Author: Admin-501

  • အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင်

    အလင်းဝင်လိုတဲ့ စစ်သားနဲ့ အလင်းမဝင်တဲ့စစ်သားအချင်းချင်းကြားလည်းပစ်ခတ်မှုဖြစ် ပြီး ထိခိုက်သေဆုံးမှုရှိ

    ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နပခ အတွင်းမှာ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ အစာငတ်ပြတ်နေလို့ အသုတ်လိုက်အလင်းဝင်မှုရှိကာ အလင်းဝင်လို တဲ့စစ်သားတွေနဲ့ အလင်းမဝင်ချင်တဲ့ စစ်သားတွေအချင်းချင်းကြားလည်း ပစ်ခတ်မှုဖြစ်လို့ ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသသတင်းရင်းတွေဆီက သိရပါတယ်။

    အခုရက်ပိုင်းအတွင်း အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာ လက်နက်ချအညံ့မခံဘဲ ပြန်တိုက်နေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တိုက်ပွဲထဲက ထွက်ပြေးနေကြတဲ့ စစ်သားတွေဟာ ရိက္ခာတွေပြတ်လပ်နေလာနေတဲ့အတွက် အလံဖြူထောင် လက်နက်ချသူရှိသလို အာရက္ခ တပ်တော် – AA ကို တိုက်ခိုက်နေတဲ့ စစ်သားတွေလည်း ရှိနေသေးတာပါ။

    အာရက္ခတပ်တော် အနေနဲ့လည်း နပခ ကိုအပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် လက်ကျန် စစ်ကောင် စီ တပ်သားတွေကို လိုက်လံရှင်းလင်းနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။

    “တပ်ထဲမှာ ရိက္ခတွေပြတ်နေတော့ ထွက်ပြေးကြတဲ့ စစ်သားတွေလည်းရှိတယ်၊ ခံတိုက်နေတဲ့ စစ် သားတွေလည်းရှိတယ်၊ တပ်တော်အနေနဲ့က ထွက်ပြေးနေတဲ့ စစ်သားတွေကို လိုက်လံဖမ်းဆီးနေ ရသလို တပ်ထဲမှာ ခံတိုက်နေတဲ့ စစ်သားတွေကိုလည်း တိုက်ခိုက်နေရတာရှိတယ်၊ တစ်ချို့စစ်သား တွေက အလံဖြူထောင်လက်နက်ချအလင်းဝင်တာ၊ ဆယ်ယောက်တစ်သုတ်စီလက်နက်ချအလင်း ဝင်နေတာလည်းရှိတယ်၊ တပ်က ဖရိုဖရဲအတော်ဖြစ်နေတာပါ” လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    အမ်းမြို့နပခတပ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ် အရာရှိကြီးပိုင်းများမှာ ထွက်ပြေးသွားပြီ ဖြစ်ပြီး အောက်ခြေတပ်သားများမှာ အငတ်ငတ်အပြတ်ပြတ်နှင့် ဖရိုဖရဲဖြစ်နေကြောင်း၊ လက်နက်ချ လိုသူများနှင့်လက်နက်မချလိုသူများအကြားလည်း ပစ်ခတ်မှုရှိပြီး ထိခိုက်သေဆုံးသော စစ်သားများလည်းရှိကြောင်း သိရသည်။

    ရခိုင်ပြည်နယ်အမ်းမြို့တစ်ခုလုံးကို အာရက္ခတပ်တော် -AA က အလုံးသိမ်းပိုက်ထိန်းချုပ်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ တပ်ရင်းကို အလုံးစုံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိရာ ဗဟိုကင်းအထိ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း၊ အာရက္ခတပ်တော် – AA အနေနဲ့ အလုံးစုံ သိမ်းပိုက်ရရှိပြီဟု သိရှိရသော်လည်း တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပေ။

  • စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ

    စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ

    ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ

    ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

    နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဂွမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်လာကြောင်း၊ စစ်ဘေးရှောင် ရခိုင်ပြည်သူများမှာ ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံ ကမ်းခြေတို့ဘက်သို့ပါ စစ်ဘေးရှောင်ကြကြောင်း၊ သို့ရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေမှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင် ရခိုင် ပြည်သူများကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ၇ ရက်အတွင်း ထွက်ခွာကြရန်နှင့် လုံး၀ နေခွင့်မပြုဟု အမိန့်ပေးလာကြောင်း သိရသည်။

    “ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေဘက်ဆီကို စစ်ရှောင်ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ကခေါ်ယူပြီးဒီနေ့ကစလို့ ၇ ရက်အတွင်းထွက်သွားရမယ်။ လုံးဝနေခွင့်မပြုဘူးလို့ ပြောတယ်။ စစ်ရှောင်ပြည်သူတွေမှာအခက်ကြုံနေကြရပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူများကို ကူညီနေသူ တစ်ဦးက ပြောဆိုသည်။

    ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင် ပြည်သူများမှာ ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ၊ ရဟိုင်ကတို့ကျေးရွာ၊ ကျောက်ကြီးကျေးရွာ၊ ရဟိုင်ဖျားကျေးရွာနှင့် ကွမ်းရားရှည်ကျေးရွာများနှင့် ဂွမြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

    လတ်တလော ရခိုင်ပြည်၊ ဂွမြို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး AA တပ်များက မြို့အတွင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ဂွမြို့၏ မြို့တွင်းနေရာများကိုလည်း AA က ဆက်တိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

    “ဂွမှာလဲ မြိုတွင်းနေရာများကို သိမ်းပိုက်ထားပီးကျန်တဲ့နေရာများကို ဆက်လက်ဦးတည်နေပါတယ်” ဟု AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

  • မွင်းနား အကြီးကြီး တစ်ပွဲသီးသန့်

    Super Sunday မှာ တော်-လှန်-ပြ-ည်သူတွေကို သတ-င်းကော-င်းပေးမယ် ✅ ✅

    မွင်းနား အကြီးကြီး တစ်ပွဲသီးသန့် ✅

    ဘယ်ဂွ-င်မှာ ဖြစ်တာလဲ ❓❓

    ဟုတ်ကဲ့ … အစ်ကိုချေတို့ အပြ-ည့်အ၀ ထိ-န်းချု-ပ်ပြီးဖြစ်တဲ့ မော-င်းတောဂွ-င်ကို ရူး-ရူး-မို-က်-မို-က် ဦးနှော-က်ဉာ-ဏ်မဲ့စွာနဲ့ ထ-ပ်ပြီး ၀-င်-တိုး-ဖို့ ကြိုးစားရင်း မတ်စိကို-က်သွားပါတယ်။

    ဘယ်သူလဲ ဆိုတော့ တ-မ-ခ ၂၂ (ဘားအံ ) တ-ပ်-မ- မှူး အောင်နေ-မျိုး (D-S-A ၄၁ )ပဲ ဖြစ်ပါတယ်။မနေ့မနက်က ပူပူနွေးနွေးလေး ဖြစ်ပါတယ်။

    ✅ တယ်လီဂရမ် ချန်နယ်တွေမှာ မကြာခင်အ-လေး -ပြု-ကြလိမ့်မယ်

    ဇင် ယော်
    ၂၀၂၄ ဒီ ၁၅ ၀၉၁၄
    ZinYawCaptain

  • မြို့နယ်သုံးခုဆက်တိုက်သိမ်းထားတဲ့ AA ဂွမြို့သိမ်းတိုက်ပွဲဆက်လက်ဖော်ဆောင်

    ခမရ-၅၆၃ ကို AA ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေ

    မောင်တော၊ တောင်ကုတ်နဲ့ အမ်းတို့ကိုရထားတဲ့ အာရက္ခတပ်တော်(AA)က ရခိုင်ပြည်၊ တောင်ဘက်စွန်းမြို့ဖြစ်တဲ့ ဂွမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖော်ဆောင်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ဂွမြို့ရှိ စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ ခမရ-၅၆၃ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဂွမြို့အနီးဝန်းကျင်က တပ်စခန်းငယ်တွေကို သိမ်းပိုက်ပြီးနောက် ခမရ-၅၆၃ ကို AA ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီရဲ့တပ်စခန်းတွေ မီးလောင်ပျက်စီးနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “ဂွမှာလည်း လက်နက်ချခိုင်းထားတယ်။ အခြေနေမဟန်မှ လက်နက်ချမယ့်သဘောရှိတယ်။ အခုကတော့ ပြန်ခုခံနေလို့ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

    ဂွမြို့အနီးရှိ တပ်စခန်းငယ်တွေကို တိုက်ခိုက်သိမ်းပိုက်စဉ်က AA ဆီ လက်နက်ချ အလင်းဝင်သူတွေရှိပြီး ကျန်ရှိနေတဲ့ တပ်ရင်းနှစ်ခုက စစ်ကောင်စီတပ်သားတွေလည်း AA က လက်နက်ချဖို့ ပြောဆိုပေမဲ့ ဒီကနေ့ထိ လက်နက်ချတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

    ဂွမြို့မှာ စစ်ကောင်စီရဲ့ ခမရ- ၅၆၂ နဲ့ ၅၆၃ တပ်ရင်း နှစ်ခုရှိပြီး ဂွမြို့အနီး တိုက်ပွဲတွေပြင်းထန်နေကတည်းက အဲဒီတပ်ရင်းတွေကို ဧရာဝတီတိုင်းဘက်က စစ်ကောင်စီတပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေကို မကြာခဏပို့ဆောင်ပြီး အင်အားဖြည့်တင်းထားတယ်လို့ စုံစမ်းသိရှိပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီက AA ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့ ဧရာဝတီတိုင်းဘက်ကနေ စစ်အင်အားကို ဖြည့်တင်းပြီး ခုခံနေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ဂွမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ သုံးခု ပေါင်းပြီး ခုခံကာကွယ်နေပေမဲ့ AA ထိုးစစ်ကို အလူးအလဲခံနေရတယ်လို့ AA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    “သူတို့တွေက လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲနေတာရှိတယ်။ နောက်ထပ် ဂွချောင်းဘက်ကနေ စစ်တပ်နေဗီက လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကိုပစ်နေတာတွေရှိတယ်။ အခြေနေက ကောင်းပါတယ်။ ဒီလအတွင်း မြို့ကိုသိမ်းနိုင်ဖို့ AA က ကြိုးစားနေပါတယ်” လို့ သူက ပြောပါတယ်။

    ဂွမြို့အနီး ကျိန္တလီမြို့မှာ တိုက်ပွဲတွေပြင်းထန်လာကတည်းက မြို့ပေါ်ရှိ အရပ်ဘက် ဌာနဆိုင်ရာရုံးတွေက ဝန်ထမ်းတွေအားလုံး မြို့ကို စွန့်ခွာကာ ဧရာဝတီတိုင်းဘက်ကို ပြောင်းရွှေ့သွားကြပြီး မြို့မရဲစခန်းတစ်ခုသာ ကျန်ရှိနေတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ အဲဒီမြို့မရဲစခန်းက စစ်ကောင်စီတပ်သားတွေလည်း စခန်းစွန့်ခွာကာ ဂွနဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ဂွချောင်းတံတားကတစ်ဆင့် ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးသွားပြီလို့ သိရပါတယ်။

    ဂွမြို့နယ်ရဲ့ ချင်းကွင်းကျေးရွာအနီးက စစ်ကောင်စီရဲ့စခန်းငယ်တစ်ခုကို ဩဂုတ်လ ၈ ရက်နေ့မှာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဂွမြို့နယ်အတွင်း တိုက်ပွဲစတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့တပ်စခန်းငယ်တွေကို အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲကာလ လေးလကျော်အတွင်း AA ရဲ့ ထိုးစစ်ဟာ မြို့နားထိရောက်ရှိလာပြီး စစ်ကောင်စီရဲ့တပ်ရင်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

    လက်ရှိမှာတော့ ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ် သုံးမြို့မှာ အမ်းနဲ့ တောင်ကုတ်ကို AA က သိမ်းပိုက်လိုက်ပြီလို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ပြောဆိုထားပြီး ကျန်ရှိနေတဲ့ ဂွမြို့ကိုလည်း ဒီလအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ AA က အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    သုတ

    ဓာတ်ပုံ- AA Info Desk

  • အမှတ် (၅) နယ်ခြားစောင့်တပ်အနေအထားနှင့် မင်းအောင်လှိုင် ကျရှုံးခန်း

    အမှတ် (၅) နယ်ခြားစောင့်တပ်အနေအထားနှင့် မင်းအောင်လှိုင် ကျရှုံးခန်း

    ယူနီဖောင်းများ ဘိုသီဘတ်သီ ဖရိုဖရဲ နှင့် ဖြစ်နေပြီး အခန်းကျဉ်း လေး တခုထဲတွင် စုပြုံ ထိုင်နေကြသော အမှတ် (၅) နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ဗီဒီယို ဖိုင်သည် အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

    အံ့ဩစရာ ကောင်းနေသည်က ထိုဗီဒီယိုကို နိုဝင်ဘာ ၈ ရက် နေ့က ရိုက်ကူးခဲ့ခြင်း ဖြစ်သည် သိလိုက်ရသော ကြောင့်ပင် ဖြစ်သည်။

    သို့ဆိုက မင်းအောင်လှိုင်၏ စစ်သားများသည် ပြတင်း‌ ပေါက် များ၊ တံခါးများ ပိတ်ထားရပြီး မှောင်မဲလှစွာသော အခန်း ကျဉ်းကျဉ်း လေးထဲတွင် တလ ‌ခန့် ထိုသို့ နေခဲ့ကြရသည် အဖြစ် ကို အထင်အရှား တွေ့မြင်လာခဲ့ရသည်။ ဗီဒီယို တွင် ပါရှိလာသော အပြောများအရ ရှစ်လ ပိုင်း လေးရက်နေ့ကတည်းက ပိတ်မိနေခြင်း ဖြစ်သည်ဟု သိရသည်။ ထို အတော အတွင်း ၎င်းတို့အားလည်း ကယ်ထုတ်ရန် ကြိုးစားသည်များလည်း မရှိဟု ဆိုသည်။ ယခု အခါ အဆောက်အဦးထဲတွင် ပိတ်မိနေကြသူများသာ ကျန်တော့သည်ဟု လည်း ဆိုသည်။

    ဗိုလ်ချုပ်မှုး ကြီး မင်းအောင်လှိုင်အား ၎င်းတို့ကို ကယ်ထုတ်ပေးရန်၊ စစ်ကူပေးရန် တစာစာ တောင်းဆိုနေရင်း အသက် ဆုံးရှုံးသွားကြရပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး တွင် လွန်စွာ အရေးပါ‌ သော စစ်စခန်းကြီး လက်လွှတ်လိုက်ရသည့် အဖြစ်သည် စစ်တပ်ကို ထောက်ခံနေကြသူများ အဖို့ လွန်စွာ တုန်လှုပ်စရာ၊ ဒေါသထွက် နာကျည်းစရာ ကောင်းလှသော အဖြစ်သနစ်ကြီးပင် ဖြစ်သည်။

    တိုက်ရင်း ခိုက်ရင်း ကျဆုံးသွားသည် က တပိုင်း ယခုလို အနေအထား မျိုး နှင့် မိမိတို့ ကံကြမ္မာ မည်သို့ ရှိမည်၊ ကျန်ရစ်ခဲ့သည့် ဇနီး သားမယားအတွက် မည်မျှ စိတ်သောက ရောက်နေရှာမည် နည်း။

    မင်းအောင်လှိုင်အား မျက်စိမှိတ် ထောက်ခံပေးနေသူ များ အနေဖြင့် ကိုယ်ချင်းစာ သင့်လှသည်။

    ယခုအခါ ၎င်းတို့၏ စစ်ကဲကြီး သူရိန်ထွန်း အား ဖမ်းဆီးရမိခဲ့ခြင်း နှင့် အတူ စစ်သားများ ရာချီ၍ အသက်ဆုံးရှူံးသွားခဲ့ရ၍ ဗီဒီယို ထဲပါ စစ်သားများလည်း ပါဝင်မည်ဟု ယူဆရပေသည်။

    ပြူစောထီး ဘက်တော်သား တဦး ဖြစ်သည့် ဇော်ဖုန်းဟိန်း ဆိုသူကလည်း အမိမဲ့ အဖမဲ့ ကျန်ရစ်ရှာမည့် ကလေး များ အတွက် ခင်ဗျား ဘာလုပ်ပေးမှာတုန်း ဟု ဒေါသတကြီး မေးခွန်းထုတ်လာခဲ့သည်။

    တရုတ် အတွက် သာ မင်းအောင်လှိုင်သည် အသုံးဝင် နေသော်လည်း ၎င်းအား ထောက်ခံသူများ ကတော့ လွန်စွာ စိတ်ပျက်လာနေပြီ ဖြစ်သည်။

    မင်း‌အောင်လှိုင်သည် ကြက်ခြံ၊ ဝက်ခြံ များ လိုက်ကြည့်၊ ပွဲလမ်း သဘင်များ တက်ရင်း အချိန်ကုန် နေစဉ် တွင် အာရက္ခ တပ်တော်သည် ရခိုင် တပြည်လုံး၏ ၈၀ ရာနှုန်း ကျော် ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။ ကျန်ရှိနေဆဲ ဖြစ်သော စစ်တွေ၊ ကျောက်ဖြူ မြို့များ တွင် စစ်တပ်သည် ဝိုင်းပိတ်ခံထားရသည့် အနေအထား နှင့် ရုန်းကန်နေကြရသည်။ အမ်း ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် သည်လည်း နေ့လား ညလား ဖြစ်နေပေပြီ။

    ချင်းတော်လှန်ရေး တပ်ဖွဲ့များကလည်း ဖလမ်းမြို့ကို သိမ်းယူ နိုင်ရန် အပြင်းအထန် ထိုးစစ် ဆင်လျက် ရှိသည်။

    မင်းအောင်လှိုင်သည် ထိုအရေးများသည် ၎င်းနှင့် လားလားမှ မဆိုင်သည့် အလား ပြင်ဦးလွင် ရုက္ခဗေဒ ဥယာဉ် နှစ် တရာ ပြည့် ပန်းပြပွဲ သို့ သွားရန် ပြင်ဆင်နေပြီဟု သိရသည်။

    လက်ရှိ နယ်ခြားစောင့် အမှတ် (၅) တပ်၏ အဖြစ်ဆိုး ကြောင့် မင်းအောင်လှိုင် နှင့် အပေါင်းအပါများအဖို့ အပြောင်းအလဲများကို မဖြစ်မနေ လုပ်ရတော့မည် ဖြစ်၍ စောင့်ကြည့်ရမည်ဟု စစ်တပ် အရာရှိ ဟောင်းများ နှင့် ဖွဲ့စည်းထားသည့် မဟာဗျူဟာ လေ့လာရေး သေနင်္ဂဗျူဟာ အင်စတီကျု မှ ထောက်ပြခဲ့သည်။

    နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က စစ်တပ် ထောက်ခံသူများ ဖက်က ထိုသို့ စိုးရိမ်တကြီး လေသံများ ထွက်လာလေ၊ မင်းအောင်လှိုင်၏ နောက်ဆုံး ရက်များ နီးလာလေ ပင် ဖြစ်သည်ဟု ဆိုသည်။ မောင်းတော ရှိ နခခ (၅) ၏ အဖြစ်အပျက် များကို ကြည့်ပြီး မင်းအောင်လှိုင်လို လူမျိုးကို ရှေ့လျောက် ဆက်ထောက်ခံ သွားသင့်လား မသွားသင့်လား ဆိုသည်ကို စဉ်းစားရတော့မည် ဖြစ်သည်ဟု ထောက်ပြသွားခဲ့သည်။

    ယခုအချိန် အထိ မောင်းတော ကို လက်လွှတ်လိုက်ရမှု အပေါ် စစ်ကောင်စီ ဖက်က တခွန်းတပါဒ မျှ ထုတ်ပြန်ခြင်း မရှိသေးပေ။

    ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်။

    (RFA ၏ “In viral video, besieged Myanmar troops bemoan lack of support from junta chief” ဆောင်းပါးအား ကိုးကား တင်ပြသည်)

    ✍Hla Soewai