🌟 ၁၈ နှစ်ပြည့်ပြီး အရပ် ၆ ပေရှိတဲ့ မြေးချောလေးနဲ့ မိတ်ဆက်ပေးလာတဲ့ အကယ်ဒမီနေအောင် 🙏🏻

အကယ်ဒမီ နေအောင်ကတော့ အသက် (၁၈) နှစ်ပြည့်ပြီးပြီဖြစ်တဲ့ သူ့ရဲ့မြေးလေးနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးလာပါပြီ။
မြေးလေးရဲ့ နာမည်ကတော့ “အောင်ဘုန်းလှိုင်” ဖြစ်ပါတယ်။

အရပ် ၆ ပေကျော်အထိ ရှိပြီး ကျန်းမာသန်စွမ်းတဲ့ လူပျိုပေါက်လေး ဖြစ်ပါတယ်။လက်ရှိမှာ International School မှာ တက်ရောက်နေပြီး၊ ရှေ့ဆက် နိုင်ငံခြားမှာ ပညာသွားသင်ဖို့ စိတ်ကူးထားပါတယ်။

အဘိုးဖြစ်သူလို အနုပညာဘက်ကို ဝါသနာမပါဘဲ သူ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းနဲ့ သူ လျှောက်လှမ်းနေသူ ဖြစ်ပါတယ်။

သရုပ်ဆောင်နေအောင်ကတော့ “သမီးက မွေးတဲ့ မြေးပါ၊ သားက လူပျိုကြီး၊ သမီးက မွေးမှ ကိုယ့်မြေးအစစ်လေ….

မြေးအစစ်မို့ အချစ်ဆုံးပါ” ဆိုပြီး မြေးလေးအပေါ် ထားရှိတဲ့ ရင်ထဲက အချစ်တွေကို အကယ်ဒမီ နေအောင်က ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ရွှင်ကြည်နူးစွာ ဖွင့်ဟပြောဆိုထားပါတယ်။



Leave a Reply