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၁၁၁ […]

စမ်းချောင်းကေ့စ်က လက်သည် သူငယ်ချင်းဖြစ်သူက ဖော်ပြီ

စမ်းချောင်းလင့်ခ် ဓားထိုးမှုဖြစ်စဉ်တွင် ဟယ်ရီ ဆိုသူ ပါဝင်ကြောင်း သူငယ်ချင်းဖြစ်သူက TikTok ၌ ဖော်ကောင်လုပ် ရန်ကုန်မြို့၊ ဗားဂရာလမ်းပေါ်ရှိ စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့၌ ကမာရွတ် ပြည်ရိပ်သာလမ်း Info Myanmar College မှ ကျောင်းသားနှစ်ဦး အုပ်စုဖွဲ့ ဝိုင်းရိုက်ခံရပြီး ဓားဖြင့် ထိုးခံရသည့် ဖြစ်စဉ်တွင် ဟယ်ရီ (Harry) ဆိုသူ ပါဝင်ခဲ့ကြောင်း သူ၏ သူငယ်ချင်းဖြစ်သူ RoJo (TikTok အကောင့်ပိုင်ရှင်) က လူမှုကွန်ရက်ပေါ်တွင် ဖော်ကောင်လုပ် ရေးသားထားသည်။ ဖြစ်စဉ်မှာ စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးအား အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် လူငယ်အုပ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ရိုက်နှက်မှုကြောင့် ကျောင်းသားတစ်ဦးမှာ ဦးခေါင်း ပေါက်ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး အခြားကျောင်းသားတစ်ဦးမှာ […]

AA လက်မှာ အထိနာပြိုလဲခဲ့ရတဲ့ “၄၉၂၆ စစ်ဆင်ရေး”

စစ်တွေ-ပုဏ္ဏားကျွန်း စစ်မျက်နှာ၌ စစ်ကောင်စီ၏ “၄၉၂၆ စစ်ဆင်ရေး” ပြိုလဲပြီး ရာနှင့်ချီသေဆုံး၊ AA က စခန်း ၄ ခုထက်မနည်း သိမ်းပိုက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ ပုဏ္ဏားကျွန်းမြို့နယ်ဘက်သို့ စစ်ကောင်စီက အင်အားထောင်ချီ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့သည့် “၄၉၂၆ စစ်ဆင်ရေး” မှာ နှစ်ပတ်အတွင်း အထိနာပြိုလဲခဲ့ပြီး ရှေ့မတိုးနိုင်ဘဲ ပြန်လည်တပ်ဆုတ်နေရကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ စစ်ကောင်စီတပ်သည် အဆိုပါ “၄၉၂၆ စစ်ဆင်ရေး” ကို စက်တင်ဘာလ ၄ ရက်တွင် ကြည်း၊ ရေ၊ လေ ပူးပေါင်းအင်အားဖြင့် စတင်ထိုးစစ်ဆင်ခဲ့သော်လည်း AA ၏ ကြားဖြတ်တိုက်ခိုက်မှုနှင့် ပြင်းထန်သော တန်ပြန်ထိုးစစ်များကြောင့် စစ်ဆင်ရေးပထမရက်မှာပင် တပ်စွဲထားသည့် အမြင့်ကျွန်းတံတားကို လက်လွှတ်ကာ […]

စမ်းချောင်းကေ့စ်က လက်သည် သူငယ်ချင်းဖြစ်သူက ဖော်ပြီ

စမ်းချောင်းလင့်ခ် ဓားထိုးမှုဖြစ်စဉ်တွင် ဟယ်ရီ ဆိုသူ ပါဝင်ကြောင်း သူငယ်ချင်းဖြစ်သူက TikTok ၌ ဖော်ကောင်လုပ် ရန်ကုန်မြို့၊ ဗားဂရာလမ်းပေါ်ရှိ စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့၌ ကမာရွတ် ပြည်ရိပ်သာလမ်း Info Myanmar College မှ ကျောင်းသားနှစ်ဦး အုပ်စုဖွဲ့ ဝိုင်းရိုက်ခံရပြီး ဓားဖြင့် ထိုးခံရသည့် ဖြစ်စဉ်တွင် ဟယ်ရီ (Harry) ဆိုသူ ပါဝင်ခဲ့ကြောင်း သူ၏ သူငယ်ချင်းဖြစ်သူ RoJo (TikTok အကောင့်ပိုင်ရှင်) က လူမှုကွန်ရက်ပေါ်တွင် ဖော်ကောင်လုပ် ရေးသားထားသည်။ ဖြစ်စဉ်မှာ စမ်းချောင်းလင့်ခ် ညဈေးတန်းရှေ့၌ ကျောင်းသားနှစ်ဦးအား အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် လူငယ်အုပ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ရိုက်နှက်မှုကြောင့် ကျောင်းသားတစ်ဦးမှာ ဦးခေါင်း ပေါက်ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး အခြားကျောင်းသားတစ်ဦးမှာ […]