မြစ်ကြီးနားမှာ လုယက်သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်နေလို့ ဒေသခံတွေ ကြောက်လန့်နေကြတယ်လို့ဆို ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်တွေမှာ အုပ်စုဖွဲ့ လုယက်မှုတွေကြောင့် မြို့ခံတွေ စိုးရိမ်ထိန့်လန့်မှုတွေနဲ့ နေထိုင်နေကြရတယ်လို့ သိရပါတယ်။ လက်နက်ကိုင်ကာ ဆိုင်ကယ်၊ သုံးဘီးယာဉ်တွေနဲ့ အုပ်စုဖွဲ့ကာ ပေါ်တင်လုယက်မှုတွေ ဖြစ်ပွားနေပြီး သက်ကြီးရွယ်အိုတွေကိုပါမကျန် ရိုက်နှက်လုယက်တာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြစ်ကြီးနာမြို့မှာ လုယက်မှု၊ ဓားပြတိုက်လူသတ်မှုတွေ နေစဉ်ဖြစ်ပွားနေပေမယ့် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးပိုင်းက ဖမ်းဆီးအရေးယူခြင်း မရှိတာကြောင့် လုယက်မှုတွေ ပိုများလာတယ်လို့ သိရပါတယ်။ “အိမ်အပြင်ထွက်ရင် ဆိုင်ကယ်နဲ့ကို မသွားရဲသလောက်ပဲ၊ ကားနဲ့သွားရင် လုံခြုံသလို ခံစားရပေမယ့် လုယက်တာတွေက ပိုဆိုးလာတော့ ကားနဲ့ပါ မသွားရဲ ဖြစ်နေကြရတယ်၊ ခုနောက်ပိုင်း အိမ်ထဲတွေထိပါ ဝင်လုတာတွေလည်း ရှိလာတယ်၊ ရဲတိုင်လည်း ဖမ်းဆီးပေးတာ မရှိဘူး၊ ရဲမိန်းမတောင် […]