Author: Admin-501

  • ပေါက်တွင် စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်း ကျေးရွာရှိ စစ်တပ်စစ်ကြောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၁၅ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ပြောကြားသည်။

    ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တို့တွင် ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်းပျူစောထီး ကျေးရွာအတွင်း ဝင်ရောက်ပြီး စစ်တပ်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် တိုက် မိုင်း၊ နင်းမိုင်းဝင်ထောင်ကာ စစ်တပ်ကို တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ဒီတုတ်ကွင်းကျေးရွာ ပျူစောထီး ခေါင်းဆောင် စိုးကြီး (ခ) စိုးမြင့်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    “ ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ၉ ရက်၊ ၁၀ ရက်နေ့အထိ ဝင်ထောင်ထားတဲ့ တိုက်မိုင်းတွေမိတာ ၈ ယောက်သေ တယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက်ခင်းမှာ ဒီးတုတ်ကွင်းပျူကျေးရွာထဲအထိ ဝင်ရောက်ပစ်ခတ်ခဲ့တယ်။ နေ့ လည်ခင်းမှာလည်း မိုင်းတစ်လုံးထပ်မိတယ်။ ညနေ ၆ နာရီခွဲ ၇ နာရီပတ်ဝန်းကျင်မှာလည်း မိုင်းထပ် မိတယ်၊ အဲဒီနေ့မှာ ၆ ယောက်သေတယ်။ အလောင်းကောက်မရတာလည်း ၅ ယောက်လောက်ရှိ တယ်။ စုစုပေါင်းသေတာ ၁၅ ယောက်ပါ။” ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးနှင့် ပေါက်တောင်ပိုင်း ပကဖ ဗိုလ်နားပေါက်အဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • စစ်ကောင်စီတပ်သားများ ဒုက္ခသည်ရိက္ခာဆန်ကို အသုံးပြုမှု WFP လက်မခံ

    စစ်ကောင်စီတပ်သားများ ဒုက္ခသည်ရိက္ခာဆန်ကို အသုံးပြုမှု WFP လက်မခံ

    အာဏာသိမ်း စစ်ကောင်စီတပ်သားများ နေထိုင်ခဲ့သော ရခိုင်ပြည် မောင်တောမြို့ နခခ ၅ တပ်စခန်းတွင် လူသားချင်းစာနောက်ထားမှုနှင့် ဒုက္ခသည်များအား ပေးအပ်သော ရိက္ခာဆန်ထုတ်များ တွေ့ရှိရသည့်အပေါ် WFP က လက်ခံနိုင်စရာမရှိကြောင်း ပြောသည်။

    ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တံဆိပ်ပါ ရိက္ခာဆန်ထုတ် အများအပြား နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းတွင် တွေ့ရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်ထားကြောင်း ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန် ကန့်ကွက်ထားသည်။

    မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရကြောင်း ဆိုသည်။

    လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးသော်လည်း ၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံမှာ ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများကို ခံထားရသည်ဟု ထုတ်ပြန်ထားသည်။

    ရပ်ရွာလူထုအတွက် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှသည် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ထိုလုပ်ရပ်များသည် ကယ်ဆယ်ရေးအထောက်အပံ့များအား အရေးပေါ်လိုအပ်နေသူများကို ထိခိုက်နစ်နာစေကြောင်း WFP က ပြောသည်။

    ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန်လည်း WFP က တောင်းဆိုထားသည်။

    လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက် ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု အခြေအနေသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာလျက်ရှိကြောင်း WFP က ပြောသည်။

    လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအပြင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်မှုများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် ဆာလောင် မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှု အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း WFP က ထုတ်ပြန်သည်။

    ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းသည် WFP ၏ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် အကူအညီများရရှိခဲ့ကြသည်။

    ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိကြောင်း WFP က ထုတ်ပြန် ပြောဆိုထားသည်။

    မောင်တောရှိ WFP ကယ်ဆယ်ရေးရိက္ခာများ သိုလှောင်ရုံကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များ ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးသွားသည့် ဗီဒီယိုဖိုင်

  • ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဗိုလ်လောင်း ၁၃၀ ကျော်ပါဝင်ဆင်နွှဲ၊ ၁၂ဦး ကျဆုံး

    ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဗိုလ်လောင်း ၁၃၀ ကျော်ပါဝင်ဆင်နွှဲ၊ ၁၂ဦး ကျဆုံး

    စစ်ကောင်စီကို တအာင်းမြေမှတိုက်ထုတ်နိုင်ခဲ့၊ ကာကွယ်ရေး ယခင်ထက် ပိုလုပ်ရမည်ဟု TNLA ခေါင်းဆောင်ပြောကြား

    တအာင်းတပ်မတော်(TNLA)​၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဗိုလ်သင်တန်းတက်နေသည့် ဗိုလ်လောင်း ၁၃၀ ကျော် ပါဝင်ခဲ့ရာ ဗိုလ်လောင်း ၁၂ဦးကျဆုံးခဲ့ရသည်ဟု TNLAက ယနေ့ (ဒီဇင်ဘာ ၁၈ရက်) အသိပေးသည်။

    TNLA အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅)အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်က ကျင်းပခဲ့ရာ အပတ်စဉ် (၄)မှ ဗိုလ်လောင်းများမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့မှုအပေါ် အသိပေးထားသည်။

    သင်တန်းသား ၁၃၂ ဦး တက်ရောက်ခဲ့သည့် အပတ်စဉ် (၄)သည် သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းကာလသည် ၁၀၂၇ စစ်ဆင်ရေးနှင့် တိုက်ဆိုင်လျက်ရှိရာ ဗိုလ်လောင်းများလည်း စစ်ဆင်ရေး အပိုင်း(၂)တွင် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

    စစ်ဆင်ရေးအတွင်း ဗိုလ်လောင်း ၁၂ဦးကျဆုံးခဲ့ပြီး ယခု သင်တန်းဆင်းပွဲ၌ သင်တန်းသား ၁၁၄ ဦး သင်တန်းဆင်းနိုင်ခဲ့ဟု အသိပေးသည်။ ယခုကျင်းပမည့် အပတ်စဉ် (၅)အလုပ်သင် ဗိုလ်သင်တန်းတွင် သင်တန်းသား (၁၃၅) ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ဟု ထုတ်ပြန်သည်။

    သင်တန်းကာလ စစ်ဆင်ရေးအတွင်း တပ်မဟာနှင့် တပ်ရင်းတပ်ဖွဲ့များနှင့်အတူ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်မြေပြင်၌ အသက်ပေးလှူသွားသည့် ဗိုလ်လောင်းသင်တန်းသားများအား ဂုဏ်ယူလေးစားကြောင်း TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။

    လက်ရှိ အရာရှိအဖြစ် တာဝန်ထမ်းဆောင်သွားမည့် အရာရှိလောင်းများအနေဖြင့်လည်း ကျရာတာဝန်များကို အကောင်းဆုံးဆောင်ရွက်ရန် ဥက္ကဋ္ဌ တားအိုက်ဘုန်းက မှာကြားသည်။

    TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်ကလည်း အလုပ်သင်ဗိုလ်သင်တန်းကျောင်းဆင်းများသည် လက်ရှိ တအာင်းပြည်၏ စစ်ရေးနိုင်ငံရေးကို ကိုယ်တိုင်နှဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ပြီဖြစ်၍ စစ်ရေးတစ်ခုတည်းတင်မကဘဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် အခြားလုပ်ငန်းဌာနများ၌ တာဝန်ထမ်းဆောင်ရာတွင် ကျရာတာဝန်ကို စနစ်တကျ တိုးတက်အောင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    ရန်သူကို တအာင်းမြေမှ တိုက်ထုတ်နိုင်ခဲ့ပြီး တအာင်းပြည်၏ အုပ်ချုပ်ရေးယန္တရားများအား တာဝန်ယူရတော့မည့်အချိန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    TNLAသည် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကို ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် ညီနောင်မဟာမိတ်များနှင့်အတူ ဆင်နွှဲခဲ့သည်။ စစ်ဆင်ရေးပထမပိုင်းအတွင်း နမ့်ဆမ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံမြို့ ၇မြို့ကို TNLAက သိမ်းပိုက်နိုင်ခဲ့သည်။ ၂၀၂၄ ဇွန်လတွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ဆင်နွှဲခဲ့ရာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို၊ကျောက်မဲ၊ သီပေါ မြို့များကိုသိမ်းပိုက်နိုင်ခဲ့သည်။ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ တပ်စခန်း ၁၅၀ ခန့်ကို သိမ်းပိုက်ရရှိခဲ့သည်။

    ထိုသို့ သိမ်းပိုက်ထားနိုင်ပြီးဖြစ်၍ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးလုပ်ငန်းများ၊ ကာကွယ်ရေးလုပ်ငန်းများ ယခင်ကထက် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်အတွင်း မကျရောက်စေရန် အဖွဲ့အစည်းတွင် တာဝန်ရှိကြောင်း ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားသည်။

    TNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်တားဟိုပလန်ကလည်း ယခု သင်တန်းဆင်းပွဲသို့ သဝဏ်လွှာပေးပို့ခဲ့ရာ ၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူဒါန်းသွားသည့် အလုပ်သင်ဗိုလ် ကျောင်းသား (၁၂)ဦးအား အလေးပြုကြောင်းဖော်ပြကာ သင်တန်းသားသစ်များကို ကြိုဆိုခဲ့သည်။

    တာဝန်ထမ်းဆောင်ကြသည့် အရာရှိအရာခံများသည် စစ်ရေး၊ နိုင်ငံရေးနှင့် အခြားအုပ်ချုပ်ရေးကဏ္ဍများကို တတ်ကျွမ်းရန် လိုအပ်ကြောင်း အဆိုပါ အရေးများ သိကျွမ်းနားလည်မှသာလျှင် ပြည်သူများအား ကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း TNLA စစ်ဦးစီးချုပ်က သဝဏ်လွှာပို့သည်။

    (TNLA အလုပ်သင် ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅) အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်နေစဉ်။ ဓာတ်ပုံ − TNLA)

  • လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှု

    လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှု

    ရခိုင်မြောက်ပိုင်းရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတွင် WFP တံဆိပ်ပါ ရိက္ခာများ တွေ့ရှိရမှု လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှုဖြစ်၍ လက်ခံနိုင်ဖွယ်မရှိဟု ထုတ်ပြန်

    ရခိုင်မြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတွင် WFP တံဆိပ်ပါ ရိက္ခာများ တွေ့ရှိရမှုမှာလူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှုဖြစ်၍ လက်ခံနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ ထုတ်ပြန်သည်။

    မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရကြောင်း၊ လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    ရပ်ရွာလူထုအတွက် ရည်ရွယ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် အလွဲသုံးစားပြုလုပ်မှုမှန်သမျှသည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ထိုလုပ်ရပ်များသည် ကယ်ဆယ်ရေးအထောက်အပံ့များအား အရေးပေါ်လိုအပ်နေသူများကို ထိခိုက်နစ်နာစေကြောင်း၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူအဖွဲ့များအားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပ‌ဒေပါ တာဝန်ဝတ္တရားများကို လိုက်နာကြရန် WFP က ထပ်လောင်း တောင်းဆိုသည်။

    လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းများနှင့် အထောက်အပံ့ပစ္စည်းများကို လေးစားပြီး ကာကွယ်စောင့်‌ရှောက် ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှု အခြေအနေသည် တစ်နေ့တခြား ပိုမိုဆိုးရွားလာလျက်ရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများအပြင် မကြာသေးမီကဖြစ်ပေါ်ခဲ့သော ရာသီဥတုဖောက်ပြန်မှုများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် နိုင်ငံအနှံ့အပြားတွင် ဆာလောင်မွတ်သိပ်မှုနှင့် အာဟာရချို့တဲ့မှု အခြေအနေများ ပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်း WFP က ဆက်ပြောသည်။

    ၂၀၂၄ ခုနှစ်တွင် နိုင်ငံတစ်ဝန်းရှိ လူဦးရေ ၁ ဒဿမ ၇ သန်းသည် WFP ၏ စားနပ်ရိက္ခာအထောက်အပံ့၊ အာဟာရပြည့်ဝရေးနှင့် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေး အစီအစဥ်များမှတစ်ဆင့် အကူအညီများရရှိခဲ့ပြီး ဖြစ်ကြော်င်း၊ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်သည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေး အဖွဲ့အစည်းဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေများတွင် လူ့အသက် ကယ်တင်ခြင်းနှင့် စားနပ်ရိက္ခာအထောက်အပံ့များမှတစ်ဆင့် ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲခြင်း အကျိုးသက်ရောက်မှုများမှ ပြန်လည်ထူထောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှုတို့ကို ဖော်ဆောင်တည်ဆောက်လျက်ရှိကြောင်း WFP က ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ

  • ဆိပ်ဖြူမှာ စစ်ကောင်စီကင်းပုန်းကပစ်ခတ်လို့ တပ်စိတ်မှူးကျဆုံးပြီး ၁ ဦးဒဏ်ရာရ

    ဆိပ်ဖြူမှာ စစ်ကောင်စီကင်းပုန်းကပစ်ခတ်လို့ တပ်စိတ်မှူးကျဆုံးပြီး ၁ ဦးဒဏ်ရာရ

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီကင်းပုန်းရဲ့ပစ်ခတ်မှုကြောင့် ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်စိတ်မှူးကျဆုံးပြီး တပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

    ဒီဇင်ဘာ ၁၀ ရက်မနက် ၉ နာရီခွဲလောက်က အသက် ၂၀ အရွယ် တပ်စိတ်မှူးရဲရင့်နဲ့ တပ်ဖွဲ့ဝင် ကျားသစ်နက်တို့ဟာ ကျွန်းချောင်းရွာကနေတပ်ဖွဲ့အထိုင်စခန်းကို ဆိုင်ကယ်နဲ့ပြန်လာချိန် ကန်စွန်းမရွာနဲ့ ဖလန်မရွာကြားအရောက်မှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

    “ပြန်လွတ်လာတဲ့ ရဲဘော်ပြောပြချက်အရ သူအရင်ဆုံးစမြင်တာ၊ ကတ္တရာလမ်းပေါ်အထွက်မှာ စစ်သားကနေထပြီးတော့ သေနတ်နဲ့ချိန်တဲ့အချိန်မှာ ကိုယ့်ဘက်က ရဲဘော်ကအရင်ဆုံးဦးအောင် ပစ်လိုက်တာ၊ ပစ်ပြီးကာမှ ကျသွားတဲ့ရဲဘော်က ဂန်းတလက်ထဲပါတာကို ပစ်တဲ့ရဲဘော်ဆီက ဂန်းကို လုပစ်ပြီးတော့ကျန်နေခဲ့တာ” လို့ အမှတ် ၁၉ တပ်ရင်းမှတာဝန်ရှိသူတဦးက ပြောပါတယ်။

    ပစ်ခတ်မှုအတွင်းတပ်စိတ်မှူး ရဲရင့် ကျဆုံးခဲ့ပြီး ပစ်ခတ်မှုပြီးနောက် တပ်ဖွဲ့ဝင်ကျားသစ်နက်က သက်ဆိုင်ရာတပ်ဖွဲ့တွေဆီ ဆက်သွယ်လာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီနေ့ညနေ ၄ နာရီလောက်မှာ သွားခေါ်ခဲ့ပြီး ကျဆုံးသူအလောင်းကိုတော့ ညနေ ၆ နာရီလောက်မှာ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    “သေနတ်ဒဏ်ရာက ခြေထောက်တွေထိတယ်၊ ရင်ဘတ်ကိုတချက်ထိတယ် မျက်နှာကိုလည်း တချက်ထိတယ် လက်နက်ကတော့ပါသွားတယ်၊ ရဲဘော် ကျားသစ်နက်ကခြေလျင်ပြေးရာမှာ မပြေးနိုင်တော့တဲ့အဆုံး ချုံထဲမှာပုန်းနေတာ သူ့ဆီမှာဖုန်းတွေပါသွားတယ်၊ ဖုန်းတွေကနေတဆင့် ဆက်သွယ်လို့ရတဲ့သူဆီ ဖုန်းဆက်ပြီး ဆက်သွယ်ပြီးတော့သူတို့ကိုလာခေါ်ခိုင်းတယ် ” လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

    တပ်ဖွဲ့ဝင် ကျားသစ်နက်ကတော့ တင်ပါးကိုကျည်ထိမှန်ခဲ့တာကြောင့် လက်ရှိအချိန်ထိ ဆေးကုသမှု ခံယူနေတယ်လို့ သူကပြောပါတယ်။

    ကျဆုံးသွားတဲ့ တပ်စိတ်မှူးရဲရင့်ဟာ ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း တပ်ခွဲ ၂ ဆီ ၂၀၂၄ ဖေဖော်ဝါရီမှာ စတင်ဝင်ရောက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

    ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်းဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၂၃ ရက်ကလည်း ၁၀ မိုင်လမ်းဆုံနဲ့ ဆိပ်ဖြူမြို့ကြားကားလမ်းပိုင်းတနေရာမှာ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲပြီးပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပါသေးတယ်။