Miss Grand Myanmar ပြိုင်ပွဲမှာ သီလရှင်ဝတ်စုံနဲ့ အလှမယ်တယောက် ဝင်ပြိုင်တဲ့ကိစ္စ ဝေဖန်မှုမြင့်တက်ခဲ့ပြီးနောက် ပွဲစီစဥ်သူ၊ ပွဲတာဝန်ခံ၊ ဒါရိုက်တာနဲ့ အလှမယ်တို့ကို ကျောက်တံတားခရိုင်မှာ ဘာသာ သာသနာညှိုနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ အမှုဖွင့်ခဲ့တယ်လို့ အုပ်ချုပ်ရေးကနေ သိရပါတယ်။ ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်မှာ မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်တဲ့အပြင် သာသနာညှိုးနွမ်းစေတဲ့ လုပ်ရပ်တွေကြောင့် ကျောက်တံတားခရိုင်က အမှုဖွင့်တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ “ပွဲစီစဥ်သူနဲ့ ပွဲတာဝန်ခံ ၂ ယောက်ကို ရပ်ကျေးဥပဒေ ပုဒ်မ ၂၆ […]