၁၇ နှစ် မိန်းမပျိုကို ရည်းစားနဲ့အပေါင်းအပါက aဓမ္မပြုကျင့်ပြီး လျှာ နားရွက်တွေဖ်ြတ် မျက်လုံးတွေဖောက်ကာ ချောင်းထဲ လက်စဖျောက်ခဲ့ကြတယ်။
စစ်ကိုင်းကောလင်းမြို့နယ်၊ ကျွန်းလှမြို့မှာ သြဂုတ် ၉ ရက်က ဖြစ်ခဲ့တာပါ။

၁၇ နှစ် မိန်းမပျိုကို ရည်းစားနဲ့အပေါင်းအပါက aဓမ္မပြုကျင့်ပြီး လျှာ နားရွက်တွေဖ်ြတ် မျက်လုံးတွေဖောက်ကာ ချောင်းထဲ လက်စဖျောက်ခဲ့ကြတယ်။
စစ်ကိုင်းကောလင်းမြို့နယ်၊ ကျွန်းလှမြို့မှာ သြဂုတ် ၉ ရက်က ဖြစ်ခဲ့တာပါ။

နွားထိုးကြီးတွင် သီတာယုမွန်ဦးဆောင်သည့် စစ်ကြောင်းက စစ်ရှောင်မိသားစုဝင် ၅ယောက်ကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ သတ်ခဲ့
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူစောထီး သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကြောင်းက မြို့အနောက်ဘက်ခြမ်း သူစိုးကျေးရွာကို ဝင်ရောက်ရင်း စစ်ရှောင်မိသားစုဝင် ၅ယောက်ကို ရက်ရက်စက်စက် ကြိုးတုပ် သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က အကြမ်းဖက်စစ်ကော်မရှင်နဲ့ ပျူစောထီးတပ်သားတွေဟာ သူစိုးကျေးရွာကို ဝင်ရောက်မွှေနှောက်ရင်း ခွေးရေတောတိုက်မှာနေထိုင်တဲ့ စစ်ရှောင်မိသားစုဝင်တွေကို လက်ပြန်ကြိုးတုပ်၊ ပါးစပ်အဝတ်ဆို့ရင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုသတ်ဖြတ်ထားခဲ့သူတွေဟာ တောတိုက်အတွင်း နေထိုင်ရင်း တောင်ယာလုပ်ကိုင်ကြတဲ့ ဦးသန်းအောင် အသက် (၇၅) နှစ်၊ ဦးပြုံးချို (၃၆)နှစ်၊ ဒေါ်ဝင်းကြည် (၆၅)နှစ်၊ ဒေါ်အေး (၆၀)နှစ်နဲ့ ဒေါ်မြင့်ခိုင် (၅၅)နှစ်တို့ဖြစ်ကြောင်း သိရပါတယ်။
“စစ်ကြောင်းက လက်သမားကန်ရွာဘက်ကနေ ထိုးလာတာ။ စစ်ကြောင်းဝင်တော့ ရှောင်ကြတာပေါ့။ အဲ့မှာ ခွေးရေတောတိုက်ဆိုတာ ရွာတော့မဟုတ်ဘူး။ တောထဲက အိမ်လေးတွေပေါ့။ သူစိုးရွာအပိုင်ထဲကပဲ။ သူတို့က တစ်နာရီလောက်ရှောင်ပြီးတော့ စစ်ကြောင်း မရှိလောက်ဘူးထင်ပြီး တောတိုက်က တဲကိုပြန်ကြတာ။ နွားတွေဘာတွေကလည်း အချိန်နဲ့ကျွေးနေကဆိုတော့လေ။ အဲ့မှာ စစ်ကြောင်းနဲ့တည့်တည့်တိုးတာပါ။ ဖမ်းတောင်မဖမ်းတော့ဘဲ တစ်ခါတည်းသတ်သွားတာပါပဲ။” လို့ နွားထိုးကြီးဒေသခံတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကြောင်းမဝင်ခင်တစ်ရက်အလိုကလည်း Y12လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သူစိုးရွာထဲက သက်ကြီးပိုင်းအမျိုးသမီးတစ်ယောက်နဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက် သေဆုံးခဲ့ပါသေးတယ်။
အခုလ (သြဂုတ်) အစပိုင်းကစလို့ ပျူစောထီးခေါင်းဆောင် သီတာယုမွန် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုတွေဟာ မြင်းခြံ-ဆီမီးခုံလမ်းပိုင်းနဲ့ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတွေကို စစ်ကြောင်းထိုး ဝင်ရောက်နေတာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့မှုတိုက်ပွဲတွေရှိနေတာ ဖြစ်ပါတယ်။
စစ်အုပ်စုဝါဒဖြန့်မီဒီယာတွေမှာတော့ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးရင်း PDF တပ်ဖွဲ့ဝင်တွေရဲ့ စခန်းတွေကို သိမ်းဆည်းရမိတာမျိုးတွေရှိကြောင်း ဝါဒဖြန့် ရေးသားနေကြပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကြောင်းဟာ တံစိုးရွာကတဆင့် မလည်ကျေးရွာကို ဆက်လက်ရောက်ရှိသွားပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
“သူတို့က စစ်ကြောင်းထိုးတယ်။ တွေ့တဲ့အရပ်သားတွေကို သတ်တယ်။ ပြီးရင် PDF ဆိုပြီးဝါဒဖြန့်တယ်။ စစ်ကတော့ဖြစ်နေတယ်။ ကျနော်တို့ ပြောက်ကျားစစ်နဲ့ တိုက်နေတယ်။ သူတို့ဘက်က အသေဆုံးများတော့ နာခဲခဲနေတဲ့သဘောပါပဲ။ ဆေးရုံမှာတောင် မဆန့်တော့ပါဘူး။ ကျနော်တို့ဘက်က စခန်းသိမ်းပြီဆို သူတို့လို ဝါဒဖြန့်တာမဟုတ်ဘဲ အလောင်းတွေ၊ လက်နက်တွေ လက်တွေ့ချပြနိုင်တယ်။ ကျနော်တို့စခန်းတွေကို သူတို့သိမ်းနိုင်တယ်ဆိုတာ မရှိပါဘူး။ ခဲယမ်းမလုံလောက်မှုကြောင့် ဆုတ်ပေးတာကို ဝင်နိုင်တာပဲရှိတယ် ပြောရပါမယ်။ ပြီးရင် ကျနော်တို့က ပြောက်ကျားပြန်တိုက်ပါတယ်။ ဒါက ခွာစစ်ပါ။ ” လို့ Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ပုံစာ – သီတာယုမွန်သည့် အကြမ်းဖက်စစ်အုပ်စုများ (ပုံဟောင်း)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန် အနီး မိုင်းနောင်ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာရှိ စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ထံက သိရသည်။
“အရင်က ကျွန်တော်တို့ KIA/KIO တပ်စွဲထားတဲ့ နေရာတွေဖြစ်ပါတယ်။ အဲ့ဒီနေရာကို စကစ နဲ့ SNA ပူးပေါင်းတပ်တွေထိုးစစ်ဆင်ပြီးမှ ကျွန်တော်တို့ ရှောင်ထားရတဲ့ စွန့်လွှတ်ထားရတဲ့ စခန်းတွေဖြစ်ပါတယ်။ ခုကျွန်တော်တို့ ပြန်သိမ်းတဲ့သဘောဖြစ်ပါတယ်” ဟု KIA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကော်မရှင်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (ရှမ်းနီပြည်သူ့စစ်) (SNA) ပူးပေါင်းတပ်ဖွဲ့က မိုးညှင်းမြို့ နယ်၊ အင်းတော်ကြီးကန်အနောက်ခြမ်းကို ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး မမုန်ကိုင် နှင့် မိုင်းနောင်ကျေးရွာအနီးရှိ KIA တပ်စခန်းများကို ဝင်ရောက်တပ်စွဲနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် KIA နှင့်ပူးပေါင်းတပ်ဘက်မှ ဩဂုတ် ၁၆ ရက်နေ့မှစတင်ကာ ပြန်လည်ထိုးစစ်ဆင်ပြီး စွန့်လွှတ်ခဲ့ရသည့် တပ်စခန်းနှစ်ခုကို ပြန်လည်သိမ်းပိုက််နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ထိုစခန်းသိမ်းတိုက်ပွဲအတွင်းတွင် စစ်ကော်မရှင်တပ်၏ ဒရုန်းတခုကို ဖျက်ချနိုင်ခဲ့ပြီး ဒရုန်းဖျက်စက် (ဂျမ်မာ) ကားတစီးကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းရရှိသည်။ KIA ကမူ ထိုဖြစ်စဉ်ကို ကြားသိရသော်လည်း အတည်မပြုနိုင်ဟု ဆိုသည်။
“ရှေ့တန်းကတယောက်ပြောတာကတော့ ဟုတ်တယ်လို့ပြောတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ အတည်ပြုမပြောနိုင်ဘူး။ အဲ့ဒီ(ရုပ်သံ)မှာပြောနေတဲ့ အသံတွေကလည်း ကျနော်တို့ အဖွဲ့သားတွေရဲ့ အသံနဲ့တူတယ်ပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ဌာနအနေနဲ့ ဒါကို အတည်မပြုပေးနိုင်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်နှင့် SNA ပူးပေါင်းတပ်သည် လုံးတုံကျေးရွာဘက်တွင် စုဖွဲ့မှုလုပ်နေပြီး စစ်အုပ်စုဘက်က လှုပ်ရှားလာပါက ထိုဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု သတင်းရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အင်းတော်ကြီးအိုင် အနောက် မိုင်းနောင်၊ မမုန်ကိုင်အပြင် အရှေ့ဘက် ဟဲပု၊ ဟဲပါး ဘက်တွင်လည်း တိုက်ပွဲဖြစ်ပွားနေသဖြင့် ထိုကျေးရွာများတွင် နေထိုင်ကြသည့် ဒေသခံအများစု တိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက အသက် ၁၉ နှစ်အရွယ် ကောင်လေးတဦးဟာ ၁၇ နှစ်အရွယ် ချစ်သူ မိန်းကလေးရဲ့ လှည့်ဖျားခံရပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကျားဖြန့်လုပ်ငန်းတခုဆီ လူကုန်ကူးခံခဲ့ရတဲ့အကြောင်း The Standard (HK) News သတင်းမှာ ဩဂုတ် ၁၈ ရက်က ဖော်ပြပါတယ်။
သူ့ရဲ့ မျိုးရိုးနာမည်ကိုတော့ ဟူအန်လို့ ဖော်ပြပြီး သူ့ကို ချစ်သူမိန်းကလေးရှိုက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာပြည်ကို ဖျားယောင်းခေါ်ဆောင်သွားခံခဲ့ရတာလို့ ဆိုပါတယ်။
ဟူအန်ရဲ့ အစ်မဖြစ်သူရဲ့ ပြောကြားချက်အရ သူတို့ ၂ ယောက်ဟာ ပြီးခဲ့တဲ့ နှစ်တုန်းက ဘိလိယက်ခန်းမတခုမှာ ဆုံခဲ့ကြတာဖြစ်ပြီး မိန်းကလေးဖြစ်သူဟာ တန်ဖိုးကြီး ဇိမ်ခံအမှတ်တံဆိပ်အသုံး အဆောင်တွေနဲ့ သူ့ကိုယ်သူ ချမ်းသာကြွယ်ဝတဲ့ အမွေဆက်ခံသူအဖြစ် ဟန်ဆောင်ခဲ့ တယ်လို့ ပြောပါတယ်။
သူတို့ ချစ်သူတွေ ဖြစ်ပြီးနောက်မှာ မိန်းကလေးက သူ့မိသားစုက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြောင်း ဟူအန်ကို ထပ်ခါတလဲလဲ ယုံကြည် အောင်ပြောခဲ့ပြီး သူ့ကိုပါ အဲဒီမှာ အလုပ်တွဲလုပ်ဖို့ ဆွဲဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ သူတို့နှစ်ယောက် ထိုင်းနိုင်ငံ ဘန်ကောက်ကို တိတ်တဆိတ် ခရီးသွားခဲ့ကြပြီး ထိုင်း-မြန်မာနယ်စပ်ဒေသကို ရောက်တဲ့အခါမှာတော့ မိန်းကလေးက သူ့ကို စွန့်ပစ်ခဲ့ပြီး ဟူအန်ကို လက်နက်ကိုင်တွေက ချက်ချင်း ဖမ်းဆီးကာ မြန်မာနိုင်ငံက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေရှိရာ ခြံဝင်းဆီ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနောက် သူဟာ အမှောင်ချထားတဲ့ အကျဉ်းခန်းထဲမှာ ဖမ်းဆီးခံထားရပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ဆောင်ဖို့ တွန်းအားပေးခံခဲ့ရသလို ပစ်မှတ်ထားတဲ့ လုပ်ဆောင်မှုတွေ မပြည့်မီတာ ပျက်ကွက်တာတွေကြောင့် နေ့စဉ် ရိုက်နှက်ခံခဲ့ရပြီး သူဟာ မညှာမတာ အကြမ်းဖက်မှုတွေကို ခံခဲ့ရတယ်လို့ အစ်မဖြစ်သူက ပြောပါတယ်။
အဲဒီမှာ လအတန်ကြာ အကျဉ်းချခံရပြီးနောက်မှာတော့ ဟူအန်ဟာ မြန်မာ ချောင်ရှန် ကုန်သည်ကြီးများအသင်း (Myanmar Chaoshan Chamber of Commerce) ရဲ့ ကူညီပေးမှုနဲ့ ဇွန်လမှာ နောက်ဆုံးလွတ် မြောက်ခဲ့ပြီး သူလွတ်မြောက်ရေးအတွက် ပြန်ပေးငွေ ယွမ် ၃ သိန်းခွဲနဲ့ ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ပြစ်မှုကျူးလွန်သူ မိန်းကလေး ရှိုကို ရဲတွေက ဖမ်းဆီးထား ပြီး သူဟာ လူကုန်ကူးမှုအတွက် ယွမ် ၁ သိန်း ရရှိခဲ့ပြီးနောက် ထိုင်းမှာ အားလပ်ရက်ခရီး ထွက်ခဲ့ကာ ချစ်သူကောင်လေးကို နယ်စပ်မှာ စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။
သူ့ကို လိမ်လည်မှုစွဲချက်တွေနဲ့ တရားစွဲဆိုဖို့ စီစဉ်ထားပြီး ရုံးချိန်းကို အစက ဇူလိုင်လ နှောင်းပိုင်းတွင် ပြုလုပ်ဖို့ စီစဉ်ထားပေမဲ့ လက်ရှိမှာတော့ ရွှေ့ဆိုင်းထားကာ မကြာမီ စတင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဟူအန်ရဲ့ အစ်မဖြစ်သူက “သူဟာ ၁၇ နှစ်ပဲရှိသေးတာ။ ဒီလိုဆိုးယုတ်မှုတွေကို လုပ်နိုင် လိမ့်မယ်လို့ ဘယ်သူက တွေးမိနိုင်မှာလဲ” လို့ သတင်းထောက်တွေကို ပြောလိုက်ပြီး သူ့အတွက် အမြင့်ဆုံးတရားဝင်ပြစ်ဒဏ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
Source: The Standard (HK) News

အထူးသဖြင့် ခရေပင်လမ်းခွဲထိပ်က ကားမှန်ကို အမဲကပ်ထားတဲ့ ကားကို ရှောင်စီးကြပါ။
ကားနံပါတ်တော့ မသိလိုက်လို့ပါ
အဖြူရောင် pro box ကားပါပဲ…
သတိထားဖို့ပါ
ရန်ကုန်နဲ့ပြည်ဆိုတာ အိမ်ဦးနဲ့ကြမ်းပြင်လို လွန်းပြန်အောင် သွားနေတဲ့ ကျွန်တော်အတွက်တော့ ပထမဆုံးပဲ
အခုခေတ်မှာ ဘယ်သူကိုမှမယုံပါနဲ့
ရန်ကုန်ပြန်ရောက်တော့ ခရေပင်လမ်းခွဲမှာဆင်းတယ်
ဆင်းဆင်းချင်း ဝိုင်းခေါ်တဲ့taxiသမားများလို့ သူတို့နဲ့လွတ်ရာလျောက်ရင်း လမ်းထိပ်က လူတယောက်က လာမေးတယ်
ဘယ်သွားမလဲ ပေါ့
Taxi ခ ညှိ တယ် အဆင်ပြေတော့ ကားဆီသွားပြီး မောင်းတဲ့သူနဲ့ သူတို့ချင်း စကားတီးတိုးပြောကြတယ်
ပြီးလည်းပီးယော အကို လာတက်ဆိုပီး ရှေ့တံခါးဖွင့်ပေးတယ်
ကိုတက်ထိုင်ပီး ကားထွက်ခါနီးမှ နောက်ကနေ ခုန လာမေးတဲ့ပွဲစားလိုလို အကောင်က တက်လာတယ်
တယောက်ထဲစီးဖို့ပြောထားတာလေညီဆိုတော့
ဒီနားတင်လိုက်မှာပါတဲ့
ကားထွက်ပြီး ပုံမှန်သွားနေကြ လမ်းအတိုင်းမဟုတ်ပဲ မြောက်ဥကလာလေဆိပ်ဖြတ်လမ်းကြားက
ခေါ်သွားပါတယ်
လူလုံးဝပြတ်တဲ့လမ်းပါ
လမ်းထဲစဝင်တာနဲ့ ကားdriver က နောက်ဘက်က ကားမှန်ကို တင်လိုက်တာသိလိုက်ပါတယ်
Back မှန်က မြင်လိုက်တာ့ လုံးဝအမဲပါ
အပြင်က လုံးဝမမြင်ရတဲ့အနေအထားပါ
နောက်ကမှန်တင်နေတုန်း ခေါင်းက ဆတ်ကနဲ ဆက်ကနဲ အချက်ပြသလို ၃ခါ၄ခါလောက်ဖြစ်ပါတယ်
ကိုယ်မြင်လိုက်တဲ့အနေအထား မမှန်တာသိတော့ ကို့မှန်ပေါက်ပေါ် မှန်တင်မရအောင် လက်တင်ထားပြီး မှန်ပိတ်ရင်
မူးပီးအန်တက်လို့ပါဆိုပီး Driverနဲ့နောက်ကလူကို တည့်တည့်မြင်ရအောင် လှည့်ထိုင်လိုကိပြီးခြေထောက်ပါ သူတို့ဘက်လှည့်ပီး တခုခုဆိုစောင့်ကန်လို့ရအောင် အနေအထားပြောင်းထားလိုက်တယ်
အာ့ချိန်သုတို့နှစ်ယောက်လည်း မူပျက်ပြီး ကျွန်တော်အန်ချင်နေလို့ အိတ်ကျွတ်ပေးပါ ပြောလိုက်တယ်
မရှိဘူးပြောတော့ အန်ချင်နေပီ အန်ချမိလိုကိတော့မယ်ထင်တယ်
ကားရပ်ပေးပါဆိုတာမရပ်ဘူး အတင်း တံခါးဘောင်ကို ရိုက်ပြီး ချက်ဆွဲဖွင့်လိုက်မှ ရပ်ပေးတယ်
ကိုလည်း ချက်ခြင်းဆင်းပြီးတဖက်က လမ်းဘေးမုန့်ဆိုင်ပြေးဝင်သွားတယ်
သူတို့လည်း ချက်ခြင်းမောင်းပြေးသွားတယ်
နံပါတ်အနက်ပါ
ကားမငှါးခင်မှာ မှန်အကုန်ချထားပါတယ်
ကားပေါ်တက်ပီး မှန်တင်မှ အနက်မှန်းသိတာပါ
ကိုနဲ့သိတဲ့taxiကို လာကြိုခိုင်းတာမျိုးပဲ
အဆင်ပြေပါတယ်
ကိုနားတဲ့မုန့်ဆိုင်က အန်တီကပြောတယ်
ပြီးခဲ့တဲ့အပတ်ကပဲ ကောင်မလေးနှစ်ယောက် ကားပေါ်မှာပိုက်ဆံအိတ်တောင်းပြီး အာ့လမ်းထဲချခဲ့တာတဲ့
အသက်ကို ဥာဏ်ပဲစောင့်တာပါ
ကံမစောင့်ပါဘူး
မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့် Credit