📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား

ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား၊ ဆေးမှူးများပါ၀င်ပြီး တိုင်းမှူးတစ်ဦးလည်း လာရောက်ကွပ်ကဲ

ပဲခူးတိုင်းဖြူးမြို့နယ်နှင့်ကျောက်တံခါးမြို့နယ်အတွင်း ဇွန်လ ၆ရက်နေ့လယ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ တပ်သားအင်အား ၈၀၀ ထက်မနည်းပို့ဆောင်ထားတယ်လို့ KNLAစစ်ရေး သတင်းအရင်းမြစ်တစ်ဦးထံမှသိရှိရသည်။

အဆိုပါပို့ဆောင်ထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် နေပြည်တော်၊ တောင်ငူဘက်မှ ဆင်းလာပြီး အင်အား ၂ဖွဲ့ခွဲပို့ဆောင်ထားသည်ဟု အဆိုပါသတင်းအရင်းမြစ်ကဆိုသည်။

ပဲခူးတိုင်းဖြူးမြို့နယ်တွင် ခလရ ၅သို့တပ်အင်အား၄၀၀ထက်မနည်းပို့ဆောင်ထားပြီး ဆေးမှူးများ ပါဝင်သည့်အပြင် ခလရ ၅တပ်တွင်းတွင် တိုင်းမှူးတစ်ဦးလည်း လာရောက်ကွပ်ကဲနေသည်ဟု အထက်ပါသတင်းအရင်းမြစ်ကဆိုသည်။

အင်အား၄၀၀ကျော်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်ပင်သာဘက်သို့ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ရန်ရှိနေသည်ဟု အဆိုပါ KNLA သတင်းမြစ်မှပြောပါသည်။

ဒါ့အပြင် တပ်အင်အား၈၀၀ထက်မနည်းပို့ဆောင်ထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲမှ ၄၀၀ခန့်သည် ကျောက်တံခါးမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ရန်ကုန်-မန္တလေးလမ်းဟောင်း ပဲနွယ်ကုန်း အခြေစိုက် ခမရ ၃၀၇ ရွှေဝါတပ်ရင်းသို့ ပို့ဆောင်ထားသည်ဟု အထက်ပါ သတင်းရင်းမြစ်မှပြောပါသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရှုံးဆုံးလိုက်ရသည့်နယ်မြေများပြည်လည်ထိန်းချုပ်စိုးမိုးနိုင်ရန် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်လာနိုင်ဖွယ်ရှိပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ကျေးရွာအချို့ထဲသို့ ဝင်ရောက်တပ်စွဲနိုင်ခဲ့မှုလည်းရှိနေသည်ဟု သတင်းရရှိပါသည်။

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်