အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ထုတ်ပြန်ကြေညာသည့် လွတ်ငြိမ်းသက်သာအမိန့်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ်၂၂ နှစ် ၆ လ ကျခံရန် ကျန်ရှိနေရာမှ ၃ နှစ်ကျော် ထပ်မံ လျော့နည်းခဲ့သဖြင့် လက်ကျန် ထောင်ဒဏ်မှာ ၁၈ နှစ် ၉ လသာ ကျန်ရှိတော့ကြောင်း သိရသည်။ ယနေ့ ကျရောက်သည့် ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် ဧပြီ ၃၀ ရက် မတိုင်မီ ကျူးလွန်ခဲ့သည့်ပြစ်မှု တရပ်ရပ်နှင့် စပ်လျဉ်းပြီး ပြစ်ဒဏ်ချခံရကာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများ၏ ကျန်ရှိသော ပြစ်ဒဏ်များထဲမှ ခြောက်ပုံ တပုံအား လွတ်ငြိမ်း သက်သာခွင့်ပြုကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။ မည်သည့် ခြွင်းချက်မှ မပါရှိသည့် ထိုလွတ်ငြိမ်းသက်သာမိန့်အရ လက်ကျန်ထောင်ဒဏ် ၂၂ […]