တစ်လ (၇) သိန်းပေးပြီး ငှားထားတ့သူနာပြုအကူက ဖခင်အိုကြီးကို ညှဉ်းပန်းနေလို့တဲ့ CCTV ကြည့်မှ အမှန်တရားကို သိလိုက်ရတဲ့ သမီးဖြစ်သူရဲ့ ရင်ကွဲသံ 🚨 နိုင်ငံခြားကနေ ဖခင်ကိုစိတ်မချလို့ တစ်လ ၇ သိန်းပေးပြီး ငှားခဲ့ပေမယ့် CCTV ပြန်ကြည့်လိုက်ချိန်မှာတော့… ဂျပန်နိုင်ငံမှာ ရောက်ရှိနေထိုင်နေတဲ့ သမီးဖြစ်သူတစ်ဦးဟာ နေမကောင်းဖြစ်ပြီး (လေဖြတ်၊ ပေါင်ကျိုး) အိပ်ရာထဲဘဝရောက်နေတဲ့ ဖခင်ကြီးကို စိတ်မချတာကြောင့် အေဂျင်စီတစ်ခုကနေ တစ်လကို (၇) သိန်းကျပ်တိတိ ပေးပြီး သူနာပြုအကူ အမျိုးသားတစ်ဦးကို ငှားရမ်းခဲ့ပါတယ်။ အစပိုင်းမှာတော့ သမီးဖြစ်သူဟာ သူနာပြုအကူကို ယုံကြည်ပြီး CCTV တွေကို အသေးစိတ် ပြန်မကြည့်ဖြစ်ခဲ့ပါဘူး။ ဖခင်ကို သေချာပြုစုပေးတယ်ဆိုတဲ့ အထင်နဲ့ လစာအပြင် မုန့်ဖိုးတွေပါ အပိုထပ်ပေးပြီး စေတနာထားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက […]