ကျောက်ထုမှ ပြန်ဆုတ်လာသည့် စစ်တပ်စစ်ကြောင်းတွင် တိုက်ပွဲအတွင်း အင်္ဂါမသန်ဖြစ်သွားသည့် အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ပါဝင်လာ
ယောဒေသ၊ ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်မှ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်အုပ်စု စစ်ကြောင်းတွင် ကြီး-ရွှေအောင်သာ တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါ မသန်မစွမ်း (တို/ပြတ်) ဖြစ်သွားသည့် စစ်ခွေးများနှင့် ပျူစောထီး ဒဏ်ရာရ လူနာများ ပါဝင်လာပြီး ပင်ထောင်ရွာသို့ ရောက်ရှိနေ။

ဆောမြို့နယ်အတွင်း တိုက်ပွဲများ၌ ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်များကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့တွင် လောင်းရှည်မြို့သို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ စစ်ကြောင်းသည် ခရီးစဉ်အတွင်း အရပ်သား ပြည်သူ ၄ ဦးအား မတရား ဖမ်းဆီး ခေါ်ဆောင်သွားခဲ့။
မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်မှ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်အုပ်စု စစ်ကြောင်းတွင် တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါ မသန်မစွမ်း (တို/ပြတ်) ဖြစ်သွားသည့် စစ်ခွေးများနှင့် ပျူစောထီး ဒဏ်ရာရ လူနာများ ပါဝင်လာပြီး လက်ရှိတွင် ကျောက်ထုတိုက်နယ် ပင်ထောင်ကျေးရွာသို့ ရောက်ရှိနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ စစ်ကြောင်းသည် ပေါက်မြို့နယ် ကပစ (၂၄) မှနေ၍ ကျောက်ထုတိုက်နယ် ကြီးကျေးရွာသို့ စစ်အင်အား ဖြည့်တင်းရန် နောက်ဆုံးအကြိမ် တိုက်ရိုက် သွားရောက်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ယင်းအထဲတွင် ပေါက်မြို့ပေါ်မှ ယံအာကာ စားသောက်ဆိုင်ပိုင်ရှင် ပျူစောထီးခေါင်းဆောင် အပါအဝင် ထန်းတပင်၊ ရှားတော၊ သရက်တော၊ စမ်းရေခုံ၊ ဆူးပုတ်ခုံ၊ ရွှေဘုံသာ စသည့် ပျူစောထီးရွာများမှ ရွာတစ်ရွာလျှင် ၄ ဦးနှုန်းဖြင့် အတင်းအဓမ္မ စုဆောင်း ခေါ်ဆောင်ခံခဲ့ရသည့် ပျူစောထီးများ ပါဝင်ခဲ့ခြင်းဖြစ်သည်။

၎င်းစစ်ကြောင်းသည် ကြီး-ရွှေအောင်သာ အနီး တိုက်ပွဲများအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်မှုကြောင့် အထိနာကာ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ကပစ (၂၄) သို့ ဆေးကုသမှုခံယူရန်နှင့် အိမ်ပြန်နိုင်ရန်အတွက် ကျောက်ထု အမြောက်တပ်က ပြန်လည် ပို့ဆောင်ပေးနေခြင်းဖြစ်သည်။
လက်ရှိတွင်လည်း ပေါက်နယ် ခင်အေးရွာဟောင်းဘက်သို့ ရောက်ရှိနေသည့် ကပစ (၂၄) မှ စစ်အုပ်စု စစ်ကြောင်းတစ်ခုက အဆိုပါ ကိုယ်လက်အင်္ဂါ ဆုံးရှုံးလာသည့် စစ်ကြောင်းအား ကြိုဆိုရန် စောင့်ဆိုင်းနေကြောင်း သိရသည်။
ထို့ပြင် ယောဒေသ ဆောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ ဒဏ်ရာရရှိခဲ့သည့် စစ်ခွေးများကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့က လောင်းရှည်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရ လူနာများကို ပို့ဆောင်သည့် အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည် စက်တင်ဘာ ၁၇ ရက်နေ့မှစ၍ ဆောမြို့မှ သီးကုန်းရွာ၊ ထိုမှတစ်ဆင့် တောင်ဘို့ကြီးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံ အပြစ်မဲ့ အရပ်သား ပြည်သူ ၄ ဦးကို မတရား ဖမ်းဆီးခေါ်ဆောင်ကာ စက်တင်ဘာ ၂၀ ရက် ညနေ ၃ နာရီခန့်တွင် လောင်းရှည်မြို့အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဖမ်းဆီးခံထားရသည့် အရပ်သား ၄ ဦး၏ နောက်ဆက်တွဲ အခြေအနေကိုမူ မသိရသေးပေ။



Leave a Reply