Author: Admin-501

  • မိုးမိတ်မြို့အပေါ် စစ်အုပ်စု ဘယ်လောက်အထိ ရက်စက်ခဲ့လဲ

    မိုးမိတ်မြို့အပေါ် စစ်အုပ်စု ဘယ်လောက်အထိ ရက်စက်ခဲ့လဲ

    မိုးမိတ်မြို့အပေါ် စစ်အုပ်စု ဘယ်လောက်အထိ ရက်စက်ခဲ့လဲ

    တောင်တန်းတွေပတ်လည်ဝိုင်းလို့ မှိုင်းညို့ နေတဲ့ မိုးမိတ်မြို့ငယ်လေးမှာ စစ်အုပ်စုရဲ့ တပ်သားတွေ ကျူးလွန်ခဲ့တဲ့ အင်မတန်တုန်လှုပ်စရာ အဖြစ်ဆိုးတွေက အခုထိ ပဲ့တင်ထပ်ပြီး ညည်းတွား နေတုန်းပါ။ ဒါပေမယ့် မကြာခင်မှာပဲ ဒီမြို့လေးကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ဖို့ ကံကြမ္မာက ဖန်လာပါပြီ။

    လွန်ခဲ့တဲ့ (၂) နှစ်က မိုးမိတ် မြို့သိမ်းတိုက်ပွဲမှာ ဆုတ်ခွာပြေးရတော့မယ့် စစ်အုပ်စုရဲ့ တပ်မ (၉၉) ကျားဘီလူးစစ်ကြောင်းဟာ မိုးမိတ်ဒေသခံတွေကို ရက်စက်စွာ သတ်ဖြတ်ပြခဲ့ပြီး တစ်မြို့လုံးကို ကြောက်စိတ် တွေ ဖုံးလွှမ်းသွားစေခဲ့ပါတယ်။ ဒီရက်စက်တဲ့ အဖြစ်အပျက်တွေနဲ့ ကျခဲ့တဲ့ သွေးမျက်ရည်တွေကို မြို့လေးဆီက ဘယ်တော့မှ ဖျက်ပစ်လို့ ရမှာမဟုတ်ပါဘူး။

    ➤ အချိန်ကာလ၊ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမအကြိမ် မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုးမိတ်မြို့ကို ထိုးစစ်ဆင်လာချိန်
    အာဏာသိမ်း စစ်အုပ်စုက မြို့အတွင်းကနေ အပြင်းအထန် ခုခံခဲ့ပါတယ်။

    ➤ နောက်ခံအကြောင်းအရာ၊ KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု တပ်ဖွဲ့နှစ်ခုကြားမှာ ရှိတဲ့၊ မိုးမိတ်မြို့အစွန်က ကျေးရွာတွေ စစ်တလင်း ဖြစ်ခဲ့ပြီး အများစုက စစ်ဘေးရှောင် ထွက်ပြေးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် တချို့မိသားစုတွေ စစ်မရှောင်သာဘဲ ရွာထဲမှာ ပိတ်မိနေလို့ ပုန်းအောင်းပြီး စစ်ပွဲငြိမ်သက်တာကို စောင့်ခဲ့ကြရပါတယ်။ တိုက်ပွဲကြား ပိတ်မိခဲ့တဲ့ ရွာတွေထဲ မိုးမိတ်မြို့ အဝင်ရှိ ကြည်တော်စု ရွာလည်း အပါအဝင် ဖြစ်ပါတယ်။ စစ်အုပ်စုက ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်လိုက်သလို မြို့ကို အလုံးစုံ ပိတ်ဆို့လိုက်ပြီး တိုက်ပွဲနယ်မြေအတွင်း ပိတ်မိကျန်နေသေးတဲ့ ပြည်သူတွေကို ထင်တိုင်းကျဲ သတ်ဖြတ်ခဲ့ပါတယ်။

    ဇာတ်လမ်း (၁) ဆွမ်းခံတံတားပေါ်က ဦးခေါင်းနှစ်လုံး ⁍

    ကြည်တော်စု ရွာက မဖြူ (အမည်လွှဲ) နဲ့ မိသားစုလေးစုတို့ဟာ သူတို့ပုန်းနေတဲ့ အိမ်ရဲ့ မြေအောက်ခန်းကနေ အရဲစွန့်ပြီး ပြေးထွက်လာခဲ့ပါတယ်။ သူတို့ဟာ အိမ်ထဲမှာ ရသလောက် ပုန်းအောင်းနေခဲ့ပြီး မတတ်သာလို့ ပြေးဖို့ ထွက်လာခဲ့ကြသူတွေပါ။ စစ်မျက်နှာ အလယ်တည့်တည့် ရောက်နေတဲ့ သူတို့ရွာလေးကို စစ်အုပ်စု တပ်သားတွေက ဝင်ထွက်နေပြီး ထင်သလို ဖမ်းဆီးနှိပ်စက်နေကြတဲ့ အချိန်ဖြစ်ပါတယ်။

    မဖြူတို့ လူအုပ်စုမှာ ကလေးငယ်တွေလည်း ပါဝင်ကြပါတယ်။ သူတို့ နေအိမ်ကထွက်ပြီး ရွာအစွန် မှာရှိတဲ့ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းဆီကို ပြေးကြပါတယ်။ ပျက်စီးပြီး လူသူမဲ့နေတဲ့ ရွာလမ်းတစ်လျှောက် မရပ်မနား လျှောက်လာခဲ့တဲ့ သူတို့ခြေလှမ်းတွေ ဘုန်းကြီးကျောင်းဆီအသွား ဆွမ်းခံတံတားထိပ်မှာ ရပ်တန့်သွားခဲ့ပါတယ်။

    “ကလေးနှစ်ယောက်ပေါ့, လက်ခုပ်တန်း (ဘေးရွာ) က ကလေးတစ်ယောက်၊ ဒီ ကြည်တော်စု ထဲက ကလေးတစ်ယောက်, အဲ့ကလေးတွေကိုကျတော့ ခေါင်းပြတ်ပေါ့နော်, ခေါင်းပြတ်တွေ့တာပေါ့, အထက်ဆုံး ဆွမ်းခံတံတားမှာ တွေ့တယ်, သူတို့က ၂၁ ရက်နေ့ ညမှာ သတ်ခံရတယ်ပေါ့နော်။ ၂၂ ရက်နေ့ကျမှ အန်တီလေးတို့က ပုဗ္ဗာရုံကျောင်းကို ပြေးကြတယ်။ တံတားပေါ်ကနေ အန်တီလေးတို့က ဖြတ်မှာလေ” လို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရသူက မဖြူက MFP ကို ပြောပါတယ်။

    ကလေးငယ်တွေပါလာတဲ့ လူအုပ်စုဟာ ဒီဆိုးဝါးတဲ့ မြင်ကွင်းကို ကျော်လွှားဖို့ တံတားကို မဖြတ်ဘဲ ရေချောင်းထဲကနေ ဆင်းလျှောက်ကြပါတယ်။ ဒါပေမယ့် တံတားပေါ်က ခေါင်းပြတ်နှစ်ခုကို မျက်နှာလွှဲလျစ်လျူမရှု နိုင်ပါဘူး။

    “ ခေါင်းနှစ်လုံးကတော့ တံတားအလယ်မှာ, အနောက်ဘက်ကို မျက်နှာမူပြီးတော့ ခေါင်းတည်ထားတယ် နှစ်လုံးယှဉ်ပြီးတော့ တည်ထားတယ်ပေါ့, ကလေးတွေရဲ့ မျက်နှာကိုလည်း ဒယ်အိုးဖင် က အိုးမဲပေါ့နော်, အိုးမဲနဲ့ မျက်နှာကို ဒီလိုမျိုး ခြစ်ပြီးတော့ မမှတ်မိအောင်လား ဘာလားတော့ မသိဘူး” လို့ မဖြူက သူမြင်ခဲ့တာကို ပြောပါတယ်။

    “ အန်တီလေးရဲ့သားကလည်း အမေတဲ့၊ အဲ့တာ ကိုလွင်ကိုထက်ရဲ့ခေါင်းတဲ့၊ နားဆွဲပါတယ်တဲ့၊ အဲ့တာ သား သေသေချာချာကို မှတ်မိတယ်တဲ့။ ဆိုတော့အခါကျတော့ ကလေး လိပ်ပြာလန့်မှာ စိုးလို့လေ, မကြည့်နဲ့သား၊ မကြည့်နဲ့၊ မကြည့်နဲ့ ဆိုပြီး “ မဖြူက အဲ့နေ့က အဖြစ်အပျက်ကို ပြန်ပြောပြရင်း စိုးရိပ်ထိတ်လန့်မှုတွေ မျက်နှာမှာ ဖုံးလွှမ်းနေခဲ့ပါတယ်။

    နောက်ပိုင်းမှာ အတည်ပြုနိုင်တာက သတ်ဖြတ်ခံရသူဟာ အသက် ၁၅ နှစ်အရွယ် လွင်ကိုကိုထက် ဖြစ်ပါတယ်။ မိခင်က မန္တလေးမှာ အလုပ်သွားလုပ်နေပြီး သူက ကြည်တော်စု ရွာမှာ ဆွေမျိုးတွေနဲ့ ကျန်ရစ်ခဲ့သူ လူငယ်ပါ။ ဘေးရွာမှာ စစ်သွားရှောင်နေရင်းက စားစရာ ပြတ်လပ်သွားတာကြောင့် ရွာက သူ့အိမ်ကို သူငယ်ချင်းနဲ့အတူ ပြန်လာပြီး ဆန်လာယူရာကနေ စစ်အုပ်စုဆီမှာ ဖမ်းခံရကာ နှစ်ယောက်စလုံး ခေါင်းဖြတ် အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    လွင်ကိုကိုထက် ရဲ့ မိခင်က စစ်ပွဲတွေ ခေတ္တငြိမ်သွားလို့ လအတန်ကြာမှ ရွာကို ပြန်ရောက်လာပြီး သူ့သားရဲ့ ရုပ်အလောင်းကို ပြန်ရှာဖွေခဲ့ပါတယ်။
    “ အလောင်းကတော့ မရတော့ဘူး။ အန်တီ သုံးလကျော်လောက်မှ ဒီကို ပြန်လာတော့ သူ့ရဲ့ အရိုးခေါင်းပေါ့, တစ်ခေါင်းတည်းပဲ တွေ့တယ်, တစ်ခေါင်းကတော့ ရေထဲ ကန်ချလိုက်တယ်လို့ ပြောတယ်, ဘယ်သူ့ခေါင်းပဲဖြစ်ဖြစ် ကိုယ်က အဲ့တာလေးကို မီးရှို့ပြီးမှ အရိုးပြာချပြီးမှ အဲ့ဒီချိန်ထဲမှာ ရှိတဲ့လူတွေနဲ့ပေါ့, အိမ်မှာ ဆွမ်းသွပ်လိုက်တယ်” လို့ MFP နဲ့တွေ့ဆုံစဉ်မှာ မိခင်ကဆိုပါတယ်။

    “ စိတ်ထဲမှာ ရူးချင်သလိုတောင် ဖြစ်တယ်” လို့ သူမက ကြေကွဲစွာနဲ့ ပြန်လည်ပြောပြပါတယ်။

    “အန်တီ့ ခင်ပွန်းက သူလည်း ဟိုတစ်ချိန်က စစ်သားပဲ။ သူက ဆုံးတာ ၁၄ နှစ်လောက် ရှိပြီ, ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ကိုယ့်သားသမီးကို နားမလည် ပါးမလည် ဒီလိုလုပ်လိုက်တဲ့အတွက် သူတို့ကို စိတ်လည်း နာတယ်, သူတို့ ရင်၌လွယ်တဲ့သားသမီးမှ မဟုတ်တာ, ရက်ရက်စက်စက် လုပ်ရက်တာ” လို့ သူမက MFP ကို ရင်ဖွင့်ပါတယ်။

    အင်တာဗျူးချိန်မှာ သူမဟာက ငိုနေပါတယ်။ ကြိုးစားပြီးစိတ်တင်းထားတဲ့ကြားကနေ မျက်ရည် တွေကျလာတာပါ။

    ဇာတ်လမ်း (၂) ကျွန်မ ယောကျာ်းကို ခွေးတွေ စားသွားကြတယ် ⁍

    မောင် လွင်ကိုကိုထက် နဲ့ သူ့သူငယ်ချင်း ဖမ်းခံရတာကနေစပြီး အသတ်ခံရတဲ့အထိ ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူကတော့ ကျေးရွာထဲက အသက် ၅၁ နှစ်အရွယ် ဦးနိုင် (အမည်လွှဲ) ဖြစ်ပါတယ်။ ဦးနိုင်ဟာ ကလေးတွေ ရက်စက်စွာ သတ်ခံရတာကို မြင်ပြီးတဲ့နောက် စိတ်လွတ်သွားကာ ရွာထဲမှာ အော်ဟစ်ပြီး ပြေးလွှားနေခဲ့တယ်လို့ ဒီဖြစ်စဉ်ကို မြင်တွေ့သိရှိခဲ့သူ ရွာခံတွေက MFP ကို ပြောပြပါတယ်။

    “ သူက နည်းနည်း ကြောက်လန့်ပြီးတော့ ပြောတယ်။ ကလေးတွေကိုတဲ့ လည်ပင်းလှီးလိုက်တယ်တဲ့, အရင်ဆုံး ဒီလို ကြွပ်ကြွပ်အိတ်ကြိုးနဲ့ပေါ့, အဲ့လို ကြွပ်ကြွပ်အိတ်ကြိုးနဲ့ ကြိုးကျစ်ပြီးမှ လက်ကိုလည်း ဒီလို ချည်တယ်, ခြေထောက်ကိုလည်း ချည်တယ်ပေါ့, ကပ်ပြီးတော့ ချည်ပြီးမှ ဆွဲသွားတာ တဲ့,တရွတ် တိုက်, အဲ့တာနဲ့အခါကျတော့ လည်ပင်းကို ဒီလို လှီးသွားတယ်တဲ့,” MFP က တွေ့ဆုံခဲ့သူတွေက ဦးနိုင် ပြောခဲ့တဲ့ စကားကို ပြန်ပြောပြပါတယ်။

    ဦးနိုင် ကတော့ ကိုယ်တိုင် ပြန်မပြောနိုင်တော့ပါဘူး။ ဒီအဖြစ်အပျက်ကြောင့် စိတ်လွတ်သွားတဲ့ ဦး နိုင်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်ဝင်း (အမည်လွှဲ)နဲ့ သားက တခြားရွာမှာ စစ်ရှောင်နေတာပါ။ ဦးနိုင်က ရွာမှာ အိမ်စောင့် ကျန်ခဲ့စဉ် ဒီအဖြစ်ဆိုးနဲ့ ကြုံခဲ့တာ ဖြစ်ပါတယ်။

    ဇနီး ဒေါ်ဝင်း ရွာကို ပြန်လာချိန်မှာတော့ ခင်ပွန်းသည်ရဲ့ ပြန့်ကျဲနေတဲ့ ရုပ်အလောင်း အကြွင်းအကျန်တွေ လယ်ကွင်းတစ်ခုမှာ စိတ်မကူးဝံ့စရာပုံစံနဲ့တွေ့ရှိခဲ့ရပါတော့တယ်။
    “နှစ်လပိုင်း (ဖေဖော်ဝါရီ) မယ် သူတို့ ၅ ရက် ပေးဝင်တယ်ပေါ့နော်, ၅ ရက် ပေးဝင်တယ်ဆို ဝင်လိုက်ကြတာ, အကြီးက ဘုန်းကြီးကျောင်းတွေရှာ၊ ဟိုရှာ၊ ဒီရှာတော့ ဦးလေး အင်္ကျီအဝတ်အစားနဲ့ တူတယ်ပေါ့, သွားကြည့်လိုက်ဦးဆို သွားကြည့်တဲ့အချိန်မယ် အရိုးတခြား၊ ခေါင်းတခြား၊ ခွေးတွေ စားထားတာ။ ခွေးတွေပဲ စားကြတာ များပါတယ် ခွေးတွေလည်း ကျွေးမယ့်သူမှ မရှိတာကိုး” လို့ အော့နှလုံးနာစရာ ဒီအဖြစ်အပျက်ကို သူမက ပြန်လည်ပြောပြပါတယ်။

    “ တွေ့တွေ့ချင်းတော့ အကြီးလည်း အဲ့နားမှာ သတိလစ်သွားတာပ ” လို့ သူမက ဆိုပါတယ်။ ခင်ပွန်းရဲ့ ရုပ်အလောင်းလို့ မယုံချင်ပေမယ့် အဝတ်အစားတွေ တူနေတဲ့အပြင် မှတ်ပုံတင်ကိုလည်း အနီးအနားမှာ တွေ့ခဲ့ရတယ်လို့ သူမက ဆိုပါတယ်။

    “ အဲ့တာ ခေါင်းတွေ၊ ပုဆိုးတွေရော၊ အင်္ကျီတွေရော အရိုးတွေရောကောက်၊ ကောက်ပြီးတော့ အဲ့နားမှာ ကောက်ရိုးပုံ ရှိတယ်။ ကောက်ရိုးပုံကို မီးခြစ်ကလေးနဲ့ အိတ်ကလေးလည်း အမြဲတမ်းပါတယ်ကိုး, မှတ်ပုံတင်ပါတယ်, အဲ့တာ မီးခြစ်ကလေးနဲ့ ခြစ်, သာသာလေး ဖြည်းဖြည်းချင်း မီးရှို့ခဲ့ရတာပဲ, အဲ့လိုပဲ လုပ်ခဲ့ရတာပဲ,ဘာအရိုးမှလည်း မကောက်နိုင်ဘူး။ ဘာသဂြိုဟ်မှလည်း မသဂြိုဟ်နိုင်ဘူး,အဲ့နားမှာတင် ခွေးတွေ ထပ်စားသွားမှာ စိုးလို့ ကောက်ရိုးပုံလေးနဲ့ မီးရှို့ အဲ့လို လုပ်ခဲ့ရတာပဲ။ ဘာမှကို မလုပ်နိုင်ပါဘူး” လို့ အင်မတန် ရင်နာစရာ အဖြစ်အပျက်ကို သူမက စိတ်ကို ထိန်းချုပ်ရင်း ဖွင့်ဟပါတယ်။

    အရိုးတွေကို မီးရှို့ချိန်မှာတောင် မီးခိုးတွေ ထွက်လာရင် စစ်တပ်ကလူတွေ ရန်မူမှာစိုးလို့ ထိတ်လန့်နေခဲ့ ရတယ်လို့ သူမက ဆိုပါတယ်။

    ဒေါ်ဝင်းမှာ တစ်ဦးတည်းသော သားဖြစ်သူနဲ့ ကျန်ခဲ့ပြီး ခင်ပွန်းသည်ကို လွမ်းဆွတ်တဲ့ အပူမီးဟာ ငြိမ်းလို့ မနိုင်သေးပါဘူး။ ဒါ့အပြင် ခင်ပွန်းသည် ဆုံးသွားချိန်ကစလို့ စားဝတ်နေရေး ကြပ်တည်း မှုတွေကို များစွာ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ ပညာဆက်သင်ကြားဖို့ အခြေအနေ မပေးတော့တဲ့ အသက် ၁၈ နှစ်အရွယ် သားဖြစ်သူက ကုန်ထမ်းပြီး ရှာဖွေကျွေးမွေးတာကိုပဲ မှီခိုနေရပါတယ်။

    သားဖြစ်သူဟာ အဆိုတော် ဘိုဖြူရဲ့ နာမည်ကြီးလှတဲ့ “အဖေ” သီချင်းကို ဖွင့်နားထောင်လေ့ရှိတဲ့အခါ ဒေါ်ဝင်း ရင်ကွဲမတက် ခံစားရပါတယ်။ ဒီသီချင်းဟာ ပင်လယ်ထဲ တံငါရှာထွက် ရင်း မုန်တိုင်းမိလို့ အိမ်ပြန်မလာနိုင်တော့တဲ့ ဖခင်ဖြစ်သူ အကြောင်း ဖွဲ့ဆိုထားတဲ့ သီချင်းပါ။

    “တံငါလှေ ဆိုလား, ဖအေ ပြန်မလာ အမေက မျှော် (ဘိုဖြူ၏ “အဖေ” သီချင်း)။ သူလည်း ဖွင့်နားထောင်တာပဲ ဒီသီချင်းတွေ, ဪ၊ အေး, ငါ့သားလေးလည်း သတိရမှာပဲ, ရမှာပဲ, ဒီသားအဖ သုံးယောက်တည်းပဲ ရှိတာကိုး, ဖြစ်သွားတာကြီးကလည်း လတ်တလောကြီးကိုး ” သူမက ဒီစကားတွေ ပြောချိန်မှာ အလွန်ကို ဝမ်းနည်းပြီး တုန်လှုပ်နေပါတယ်။

    “ သူ့ရင်ထဲမှာတော့ ရှိမှာပေါ့နော်, ဪ၊ ငါ့သားလေး သူ့အဖေကို သတိရတယ်,သိတာပဲ မအေ သိတယ်, ဖွင့်နားထောင်မှာပဲ မအေ့ကွယ်ရာ။,မအေ့ရှေ့မယ် ဘာမှ မပြောဘူး။ တစ်ခါတလေ မအေ ဖျားရင်တောင်မှ အမေလာ အားမငယ်နဲ့၊ သားရှိတယ် ပြောတယ်, ” ဒေါ်ဝင်းက စကားဆုံးသွားချိန်မှာ ရှိုက်ကြီးတငင်ငိုနေခဲ့ပါတော့တယ်။

    ဇာတ်လမ်း (၃) ကျွန်မ သားလေး ကြီးလာတဲ့အခါ ⁍

    ကြည်တော်စု ရွာ ဖြစ်ပွားခဲ့တဲ့ နောက်ထပ် စစ်ရာဇဝတ်မှုကတော့ ရွာသူ မထွေး (အမည်လွှဲ)ရဲ့ ခင်ပွန်းသည် ကိုမင်းမင်း (အသက် ၄၄ နှစ်) ကို စစ်အုပ်စုက သတ်ဖြတ်ခဲ့ကြတာပါ။

    တစ်လသားအရွယ် ကလေးမိခင် မထွေး နဲ့ ထော်လာဂျီမောင်းတဲ့ ကိုမင်းမင်းတို့ မိသားစု သုံးယောက် ဟာ လက်ခုပ်တန်း ရွာမှာ အတူ စစ်ရှောင်နေရင်းကနေ ကိုမင်းမင်း ဟာ စားဝတ်နေရေးအတွက် မှီခိုနေရတဲ့ ထော်လာဂျီလေး ဆုံးရှုံးရမှာ စိုးရိမ်တဲ့စိတ်ကြောင့် ကြည်တော်စု ရွာမှာ ထော်လာဂျီ ပြန်လာယူခဲ့ပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်သူ ထွက်သွားခဲ့တာပါ။

    ရွာထဲမှာ ထော်လာဂျီသံကို ကြားတဲ့ စစ်အုပ်စု အဖွဲ့ဝင်တွေဟာ ကိုမင်းမင်း ကို သေနတ်ဖောက်ပြီး ဖမ်းခေါ်သွားခဲ့ပါတယ်။

    “ ဘယ်လက်က ထော်လာဂျီ မောင်းတာလဲပေါ့ဆိုတော့ ဒီလက်ကဆိုတော့ တိခနဲ ဖြတ်ပလိုက်တယ်တဲ့ လက်ချောင်းကို။ ဘယ်ခြေထောက်က လီဗာနင်းတာလဲဆိုတော့ အဲ့တာ ခြေထောက်ကဗျဆိုတော့ ခြေထောက်ကိုလည်း တိခနဲ ဖြတ်ပြီးမှလားဆိုမှ သွားတော့လို့ ပြောတာတဲ့” လို့ ဇနီးသည် မထွေးကသူ ကြားသိရသမျှ MFP ကို ပြန်လည်ပြောပြပါတယ်။

    ကိုမင်းမင်း ဟာ ဒဏ်ရာတွေနဲ့ ပြေးလာရင်း ရွာထဲက စစ်ရှောင်သွားကြတဲ့ အိမ်တစ်အိမ်ထဲ ပြေးဝင်ပုန်းရင်း အဲ့ဒီအိမ်ထဲမှာပဲ သွေးထွက်လွန်ပြီး သေသွားခဲ့တယ်လို့ အရပ်က ဆိုပါတယ်။ (စစ်ရှောင်ရာကနေပြန်ရောက်လာတဲ့အိမ်ရှင်နဲ့) အနီးနားဝန်းကျင်ကပဲ အလောင်းကို လယ်ကြားထဲမှာ သွားပြီး မီးသဂြိုဟ်လိုက်ရတယ်လို့ မထွေး သိခဲ့ရပါတယ်။

    မီးဖွားပြီးတာ တစ်လသာ ရှိသေးတဲ့ မထွေးကို ခင်ပွန်းဖြစ်သူ အသတ်ခံရကြောင်း မိတ်ဆွေတွေက မပြောပြနိုင်ရက်ကြတာကြောင့် သေဆုံးပြီး တစ်လကြာမှသာ ခင်ပွန်းဖြစ်သူ သေဆုံးကြောင်း သိခဲ့ရတယ်လို့ သူမက ပြောပါတယ်။ မိသားစု စားဝတ်နေရေးအတွက် အားကိုးအားထားပြုနေရတဲ့ အိမ်ထောင်ဦးစီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ အတွက် ဒီ အဖြစ်ဆိုးဟာ နာကျည်းစရာ အပြည့် ဖြစ်နေပါတယ်။

    မီးဖွားပြီးခါစ ဖြစ်တာကြောင့် အလုပ်မလုပ်နိုင်သေးတဲ့ မထွေးနဲ့ လသားအရွယ် လူမမယ် သားလေးတို့ဟာ လက်ရှိမှာ မိတ်ဆွေတွေရဲ့ ကူညီပေးမှုနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။

    “ အစ်မ ဘဝကြီးကလေ ဒီလောက်ထိအောင် သူများဆီမှာ တောင်းစားရမယ့် ဘဝမျိုး အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ကို အစ်မ မထင်ထားဘူး” လို့ သူမက ဆိုပါတယ်။ သူ့ရဲ့ လူမမယ်သားလေး ကြီးလာတဲ့အခါ ဒီဖြစ်ရပ်တွေကို ပြန်လည်ပြောပြသွားမယ်လို့ မထွေးက အသံကို တင်းပြီး ပြောပါတယ်။ သူမရဲ့ စိတ်ထဲက နာကျည်းမုန်းတီးမှုတွေကို သူ့နှုတ်ခမ်းက စကားတွေက ဖော်ပြနေပါတယ်။

    “စစ်သားတွေ သူ့အဖေကို သတ်သွားတယ်ဆိုတဲ့ အကြောင်းကို သူ နားလည်တတ်စ အရွယ်တည်းကနေ ပြောပြထားမှာ အစ်မက။ အစ်မလည်း တကယ် နာကျည်းတယ်။ တအား နာကျည်းသွားပြီ။ ပက်ပက်စက်စက်ကို နာကျည်းတယ်” သူမဟာ ငိုချင်နေတာကို လုံးဝမျက်ရည်မကျဘဲ ဇွတ်တင်းထားရင်း ပြောပြနေခဲ့တာပါ။

    စစ်ပွဲကြီးပြီးတဲ့နောက်အလောင်း ၅၀ ကျော် ⁍

    ပထမအကြိမ် မိုးမိတ်မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်တွေက တပ်ဆုတ်ခွာသွားပြီးတဲ့နောက် စစ်ကောင်စီတပ်သားတွေက မြို့ထဲကို ပြန်လည် စီးနင်းဝင်ရောက်ခဲ့ပါတယ်။

    စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားပြီး ပြန်ဝင်လာတဲ့ အချိန်အထိ အစ-အလယ်-အဆုံး မြို့ထဲမှာ ဖြစ်ပျက်သမျှ အရာအားလုံးကို မျက်မြင်တွေ့ခဲ့ရသူတစ်ဦး ရှိပါတယ်။ သူဟာ တိုက်ပွဲပြီး ဆုံးခါနီး အချိန်ကစလို့ မြို့အတွင်းက အလောင်းတွေကို ထော်လာဂျီလေး တစ်စီးနဲ့ မီးရှို့ သဂြိုဟ်ပေးနေခဲ့သူ ဦးအေးချမ်း (အမည်လွှဲ) ပါ။

    “အားလုံးပေါင်းဆိုရင် စကစကကျတော့ ၃၂ ယောက်။ ရဲဘော်တွေချည်းပဲပေါ့။ ဝတ်စုံတွေနဲ့ ရဲဘော်လည်းပါတယ်။ ရဲတွေလည်း ပါတာပေါ့။ နောက်ပြီးတော့ အရပ်သားကကျတော့ ၂၀ ပေါ့။ အားလုံးပေါင်းဆို ၅၂” လို့ သူ မီးရှို့ ပေးခဲ့တဲ့ အရေအတွက်ကို ပြောပါတယ်။

    “ အတွေ့အကြုံအရကတော့ အဲ့ဒီ ကျွန်တော့် ရဲ့ ထွေလာဂျီလေးနဲ့ သယ်ပြီးတော့မှ သယ်တဲ့ အချိန်ကာလမှာ အပေါ်မှာ ကောင်းကင်မှာလည်း လေယာဉ်တွေ ဝဲနေတာကိုး။ သူ မမြင်တဲ့နေရာလေးကို သစ်ပင်အောက်မှာ ထိုးရပ်လိုက်။ ထိုးရပ်ပြီးတော့မှ တစ်ခါ လေယာဉ် ကျော်သွားပြီဆို ပြန်မောင်းလိုက်။ ကျွန်တော်တို့ မီးရှို့နေတဲ့ အချိန်ကာလမှာလည်း လေယာဉ် ဝဲနေတာပဲ။ မီးရှို့ပြီးတာနဲ့ တစ်ပြိုင်တည်း ပြန်လာ။ အိမ်ပြန်လာ။ အဲ့လိုမျိုး” လို့ သူက ဆိုပါတယ်။

    အနံ့အသက်တွေက အလွန်ဆိုးဝါးပြီး အလောင်းအများစုကလည်း ပုံပျက်နေတာကြောင့် ကူညီသူတွေလည်း နှလုံးပျက်ပြီး မဝံ့မရဲ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

    “ ရွာထဲက ကိုယ့်ရဲ့ ကလေးလေးတွေ၊ လုပ်ချင်တဲ့သူလေးတွေ ရှိတယ်။ လုပ်ချင်တဲ့သူဆိုလည်း တစ်ခေါက်ပဲ ခေါ်လို့ရတယ်။ နောက်တစ်ခေါက်ကျတော့ မလိုက်ရဲတော့ဘူး” လို့ သူက ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုးမိတ်မြို့ကို ဘယ်လောက်ထိ ရက်စက်ခဲ့လဲဆိုတာ သူ မြင်တွေ့ခဲ့သမျှက သက်သေခံခဲ့ပါတယ်။

    ဦးအေးချမ်း မြင်ခဲ့ရတဲ့အထဲမှာ မိုးမိတ်မြို့အတွင်း နေအိမ်ထဲက စစ်ကောင်စီ မီးရှို့သတ်ဖြတ်သွားတဲ့ ငါးလောင်းပြိုင်မိသားစု၊ ဗုံးကြဲ ဖျက်ဆီးခံရတဲ့ နေအိမ်တွေနဲ့ ဖောက်ထွင်းခံရတဲ့ နေအိမ်တွေ အများအပြား ပါဝင်ပါတယ်။

    “ တော်တော်ကို ဆိုးတာဗျ။ အိမ်မှာ ရှိတဲ့ ရေပုံးထဲမှာ ရေတွေ ခပ်သုံးထားတယ်။ ပြီးရင် ထမင်းအိုးရှိရင် ထမင်းအိုးကို ယူချက်ထားတယ်။ ပြီးတာနဲ့ သူတို့က သူတို့ ထွက်သွားတာနဲ့ တစ်ပြိုင်တည်း အဲ့ထဲကို ထမင်းအိုးထဲကိုဆိုရင် မစင်တွေ စွန့်ထားခဲ့တယ်။ ဒီထမင်းအိုးထဲကို ချက်ထားတဲ့ ထမင်းအိုးထဲကို ဒီသူတို့ရဲ့ မစင်ပုံတွေ ရှိတယ်။ ရေချောင်းထဲမှာလည်း ဒီတိုင်းပဲ။ အဲ့လိုတွေ လုပ်ထားခဲ့ကြတယ်။ အကောင်းဆိုရင် ဖောက်ထားခဲ့တယ်။ သူတို့က အဲ့လောက်ထိတောင် ဘာမှ စားစရာ သောက်စရာ မရှိအောင်ကို လုပ်တာ။ အဲ့လိုမျိုးတွေ တော်တော် ဆိုးတယ်” လို့ သူ မြင်တွေ့ခဲ့ရတဲ့ မိုးမိတ်မြို့ရဲ့ အဖြစ်ကို ပြောပါတယ်။

    စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ ကျားဘီလူး စစ်ကြောင်း (ခေါ်) တပ်မ ၉၉ ⁃

    ဒီရက်စက်လှတဲ့ ဖြစ်ရပ်တွေအပြီး ဖေဖော်ဝါရီလမှာ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က စစ်ကောင်စီရဲ့ မိုးမိတ်မြို့အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ထုတ်ပြန်လာခဲ့ပါတယ်။

    “ ၂၀၂၄ ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့သည်။ ၎င်းတို့အနက် ၁၇ ဦးမှာ တပ်မ (၉၉) လက်အောက်ခံ စစ်သားများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်” လို့ ထုတ်ပြန်ပါတယ်။

    တပ်မ (၉၉) စစ်ကြောင်း အင်အား ၂၀၀ ဝန်းကျင်ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ မှာ စစ်ကူအနေနဲ့ မိုးမိတ်မြို့ကို ရောက်လာပြီး အုပ်စုတွေ ခွဲကာ တပ်စွဲခဲ့ကြပါတယ်။ ပြီးတော့ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဆိုပါတယ်။ စစ်သားတွေဟာ လူသတ်မှုများစွာအပြင် အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု သုံးခု ကျူးလွန်ခဲ့ကြပြီး မြို့က ထွက်ခွာခါနီးမှာ စုပေါင်း ပြစ်ဒဏ်အဖြစ် နေအိမ် ၁၅၀ ကျော်ကို မီးရှို့ခဲ့ကြပါတယ်။

    ဒီ ထုတ်ပြန်ချက်ထဲမှာ ခေါင်းဖြတ် အသတ်ခံရတဲ့ ကြည်တော်စု ရွာက မောင် လွင်ကိုကိုထက် တို့ရဲ့ အဖြစ်အပျက်လည်း ပါဝင်ခဲ့ပါတယ်။ စစ်အုပ်စုဟာ မြို့သိမ်းတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ် တွေရဲ့ တိုက်ခိုက်မှုကို တန်ပြန်တဲ့ စစ်ဆင်ရေးအတွင်း အရပ်သားတွေကို လက်တုံ့ပြန် ကျူးလွန်ခဲ့တယ် လို့ ဒီထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒီလို မိုးမိတ်မြို့မှာ စစ်ရာဇဝတ်မှု များစွာ ကျူးလွန်ခဲ့တဲ့ တပ်မ ၉၉ ရဲ့ စစ်ကြောင်းဟာ သူတို့ကိုယ်သူ တို့ ကျားဘီလူး စစ်ကြောင်းရယ်လို့ ကြွေးကြော်ပြီး အဲ့ဒီ စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ ဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဂုဏ်ယူပြီး ပြောတတ်ကြတယ်လို့ မြို့ခံတွေက MFP နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

    မြို့ခံတွေရဲ့ စိတ်ထဲမှာတော့ သူတို့မြို့အပေါ် ရက်စက်ကြမ်းကြုတ်ခဲ့တဲ့ ဒီစစ်ကြောင်း ရဲ့ နာမည်ကို မေ့ပစ်မှာ မဟုတ်ကြောင်း MFP သတင်းထောက်က သူတို့နဲ့ အင်တာဗျူးစဉ်မှာကိုယ်တိုင် ခံစားခဲ့ရပါတယ်။

    အဲ့ဒီနောက် ခြောက်လအကြာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းမှာတော့ တအာင်း အမျိုးသား လွတ်မြောက် ရေးတပ်မတော် PSLF/TNLA နဲ့ ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကို ပြန်လည် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄၊ ဇူလိုင်လ ၃၁ ရက်မှာ မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါတော့တယ်။

    မိုးမိတ်မြို့ဟာ တစ်နှစ်ကျော်တဲ့အထိ တအာင်းတပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ အေးချမ်းမှုရှိခဲ့ပေမယ့် အခုတော့ သူတို့ မမြင်ချင်တဲ့ အိမ်မက်ဆိုးတစ်ခုက တစ်ကျော့ပြန်လာပါပြီ။ ယခု နိုဝင်ဘာလ အတွင်းမှာပဲ မိုးမိတ်မြို့ကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စု လက်ထဲ ပြန်ပေးဖို့ မြို့ကို အုပ်ချုပ်တဲ့ TNLA က ဆုံးဖြတ်ခဲ့ ပါတယ်။

    မိုးမိတ်ကို စစ်အုပ်စု ပြန်ထိန်းချုပ်နိုင်မလား ⁍

    ဒါပေမယ့် မြို့ကို စစ်အုပ်စု လက်ထဲ မကျသွားစေရေး ခုခံကြမယ့် အဖွဲ့တွေလည်း ရှိနေပါတယ်။ မိုးမိတ်မြို့မှာ အထိုင်ချထားတဲ့ အထဲမှာ ကျောင်းသားတပ်မတော် ABSDF၊ ကချင်ဒေသ ကာကွယ်ရေးတပ် (KPDF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ NUG လက်အောက်ခံ မိုးမိတ်ခရိုင် ပ.က.ဖ တပ်တွေ ရှိနေကြပြီး ဒီအဖွဲ့တွေက စစ်အုပ်စုကို အပြင်းအထန် ခုခံကြဖို့ ပြင်ဆင်နေပါတယ်။

    “ ကျွန်တော်တို့ ဒီမှာ နေတဲ့ တစ်နှစ်ကျော်မှာ ပြည်သူတွေက စစ်ကောင်စီတပ်သားတွေအပေါ် မုန်းတီးမှု တအားကို ပြင်းထန်တာကို သိရတယ်။ သူတို့အနေနဲ့က မိသားစုတစ်ခုချင်းအလိုက်ရော တစ်မြို့လုံး အနေနဲ့ပါ တော်တော်လေး ခံခဲ့ရတယ်” လို့ မိုးမိတ်မြို့မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်တစ်ဦးက MFP ကို ပြောပါတယ်။

    သူ့အနေနဲ့ မြို့ခံတွေရဲ့ နာကျည်းမှုကို ခံစားမိတာနဲ့အတူ မိုးမိတ်မြို့ကို အသက်နဲ့ရင်းပြီး ခုခံမယ်လို့ ပြတ်သားစွာ MFP ကိုပြောပါတယ်။

    မိုးမိတ်မြို့ဟာ ၂၀၂၄ ခုနှစ်အတွင်းမှာပဲ မြို့သိမ်းတိုက်ပွဲကို နှစ်ကြိမ် ခံခဲ့ရပြီးပါပြီ။ တောင်တန်း တွေကြားက ဒီရှမ်းမြို့လေးဟာ တွင်းထွက်ပစ္စည်းကြွယ်ဝခြင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးကို ဆက်သွယ်ထားတဲ့ ဝင်ပေါက် ဖြစ်နေခြင်း စတဲ့ အချက်အချာကျတဲ့ မြို့ဖြစ် နေတာကြောင့် စစ်အုပ်စု အနေနဲ့ အကျိုးအမြတ်များစွာ ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သုံးသပ်ထားပါတယ်။

    လာမယ့် ရက်ပိုင်းအတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်အုပ်စုကြားမှာ တိုက်ပွဲတွေ ပြင်းထန်လာမှာ မလွဲမသွေပါပဲ။ စစ်အုပ်စုက မိုးမိတ်မြို့ကိုပြန်ဝင်လာနိုင်ခဲ့ရင် အပြစ်မဲ့ သေဆုံးသူတွေ၊ ကိုယ်နဲ့ခန္ဓာ အိုးစားကွဲခဲ့သူတွေအတွက် တရားမျှတမှုဟာ ဆိတ်သုန်းပျောက်ကွယ်သွားမှာ အနှေးအမြန်ပါ။ မှိုင်းညို့နေတဲ့ တောင်တန်းတွေမှာ ပဲ့တင်နေတဲ့ ရင်နာစရာ ဇာတ်လမ်းတွေအတွက် မိုးမိတ်မြို့ဟာ နောက်တခါတိုက်ပွဲဝင်ရပါဦးမယ်။

  • KK Park စီးနင်းမှုနောက်ကွယ် BGF ဘာတွေဆက်ကြံစည်နေလဲ

    KK Park စီးနင်းမှုနောက်ကွယ် BGF ဘာတွေဆက်ကြံစည်နေလဲ

    ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် KK Parkအွန်းလိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းသည် အကြမ်းဖက် စစ်ကောင်စီတပ်နှင့်BGFတပ်တို့အကြားညှိနိုင်းကာစီးနင်းမှုတစ်ရပ်လုပ်ဆောင်ခဲ့သည်။

    KK Park ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့်အလုပ်ရုံတွင် BGFတပ်ဖွဲ့များမှ လုံခြုံရေးအကြောင်းပြချက်ဖြင့် အဓိကကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူများလုံခြုံသည့်နေရာသို့အသီးသီးပြောင်းရွေ့ထားသည်ဟုလည်း စုံစမ်းသိရှိရသည်။

    ကျားဖြန့်လုပ်ငန်းချုပ်နှောင်မှုမှလွတ်မြောက်ရန် ကြိုးစားနေသူသာမန်လုပ်သားများသည် ဒီဖြစ်စဉ်အခင်းအကျင်းအပေါ် လွတ်မြောက်မှုလမ်းစတစ်ခုအဖြစ် အသုံးချကာ လွတ်မြောက်ရာ ဒေသနှင့်နီးစပ်ရာထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည်မှာ ၁၄၀၀ ဦးထက်မနည်းရှိသည်။

    ထိုင်းနိုင်ငံနဲ့နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့်ကမ္ဗောဒီးယားနိုင်ငံမှ ကျားဖြန့်လုပ်ငန်းသည် အိမ်ရှင်နိုင်ငံ ခရိုနီအပါအဝင် တရုတ်စီးပွားရေးသမားများနှင့် ထိုင်းနိုင်ငံစီးပွားရေးသမားအချို့လည်း လျှို့ဝှက်ပတ်သက် ဆက်နွယ်နေသည်ဟု ထိုင်းနိုင်ငံဆိုင်ရာအစိုးရအဖွဲ့အစည်းနဲ့နီးစပ်သည့် သတင်းအရင်းမြစ်များမှသုံးသပ် ပြောဆိုမှုများရှိနေသည်။

    ၎င်းလုပ်ငန်းများ ပပျောက်နိုင်ဖို့ရာ အင်မတန်ခက်ခဲပြီး အိမ်နီးချင်း ထိုင်းနိုင်ငံအစိုးရအနေဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု အဆိုပါသတင်းအရင်းမြစ်များမှသုံးသပ်ပြောဆိုထားသည်။

    ကရင်ပြည်နယ်တွင် ကျားဖြန့်လုပ်ငန်းအား အဓိက စတင်ဝင်ရောက်လုပ်ကိုင်သည့် တရုတ်လူမျိုး ရှိကျိကျန်းသည် အွန်လိုင်းကျားဖြန့်လုပ်ငန်းထူထောင်ရာမှာ ကရင်နယ်ခြားစောင့်တပ်(BGF)၊အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်စစ်တပ်တို့နဲ့ပါဝင်ပတ်သက်မှုများရှိနေသည်ဆိုတာ မမှားလောက်ပေ။

    KK Park စီးနင်းမှုသည် နားလည်မှုဖြင့် စီးနင်းမှုလုပ်ဆောင်ရာမှာ အာစီယံနှင့် နိုင်ငံတကာအလယ်တွင် နိုင်ငံရေးအမြတ်ထုတ်မှုနှင့် KK Park နှင့်ပြည်တွင်းရှိ ကျားဖြန့်လုပ်ငန်းနှိမ်နင်းမှုများဟန်ပြလုပ်ဆောင်မှုနှင့် အတူ စတားလင့် (star Link)စက်ဟောင်းများနှင့် ကျားဖြန့်အလုပ်ရုံမိုင်းဖေါက်မှုများ ယုတ္တိတန်အောင် လုပ်ဆောင်ဇတ်ဆင်နေခြင်းသာဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်။

    စစ်ကောင်စီသည် ကျားဖြန့်လုပ်ငန်းမှ အကျိုးအမြတ်ခံစားရရှိသည်ဟု လေ့လာသုံးသပ်ပြောဆိုမှုတွေရှိ နေသည်။ BGFတပ်ဖွဲ့များလုပ်ကိုင်သည့် ကျားဖြန့်လုပ်ငန်းသည် အကြမ်းဖက်စစ်ကောင်စီမှ လုံခြုံရေးထိပါးနှောက်ယှက်မှုမရှိသည်မှာ BGF လစဉ်ရရှိသည့် ကျားဖြန့်လုပ်ငန်းငွေကြေးများသည် စစ်ကောင်စီထံသို့ ရာခိုင်နှုန်းဖြင့်ပေးဆောင်နေရသည်ဟု သုံးသပ်သူများဆိုသည်။

    KNU ကရင်အမျိုးသားအစည်းအရုံးသည် ကရင်ပြည်နယ်အတွင်းရှိ KK Park ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်သည့် ခေါင်းဆောင်အချို့လည်းရှိသည်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် သက်သေသည်လုံးဝငြင်းဆိုမရသည့်အချက်ပေဖြစ်သည်။

    KNU အဖွဲ့အစည်းတစ်ခုလုံးကိုယ်စားပြုသည့်ဝင်ရောက်လက်မှတ်ထိုးချင်းမျိုးမဟုတ်ဘဲ စီးပွားရေး အကျိုးစီးပွားတစ်ခုတည်းသာ ရှုမြင်သည့် ပုဂ္ဂိုလ်ရေးအရ ပတ်သက်ဆက်နွယ်မှုသာဖြစ်သည်။ အောက်တိုလာလ ၂၆ရက်နေ့စွဲဖြင့် KNUဗဟို၏ထုတ်ပြန်ချက်မှာ ကျားဖြန့်လုပ်ငန်းသည် KNU အဖွဲ့အစည်းအနေဖြင့်ပတ်သက်ဆက်နွယ်ခြင်းမရှိဟုငြင်းဆိုထားသည်မှာ အားလုံးနားလည် သဘောပေါက်ကြမည်ဖြစ်သည်။

    လွန်ခဲ့သည့် ကွန်ဂရက်ကာလသက်တမ်း KNU ဉက္ကဌဟောင်းစောမူတူးစေးဖိုး တာဝန်ယူခဲ့စဉ်တွင် ဗဟိုကောင်မတီဝင်များအကြား ကျားဖြန့်တွင် ပါဝင်ပတ်သက်မှုများရှိနေသည်ဟု သတင်းထွက်ရှိမှုအပေါ် ပြည်တွင်းပြည်ပ ကရင်လူမှုအဖွဲ့အစည်းများ ဖြေရှင်းချက်ပေးရန်တောင်းဆိုကြခဲ့ကြသည်။

    KNU ဗဟိုကော်မတီအုပ်ချုပ်ရေးပိုင်းရှိခေါင်းဆောင်အချို့သည် ကျားဖြန့်လုပ်ငန်းနှင့်ပါဝင်ပတ်သက် ဆက်နွယ်မှုရှိသည်ဟုသတင်းထွက်ပေါ်လာသည့်အပေါ် ခေါင်းဆောင်များအနေဖြင့် တိကျမှန်ကန်တဲ့ ဖြေရှင်းချက်ပေးပြီးမှသာလျှင် ကွန်ဂရက်တက်ရောက်မည်ဟု KNLA ဒုစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲအပါအဝင် KNU တပ်မဟာ ၅ နှင့် ၂ အနေဖြင့် တက်ရောက်ခဲ့ခြင်းမရှိဟု ပြတ်ပြတ် သားသားငြင်းဆိုကွန့်ကွက်ခဲ့ကြသည်။

    KNU မိခင်အဖွဲ့အစည်းမှ ခွဲထွက်သည့် ကရင်လက်နက်ကိုင်အဖွဲ့များ ကျားဖြန့်လုပ်ငန်းအဓိကလုပ်ကိုင်လာ သည့် BGF၊DKBA၊PC အဖွဲ့တို့သည် ငွေလိမ်ကျားဖြန့်လုပ်ငန်းမှ ငွေကြေးအကျိုးအမြတ်များရရှိသည်မှာ သိရှိနားလည်လာပြီး ကျားဖြန့်လုပ်ငန်း နှိမ်နင်းသည်ထက် ပိုမိုအားကောင်းလာအောင် ဆက်လက်ဆောင် ရွက် ဦးတည်သွားနေသည်ကိုတွေ့ရှိရသည်။

    KK Park ကျားဖြန့်‌ငွေလိမ်လုပ်ငန်းလုပ်ကိုင်သည့်နေရာအား သရုပ်ပြစီးနင်းမှုဖေါက်ခွဲဖျက်စီးသော်လည်း ၎င်းဒေသအနီးတစ်ဝိုက်တွင် ကျားဖြန့်လုပ်ငန်းအများအပြားရှိနေသည်။ ဘုရားသုံးဆူဒေသတွင်လည်း ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်လျှက်ရှိနေသည်။

    ကရင်ပြည်နယ်တွင် ကျားဖြန့်လုပ်ငန်းများအနက် BGF ခေါင်းဆောင် ဗိုလ်မုတ်သုန်‌ထိန်းချုပ်သည့်နေရာနှင့် ဗိုလ်ချစ်သူ ထိန်းချုပ်သည့်ရွေကုက္ကိုလ်ဒေသတို့သည် ကာစီနို ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့်နေရာသည် KK Park ကျားဖြန့်လုပ်ငန်းထက် လုပ်ငန်းလည်ပတ်သည်ဟု နယ်မြေခံ သတင်းအရင်းမြစ်တစ်ဦးမှပြောပါသည်။

    KK Park အပါအဝင် ရွှေကုက္ကိုလ် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့်နေရာသည် NLDအစိုးရလက်ထက်တွင် ၎င်းနေရာများအား ဒေသဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်း၊ ဆေးရုံ၊ဆေးခန်း၊ ဈေးဝယ်စင်တာများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအတွက်တည်ဆောက်ရန် အစိုးရထံမှခွင့်ပြုမိန့် တောင်းခံသည့် အားလျော်စွာ သင့်တော်သည့်တောင်းဆိုချက်အပေါ် ခွင့်ပြုသင့်သည်ဟု မှတ်ယူကာ တည်ဆောက်ခွင့် ပြုခဲ့သည်။

    ၂၀၂၁အကြမ်းဖက်စစ်ခေါင်းဆောင် မတရားအာဏာသိမ်း သည့်နောက်ပိုင်းတွင် ဒေသအတွင်းတည်ဆောက် လုပ်ဆောင်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများသည် ကျားဖြန့်လုပ်ငန်းအသွင်ဖြင့် ပိုမိုကျယ်ပြန့်လုပ်ကိုင်လာသည် မှာ ယနေ့အထိပင်ဖြစ်သည်။

    အကြမ်းဖက်စစ်ခေါင်းဆောင်အာဏာသိမ်းသည့်နောက်ပိုင်းတွင် နိုင်ငံတာကာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု နှင့်အတူနိုင်ငံပိုင်စီးပွားရေးဘက်ပေါင်းစုံအခက်ရင်ဆိုင်နေရချိန်မှာ ကျားဖြန့်လုပ်ငန်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တပ်အတွက်‌ စစ်အသုံးစားရိတ်အတွက် အသက်ရှုပေါက်တစ်ခုဟုလည်းဆိုရသည်မှာ မမှားပေ။

    နိုင်ငံတာကာနှင့် အာဆီယံ နိုင်ငံများအကြား နိုင်ငံရေးအမြတ်ထုတ်မှုလုပ်ဇတ်သည် KK Park ကျားဖြန့် လုပ်ငန်းနေရာတွင် ကျားဖြန့်လုပ်ငန်းရပ်တန့်နိုင်သော်လည်း ကျားဖြန့်လုပ်ငန်းသည် ထပ်မံဆက်လက် ရှင်သန်ရန်ခြေလှမ်းပြင်ဆင်နေသည်။

    ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် BGFခေါင်းဆောင် စောချစ်သူအပါအဝင် BGFခေါင်းဆောင်များသည် ကရင်အချင်းချင်းမတိုက်လိုသည့်အပြင် စစ်ကောင်စီဘက်တွင်လည်း စစ်ရေးပါဝင်ပတ်သက်မှုမရှိဘဲ ရပ်တည်မည်ဟု ကြွေးကြော်ထားပြီး KNU ထိပ်ပိုင်းခေါင်းဆောင်များနှင့် ယုံကြည်မှုတည်ဆောက်ကာ KNU ဗဟိုသို့အကြိမ်ကြိမ်လာရောက်တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည်။

    BGF မှ Karen National Army (KNA) အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း ဗိုလ်ချစ်သူသည် တော်လှန်ရေးတပ်နှင့်တိုင်းရင်းသားမဟာမိတ်တပ်များအပေါ်ရိုးသားမှုမရှိဘဲ အခွင့်ကောင်းယူကာ စစ်ကောင်စီအတွက် အသုံးချသွားသည်ကိုတွေ့ရှိရသည်။

    လက်ရှိတွင် ကရင်ပြည်နယ်အတွင်းရှိ မယ်တရေဒေသနှင့် မြိုင်ကြီးငူအပါအဝင် မဲတဝေါလမ်းဒေသဘက်သို့ ကျားဖြန့်လုပ်ငန်းဆက်လက်ရှင်သန်လုပ်ကိုင်ရန် ကြိုးစားနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

    ပုံဟောင်းများ

  • အိမ်ဖောက်ဝင်လာတဲ့ သူခိုးကို ရဲလက်အပ်ခဲ့တဲ့ ကေပေါ့ပ် အဆိုတော် နာနာ

    အိမ်ဖောက်ဝင်လာတဲ့ သူခိုးကို ရဲလက်အပ်ခဲ့တဲ့ ကေပေါ့ပ် အဆိုတော် နာနာ

    အိမ်ထဲ ဖောက်ထွင်း ဝင်လာတဲ့ သူခိုးကို တောင်ကိုးရီးယား ကေပေါ့ပ် အဆိုတော် နာနာနဲ့ သူ့အမေက ပြန်ခုခံ ဖမ်းချုပ်ပြီး ရဲလက်အပ်ခဲ့တယ်လို့ တောင်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

    ဂူရီမြို့မှာရှိတဲ့ နာနာရဲ့အိမ်ထဲ အသက် ၃၀ ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖောက်ထွင်း ဝင်လာပြီး နာနာတို့သားအမိကို လက်နက်ပြ ခြိမ်းခြောက်ခဲ့ပါတယ်။

    ဒါပေမဲ့ အသက် ၃၄ နှစ်အရွယ် နာနာ (အမည်ရင်း အင်မ်ဂျင်းအာ) နဲ့ သူ့အမေက ရဲတွေ ရောက်လာတဲ့အချိန်အထိ သူခိုးကို ဖမ်းချုပ်ထားနိုင်ခဲ့တယ်လို့ နာနာရဲ့အေဂျင်စီက သတင်းမီဒီယာတွေကိုပြောပြပါတယ်။

    ရုန်းရင်းဆန်ခတ် ဖြစ်ချိန်မှာတော့ သူ့အမေ သတိမေ့သွားခဲ့ပြီး နာနာရော အမေပါ ဆရာဝန်နဲ့ ပြခဲ့ရတယ်လို့ ယွန်ဟပ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

    အိမ်ထဲ ဖောက်ထွင်းဝင်လာတဲ့ သူခိုးက တန်ဘိုးကြီး ပစ္စည်းတွေ ခိုးဖို့ ကြိုးစားခဲ့တာ ဖြစ်ပြီး ခြိမ်းခြောက်လုယက်မှု စွဲချက်နဲ့ သူ့ကို ရဲက ထိန်းသိမ်းထားတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးသမားတစ်ဦးက AFP သတင်းဌာနကို ပြောပြပါတယ်။

    အဲဒီ သံသယတရားခံဟာ အိမ်ထဲကို ဖောက်ထွင်းဝင်လာခဲ့အပြီးမှာ နာနာ့ကိုရော သူ့အမေကိုပါ ခြိမ်းခြောက်၊ ငွေတောင်းခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီလူကို ချုပ်ထားအပြီးမှာ နာနာတို့က ရဲကို လှမ်းခေါ်ခဲ့ပါတယ်။ အဲဒီလူလည်း ဆေးကုခံဖို့ ဆေးရုံပို့လိုက်ရတယ်လို့ သတင်းဌာနတွေက ပြောပါတယ်။

    နာနာ ဟာ ၂၀၀၉ ခုနှစ်မှာ After School ဆိုတဲ့ ကေပေါ့ပ် အမျိုးသမီး ဂီတအဖွဲ့နဲ့အတူ လူကြိုက်များ ရေပန်းစားလာခဲ့ပါတယ်။

  • All Out: Aj Raval (2025)

    All Out: Aj Raval (2025)

    ဖိလစ်ပိုင်လူကြီးကားကြည့်နေကျ ညိုကီတို့အတွက်တော့ ဒီအေဂျေရာဗဲလ်နဲ့ စိမ်းမယ်မထင်ပါဘူး။

    ဒီဇာတ်ကားမှာတော့ အေဂျေ့ရဲ့ ရိုက်ကူးပြီးသားဇာတ်ကားအားလုံးကို ပြန်ပြီး review ပေးထားတဲ့ပုံစံနဲ့ တွေ့မြင်ရမှာပါ။

    ဇာတ်လမ်းမကြည့်ချင်ဘူး အဓိကပဲကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် ကောင်းနိုးရာရာလေးတွေအမြည်းကျွေးထားတာမျိုးပါ။

  • Curse of the Monkey’s Claw

    Curse of the Monkey’s Claw

    Kutukan Cakar Monyet (2023)

    ဆုတောင်းသုံးခုဖြည့်ပေးတဲ့ မျောက်လက်အကြောင်း ဇာတ်လမ်းကိုမကြားဖူးတဲ့သူ မရှိသလောက်နည်းကြပါလိမ့်မယ်။ ရှေးခေတ်အင်္ဂလိပ်စာရေးဆရာတစ်ဦးရဲ့၀တ္ထုတိုတစ်ပုဒ်ကနေဆင်းသက်လာခဲ့တာဖြစ်ပြီး အောင်မြင်မှုကြောင့် ရုပ်ရှင်တွေ၊ပြဇာတ်တွေအမျိုးမျိုးပြန်လည်အသက်သွင်းရာကနေအခုချိန်ထိ မူကွဲအမျိုးမျိုးနဲ့တည်ရှိနေဆဲဖြစ်ပါတယ်။

    အဲ့ဒီမျောက်လက်ကိုပိုင်ဆိုင်သူက ဆုတောင်းသုံးခုတောင်းပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီဆုတောင်းတွေဟာ ကံကြမ္မာကိုဝင်ရောက်စွက်ဖက်သလိုဖြစ်သွားတာကြောင့် ဆုတောင်းပြည့်ပေမယ့်ပြန်ပြီးပေးဆပ်ရမယ့် အကျိုးဆက်ဟာကြီးမားပြီး ကြောက်စရာကောင်းလေ့ရှိပါတယ်။

    ဥပမာ မူရင်း၀တ္ထုထဲမှာဆိုရင်အိမ်ဖိုးငွေပေးချေနိုင်ဖို့ပေါင် ၂၀၀ ရရှိဖို့ဆုတောင်းရာကနေ သားဖြစ်သူမတော်တဆမှုနဲ့သေဆုံးသွားခဲ့ပြီး ဆုတောင်းထားတဲ့ငွေကို အာမခံငွေအဖြစ်ရရှိခဲ့တာမျိုးပါ။

    Kutukan Cakar Monyet (2023) ဟာ အထက်ပါမျောက်လက်ဒဏ္ဍာရီကိုအခြေခံထားတဲ့ အင်ဒိုနီးရှားဟော်ရာကားတစ်ကားပါ။ ရွိုင်းနဲ့ အမရာဆိုတဲ့ဇနီးမောင်နှံနှစ်ယောက် ဘ၀သစ်တစ်ခုစဖို့ အိမ်သစ်တစ်လုံးကိုပြောင်းရွှေ့နေထိုင်ရာကနေ အရင်အိမ်ရှင်တွေချန်ထားခဲ့တဲ့ လက်သဏ္ဍာန်သစ်သားရုပ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။

    အဲ့ဒီအရုပ်ရဲ့ထူးခြားတဲ့ အရိပ်နိမိတ်ပြမှုတွေကနေ သူ့အစွမ်းကိုသိသွားခဲ့ပြီး သူတို့ဘ၀မှာ လိုအပ်နေတဲ့အရာတွေကိုဆုတောင်းရာကနေ သူတို့အိမ်ထောင်ရေးအက်ကြောင်းထစပြုလာပြီး ကြောက်မက်စရာ အခြောက်အလှန့်မျိုးစုံနဲ့ရင်ဆိုင်တွေရတဲ့အကြောင်းတွေကိုပုံစံသစ်တစ်မျိုးနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ The Raid မင်းသား Oka Antara ရဲ့ဇာတ်ကားသစ်ပါ။