Get the latest updates directly on Telegram.
ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...
အားပေးသူ တစ်ယောက်တိုင်းကို ကျေးဇူးတင်ပါတယ်။ အချို့ Video များကို မမြင်ရပါက VPN လေးခံကြည့်ပေးပါခင်ဗျာ အောက်ပါခလုတ်ကို နှိပ်လိုက်ပါက ကြော်ငြာဆိုဒ်တစ်ခုသို့ ရောက်ရှိသွားပါမည်။ ပြီးလျှင် Back ခလုတ်ကိုနှိပ်၍ ပြန်လာနိုင်ပါသည်။
ကြော်ငြာများ ကြည့်ရင်း ခဏစောင့်ပေးပါ...
သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ
Myanmar News
မြောင်မြို့မရဲစခန်းအနီး အလှပြင်ဆိုင်တွင် ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ပစ်ခတ်ခံရပြီး သေဆုံး စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့မရဲစခန်းအနီး အလှပြင်ဆိုင်တစ်ခုတွင် ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း Myaung Ogre Column (MOC) မှ တာဝန်ရှိသူက ပြောသည်။ ယနေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြောင်မြို့မရဲစခန်းနှင့် မီတာ ၁၀၀ ခန့်အကွာရှိ အလှပြင်ဆိုင်တစ်ခု၌ ခေါင်းလျှော်နေသည့် စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူး “စနိုက်ပါဇော်ကြီး” ကို Myaung Ogre Column (MOC) မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်မှုအတွင်း […]
“ကျွန်မကလေးကို သူတို့က အရှင်လတ်လတ် မီးရှို့သတ်ခဲ့တယ်” ဟု မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ၉ နှစ်အကြာ အသက်ရှင်ကျန်ရစ်သူများက ပြန်လည်ပြောပြ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု၊ မီးရှို့မှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကြာမြင့်လာပြီဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများသည် ထိုဖြစ်ရပ်များ၏ နာကျင်ဖွယ်မှတ်ဉာဏ်များနှင့်အတူ တရားမျှတမှုရရှိရေးကို ဆက်လက်မျှော်လင့်နေကြကြောင်း သြစတြေးလျနိုင်ငံတွင် နေထိုင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုကြသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်တွင် ရခိုင်ပြည်နယ်၊ တူလာတိုးလီကျေးရွာကို မြန်မာစစ်တပ်က မီးရှို့တိုက်ခိုက်ခဲ့စဉ် ရိုဟင်ဂျာအမျိုးသမီး ရိုကေးယားဘီဂမ်၏ အသက် ၁၈ လအရွယ်သား မိုဟာမက်ဆာဒက်ကို စစ်သားများက သူမ၏လက်ထဲမှ ဆွဲယူကာ မီးထဲသို့ ပစ်ချခဲ့ကြောင်း သူမက […]
ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ကိုနေရွှေသွေးအောင်နဲ့ အလင်္ကာကျော်စွာဘွဲ့ရရှိထားတဲ့ သရုပ်ဆောင် လွင်မိုးရဲ့ သမီး မယွန်းဝတီလွင်မိုးတို့ တွဲနေကြပြီလား… ကိုနေရွှေသွေးအောင်နဲ့ မယွန်းဝတီလွင်မိုးတို့ ဈေးဝယ်စင်တာတစ်ခုတွင် အတူသွားလာနေတဲ့ ရုပ်သံအချို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ပရိတ်သတ်တွေက ထင်မြင်ချက်အမျိုးမျိုးပေးနေ ဒီရက်ပိုင်းမှာ ကိုနေရွှေသွေးအောင်နဲ့ မယွန်းဝတီလွင်မိုးတို့ ဈေးဝယ်စင်တာတစ်ခုတွင် အတူသွားလာနေတဲ့ ရုပ်သံ အချို့ လူမှုကွန်ရက်မှာ ထွက်ပေါ်လာတာကို တွေ့ရှိရပါတယ်။ အခုလို ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ နေရွှေသွေးအောင်နဲ့ ယွန်းဝတီ လွင်မိုးတို့ စုံတွဲဖြစ်နေပြီလားဆိုတာကို ပရိတ်သတ်အချို့က စိတ်ဝင်စားမှုတွေမြင့်တက်လာပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးအချို့နေရာတွေနဲ့ နိုင်ငံခြားခရီးတွေမှာလည်း သူတို့နှစ်ဦးကို တွေ့ရတယ်လို့ ပရိသတ်တွေအကြားမှာ ပြောဆိုမှုတွေရှိလာပြီးတော့ သူတို့နှစ်ဦးက တရားဝင်လူသိရှင်ကြား တွဲကြတော့မလား၊ မကြာခင်မှာ လက်ထပ်ဖို့အထိ ရှိကြတော့မလားဆိုတာ ပရိတ်သတ်တွေရဲ့အကြားမှာ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။ အခုလိုရုပ်သံဖိုင် ထွက်ပေါ်လာတာနဲ့ […]
ပြန်ပါတော့ တကယ်တော့ မအလတပ်တွေဟာ ရခိုင်စစ်မြေပြင်မှာ၊ သူတို့တိုက်ခိုက်နိုင်စွမ်း ဒါ အကုန်ပါပဲ။ မြေပြင် ရေပြင် ဝေဟင် သုံးခုပေါင်းပြီး အလုံးအရင်းနှင့် ထိုးစစ်ဆင်နေတာတောင် အေအေစခန်းတခုလောက်တောင် သူတို့ မသိမ်းပြနိုင်ခဲ့ဘူး။ မအလတပ်တွေ ရခိုင်မြေက အေးရာအေးကြောင်း ပြန်သင့်ပြီ။ ရလိုရငြား ဆက်လက်တိုက်ခိုင်နေရင် ရခိုင်မြေလောက်တင်မကပဲ၊ မြန်မာ့မြေပုံ ပြောင်းသွားလိမ့်မယ်။ တိုက်လို့မရနိုင်တော့မှန်း လူတိုင်းသိသလို၊ သူတို့လည်း သိနေလို့ ထွက်ခတ် ခတ်နေတယ်ဆိုရင်တော့ အလုံးစုံ စစ်ရှုံးပြီလို့ သတ်မှတ်ခံရတဲ့နေ့ ပေးစရာအကြွေးတွေလည်း လည်ပင်းအခိုက်တဲ့ နေ့ပါပဲ။ ခြေချစရာ ခြေတဖဝါးစာတောင် မရှိသေးတဲ့ ဘဝကနေ တိုက်ခိုက်သိမ်းပိုက်လာခဲ့တဲ့ အေအေကို အခုလို ၉၀ ရာခိုင်နှုန်းလောက် သိမ်းထားပြီးမှ ပြန်ရဖို့ မမျှော်လင့်နဲ့တော့။ ရခိုင်မြေက အေးရာအေးကြောင်း ပြန်ပါတော့။ Ven U Kundala […]
ညှဉ်းပန်းနှိပ်စက်ပြီးနောက် ပစ်သတ်ခြင်း’ ၂၀၂၄ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ အမျိုးသား ၇၀ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများ၏ ရင်ဖွင့်သံများ စစ်လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ တင်ဆောင်လာသော မော် တော်ယာဉ် ခြောက်စီးသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အနီးတွင်ရှိပြီး ရခိုင်ဗုဒ္ဓဘာ သာအများစု နေထိုင်ရာ ဗျိုင်းဖြူကျေးရွာအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်ဝင်ရောက်လာခဲ့သည်။ ၎င်းတို့ ရောက်ရှိလာသည့် အချိန်မှာ မနက် ၈ နာရီဖြစ်သဖြင့် ပုံမှန်မဟုတ်ပေ။ စစ်အုပ်စုတပ်ဖွဲ့ဝင် များသည် ပုံမှန်အားဖြင့် မွန်းလွဲပိုင်း၊ ညနေပိုင်း သို့မဟုတ် ညဉ့်အချိန်များမှသာ ကျေးရွာအတွင်း စစ် ဆေးကင်းလှည့်ခြင်းနှင့် ဝင်ရောက်စီးနင်းခြင်းများကို ပြုလုပ်လေ့ရှိကြသည်။ ကျေးရွာအလယ်တွင် စစ်ကားများ ရပ်တန့်လိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၂၀၀ ခန့် ဆင်းလာခဲ့ကြသည်။ […]
ပျော်ပျော်ရွှင်ရွှင် ဘားအံကို ထွက်လာခဲ့ကြပေမယ့်… လမ်းမှာ ခွေးလေးကို ရှောင်ရာကနေ ကုန်ကားနဲ့တိုက်မိပြီး ဇနီးမောင်နှံ ရုတ်တရက် အသက်ဆုံးရှုံး လောကကြီးမှာ မထင်မှတ်ထားတဲ့ ကံကြမ္မာလှည့်ကွက်တွေက တကယ့်ကို ရင်နာစရာကောင်းလှပါတယ်။ သားသမီးမရှိဘဲ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုရင်း သံယောဇဉ်ကြီးမားစွာ ဖြတ်သန်းနေကြတဲ့ ရွှေပြည်သာမြို့နယ်က ဇနီးမောင်နှံနှစ်ဦးရဲ့ နောက်ဆုံးခရီးစဉ်ကတော့ ကြားရသူတိုင်းရဲ့ မျက်ရည်ကို ကျစေခဲ့ပါတယ်။ ပျော်ရွှင်စွာ စတင်ခဲ့တဲ့ ဘားအံခရီးစဉ် သြဂုတ်လ (၁၇) ရက်နေ့ မနက်ခင်းလေးမှာ အသက် ၄၆ နှစ်အရွယ် ဦးထွဋ်ထွဋ်ဝင်းနဲ့ အသက် ၄၄ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်တင်မိုးမြင့်တို့ဟာ သူတို့ချစ်မြတ်နိုးတဲ့ ကားလေးနဲ့အတူ ဘားအံမြို့ကို အလည်အပတ်သွားဖို့ ပျော်ပျော်ရွှင်ရွှင် ထွက်ခွာလာခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ သားသမီးမရှိပေမယ့် တိရစ္ဆာန်လေးတွေ၊ ခွေးလေးတွေအပေါ်မှာ အလွန် ကြင်နာတတ်သူတွေပါ။ ကရုဏာသက်မိရာကနေ […]
လူစိတ်ပျောက်နေသူများ…!!! ဆက်တိုက်ဆိုသလိုပင် အကြမ်းဖက်မှုများ ဖြစ်ပေါ်နေသည်။ အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားများ၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ နေ့စဉ်ဆိုသလို အသက်ဆုံးရှုံးနေရသည်။ မကြာသေးမီကလည်း အမျိုးသမီးတစ်ဦးက အသက်ချမ်းသာပေးရန် အလွန်အမင်း တိုးလျှိုးတောင်းပန်နေသည့်ကြားမှ လက်နက်ကိုင်အမျိုးသားတစ်စုက သူမကို ရက်ရက်စက်စက် ခေါင်းဖြတ်ကာ ကိုယ်ကို အပိုင်းပိုင်း ခုတ်သတ်ဖြတ်ခဲ့သည့် ရုပ်သံမှတ်တမ်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။ ထိုမြင်ကွင်းသည် လူသားတစ်ဦးအနေဖြင့် ကြည့်ရှုရန်ပင် နာကျင်ဖွယ်ကောင်းလှသည်။ လူတစ်ဦး၏ အသက်ကို ထိုမျှအထိ တန်ဖိုးမဲ့စွာ သတ်ဖြတ်နိုင်ခြင်း၊ အကူအညီတောင်းနေသူတစ်ဦးကိုပင် ကရုဏာမထားနိုင်ခြင်းသည် လူသားဆန်မှု ပျောက်ဆုံးခြင်း၏ အကြီးမားဆုံး သက်သေတစ်ရပ် ဖြစ်သည်။ အကြမ်းဖက်စစ်တပ်၏ အုပ်ချုပ်မှုနှင့် အကြမ်းဖက်မှုများသည် လူ့အသက်များကိုသာ ဖျက်ဆီးနေခြင်း မဟုတ်ပါ။ လူ့ဂုဏ်သိက္ခာ၊ အိမ်ထောင်စုများ၊ လူမှုအသိုင်းအဝိုင်းများနှင့် နိုင်ငံတစ်နိုင်ငံလုံး၏ အနာဂတ်ကိုပါ ဖျက်ဆီးနေခြင်း ဖြစ်သည်။ […]
ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ 5G ဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ဆို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ နေရာအနှံ့ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကွန်ရက်တွေကို အဆင့်မြှင့်တင်ပြီး 5G နည်းပညာနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသက်ဝင်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၈ ရက် မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေးနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ 5G နည်းပညာ အသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Mid-Band (2600 MHz) လှိုင်းကို သတ်မှတ်ချထားပေးပြီး […]
ရွှေကူနှင့် ကသာတို့တွင် ရွေးတုအစိုးရစစ်တပ် စစ်သင်္ဘောနှင့် စက်လှေများ တိုက်ခိုက်ခံရပြီး စက်လှေ ၁ စီး နစ်မြုပ်၊ ရွှေကူရှိ စစ်ကြောင်းလည်း ပိတ်ဆို့ခံထားရ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တို့တွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် ရွေးတုအစိုးရ စစ်တပ် စစ်သင်္ဘောနှင့် စက်လှေများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ မြေပြင်စစ်ကြောင်းများဖြင့် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး စက်လှေ တစ် စီး မီးလောင်နစ်မြုပ်သွားကြောင်း မြေပြင်သတင်းရင်း မြစ်များနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။ ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာ အောက်ဘက်ရှိ ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်စခန်းသို့ စက်လှေ၊ ဖလပ်သင်္ဘောများဖြင့် တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းသယ်ယူလာစဉ် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက FPV ဒရုန်းများ၊ အသေခံဒရုန်းများဖြင့် […]
မကွေးတွင် ဖခင်က အရက်မူးပြီး ရိုက်နှက် ကိုင်ပေါက်မှုကြောင့် ၅ နှစ်သားငယ် သေဆုံး မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကန်ဦးကျေးရွာမှာ သြဂုတ် ၁၉ ရက် မနက် ၁၀ နာရီက အရက်ကြောင် ကြောင်နေတဲ့ ဖခင်ဖြစ်သူက အသက် ၅ နှစ်အရွယ် သားငယ်ကို ရိုက်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အရက်ကြောင် ကြောင်နေတဲ့ ဖခင်ဖြစ်သူက ကလေးငယ်ကို ရွာအပြင်ကို ခေါ်ထုတ်ကာ လည်ပင်းညှစ်ပြီး ရိုက်နှက်တာအပြင် ကိုင်ပေါက်တာတွေကြောင့် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။ “အရက်ကြောင်နေတဲ့ အဖေက ကလေးကို ရွာအပြင်ခေါ်သွားပြီး တုတ်နဲ့ရိုက်တယ်၊ လည်ပင်းညှစ်တယ်၊ ကိုင်ပေါက်တယ်၊ ရိုက်နှက်တယ်၊ ကလေးက ရထားတဲ့ဒဏ်ရာတွေကြောင့်ပဲ နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။” အခင်းဖြစ်ပြီးနောက် စစ်အာဏာရှင်တပ် လက်အောက်ခံ […]
ကားကိုယ်တိုင်မောင်းပြီး အချိုမှုန့်တွေ မှောင်ခိုသယ်လာတဲ့ (၆၂) နှစ်အရွယ် ဘုန်းကြီးဖမ်းမိ!” ဘာသာရေးနဲ့ ပတ်သက်လာရင် အားလုံးက ကြည်ညိုလေးစားကြပေမယ့်၊ တစ်ခါတလေမှာတော့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေကို ကြုံတွေ့ရတတ်ပါတယ်။ လတ်တလော မန္တလေးမြို့မှာ လူပြောများနေတဲ့ သတင်းတစ်ခုကတော့ အသက် (၆၂) နှစ်အရွယ် စစ်ရှောင်ဘုန်းကြီးတစ်ပါးဟာ ကားကိုယ်တိုင်မောင်းပြီး အချိုမှုန့်တွေ မှောင်ခိုသယ်ဆောင်လာတာကို ရုတ်တရက် စစ်ဆေးတွေ့ရှိခဲ့ရတဲ့ အဖြစ်အပျက်ပဲ ဖြစ်ပါတယ်။ ရုတ်တရက် စစ်ဆေးတွေ့ရှိခဲ့မှု သြဂုတ်လ (၁၇) ရက်နေ့ ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်အတွင်းမှာ ဘုန်းကြီးတစ်ပါး ကားမောင်းနေကြောင်း သတင်းရရှိတဲ့အတွက် တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါမှာ ဘုန်းကြီးကိုယ်တိုင် ကားမောင်းနေရုံသာမကဘဲ ကားပေါ်မှာ တရုတ်နိုင်ငံထုတ် ဟင်းချိုမှုန့် (အချိုမှုန့်) အိတ်တွေ အများအပြားကို အပြည့်တင်ဆောင်လာတာကို အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ ယာဉ်မောင်းခ […]
ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာအနီး စစ်တပ်စက်လှေကို FPV ဒရုန်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးမှုများပြား အင်အား ၂၀၀ ပါ စစ်တပ်စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်များက ပိတ်ဆို့ချေမှုန်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဇင်ဘုံကျေးရွာတွင် ကမ်းကပ်လာသော စစ်တပ်စက်လှေကို FPV ဒရုန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်း ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာ အောက်ဘက်ရှိ ဘုရားအနီးတွင် တပ်စွဲထားသော စစ်တပ်စခန်းသို့ စက်လှေ၊ ဖလပ်သံခွန်များဖြင့် စစ်သားများကို ရွှေ့ပြောင်းသယ်ယူလာနေစဉ် FPV ဒရုန်းနှင့် အသေခံဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုအတွင်း စက်လှေပေါ်ပါ စစ်သားများသေဆုံးပြီး စက်လှေမှာလည်း မီးလောင်နစ်မြုပ်သွားကြောင်း သိရှိရသည်။ “လူတွေသယ် ကမ်းကပ်နေတဲ့ […]
စစ်တွေ ဗျိုင်းဖြူကျေးရွာတွင် အနည်းဆုံး ရွာသား ၇၀ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု အသက်ရှင်ကျန်ရစ်သူများ ပြန်လည်ပြောပြ ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာတွင် ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်မှ ၃၁ ရက်အတွင်း စစ်ကောင်စီတပ်က အနည်းဆုံး ရွာသား ၇၀ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ပြီး အမျိုးသား ၈၀၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ The Diplomat သတင်းဌာနက ဖော်ပြသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် အသက်ရှင်ကျန်ရစ်သူ ၅ ဦးက ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များကို ပြန်လည်ပြောပြထားခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက် […]
ဗြိတိသျှ စတာလင်ပေါင်ငွေ ငါးသောင်း (အမေရိကန်ဒေါ်လာ ၆ သောင်းခွဲကျော်)ကို ချက်ချင်းယူမလား ဒါမှမဟုတ် ရဖို့ တစ်ဝက်ပဲ သေချာတဲ့ ပေါင်ငွေ တစ်သန်း (အမေရိကန်ဒေါ်လာ ၁.၃၆ သန်း) ကို အရဲစွန့် ယူမလားဆိုရင် ဘာရွေးကြမှာပါလဲ။ အရွယ်ရောက်ပြီး ဗြိတိန်နိုင်ငံသား ၄,၆၀၀ ကို ယူဂေါ့(YouGov) နိုင်ငံတကာ သုတေသနနဲ့ အချက်အလက်ရှာဖွေရေး ကုမ္ပဏီက ဒီမေးခွန်းကို မေးပြီး မကြာသေးခင်က စစ်တမ်းကောက်ယူကြည့်ခဲ့ပါတယ်။ အဖြေက ဘာဖြစ်မယ် ထင်ပါလဲ။ မေးခဲ့သူ စုစုပေါင်းရဲ့လေးပုံ သုံးပုံ နီးပါး (၇၃ ရာခိုင်နှုန်း) လောက်က ပေါင်ငါးသောင်းကိုပဲ ချက်ချင်းယူမယ်လို့ ဖြေကြပါတယ်။ ငါးပုံတစ်ပုံကျော်လောက် (၂၁ ရာခိုင်နှုန်း)ကတော့ ပေါင် ၁ သန်းကို အရဲစွန့်ယူမယ်လို့ ဆိုပါတယ်။ ၆ […]
စစ်ကိုင်းမြို့တိုက်ပွဲ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်၊ နှစ်ဖက် ထိခိုက်မှုရှိ စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။ ဩဂုတ် ၁၈ ရက် ညပိုင်းကစပြီး စစ်တပ်က ငါးထပ်ကြီးဘုရားတောင်ဘက် ဂုံညင်းတောင်ကျေးရွာကို စစ်ကြောင်းထိုး၀င်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းက ငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်း PDF ဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်းတပ်တွေနဲ့ စစ်တပ်တို့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။ “ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တစ်ယောက် ကျတယ်။ သူတို့လည်း ရှေ့ဆက်မတိုးရဲဘူး။ မိုင်းမိသွားတယ်။ သူတို့လည်း(ထိခိုက်သေဆုံးသူ) ရှိတော့ရှိမယ်”လို့ စစ်ကိုင်း PDF တပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကိုင်းမြို့ပေါ် ငါးထပ်ကြီးဘုရားမြောက်ဘက်၊ ဘုရားဖြူမှာ အထိုင်ချထားတဲ့အာဏာသိမ်းစစ်တပ်စခန်းကနေ […]