📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပေါ်တာဆွဲပြီး ဂျေးထဲထည့်ခံထားရတဲ့လူငယ်တွေ ထွက်ပြေးလွတ်မြောက်

ရေဦးမြို့ပေါ်မှာ စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးတာခံထားရတဲ့ လူငယ် ၁၀ ဦးကျော် အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်

လွတ်မြောက်လာတဲ့ လူငယ်တွေကို တော်လှန်ရေးတပ်ဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ပေးထား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်မှာ စစ်အုပ်စုက စစ်မှုထမ်းဖို့ လူသစ်စု ပေါ်တာဆွဲဖမ်းဆီးထားတဲ့ လူငယ်အမျိုးသား ၁၀ ဦးကျော်ဟာ မနေ့က စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းမှာ အချုပ်ခန်းကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ရေဦးမြို့ပေါ်ရပ်ကွက်တွေက အသက် ၂၀ ကနေ ၃၀ ကျော်အရွယ်ရှိတဲ့ လူငယ်အမျိုးသားတွေကို စစ်အုပ်စုက စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီးနောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းထဲမှာ ထိန်းသိမ်းချုပ်နှောင်ထားခဲ့တာဖြစ်ပြီး မနေ့က အဲဒီချုပ်နှောင်ထားတဲ့ (အထက)ကျောင်းထဲက အချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူက ဆိုပါတယ်။

“ပေါ်တာဆွဲခံရသူတွေအားလုံးက မြို့ပေါ်ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ အသက် ၂၀ နဲ့ ၃၀ ကျော် လူငယ်လေးတွေပါ။ အဲဒီထဲမှာ အများစုက လွန်ခဲ့တဲ့ လေးလလောက်က ပေါ်တာဆွဲခံခဲ့ရတာ။ (စစ်အုပ်စု) ပေါ်တာဆွဲလာပြီးတော့ အထက(၂) ကျောင်းထဲမှာ ချုပ်ထားတာ။ အဲဒီလို ချုပ်ထားတဲ့ အချုပ်ခန်းကို ဖောက်ပြီးတော့ ထွက်ပြေးလာခဲ့ကြတာ။ အားလုံးပေါင်း ၁၂ ဦးရှိတယ်။ လမ်းမှာတော့ ပျောက်နေခဲ့သူတွေလည်း ရှိသေးတယ်။ သူတို့ ထွက်ပြေးလာတဲ့အချိန်မှာ (စစ်အုပ်စု)အစောင့်တွေက အရက်မူးနေကြတာတဲ့”လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။

စစ်အုပ်စု ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၁၀ ဦးကျော်ဟာ မနေ့က နေ့လယ် သုံးနာရီဝန်းကျင်မှာ သူတို့ကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ရေဦးမြို့ အထက(၂) ကျောင်းဝန်းထဲက အချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်ပြီး အဲဒီလို ထွက်ပြေးလွတ်မြောက်လာသူတွေကို ရေးဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောင်းမွန်စွာနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်ကလည်း လက်ရှိ လူငယ်တွေထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ အထက(၂) စာသင်ကျောင်းထဲမှာပဲ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ်ခုနစ်ဦးဟာ စစ်အုပ်စု အစောင့်တွေကို ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်ပြီးနောက် ရေဦးမြို့နယ် ပကဖ အဖွဲ့ထံ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသေးတယ်။

ရေဦးမြို့ပေါ်မှာ စစ်အုပ်စုက နေအိမ်တွေထဲထိ မကြာခဏ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်ဆောင်နေတာကြောင့် လူငယ်အများစုဟာ မြို့ပေါ်မှာမနေရဲကြတော့ဘဲ တခြားဘေးလွတ်ရာနေရာတွေမှာ ပြောင်ရွှေ့နေထိုင်နေကြတယ်လို့လည်း မြို့ခံတွေက ပြောဆိုထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်မတ်လကစပြီး နိုင်ငံတဝန်းက လူငယ်တွေကို လမ်းပေါ်တွေ၊အလုပ်သွားအလုပ်ပြန်နေရာတွေ၊ခရီးသွားကားတွေနဲ့ နေအိမ်တွေထဲအထိ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းနေပြီး ရက်တိုသင်တန်းတွေပေးကာ နိုင်ငံတဝန်းက စစ်မက်ဖြစ်ပွားရာဒေသတွေကို အသေခံပေးပို့ စေလွှတ်နေတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ ထွက်ပြေးဖို့ ကြိုးပမ်းတဲ့ သင်တန်းသားတွေကို ပစ်ခတ်ဖမ်းဆီးတာတွေလုပ်နေသလို ပြန်လည်ဖမ်းမိတဲ့သူတွေကိုလည်း အပြင်းအထန် နှိပ်စက် ရိုက်နှက်တာတွေ လုပ်နေတာကြောင့် အသက်သေဆုံးသူတွေနဲ့ ကိုယ်လက်အင်္ဂါထိခိုက်သူတွေရှိသလို လစာငွေဖြတ်တောက် ခေါင်းပုံဖြတ်ခံတာတွေလည်း ရှိနေတယ်လို့ စစ်မှုထမ်းကိစ္စအပါအဝင် စစ်ဘက်ဆိုင်ရာ အကြောင်းအရာတွေကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့စည်း Myanmar Defense and Security Institute-MDSI ကထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ပေါ်တာဆွဲစစ်မှုထမ်းအင်အား လိုအပ်ချက်မြင့်မားနေတဲ့ အာဏာသိမ်းစစ်အုပ်စုဟာ စစ်မှုထမ်းအမှတ်စဉ် (၂၈) အထိ သင်တန်းဖွင့်လှစ်ထားပြီဖြစ်သလို စစ်သင်တန်းကျောင်း (၂၇)ကျောင်းအထိ ထပ်တိုးဖွင့်လာနေတယ်လို့လည်း MDSI အဖွဲ့က ဆိုပါတယ်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်