ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ရိုးသားမှုမရှိဘဲ ဖမ်းဆီးထားမှုကြောင့် အလုံးစုံလွတ်မြောက်ရေးနှင့် ပြည်သူ့အာဏာ ပြန်ရရှိရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်း လက်နက်ကိုင် တော်လှန်ရေးတပ် ၄၂ ဖွဲ့က စုပေါင်း ကြေညာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ရိုးသားမှု မရှိဘဲ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ပြီး အလုံးစုံလွတ်မြောက် ရေးနှင့် ပြည်သူ့အာဏာ ပြည်သူ့လက်ထဲသို့ ပြန်လည် ရရှိရေး ဆက်တိုက်ပွဲဝင်သွားမည်ဟု မကွေးတိုင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၄၂ ဖွဲ့က စုပေါင်း ကြေညာ သည်။ ဧပြီလ ၁၇ ရက်နေ့တွင် စစ်အုပ်စု၏ ၅ နှစ်ကျော်ကြာ မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ လွတ်မြောက် လာသော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်သည့်အပေါ် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရပါကြောင်း၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်သော်လည်း နိုင်ငံတော်အ […]