Author: Baby Yit Lone

  • တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

    တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

    မင်္ဂလာဒုံမြို့နယ်တွင် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲကို ပါဝင်လုပ်ဆောင်နေသော ကြံ့ဖွတ်ရုံးကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ဖွတ်ပါတီရုံးကို တော်လှန်ရေးတပ်ဖွဲ့များက ပြင်းအားမြင့်မိုင်း ၁ လုံး ၊ လက်ပစ်ဗုံး ၂ လုံးတို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း ပစ်မှတ်ကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    “ကျနော်တို့က တရားမဝင်ရွေးးကောက်ပွဲနဲ့ ပတ်သတ်တဲ့အရာတွေ လုပ်ဆောင်နေတဲ့ ဘယ်ပါတီ ဘယ်လူပုဂ္ဂိုလ် အားလုံးကိုတိုက်ခိုက်သွားမှာပါ။ မဲဆွယ်စည်းရုံးရေးဆင်းကြမယ့် အမတ်အလောင်းများလည်း သတိကြီးကြီးထားကြဖို့ အသိပေးလိုပါတယ်။ ရွေးကောက်ပွဲအတွက် အားတက်သရော လုပ်ဆောင်နေကြတဲ့ ကောင်တွေ စာရင်းအသေးစိတ်ပြုစုထားတယ်။ တချိန်မဟုတ်တချိန်လုပ်နေတဲ့ မင်းတို့တွေဆီ ကျနော်တို့ အရောက်လာမယ်ဆိုတာသတင်းပါးချင်ပါတယ်။ ပြည်သူတွေကိုလည်း တရားမဝင်ရွေးကောက်ပွဲကို နိုင်တဲ့နေရာကနေ ဆန်ကျင်ကြပြောချင်ပါတယ်” ဟု Yangon Army (YA) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

    အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သောပစ်မှတ်များ၊ အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် တရားမ၀င်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ပါ၀င်လုပ်ကိုင်နေကြသောသူများကို ဆက်လက်၍ အပြင်းအထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုကို Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပကဖ တို့က ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  • လူမှုကွန်ရက်၌ လူသိများသည့် သမီးဆိုးကို စစ်တပ်က ပုဒ်မ ၅၀၅ (က)ဖြင့် ထပ်မံအမှုဖွင့်

    လူမှုကွန်ရက်၌ လူသိများသည့် သမီးဆိုးကို စစ်တပ်က ပုဒ်မ ၅၀၅ (က)ဖြင့် ထပ်မံအမှုဖွင့်

    လူမှုကွန်ရက်မှာ သမီးဆိုးလို့ လူသိများတဲ့ ShweThet အကောင့်ပိုင်ရှင် မသက်ကို ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက်က ပြင်ဦးလွင်မြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅(က)နဲ့ ထပ်မံအမှုဖွင့်လိုက်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှရဲ့ နိုင်ငံခြားခရီးစဥ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားခရီးစဥ်ကို ခိုင်းနှိုင်းရေးထားတဲ့ Post နဲ့ စစ်တပ်အရာရှိတွေကို ဝေဖန် Live လွှင့်ပြောဆိုမှုတွေကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ထပ်မံအမှုဖွင့်ထားတာ ဖြစ်ပါတယ်။

    အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က “အမေစုက နိုင်ငံခြားခရီးစဥ်သွားရင် စမတ်ကျအောင် ဘယ်လို ဝတ်စားဆင်ယင်တတ်တာ။ ဘယ်အခမ်းအနားမှာ ဘာဝတ်ရမယ်ဆိုတာ ရွေးတတ်တယ်။ ဒေါ်ကြူကြူလှရဲ့ ဝတ်စားဆင်ယင်မှုက တောကျတယ်။ အဲဒီလိုတွေမြင်ရတော့ နိုင်ငံတော် ပုံရိပ်ကျတယ်ဆိုပြီး တင်ထားတဲ့ ပို့စ်ရယ်၊ စစ်တပ်အရာရှိတွေကိုလည်း Live လွှင့်ပြီးပြောတာ တွေကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ထပ်ဖွင့်တာ”လို့ ပြောပါတယ်။

    စစ်ကောင်စီက အောက်ဘာ ၁၄ ရက် ညပိုင်းမှာ မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက်နေ မသက်ကိုကို(ခ)သမီးဆိုးကို ပြင်ဦးလွင်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားတယ်ဆိုတာကိုတော့ ဖော်ပြခြင်းမရှိပေ။

    သမီးဆိုးဟာ အမေရိကန်မှာ နေထိုင်စဥ် ပြင်ဦးလွင်မြို့နယ်နေ ဒေါ်အေသင်ကိုအား Live လွှင့် ပြောဆိုခဲ့လို့ အောက်တိုဘာ ၅ ရက်မှာ ပြင်ဦးလွင်မြို့မရဲစခန်းမှာ ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံရတာလို့ ဖြစ်စဥ်ကိုသိသူတယောက်က ပြောပါတယ်။

    “သူ နိုင်ငံခြားမှာရှိနေတုန်း အေသင်ကိုနဲ့ တပ်က အရာရှိတယောက်ကိစ္စကို Live လွှင့်ပြီးပြောတာ။ တခြားကိစ္စတွေလည်း ပါတယ်။ တောင်းပန်ဖို့ ပြောတယ်၊ မရဘူး။ သူ မြန်မာပြည်ပြန်လာတော့ ပြင်ဦးလွင်မှာ အမှုဖွင့်ပြီး နေပြည်တော်ကနေ တိုင်းခရိုင်မြို့နယ်အဆင့်ဆင့် စာတင်ပြီး ပြည်ပထွက်ခွင့်ကို ပိတ်တာ။ သူ အဖမ်းမခံရခင် မြောက်ဒဂုံက မိသားစုဝင်တွေကိုတောင် ခေါ်စစ်ခံရသေးတယ်။”

    အမေရိကန်နိုင်ငံသား ခံယူထားတဲ့ သမီးဆိုးဟာ သြဂုတ် ၂၂ ရက်က မြန်မာပြည်ကို ပြန်လာပြီး အောက်တိုဘာ ၁၂ ရက် မနက် ၇ နာရီက ထိုင်းနိုင်ငံကို ထွက်ခွာမယ့်အချိန် ဖမ်းဆီးခံရပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှာ ခေတ္တချုပ်နှောင်ထားကာ ညပိုင်းမှာတော့ ပြင်ဦးလွင်မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

    အငြိမ်းစား စစ်တပ်အရာရှိတယောက်ရဲ့ ဇနီးဖြစ်တဲ့ သမီးဆိုးဟာ လူမှုကွန်ရက်မှာ Follower ၁ သိန်းလောက်ရှိတဲ့ Shwe Thet အကောင့်နဲ့ အလှကုန်ပစ္စည်းတွေ Live လွှင့်ရောင်းချရင်း ပြည်တွင်းမှာဖြစ်နေတဲ့ စစ်ကောင်စီတပ်၊ ရုပ်ရှင်အသိုက်အဝန်း၊ စီးပွားရေးသမားတွေရဲ့ အမြင်မတော်တဲ့ လုပ်ရပ်တွေကို ပြောဆိုဝေဖန်ခဲ့သူဖြစ်ပြီး ပြည်တွင်းကို ပြန်ဝင်လာချိန် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

  • Beast of War (2025)

    Beast of War (2025)

    အခုတစ်ခါမှာတော့ အသစ်စက်စက်ထွက်ရှိလာတဲ့ Beast of Warဆိုတဲ့ဇာတ်ကားလေးကို

    တင်ဆက်ပေးပါရစေ။

    ဒီဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်ရဲ့စစ်ပွဲနောက်ခံ Survival Horror အမျိုးအစားဖြစ်တာကြောင့်မို့လို့ ဇာတ်လမ်းပြီးတဲ့အထိ

    ထိုင်ရာကမထဘဲ အဆုံးထိကြည့်ချင်မယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

    ၁၉၄၂ ခုနှစ်မှာ ဩစတြေးလျ စစ်သားတွေဟာ တီမောပင်လယ်ကိုဖြတ်ပြီး စစ်မြေပြင်ဆီကို သင်္ဘောနဲ့ ခရီးထွက်ခဲ့ကြပါတယ်။

    သင်္ဘောပေါ်မှာလီယိုဆိုတဲ့ဒေသခံ သြစတြေးလျစစ်သားတစ်ဦးပါဝင်ပြီး သူဟာတပ်သားအချင်းချင်းကြားလူမျိုးရေးခွဲခြား

    အနိုင်ကျင့်မှုတွေကို ခံနေရသူတစ်ယောက်ပါ…

    လီယိုတို့ရဲ့ သင်္ဘောဟာ လမ်းတစ်ဝက်မှာပဲဂျပန်တိုက်လေယာဉ်တွေရဲ့ ရုတ်တရက်တိုက်ခိုက်မှုကိုခံရပြီးနစ်မြုပ် သွားခဲ့ပါတယ်။

    လီယိုအပါအဝင်အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ စစ်သားအနည်းငယ်ဟာ ပင်လယ်ထဲကသင်္ဘောပျက်အပိုင်းအစ

    ပေါ်မှာခိုအောင်းရင်းကယ်ဆယ်ရေးကို စောင့်ဆိုင်းနေကြရပါတယ်။

    အဲဒီအချိန်မှာပဲသူတို့အတွက် လူရန်သူတွေထက်ပိုမို ကြောက်စရာကောင်းတဲ့ ရန်သူတစ်ကောင် ပေါ်လာပါတယ်။

    အဲဒါကတော့ သွေးဆာနေတဲ့ ငါးမန်းဖြူကြီးတစ်ကောင်ဖြစ်ပြီး ဒဏ်ရာရထားတဲ့စစ်သားတွေကို

    တစ်ယောက်ပြီးတစ်ယောက် လိုက်လံတိုက်ခိုက် သတ်ဖြတ်ပါတော့တယ်။

    ကူရာကယ်ရာမဲ့နေတဲ့လီယိုတို့စစ်သားတစ်စု ပင်လယ်ပြင်ကြီးထဲမှာ အဲဒီငါးမန်းကြီးရန်ကနေ

    လွတ်မြောက်နိုင်ကြမလားဆိုတာကိုတော့…….

  • Amala (2024)

    Amala (2024)

    တစ်မြို့လုံးကို တုန်လှုပ်စေခဲ့တဲ့ လူသ-တ်မှု သ-တ်ပုံသ-တ်နည်းက ကြ-မ်းတမ်းပြီး
    မိန်းကလေးတွေကို အဓိကထားသ-တ်တဲ့ စိတ္တဇလူသ-တ်မှုပေါ့ စုံစမ်းရေးသမားတွေကတော့

    ဒီနောက်ကွယ်မှာ စိတ္တဇတရားခံရှိတယ်လို့ သံသယဝင်နေပါတယ် ဒါကိုဖော်ထုတ်ဖို့ တာဝန်ပေးခံရတာကတော့ ACP အက်ခ်ဘာပါပဲ

    စုံစမ်းရသလောက်သိလာရတာတော့ လူမနေတဲ့တောနက်ကြီးထဲမှာ မိန်းကလေး ၂ယောက် နေနေကြပါတယ်

    ဒီ ၂ယောက်နဲ့ မြို့ထဲကလူသတ်မှုတွေက ဘယ်လိုပတ်သက်နေမလဲ စုံစမ်းထောက်လှမ်းမှုများသည်

    လူသတ်သမားရဲ့ ငယ်ဘဝဇာတ်ကြောင်းဆီသို့ ဦးတည်သွားပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ ငယ်စဉ်က ခံစားတွေ့ကြုံခဲ့တာတွေပေါ် အစချီပြီး ဇာတ်လမ်းက ဘာဖြစ်သွားမလဲဆိုတာကိုတော့….

  • စစ်ကော်မရှင်က အကြိမ်ကြိမ်အင်အားဖြည့်ထားသည့် နတ်ရေကန်ဗျူဟာကုန်းကို  သိမ်းပိုက်

    စစ်ကော်မရှင်က အကြိမ်ကြိမ်အင်အားဖြည့်ထားသည့် နတ်ရေကန်ဗျူဟာကုန်းကို သိမ်းပိုက်

    မကွေး၊ ငဖဲမြို့နယ်၊ ပဒါန်းရှိစစ်ကကော်မရှင်၏ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းကုန်းကို AA နှင့်မဟာမိတ်တပ်များက သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်၏ နတ်ရေကန်ဗျူဟာကုန်းကို ကိုးလနီးပါးအကြာ တိုက်ခိုက်ပြီးနောက် ယနေ့ အောက် တိုဘာ ၁၄ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “စခန်းကထွက်ပြေးတဲ့တပ်သားတွေကို ဖမ်းမိထားတာရှိတယ်။ အချို့ကျတော့ လက်နက်ချတာပေါ့။ အသေးစိတ်ကို ထုတ်ပြန်ပါလိမ့်မယ်။ ဒီ‌ညနေမှာ အလုံးစုံသိမ်းလို့ရတာပါ”ဟု သတင်းရင်းမြစ်က ပြောသည်။

    နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သည် ဟောင်ဝစ်ဇာအမြောက်များနှင့် စစ်ဖက်သုံးစက်များကိုပါ သယ်ယူထွက်ပြေး ကြပြီးနောက် စခန်းအနီးထိ AA တပ်များ ချဉ်းကပ်သိမ်းပိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    “စစ်ယာဉ်တန်းတွေက နတ်ရေကန်ကိုမတက်နိုင်ရင် ကပစ ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံကို အဓိကကာကွယ်ဖို့ဖြစ်နိုင်တယ်။ နတ်ရေကန်ကတော့ ဘယ် လိုမှလှုပ်မရတဲ့အနေအထားနဲ့ ပိတ်ဆို့ထားပြီးသွားပါပြီ။ ဗျူဟာကုန်းထဲခံပစ်နေတဲ့အဖွဲ့တွေ ကျန်နေသေးတယ်လို့လည်း သိရပါတယ် “ဟု ယမန်နေ့ အောက်တို ဘာ ၁၃ ရက်နေ့ကစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    နတ်ရေကန်ဗျူဟာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသွားပြီး လေကြောင်းမှလည်း နတ်ရေကန်ဗျူဟာကုန်းနှင့် အနီးတဝိုက်ကို ပြန်လည်ကြဲချတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က စခန်းသိမ်း ဆည်းခံရသည့်ဟု သတင်းထွက်ပေါ်ပြီးနောက် စစ်ကော်မရှင်က မကွေးဘက်မှနေ၍ အရပ်သုံးယာဉ်အချို့ပါ အင်အားအပြည့် စစ်ယာဥ်တန်းများကို မစခ ၉၀၅ အတွင်းသို့ ပို့ဆောင်ခဲ့သည်။

    စစ်ယာဉ်တန်းများအနက် အင်အားအပြည့်ပါ စစ်သုံးကားကြီး ၁၁ စီးသည် ပျဉ်းဝစစ်ဆေးရေးဂိတ်အထိ ရောက်ရှိရပ်နားနေပြီဖြစ်ကြောင်း သိရသည်။

    ထို့အပြင် နတ်ရေကန်ဗျူဟာတစ်ခုလုံး အလုံးစုံပိတ် ဆို့ ထိန်းချုပ်ခံလိုက်ရပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်းများပါ ပြတ်တောက်သွားပြီးနောက် ပျဉ်းဝစစ်ဆေးရေးဂိတ်အထိ စစ်ကော်မရှင်၏ အရာရှိပိုင်းများပါ ရောက်ရှိလာပြီး ညွှန်ကြားမှုပေးနေကြောင်း သိရသည်။

    AA တပ်ဖွဲ့များမှာ နတ်ရေကန်ပတ်ဝန်းကျင်ရှိ ကာကင်းစခန်းများအားလုံးကို သိမ်းလိုက်သည့်အပြင် ဗျူဟာကုန်းကြီးတစ်ခုလုံးကိုပါ ထိန်းချုပ်ထားသည့် အတွက် စစ်ကော်မရှင်လေကြောင်းမှပေးပို့သည့် လက်နက်ခဲယမ်းထုပ် အများစုကို AA က သိမ်းယူသွားကြောင်း သိရသည်။

    လက်ရှိတွင် ဗျူဟာကုန်းသို့ တက်လာသည့် စစ်ကူစစ်ကြောင်းများနှင့် AA တပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများရှိကြောင်း သိရသည်။