Author: Admin-501

  • လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ  ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံး

    လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံး

    နတ်ရေကန်လေကြောင်းရန်စခန်းသို့ လေထီးဖြင့်ချပေးသောပစ္စည်းထုတ်များအား ကောက်ယူနေစဉ်AAမှ ဒရုန်း၊လက်နက်ကြီးဖြင့် ပစ်ခတ်၍ စစ်သားအချို့သေဆုံးပြီးကမ္ဘာလုံးပါပြိုထွက်သွား

    စစ်အုပ်စု အဖွဲ့ဝင်များ ပိတ်မိနေသည့် အမ်း-ပဒါန်းလမ်း၊နတ်ရေကန်တောင်ပေါ်ရှိလေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကို လေထီးဖြင့်ချပေးသော လက်နက်ခဲယမ်း၊စားနပ်ရိက္ခာများကိုစစ်သားများ ကောက်ယူနေစဉ်အာရက္ခတပ်တော် (AA) မှလက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်၍ စစ်သား ၁၀ကျော်ခန့်သေဆုံးပြီး ကမ္ဘာလုံးပါ ပျက်စီးသွားသည်ဟု သတင်းရရှိသည်။

    ၎င်းအခြေအနေကို သိရှိထားသည့် စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “နတ်ရေကန်ကို လေကြောင်းရန်ကာကွယ်ရေးတောင်ကုန်းကိုလေထီးတွေနဲ့ ဒီနေ့မနက်တစ်ကြိမ်၊နေ့လယ်တစ်ကြိမ်၊ နှစ်ကြိမ်လာချပေးတယ်။ဒုတိယအကြိမ်ပစွည်းကောက်နေတုန်းအေအေလက်နက်ကြီးတပ်ဖွဲ့ကဒရုန်း၊ လက်နက်ကြီးတွေနဲ့ ချိန်ကိုက် ပစ်ခတ်ခဲ့တာပါ”ဟု ပြောသည်။

    နိုဝင်ဘာ ၁၆ ရက် နံနက်က ပထမအကြိမ်တွင် Y12 မှ လေထီးဖြင့် ရိက္ခာထုတ်များချပေးခဲ့သလို နေ့လယ်ပိုင်းတွင် ဒုတိယတစ်ကြိမ် Y 8 ဖြင့်ချပေးခဲ့သည်ဟုဆိုသည်။

    “ပထမတစ်ကြိမ် Y12 နဲ့ချပးတော့ဘာမှ မဖြစ်ဘူး။ ဒုတိယတစ်ကြိမ် Y 8 က လေထီးတွေနဲ့ချပေးတယ်။စစ်သားတွေက ခိုအောင်းနေတဲ့ နေရာတွေကနေ ပြေးထွက်လာပြီး ပစ္စည်းထုတ်တွေကိုစုပြုံပြီးကောက်နေတုန်းAA က ချိန်သားကိုက် ပစ်ခတ်လိုက်တာပါ။ လူလည်းတစ်ဆယ်လောက် သေမယ်လို့ ခန့်မှန်းရတယ်။ စခန်းကုန်းပေါ်က ကမ္ဘာလုံးအဆောက်အဦးလည်းလက်နက်ကြီးထိပြီး ပြိုသွားတယ်”ဟု၎င်းက ဆက်ပြောသည်။

    အမ်း-ပဒါန်းလမ်းပေါ်ရှိနတ်ရေကန်တောင်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကိုအာရက္ခတပ်တော်ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ရက်အတန်ကြာ ၀ိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကူစစ်ကြောင်းများကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တောင်ခြေနားထိ မရောက်နိုင်အောင် ဖြတ်တောက် ပိတ်ဆို့ တိုက်ခိုက်ထားသည်။

    သို့အတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပြတ်တောက်နေသည့် နတ်ရေကန်ဗျူဟာတောင် လေကြောင်းရန်ကာကွယ်ရေးစခန်းကို လေယာဉ်များမှနေ လေထီးများဖြင့် ရိက္ခာများ ချပေးနေရသည်။

    “နတ်ရေကန်တောင်မှာ ရိက္ခာက ပြတ်လပ်နေပါပြီ။ ဒါကြောင့် လေကြောင်းကနေ လေထီးနဲ့ နေ့တိုင်းလိုလို ချပေးနေရတယ်။ အေအေကလည်း အဲဒီတောင်ကို ပတ်ပတ်လည်က ဝိုင်းထားပြီး အလံဖြူထောင် လက်နက်ချဖို့ ပြောထားတယ်။ အောက်ခြေက စစ်ကူလည်း မရောက်နိုင်တော့ဘူး ဆိုရင် နတ်ရေကန်က ကြာကြာတောင့်ခံဖို့ မလွယ်ကူနိုင်ပါဘူး”ဟု ပြောသည်။

    နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းတွင် စစ်ရေးအရ ခြိမ်းခြောက်ခံနေရပြီး ရိက္ခာများပါ ပြတ်လပ်နေ၍ ထွက်ပြေးသူ စစ်သားများရှိနေသလို အာရက္ခတပ်တော်ထံတွင် လက်နက်ချ အလင်း ဝင်ရောက်သူများလည်း ရှိနေသည်ဟု သိရသည်။

    အကြမ်းဖက်စစ်တပ်သည် လမ်းသစ်၊လမ်းဟောင်း နှစ်ခုလုံးကိုအသုံးပြုပြီး ယခုလ အစောပိုင်းက စပြီး နတ်ရေကန်တောင်ကို ပြန်လည်ပြီးအပြင်းအထန် ထိုးစစ်ဆင်နေသော်လည်းလမ်းဟောင်းဘက်က ဗဇီကျေးရွာနှင့် လမ်းသစ်ဘက်တွင် ဂုတ်ကြီးကျေးရွာကို ရောက်ရှိမလာနိုင်ဘဲ ဝိုင်းဝန်း တိုက်ခိုက်ခံနေရသည်ဟုဆိုသည်။

    “အကြမ်းဖက်စစ်တပ် ထိုးစစ်ကတော့လမ်းနှစ်ဖက်စလုံးကဆင်နေတယ်။ဒါပေမဲ့တိုးမရောက်ဘူးဖြစ်နေတယ်။အေအေကနေရာကောင်းကနေစောင့်ဆိုင်း တိုက်ခိုက်တဲ့အတွက် တချို့စစ်ကြောင်း တချို့ဆိုရင် အကျအဆုံးများပြီး နောက်ပြန်ဆုတ်နေရတယ်”ဟု၎င်းက ပြောသည်။

    စစ်အုပ်စုသည်ထိုးစစ်အောင်မြင်မူမရဖြစ်နေသည့်အတွက် လေကြောင်းမှဂျက်ဖိုက်တာများဖြင့် အနီးအနားကျေးရွာတွေဖြစ်ကြသည့်နောင်ရွာ၊လိူင်ရွာ၊ပဇီ၊စွန်တက်၊လင်းတဲ၊ဂုတ်ကြီးစသည့်ကျေးရွာများကိုဗုံးကြဲနေမှုကြောင့်အိမ်ခြေအများအပြားနှင့်ဘာသာရေး အဆောက်ဦများ၊စာသင်ကျောင်းများလည်း ပျက်စီးဆုံးရှုံးမှုရှိနေသည်ဟုသိရသည်။

  • အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေး

    အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေး

    အိမ်သာရေဆွဲခွက်အတွင်းစွန့်ပစ်ထားတဲ့ မွေးကင်းစကလေးကို ကယ်ဆယ်နိုင်ခဲ့

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ လကဘန်မြို့နယ်၊ ခလောင်ဆောင်တွန်းရပ်ကွက်မှာ စွန့်ပစ်ခံထားရတဲ့ မွေးကင်းစကလေးငယ်တဦးကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁၁ နာရီမှာ ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ်။

    အဲ့ဒီကလေးငယ်ဟာ မွေးကင်းစမိန်းကလေးဖြစ်ပြီး အဆောက်အဦတခုရဲ့ တတိယထပ်ရှိ အိမ်သာရေဆွဲခွက်အတွင်း စွန့်ပစ်ခံထားရတာဖြစ်ပြီး သတင်းပေးပို့ချက်အရ လကဘန်ရဲတပ်ဖွဲ့မှ သွားရောက်စုံစမ်းစစ်ဆေး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

    စစ်ဆေးချက်တွေအရ ကလေးငယ်ဟာ အသက်ရှင်လျက်ရှိနေသေးတာကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ခေါ်ယူကာ ကလေးငယ် ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး ရဲတပ်ဖွဲ့က သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

    Ref: Matichon , Khaosod

  • ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွား

    ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွား

    ဇနီးသည်အား သဝန်တိုစိတ်ဖြင့် ဓားဖြင့်အချက် ၃၀ ထိုးသတ်မှု ဖြစ်ပွားခဲ့ပြီး၊ အိမ်နီးချင်းများ၏ အကူအညီတောင်းခံမှုဖြင့် ရဲတပ်ဖွဲ့က တရားခံ ခင်ပွန်းဖြစ်သူအား ဖမ်းဆီးရမိ

    သတင်းအပြည့်အစုံ

    မဲဆောက်၊ ထိုင်း – စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်က မဲဆောက်မြို့အနီးရှိ မဲ့လမတ်-တာ့ကျေးရွာတွင် အိမ်ထောင်သည် မြန်မာလူမျိုးအမျိုးသားတစ်ဦးက ၎င်း၏ဇနီးဖြစ်သူ​ မြန်မာအမျိုးသမီးအား သဝန်တိုစိတ်ဖြင့် ရက်ရက်စက်စက် ဓားဖြင့်အချက် ၃၀ ထိုးသတ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။

    သေဆုံးသူ နှင်းအိဖြူ (၃၂ နှစ်) သည် ခင်ပွန်းဖြစ်သူ ခန့်ကျော်ထူး (၂၃ နှစ်) နှင့်အတူ သုံးခန်းတွဲအိမ်ခန်းတစ်ခန်းတွင် ငှားရမ်းနေထိုင်ကြပြီး၊ နှင်းအိဖြူသည် အနီးရှိ ထမင်းဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်သူဖြစ်သည်။ ဖြစ်ပွားသည့်နေ့က ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် “ကယ်ကြပါ” ဟု အော်ဟစ်အကူအညီတောင်းခံသံကို အိမ်နီးချင်းများက ကြားခဲ့ရသည်။

    အိမ်နီးချင်းများက ရဲတပ်ဖွဲ့သို့ ချက်ချင်းအကြောင်းကြားခဲ့ရာ ရဲများရောက်ရှိလာချိန်တွင် နှင်းအိဖြူမှာ ဒဏ်ရာများစွာဖြင့် သေဆုံးနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။ ရဲတပ်ဖွဲ့ဝင်များက တံခါးဖွင့်ရန်ပြောသော်လည်း တံခါးကိုမဖွင့်ပေးဘဲနေခဲ့သည့်အတွက် အတင်းဝင်ရောက်ခဲ့ရာ ခန့်ကျော်ထူးသည် ဇနီးဖြစ်သူ၏ ရုပ်အလောင်းအား အဝတ်ဖြင့် ဖုံးအုပ်ကာ ဘေးတွင် ထိုင်နေခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

    အမှုအား စတင်စစ်ဆေးရာတွင် ခန့်ကျော်ထူးက ဇနီးဖြစ်သူကို သဝန်တိုစိတ်ဖြင့် သတ်ဖြတ်ခဲ့ကြောင်း ကနဦးထွက်ဆိုထားသည်။ ရဲတပ်ဖွဲ့သည် လက်ရှိတွင် အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ တရားခံအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

    နောက်ဆက်တွဲ သုံးသပ်ချက်

    ယခုဖြစ်ရပ်သည် မိသားစုအတွင်း အကြမ်းဖက်မှုများနှင့် သဝန်တိုစိတ်ကြောင့် ဖြစ်ပွားသည့် ပြစ်မှုများ၏ ဆိုးရွားသည့်အကျိုးဆက်များကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ကြောင်း ဒေသခံလူမှုရေးပညာရှင်များက ထောက်ပြပြောဆိုခဲ့သည်။

    ထိုင်းမှာမြန်မာတယောက်ကကလေးမလေးကို အချက်၃၀ထိုး tatတာတဲ့။

    ကယ်ကြပါဉီး လို့အော်ခဲ့သေးတာတဲ့။

    ဓာတ်ပုံတွေ မြင်မကောင်းဘူး

    အိမ်တွင်းအကြမ်းဖက်မှုတွေရှိရင် လက်ပိုက်မကြည့်ကြပါနဲ့ ။
    ဖြစ်စဉ်

    ထိုင်းမှာ မြန်မာမလေး အtatခံရ

    မဲဆောက်မြို့အနီး၊ မဲ့လမတ်- တာက် ကျေးရွာအနီးမှာ ခန်ကျော်ထူးအသက် 23နှစ်နဲ့ နှင်းအိဖြူ အသက် 32နှစ်တို့ဟာ ၊3ခန်းတွဲ အိမ်ခန်းတခုမှာ ဌားနေထိုင်ကြပါတယ်။ နေတာ အတော်ကြာပီလို့ သိရပါတယ်နှင်းအိဖြူတို့က နိပါတ်1အခန်းမှာ နေကြပါတယ်ရှင့်။

    နှင်းအိဖြူဟာ အနီးက ထမင်းဆိုင် တခုမှာ အလုပ်လုပ်ပါတယ်

    15ရက်နေ့ ညနေ 3နာရီလောက်မှာ ခန်ကျော်ထူးနဲ့ နှင်းအိဖြူတို့ စကားများ ကြပါတယ်။ ခနနေတော့ နှင်းအိဖြူရဲ့ ကယ်ကြပါလို့ အကူအညီ တောင်းသံကို ကြားရတော့၊ အိမ်နီးချင်းတွေက ရဲကို အကြောင်းကြားခဲ့ပါတယ်။

    ရဲတွေရောက်လာတော့ နှင်းအိဖြူက ဆုံးနေပါပီ ဒဏ်ရာများစွာနဲ့ ဆုံးနေတာပါ။

    တရားခံဟာ နှင်းအိဖြူရဲ့ ခင်ပွန်း ခန်ကျော်ထူးပဲ ဖြစ်ပါတယ်။

    ရဲတွေ တံခါးဖွင့်ခိုင်းတော့ ခန်ကျော်ထူးဟာ တံခါးမဖွင့် ပေးခဲ့ဘူး။

    ရဲတွေ အသာလေး တံခါးဖွင့်ဝင်တော့ ခန်ကျော်ထူးဟာ မိန်းမဖြစ်သူ နှင်းအိဖြူ အလောင်းကို အဝတ်အစားနဲ့ အုပ်ထား ပေးပီးထိုင် နေတယ်။

    လက်ရှိစုံစမ်း ရသလောက် ခန်ကျော်ထူးဟာ ၊သူ့မိန်းမကို သဝန်တိုပီး အဲလို လုပ်လိုက်တာလို့ သိရပါတယ်အသေးစိတ်ကိုတော့ စစ်ဆေးနေဆဲပါ

  • အတားအဆီးမရှိ မြေအောက်ရေ ထုတ်ယူမှုကြောင့် ရန်ကုန်မြို့ မြေကျွံကျမည့် အန္တရာယ်ရှိ

    အတားအဆီးမရှိ မြေအောက်ရေ ထုတ်ယူမှုကြောင့် ရန်ကုန်မြို့ မြေကျွံကျမည့် အန္တရာယ်ရှိ

    မြန်မာ့ စီးပွားရေးမြို့တော် ရန်ကုန်ဟာ အကျပ်အတည်းထဲကို တိတ်တဆိတ် ကျဆင်းနေတယ်။ တောက်ပသန့်ရှင်းတဲ့ အထပ်မြင့် အဆောက်အအုံတွေနဲ့ ကျယ်ပြန့်တဲ့ မြို့ဆင်ခြေဖုံးဒေသတွေအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ အတားအဆီးမဲ့ မြေအောက်ရေ ထုတ်ယူမှုကြောင့် လူ ၅ သန်းကျော်ရှိတဲ့ ရန်ကုန်မြို့ တည်ရှိတဲ့မြေကို တိုက်စားနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးတယ်။

    ရေကျွမ်းကျင်သူတွေနဲ့ ဒေသခံတွေက အကျိုးဆက်အများအပြားကို ဖော်ပြကြတယ်။ မြေနိမ့်ဆင်းမှု၊ ဆားငံရေ ဝင်ရောက်ခြင်း၊ ရေ အရည်အသွေးကျဆင်းခြင်းနဲ့ ရေတွင်းတွေ ခန်းခြောက်ခြင်းတို့ ဖြစ်တယ်။

    “ရန်ကုန်ရဲ့ မြေအောက်ရေ ၆၀ ရာခိုင်နှုန်းက ဆားငံရေ ဖြစ်နေပြီ” လို့ ဝါရင့် ရေပညာရှင် ဦးမြင့်သိန်းက ပြောပါတယ်။ သူ့ကို မောင်ကြေးရေ ဆိုတဲ့ ကလောင်အမည်နဲ့ လူသိများတယ်။

    အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်သိန်းဟာ မြန်မာရဲ့ မြေအောက်ရေအရင်းအမြစ်တွေကို တသက်တာလုံး လေ့လာခဲ့တယ်။ အမျိုးသား ရေအရင်းအမြစ်ကော်မတီ (NWRC) ရဲ့ အကြံပေးဟောင်းအဖြစ် သူဟာ ကာလကြာမြင့်စွာ နှောင့်နှေးနေတဲ့ မြေအောက်ရေဥပဒေကို ရေးဆွဲရာမှာ ကူညီခဲ့တယ်။

    “လုပ်ထုံးလုပ်နည်းမရှိရင် ရန်ကုန်ဟာ ဘန်ကောက်နဲ့ ဂျကာတာတို့လို ကံကြမ္မာကို ရင်ဆိုင်ရမယ်။ အဲဒီမြို့ကြီးတွေမှာ ထိန်းချုပ်မှုမဲ့ ရေစုပ်ထုတ်လို့ မြေကျွံကျနေတယ်” လို့ သူကပြောတယ်။

    ရေစုပ်ထုတ်ပြီး ခန်းခြောက်နေတဲ့မြိုကြီး

    ရန်ကုန်ရဲ့ အများပြည်သူ ရေပေးဝေရေးစနစ်ဟာ မြို့ရဲ့လိုအပ်ချက် တချို့ကိုသာ ဖြည့်ဆည်းနိုင်ပြီး မြို့ရဲ့မြူနီစပယ်အဖွဲ့ဖြစ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ ပုဂ္ဂလိက အသုံးပြုသူတွေဟာ မြေအောက်ရေကို အကြီးအကျယ် မှီခိုရတယ်။

    လှိုင်သာယာနဲ့ ရွှေပြည်သာက စက်မှုဇုန်တွေဟာ မြေအောက်ရေကို အကြီးအကျယ် အသုံးပြုတဲ့နေရာတွေဖြစ်ပြီး စက်ရုံတွေဟာ ရေရဖို့ ရေတွင်းနက်တွေ တူးထားကြတယ်။ တချိန်တည်းမှာပဲ လူလတ်တန်းစား အိမ်ထောင်စုတွေနဲ့ အဆင့်မြင့် ကွန်ဒိုမီနီယံတွေဟာ မြူနီစပယ် ကြီးကြပ်မှု မရှိဘဲ ကိုယ်ပိုင်အဝီစိတွင်းတွေ တူးကြတယ်။

    မြေအောက်ရေ ထုတ်ယူမှုဟာ သဘာဝက ပြန်လည် ဖြည့်တင်းပေးတာထက် ကျော်တဲ့အခါ ရေမျက်နှာပြင် ကျဆင်းတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ ပတ်ဝန်းကျင်မြေမှာ အက်ကြောင်းတွေနဲ့ နိမ့်ဆင်းတာတွေ ဖြစ်နိုင်တယ်။

    ဗြိတိန်နိုင်ငံက ကျော်ကြားတဲ့ ရေကန်ကြီးအမည်ကို အစွဲပြုပြီး အမည်ပေးထားတဲ့ ရန်ကုန်က လူချမ်းသာ ရပ်ကွက် ‘ဝင်ဒါမီယာ’ မှာလို အချို့နေရာတွေမှာ ရေ ပြန်လည်ဖြည့်တင်းမှုနည်းလို့ ရေတွင်းတွေ ခန်းကုန်တယ်လို့ ဦးမြင့်သိန်းက မှတ်ချက်ချတယ်။

    ရန်ကုန်မြို့ခံ ၆၀ ရာခိုင်နှုန်းလောက်က နေ့စဉ် ရေလိုအပ်ချက်အတွက် မြေအောက်ရေကို မှီခိုရပေမဲ့ မြေအောက်ရေ စီမံခန့်ခွဲမှု ကင်းမဲ့နေတယ်လို့ နယ်သာလန်နိုင်ငံ ရေမိတ်ဖက်များ အစီအစဉ်က ပြုလုပ်တဲ့ ၂၀၂၀ ပြည့်နှစ် စစ်တမ်းအရ သိရတယ်။

    လူမသိသူမသိ ပျက်သုဉ်းခြင်းနဲ့ ရေအရည်အသွေး ကျဆင်းမှု

    မြေအောက်ရေ စာအုပ်ကိုရေးသားခဲ့သူ NWRC အကြံပေး ဦးကျော်ဦးက ဆားငံရေ စိမ့်ဝင်မှုကို အကြိမ်ကြိမ် သတိပေးတယ်။

    ရန်ကုန်ဟာ အောက်ဘက် ကီလိုမီတာ ၄၀ လောက်မှာ ကပ္ပလီပင်လယ်ထဲကို စီးဝင်တဲ့ မုတ္တမကွေ့ရဲ့ ရေလမ်း ရန်ကုန်မြစ်ကမ်းမှာ တည်ရှိတယ်။

    ပုံမှန်အားဖြင့် ဆားငံရေဟာ မြစ်အတွင်းက ရေချိုနဲ့ မြေအောက်ရေကြောင့် မဝင်ရောက်နိုင်ဘူး။

    ဒါပေမဲ့ လက်လွတ်စပယ် ရေစုပ်ယူမှုနဲ့ မိုးရေ ပြန်လည်ဖြည့်သွင်းမှု နည်းတာကြောင့် အဲဒီချိန်ခွင်လျှာ ပျက်စီးတယ်။ ရေချို ဖိအား ကျဆင်းတာကြောင့် ဆားငံရေဟာ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်; ရောက်လာတယ်လို့ ဦးကျော်ဦးက သူ့ရဲ့စာအုပ်တွေမှာ ရေးသားတယ်။

    မြေအောက်ရေ အလွန်အကျွံထုတ်ယူမှုဟာ မြေနိမ့်ကျမှုကိုလည်း ဖြစ်စေတယ်။ ဒါဟာ ရေလွှမ်းမိုးမှု ပိုမိုများပြား ပြင်းထန်စေရုံသာမက လမ်းတွေ၊ အဆောက်အအုံတွေ အက်ကွဲစေပြီး မြေအောက်ရေ အရင်းအမြစ်ကို ထာဝရ ပျက်စီးစေတယ်။ မြေအောက်ရေ အရင်းအမြစ်တွေကို ဆားငံရေက ညစ်ညမ်းစေတဲ့အခါ ရေချိုသိုက်တွေ ဘယ်တော့မှ နာလန်မထနိုင် ဖြစ်စေနိုင်တယ်။

    လှိုင်သာယာ၊ ရွှေပြည်သာ အနောက်ပိုင်း၊ လသာ၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ ဒဂုံဆိပ်ကမ်းနဲ့ မြေနီကုန်းစတဲ့ ရန်ကုန်တဝန်းမှာ ဆားငံရေ စိမ့်ဝင်နေတယ်လို့ ဦးမြင့်သိန်းက ပြောတယ်။

    ရန်ကုန်မြို့၊ မြေနီကုန်းမှာ ၂၀၂၂ ခုနှစ် စစ်တမ်းအရ မြေအောက်ရေ အလွန်အကျွံ ထုတ်ယူမှုကြောင့် အဆောက်အအုံ နိမ့်ဆင်းတာနဲ့ မြေမျက်နှာပြင် ကျဆင်းတာ သိသိသာသာဖြစ်တယ်လို့ မှတ်တမ်းတင်ထားတယ်။

    ဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွေခေတ်က ပြုလုပ်တဲ့ သုတေသနတွေမှာ မြို့ပြတိုးချဲ့ခြင်းနဲ့ မြေအောက်ရေ အလွန်အကျွံထုတ်ယူမှုကြောင့် မြောက်ဒဂုံ၊ ပုစွန်တောင်ချောင်းတလျှောက်၊ အနောက်ဘက်မှ ရန်ကုန်မြစ်နဲ့ ပန်းလှိုင်မြစ်အကြား မြေနိမ့်ဆင်းမှုတွေကို တွေ့ရတယ်။

    မြေမျက်နှာပြင် နိမ့်ကျမှုကို ရုတ်တရက် မမြင်သာပေမဲ့ ဒေသခံတွေဟာ ရေအရည်အသွေး နိမ့်ကျလာတာကို စတင်သတိထားမိပြီးဖြစ်တယ်။

    “လွန်ခဲ့တဲ့ ငါးနှစ်က ကျနော်တို့ရေက ဆားငံရေ မဟုတ်ဘူး။ အခု ဆားငံရေ ဖြစ်နေပြီ။ ကျနော်တို့က အရာရာအတွက် ရေသန့်ဝယ်နေရတယ်” လို့ ရန်ကုန်မြို့လယ် လမ်းမတော်မှာနေတဲ့ ဒေသခံတဦးက ပြောပါတယ်။

    တချိန်တည်းမှာပဲ ရန်ကုန် အရှေ့ပိုင်း သာကေတမြို့နယ်က ဒေသခံတဦးက “ရပ်ကွက်တခုမှာဆိုရင် ရေက ဆီဝေ့နေတယ်။ နောက်ရပ်ကွက်တခုမှာ သံချေးရေ ဖြစ်နေတယ်။ နောက်ထပ် တခြားရပ်ကွက်မှာ ရေက မည်းနေတယ်။ တချို့ အိမ်ထောင်စုတွေက လှည်းနဲ့ရောင်းတဲ့ ကန်ရေကို ဝယ်ရတယ်” လို့ ပြောပါတယ်။

    သူတို့မြို့နယ်မှာ တရပ်ကွက်နဲ့ တရပ်ကွက် ရေအရသာ မတူဘူးလို့ လှိုင်သာယာ ဒေသခံတယောက်က ပြောတယ်။ ရန်ကုန်က အခြား နေရာတွေမှာ ရေချိုရပေမဲ့ တခါက ရေပေါတဲ့ ရေတွင်းတွေမှာ ရေနည်းနည်းပဲ ရတော့တယ်။

    စစ်အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားတဲ့ ဥပဒေ

    “ပထမဆုံးပြဿနာက မြန်မာမှာ မြေအောက်ရေ ဥပဒေ မရှိတာပဲ” လို့ ယခုဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်မှာ ထိုသို့သော ဥပဒေရေးဆွဲရန် အားထုတ်မှုမှာ ပါဝင်ခဲ့သူ ဦးမြင့်သိန်းက ပြောတယ်။

    ရန်ကုန်မှာ လုပ်ထုံးလုပ်နည်း အမြဲတမ်း မရှိခဲ့တာ မဟုတ်ဘူး။ ဗြိတိသျှကိုလိုနီခေတ်အတွင်းက ရေထုတ်ယူမှုကို စီမံတဲ့ မြေအောက်ရေ ဥပဒေတခုကို ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့တယ်။ လွတ်လပ်ရေးရပြီးတော့လည်း အဲဒီဥပဒေက ဆက်လက်သက်ဝင်ပေမဲ့ စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာနောက် ၁၉၈၀ ပြည့်နှစ်တွေကို ရောက်တဲ့အခါ အဲဒီ ဥပဒေကို မသုံးတော့ဘူး။

    ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်ခင်က NLD အစိုးရက မြေအောက်ရေ အရင်းအမြစ်တွေကို ကာကွယ်ဖို့ ခေတ်သစ်မူဘောင်နဲ့ ကိုလိုနီခေတ် ဥပဒေကို အစားထိုးဖို့ လုပ်ခဲ့တယ်။

    အဲဒီ မြေအောက်ရေ ကာကွယ်ရေးဥပဒေအရ ရေတွင်းသစ်တွေဟာ ခွင့်ပြုချက်၊ အိမ်ထောင်စုတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ စက်မှုလုပ်ငန်းတွေမှာ အသုံးမပြုမီ စမ်းသပ်မှု၊ သက်ဆိုင်ရာအာဏာပိုင်ရဲ့ ပုံမှန်စစ်ဆေးမှု၊ တင်းကျပ်တဲ့ စုပ်ယူမှု အကန့်အသတ်နဲ့ ရှိပြီးသား ရေတွင်းတွေကို မှတ်ပုံတင်ဖို့ လိုအပ်တယ်။

    ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အဲဒီလုပ်ငန်းစဉ်ကို ရပ်ဆိုင်းသွားစေတယ်။ အဲဒီနောက်မှာတော့ လေ့လာစောင့်ကြည့်တာနဲ့ သုတေသန မရှိတော့ဘူး။

    ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဘယ်ကိုယ်စားလှယ်ဆီကမှ မှတ်ချက် မရဘူး။

    ၂၀၁၆-၂၀၁၇ ခုနှစ်လောက်က စတင်ပြီး သိပ္ပံပညာရှင်တွေက ကောင်ကင်ဓာတ်ပုံနဲ့ ဂြိုဟ်တုဓာတ်ပုံတွေသုံးပြီး ပဏာမ စစ်တမ်းလုပ်တယ်လို့ မြန်မာနိုင်ငံ ငလျင်ကော်မတီမှာ ဒုဥက္ကဋ္ဌ လုပ်ခဲ့ဖူးတဲ့ မြန်မာကမ္ဘာမြေနဲ့ ဂြိုလ်များ သိပ္ပံအင်စတီကျုက ဘူမိဗေဒ ပညာရှင် ဒေါက်တာ မျိုးသန့်က ပြောတယ်။

    မြေအောက်ရေကြောင့် မြေနိမ့်ဆင်းမှုနဲ့ ပတ်သက်တဲ့ ကနဦး လက္ခဏာတွေ တွေ့ခဲ့တယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုနောက်မှာ သုတေသနတွေ ရပ်ဆိုင်းသွားတယ်။ “လွန်ခဲ့တဲ့ ငါးနှစ်အတွင်း အလေးအနက် လေ့လာမှု ရှိပါ့မလားလို့ သံသယရှိတယ်” လို့ ဧရာဝတီ သတင်းဌာနကို သူကပြောတယ်။

    တဖက်မှာ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့လို အိမ်နီးချင်းတွေဟာ မြေအောက်ရေ ဥပဒေတွေ ကျင့်သုံးကြတယ်။ မြေမျက်နှာပြင် နိမ့်ကျပြီး ဆယ်စုနှစ်များစွာ ကြာတဲ့အခါ ဘန်ကောက်မှာ မြေအောက်ရေ ထုတ်ယူမှုအခွန် ချမှတ်တယ်။ ရေတွင်းသစ်တွေကို ပိတ်ပင်တယ်။ စက်မှုလုပ်ငန်းတွေကို သိုလှောင်ရေ သုံးဖို့ ပြောင်းလဲစေတယ်။

    ရန်ကုန်ကတော့ အဲဒီလို သတိပေးတဲ့ လက္ခဏာတွေကို လျစ်လျူရှုထားတယ်လို့ ကျွမ်းကျင်သူတွေက ပြောတယ်။

    နီးကပ်လာသော မြို့ပြ ကပ်ဘေး

    စစ်အာဏာသိမ်းပြီးနောက် ရန်ကုန် လူဦး‌ရေ ထပ်မံတိုးလာတယ်။ သောင်းပေါင်းများစွာသော နေရပ်စွန့်ခွာသူတွေက မြေအောက်ရေ လိုအပ်မှုကို မြင့်မားစေတယ်။ မြို့ရဲ့ မြေအောက်ရေး အရင်းအမြစ်ဟာ အထိခိုက်မခံတဲ့အဆင့် ရောက်လာမှာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေကြတယ်။

    ဘန်ကောက်နဲ့ တူတာတွေက ထင်ရှားတယ်။ ဒီမြို့ကြီး နှစ်မြို့လုံးက မြေပျော့တဲ့ မြစ်ဝကျွန်းပေါ်မှာ တည်ရှိတယ်။ နှစ်မြို့လုံးက လျင်မြန်တဲ့ မြို့ပြချဲ့ထွင်မှုနဲ့ စည်းကမ်းမဲ့ ရေထုတ်ယူမှုကို ကြုံရတယ်။ ဘန်ကောက်က အရေးယူ ဆောင်ရွက်တယ်။ အပျက်အစီးကို တားဆီးဖို့ အရမ်းနောက်ကျသွားပေမဲ့ ကပ်ဆိုးကို နှေးကွေးသွားစေဖို့ လုံလောက်တယ်။

    ရန်ကုန်ကတော့ ဘာမှမလုပ်သေးဘူးလို့ ဦးကျော်ဦးက ၂၀၂၄ ခုနှစ်က ဆောင်းပါးတပုဒ်မှာ ပြောတယ်။

    လုပ်ထုံးလုပ်နည်း မရှိရင် ရန်ကုန်ဟာ ဆိုးရွားတဲ့ ဆားငံရေ ဝင်ရောက်မှုနဲ့ မြေမျက်နှာပြင် နိမ့်ကျမှုကို သေချာပေါက် ခံစားမယ်လို့ ဦးမြင့်သိန်းက သတိပေးတယ်။ “ရေမခန်းခင် ရေကို တန်ဖိုးထားပါ” လို့ သူကပြောပါတယ်။

    လုပ်ထုံးလုပ်နည်း မရှိရင် ရန်ကုန်ဟာ ဆိုးရွားတဲ့ ဆားငံရေ ဝင်ရောက်မှုနဲ့ မြေမျက်နှာပြင် နိမ့်ကျမှုကို သေချာပေါက် ခံစားမယ်လို့ ဦးမြင့်သိန်းက သတိပေးတယ်။ “ရေမခန်းခင် ရေကို တန်ဖိုးထားပါ” လို့ သူကပြောပါတယ်။

    (ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Unchecked Groundwater Extraction Threatens to Sink Yangon ကို ဘာသာပြန်သည်။)