📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

သိန်း ၅,၄၀၀ ကျော် မိခဲ့တဲ့ နာမည်ကျော် ကြက်ဝိုင်းကြီး

ညောင်တုန်းတွင် အနုပညာရှင်များပင် လာရောက်လေ့ရှိသည့် နာမည်ကြီး ကြက်ဝိုင်းကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ ဖမ်းဆီး၊ လောင်းကြေးငွေသိန်းရာချီ အပျောက်ရိုက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် နာမည်ကြီး အနုပညာရှင်များပင် လာရောက် လောင်းကစားလေ့ရှိသည့် င် ကြက်တိုက်လောင်းကစားဝိုင်းကို အကြမ်းဖက်စစ်အုပ်စု၏ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ၌ လောင်းကြေးငွေ ကျပ်သိန်း ၁၄၀ ကျော်သာ သက်သေခံအဖြစ် ဖမ်းဆီးပြပြီး ကျန်ရှိသည့် ငွေကြေးများကို အပျောက်ရိုက် သောက်သုံးသွားကြကြောင်း ဒေသခံများ၏ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်နေ့က ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာရှိ ကျော်သူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်း အလျား ပေ ၁၀၀၊ အနံ ပေ ၄၀ ခန့်ရှိ ဓနိမိုးတဲအတွင်း ပေ ၂၀ ပတ်လည် ကြက်ဝိုင်း ၃ ဝိုင်းဖြင့် စနစ်တကျ ဖွင့်လှစ်ထားသော ကြက်ဝိုင်းကို စစ်အုပ်စု၏ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးမှုအတွင်း အိမ်ရှင် ကျော်သူ အပါအဝင် ကျူးလွန်သူ ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကြက်တိုက်သည့် အသုံးအဆောင်ပစ္စည်းများ၊ ဖုန်း ၂၀ လုံး၊ ဆိုင်ကယ် ၄၇ စီး၊ မော်တော်ယာဉ် ၆ စီး၊ အိုးဝေ ၂ စီးနှင့် ယာဉ်အပ်နှံပြား ၅၀ စသည့် စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၅,၄၀၀ ကျော် (၅၄၄,၀၅၇,၀၀၀ ကျပ်) သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လာရောက်သူများ၏ ဆိုင်ကယ်များ၊ ဖုန်းများကို ထည့်သွင်း တွက်ချက်ပြီး သိန်းထောင်ချီပြသထားသော်လည်း တကယ်တမ်း သိမ်းဆည်းရမိသည့် လောင်းကစားငွေအဖြစ် ကျပ် ၁၄၂ သိန်းကျော် (၁၄,၂၃၂,၀၀၀ ကျပ်) သာ တရားဝင် စာရင်းပြထားသည်။

“ကြက်ဝိုင်းတစ်ဝိုင်းဖြစ်ဖို့ဆိုတာ နယ်မြေအဆင့်ကနေစလို့ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်အထိ စရဖ အဆုံး အကုန်ပေးကျွေးပြီးမှ ဖြစ်တာပါ။ နောက်ဆုံးတော့ ကျွေးတဲ့လက် ပြန်ကိုက်တာပါပဲ” ဟု အာဏာပိုင်များ လိုင်းကြေးယူ၍ ဖွင့်လှစ်ခွင့်ပေးထားသည့် အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ကြက်ဝိုင်းသို့ မင်းသား မြင့်မြတ် အပါအဝင် နာမည်ကျော် အနုပညာရှင်များပါ လာရောက်လေ့ရှိသည် ဟု ဒေသခံများက ဆိုသော်လည်း သီးခြား အတည်ပြုချက် မရရှိပေ။ လောင်းကစား၏ သဘောမှာလည်း လောင်းကစားဝိုင်းတွင် မရှိလျှင် လောင်းကစားတွင် ပါဝင်သည်ဟု စွပ်စွဲ၍ မရပေ။

ဖမ်းဆီးခံရသူစာရင်းကိုလည်း ရဲစခန်းက စာရင်းဖျောက်ထားပြီး နာမည်ကျော်များပါလျင် ငွေပေးပြီး အသာလေးလွတ်သွားမည်သာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လောင်းကစားဝိုင်းတစ်ခုလျင် နေ့စဉ်လိုင်းကြေး ၈ သိန်းနှင့် အထက် ညောင်တုန်းရဲစခန်းကို ပေးရပြီး အဆင့်ဆင့် ခွဲတမ်းချကာ ဝေစားမျှစား ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သတင်းအရင်းအမြစ်များကလည်း အခိုင်အမာဆိုသည်။

ညောင်တုန်းရှိ အဆိုပါ ကြက်ဝိုင်းသည် ရန်ကုန်အထိ နာမည်ကြီး သည့် ကြက်တိုက်လောင်းကစားဝိုင်းတစ်ခု ဖြစ်ပြီး နယ်မြေအဆင့်မှစ၍ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်နှင့် စရဖ အထိ အဆင့်ဆင့် လိုင်းကြေးပေးဆောင်ကာ အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ရေရှည်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အာဏာပိုင်များအနေဖြင့် ယခင်ကတည်းက လိုင်းကြေးယူ၍ ခွင့်ပြုပေးထားပြီးမှ ယခုကဲ့သို့ စားကွက်လုရာမှ အဆင်မပြေဖြစ်ကာ ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။

“အဆင်မပြေတော့ ဖမ်းပြီ။ အစကတည်းက လိုင်းကြေးကောက်နေတာ။ စားကွက်လုကြရင်း သူမရ ငါမရနဲ့ ဖမ်းတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထို့ပြင် အကြီးအကျယ် ဖွင့်လှစ်ထားသည့် အဆိုပါ ကြက်ဝိုင်းတွင် လောင်းကြေးငွေ ကျပ်သိန်း ၁၄၀ ကျော်သာ သက်သေခံအဖြစ် ထုတ်ပြခြင်းအပေါ်လည်း ဒေသခံများက မေးခွန်းထုတ်လျက်ရှိပြီး စစ်အုပ်စု လက်ပါးစေများက ကျန်ရှိသည့် လောင်းကြေးငွေ အများအပြားကို အပျောက်ရိုက်၍ ကိုယ်ကျိုးအတွက် ယူဆောင်သွားကြခြင်းဖြစ်သည်ဟု ဝေဖန်နေကြသည်။

လိုင်းကြေးယူကာ တရားမဝင် လောင်းကစားဝိုင်းကို ခွင့်ပြုပေးထားသည့် နယ်မြေစခန်းမှူးများနှင့် ရဲအုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများကိုပါ အရေးယူသင့်ကြောင်း ဒေသခံများက ထောက်ပြကြပြီး “အုပ်ကြီးတွေကိုပါ မဖမ်းဘူးလား။ နယ်မြေစခန်းမှူးကိုပါ ဖမ်းရမှာဗျ၊ သူတို့ လိုင်းကြေးရလို့ ခွင့်ပြုထားတာ။ သူတို့သာ လိုင်းကြေးမယူဘဲ ခွင့်မပြုရင် ကြက်ဝိုင်းထောင်လို့ မရဘူးဗျ” ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဒုရဲအုပ် တင်အောင်မင်းထွန်း က တရားလိုပြုလုပ်၍ ညောင်တုန်းမြို့မရဲစခန်း၌ (ပ)၃၄/၂၀၂၆၊ ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်