Author: Baby Yit Lone

  • Star Trek

    Star Trek

    Star Trek (2009) နှစ်ပေါင်းများစွာတိုင်အောင် ပရိသတ်တွေကို စွဲဆောင်ခဲ့တဲ့ “Star Trek” စီးရီးရဲ့ မူလ ဇာတ်လမ်းကို အသစ်တစ်ဖန် အသက်သွင်းလိုက်တဲ့ ဒီ ၂၀၀၉ ခုနှစ် ရုပ်ရှင်ဟာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်လောကမှာ မှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ အနာဂတ်ရဲ့ အကြီးကျယ်ဆုံး သူရဲကောင်း နှစ်ဦးဖြစ်တဲ့ ဂျိမ်းစ် တီ. ကာ့ခ် နဲ့ စပေ့ါခ် တို့ရဲ့ ငယ်ဘဝနဲ့ စတင်တွေ့ဆုံမှုတွေကို ပိုင်နိုင်စွာ ပုံဖော်ထားတာဟာ ဒီဇာတ်ကားရဲ့ အနှစ်သာရပါပဲ။ ဂျိမ်းစ် တီ. ကာ့ခ်ဟာ စည်းကမ်းမလိုက်နာတတ်တဲ့ ရဲစွမ်းသတ္တိရှိသူ လူငယ်တစ်ဦးဖြစ်ပြီး၊ စပေ့ါခ်ကတော့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ကာ အမြဲတမ်း ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်တတ်တဲ့ ဗာလ်ကန် လူမျိုးတစ်ပိုင်း၊ လူသားတစ်ပိုင်း သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ဒီလို…

  • Andhra King Taluka

    Andhra King Taluka

    Andhra King Taluka (2025) “အန်ဒရာကင်း” ဒီတစ်ခါမှာတော့ တေလဂူး ဟာသ/ဒရာမာ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ အန်ဒရာကင်း (ဝါ) ဆူရီယာခေါ်တဲ့ မင်းသားတစ်လက်ရှိရာမှာ အကျချိန်ရောက်လာ‌တော့ ရိုက်သမျှကားတိုင်း ဝင်ငွေရှုံးနေပါတော့တယ် ဒီလိုနဲ့ သူ့ရဲ့ ဇာတ်ကား ၁၀၀ မြောက် ရုပ်ရှင်ကားကို ရိုက်ကူးရေးလုပ်နေတုန်းမှာ ဘဏ္ဍာရေးပြဿနာကြောင့် ရပ်ဆိုင်းလိုက်ရပါတယ် ဒါပေမဲ့ အံ့ဩစရာကောင်းလောက်အောင် သူ့ရဲ့ဘဏ်အကောင့်ထဲ ရူပီးသိန်းသုံးရာဝင်လာတဲ့အခါမှာတော့ မင်းသားဆူရီယာတစ်ယောက် သူ့ကိုဘယ်ပရိသတ်က ဒီလိုငွေကြေးမျိုးပေးတာလဲဆိုတာ အဖြေရှာဖို့ ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ရသစုံလင်တဲ့ ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုအားပေးကြပါဦး…..

  • Baahubali: The Epic

    Baahubali: The Epic

    Baahubali: The Epic (2025) ဘာဟုဘာလီရုပ်ရှင်တွေရဲ့ ခမ်းနားတဲ့တင်ဆက်မှုကိုတမ်းတနေတဲ့ အိန္ဒိယရုပ်ရှင် ပရိသတ်တွေအာသာပြေစေမဲ့ The Epicဗားရှင်းကို တင်ဆက်ပေးလိုက်ပါတယ်။ မူရင်းတလေဂူးအသံမရသေးတာမို့ ဟင်ဒီအသံနဲ့ပဲကြည့်လို့ရဦးမှာပါ။ အရင်ဆုံးပြောရရင် ဒီဘာဟုဘာလီရုပ်ရှင်က ဇာတ်လမ်းအသစ်မဟုတ်ဘဲ အရင်ထွက်ခဲ့တဲ့ ရုပ်ရှင်နှစ်ကားကို ပိုကောင်းတဲ့ နည်းပညာတွေ၊ (Deleted Scenes)ဖြတ်ထုတ်ထားခဲ့တဲ့ ဇာတ်ဝင်ခန်းတွေ၊ပိုခမ်းနားတဲ့ Visual Effects(VFX)တွေ၊ ပိုကောင်းမွန်တဲ့ နောက်ခံတေးဂီတ တေးသီချင်းတွေနဲ့အတူပေါင်းစပ်ပြီး ပိုပြည့်စုံအောင် ပြန်လည်တင်ဆက်ထားတဲ့ Remastered Special Editionသဘောမျိုးပါပဲ။ဒါရိုက်တာရာဂျာမူလီက ဘာဟုဘာလီရဲ့ ဇာတ်လမ်းအသစ်ကိုရိုက်ကူးမယ်လို့ တရားဝင်ကြေညာတာ မတွေ့ရသေးပါဘူး။ ရုပ်ရှင်ကတော့ အားလုံးသိကြတဲ့အတိုင်း မဟေ့ရှ်မာတီပြည်ကြီးက ထီးနန်းလုပွဲကြီးလို့ဆိုရမှာပဲ။ သားတော်ဘာဟုဘာလီရဲ့ မိမိဇစ်မြစ်ကို ပြန်ရှာဖွေရင်း၂၅နှစ်တိုင်အကျဉ်းချခံထားရတဲ့မိခင်ဖြစ်သူကိုကယ်တင်ပြီး ထီးနန်းကိုပြန်ယူပုံနဲ့ ဖခင်ဖြစ်သူဘာဟုဘာလီရဲ့အတိတ်ဇာတ်ကြောင်း ပြန်လည်တင်ဆက်ထားပုံတို့ကိုပေါင်းစည်းထားတာမို့သုံးနာရီကျော်ကြာ တ၀ကြီးခံစားကြည့်ရှုကြပါဦး။ Download Links 1 Yoteshin 6.7 GB 1080p 2…

  • Nuremberg

    Nuremberg

    Nuremberg (2025) ဒုတိယကမ္ဘာစစ်ကြီးအပြီး နာဇီတွေ အမေရိကန်တပ်ဖွဲ့ကို အညံ့ခံအပြီးမှာ Nuremberg Trials ဆိုတဲ့ နာဇီခေါင်းဆောင်များကို စစ်တရားရုံးတင် စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါတယ်။ ရုံးတင်ခံရတဲ့ နာဇီခေါင်းဆောင်တွေထဲမှာ ဟစ်တလာရဲ့ လူယုံတော် နာဇီပါတီခေါင်းဆောင်အကြီးအကဲ တစ်ဦးဖြစ်တဲ့ ဟာမန်ဂိုဝါရင်းလည်း ပါခဲ့ပါတယ်။ စစ်တရားရုံးတင်မဲ့အချိန် မတိုင်ခင်အထိ ဒီနာဇီ‌စစ်ခေါင်းဆောင်တွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မသွားဖို့အတွက် အမေရိကန်တပ်ဖွဲ့ဟာ စိတ်ပညာရှင်ဆရာဝန်တွေ တစ်ယောက်ပြီးတစ်ယောက်ခေါ်ပြီး စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီထဲမှာ ဒေါက်တာကယ်လီ ဆိုသူကတော့ နာဇီခေါင်းဆောင်ကြီး ဟာမန်ဂိုဝါရင်းရဲ့ ယုံကြည်မှုကို အရယူနိုင်ခဲ့ပြီး သူ့ရဲ့အတွင်းရေးတွေအထိ လေ့လာမှတ်တမ်းယူနိုင်သူ ဖြစ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာ Nuremberg Trials အတွင်း အဖြစ်အပျက်တွေနဲ့ ဟာမန်ဂိုဝါရင်းရဲ့အကြောင်းကို စိတ်ဝင်စားဖွယ် လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

  • It Ends

    It Ends

    It Ends (2025) တင်ဆက်ခဲ့ပြီးသားဇာတ်ကားတွေထဲကမှ Southbound (2015), Dead end (2003) တို့နဲ့ Premise အတော်ကြီးဆင်တူနေတဲ့ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကားသုံးကားလုံးဟာ လူ့ဘုံလောကမဟုတ်တဲ့လမ်းမကြီးတွေကိုအခြေခံထားလို့ပါပဲ။ ဒီကားမှာတော့ ကျောင်းပြီးကာစ သူငယ်ချင်းတစ်စု ကိုယ့်လမ်းကိုယ်မသွားကြခင် နောက်ဆုံးအနေနဲ့အတူတူဆုံပြီးတစ်ခုခုစားကြဖို့ထွက်လာခဲ့ကြပါတယ်။ စကားတပြောပြောနဲ့ကားမောင်းလာကြရင်းသူတို့သတိမထားလိုက်မိခင်မှာပဲ ဘယ်ကဘယ်လိုမှန်းမသိပဲအဆုံးမရှိ အစမရှိ အကွေ့မရှိတဲ့ လမ်းတစ်လမ်းပေါ်ကိုရောက်နေကြတယ်ဆိုတာ ရုတ်တရက်အားလုံးသဘောပေါက်မိသွားကြပါတယ်။ အဲ့ဒီကစပြီး သူတို့သိလိုက်တာက တစ်ခါတစ်ခါကားကြာကြာရပ်မိရင် တောအုပ်ထဲကနေ ကားကိုလုယက်ဖို့ပြေးလာကြတဲ့လူအုပ်ကြီးတစ်အုပ်ရှိတယ်။ အချိန်တွေဘယ်လောက်ကြာကြာ သူတို့ကားက ဆီကုန်မသွားသလို သူတို့ကိုယ်တိုင်လည်း မောပန်းတာ၊ ဆာလောင်တာ၊ အပေါ့အလေးစွန့်ချင်တာမျိုးလည်းလုံး၀ရှိမနေပါဘူး။ အဲ့ဒီလိုပဲ ကမ္ဘာပေါ်မှာရှိသမျှအချိန်တွေအားလုံးလက်ဝယ်ပိုင်ဆိုင်ခွင့်ရလိုက်တဲ့သူတို့တစ်စုဟာ ဘာကြောင့် ဒီနေရာကိုရောက်လာသလဲ၊ ဒါဟာ ဘယ်လိုနေရာတစ်ခုလဲဆိုတာကို အဖြေရှာဖို့ကြိုးစားကြရပါတော့တယ်။ Digital စနစ်နဲ့ငှားရမ်းဖို့ဖြန့်ချိထားတဲ့လောလောဆည်မှာ RT 100 နဲ့ပွဲထွက်ထားပြီး Neon က လည်း နောက်နှစ်ထဲမှာရုံတင်ပြသဖို့စီစဉ်ထားပါတယ်။