⚠️ နိုင်ငံကို အသက်ရှူရပ်သွားစေနိုင်မည့် ဘူမိဗေဒ အနုမြူဗုံးတလုံး (သို့မဟုတ်) မြစ်ဆုံစီမံကိန်း ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်စမယ့် သတင်းတွေ ကြားနေရပါတယ်။ ဒါဟာ နိုင်ငံရေးကိစ္စ သက်သက် မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့၊ ကျွန်တော်တို့ရဲ့ သားသမီးတွေနဲ့ မြန်မာနိုင်ငံရဲ့ မြေပုံရာဇဝင်ကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ အသက်တမျှအရေးကြီးတဲ့ ကိစ္စ ပါ။ဘာကြောင့်လဲဆိုတာကို စိတ်ရှည်လက်ရှည် ဖတ် ကြည့်ပေးစေလိုပါတယ်။ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအကြောင်း ဆွေးနွေးကြတဲ့အခါ စီးပွားရေးအကျိုးအမြတ်တွေ အပြင် ကျွန်တော်တို့နိုင်ငံရဲ့ အသက်သွေးကြောနဲ့ အနာဂတ်လုံခြုံရေးအတွက် မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေပါတယ်။ ဒီစီမံကိန်းဟာ စီးပွားရေး၊ နိုင်ငံရေးအရ အငြင်းပွားမှုတွေ ရှိသလို မြန်မာနိုင်ငံ ရဲ့ အသက်သွေးကြောကို ခြိမ်းခြောက်နေတဲ့ အလွန် ကြီးမားတဲ့ ဘူမိဗေဆိုင်ရာအန္တရာယ် (Geological High-Risk)တရပ်လည်း ဖြစ်နေပါတယ်။ 🌍 မြန်မာ့ဘူမိနောက်ခံ- […]