Author: Baby Yit Lone

  • နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိဟု ပြော

    နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိဟု ပြော

    စစ်ကိုင်းမြို့ပေါ်တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများက လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိဟု ပြော

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများက လူငယ်များကို နေ့စဉ် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိသည်ဟု ဖမ်းဆီးခံရသော လူငယ်များ၏ မိဘဆွေမျိုးများကို စစ်အရာရှိများက ပြောဆိုလာကြောင်း သိရှိရသည်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်အနှံ့တွင် စစ်သား၊ ရဲ၊ ပျူစောထီးများက လူငယ်များကို ကားဖြင့် နေစဉ်လိုက်ဖမ်းနေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများက ပြောကြား သည်။

    ယမန်နေ့ ဇန်ဝါရီလ ၉ ရက် နံနက် ၇ နာရီခန့်က စစ်ကိုင်းမြို့အဝင် ဆိုင်းဘုတ်နားနှင့် ရွှေမင်းဝံရပ်ကွက် ၁ လမ်းတို့တွင် ဈေးသွားကြသည့် လူငယ်များနှင့် အလုပ်သွားသည့်လူငယ်များကို စစ်သား၊ ရဲနှင့် ပျူ စောထီးများက ဖမ်းဆီးသွားရာ လူငယ် ၂၅ ဦးခန့်ပါသွားကြောင်း၊ ယင်းလူငယ်များကို လိုက်ထရပ်ကား ဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

    “ရွှေမင်းဝံရပ်ကွက်အဝင်မှာ ဆွဲတာက ၃ ရက်ဆက်တိုက်ရှိပြီ။ ဆွဲတာက တမြို့လုံးကို ပတ်ဆွဲနေတာ ပါ။ ဒီတနေရာဆွဲပြီးရင် နောက်တစ်ရပ်ကွက်ပြောင်းပြီး ဆွဲတယ်။ အလုပ်သွား၊ ဈေးသွားကြတဲ့ ယောက်ျားလေးတွေကို အကုန်လိုက်ဆွဲတာ။ လူငယ်တွေလည်း မရှိလို့ လုပ်စားနေရတာကို အလုပ် သွားအလုပ်ပြန် ကြည့်သွားနေရပါတယ်။ အလုပ်မလုပ်လို့က မသွားလို့ကလည်း မဖြစ်ဘူးမို့ ကံကို ပုံချပြီး သွားနေရပါတယ်။ပေါ်တာဆွဲ တာတွေက စစ်ခွေး ရဲခွေး ပျူခွေး ပေါင်းစုံပါ။ စစ်ကိုင်းတောင် ပေါ်က ဝေပုလ္လ ကတုံး ဦးဆောင်တဲ့ ပျူအဖွဲ့ကောပါပါတယ် သူတို့ပျူအဖွဲ့က အဆိုးဆုံးပါ။လူသတ် လုယက် မုဒိမ်းကျင့်၊ ငွေညှစ် ပြန်ပေးဆွဲ အဖွဲ့ပါ။ ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ ဖခင်ဖြစ်သူက ပြောကြားသည်။

    ဇနန်ဝါရီလ ၈ ရက်နေ့ကလည်း စစ်ကိုင်းမြို့အဝင်ဆိုင်းဘုတ်၊ စစ်ကိုင်းတံတားပေါ်တွင် လူ ငယ်များကို ဖမ်းဆီးသည့်အပြင် ဆိုင်ကယ်ပါက ဆိုင်ကယ်များကိုလည်း သိမ်းဆည်းသွားကြောင်း၊ ယင်းဆိုင်ကယ်များကို ပြန်ရွေးချင်ပါက ငွေကြေးပေးဆောင်ရသည့်အပြင် လူကို ရွေးယူပါက ငွေကျပ် သိန်း ၁၀၀ မှ ၁၅၀ သိန်းအထိ ပေးနေကြရကြောင်း သိရသည်။

    ထိုသို့ ရွေးချယ်ရာတွင်လည်း စစ်တပ်နှင့်ပတ်သက်ဆက်နွှယ်သူများသာ ရွေးချယ်ခွင့်ရရှိပြီး စစ်တပ် အသိုင်းအဝန်းနှင့် ပတ်သက်သူများဖြစ်ပါက ငွေကြေးယူဆောင်ခြင်းမရှိဘဲ လွှတ်ပေးမှုများလည်းရှိ ကြောင်း သိရသည်။

    “ဒီစစ်ကိုင်းက ကောင်တွေက ဆွဲရင် လူကောအပြင် ဆိုင်ကယ်တွေပါ သိမ်းတာ။ ကားပေါ်ပါ တဲ့ သူဆိရင် ဆွဲတယ်။ ပါသွားရင် ဆိုင်ကယ်ရော၊ လူရော အဆုံးပဲ။ လူမရလို့ ဆိုင်ကယ်ပြန်ရွေးမယ် ဆိုရင်လည်း ပိုက်ဆံပေးပြီးမှ ထုတ်လို့ရတယ်။ လူကိုရွေးချင်ရင် သိန်း ၁၀၀ ကနေ သိန်း ၁၅၀ အထိ ပေးကြရတယ်။ စစ်ကိုင်း ထွေအုပ်ရုံးမှာ လိုက်ထုတ်ရပါတယ် အချိန်မီ မထုတ်နိုင်တဲ့သူတွေဆို ထွေ အုပ်ရုံးကနေ တဆင့် စစ်ကိုင်း တပ်မ ၃၃ကို ပို့တယ်။ ထွေအုပ်ရုံးမှာ ထုတ်ရပြုရ ညှိရတာပေါ့။ အဲဒီလို ရွေးတာတောင် ပတ်က် ရာပတ်သက်ကြောင်းရှိတဲ့သူတွေနဲ့ လိုက်မှ ပိုက်ဆံပေးနိုင်တဲ့သူမှ ရွေးနိုင် တာ။ အကြမ်းဖက်စစ်တပ် အသိုင်းအဝိုင်းနဲ့ ပတ်သတ်တဲ့ သားသမီးတွေ လူတွေ ဆိုရင်တော့ တန်း လွှတ်ပါတယ် ဆွဲမထားဘူး” ဟု အခြားဖမ်းဆီးခံလူငယ်တစ်ဦး၏ အစ်ကိုဖြစ်သူက ရှင်းလင်းပြောဆိုသည်။

    စစ်ကိုင်းတွင် ဖမ်းဆီးခံထားရသော လူငယ်များ၏ မိဘဆွေမျိုးများက မိမိတို့သားများကို ပြန်လည် ရွေးယူနိုင်ရေး ကြိုးပမ်းရာတွင် စစ်တပ်က နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်တိုင်းကို စစ်တပ်က ခေါ်ဆောင် ဖမ်းဆီးခွင့်ရှိသည်ဟု စစ်ကိုင်းအခြေစိုက်တပ်မ ၃၃ မှ စစ်အရာရှိများက ပြောဆိုကြောင်း သိရှိရသည်။

    စစ်ကိုင်းမြို့ပေါ်တွင် ပေါ်တာဆွဲသည့် နေရာများမှာ စစ်ကိုင်းတံတားပေါ် စစ်ကိုင်းအထွက် ၊ နွားပွဲ စျေး အိမ်ရာ၊ သံလမ်းကူး၊ ကျော်ထက်ကွေ့ မီးပွိုင့်၊ ချင်းစုမီးပွိုင့်၊ စစ်ကိုင်းမြို့မစျေး မီးပွိုင့်၊ စစ်ကိုင်း ရုပ်ရှင်ရုံ အဟောင်းအနီး၊ စစ်ကိုင်းအဝိုင်းပတ် ၊ မန္တလေး-မုံရွာလမ်းပေါ် စစ်ကိုင်းမြို့ အထက ၃ စာ သင်ကျောင်းအနီး၊ မကျီးစဥ်ရွာ၊ ရွာထောင် စက်ခေါင်းစက်ရုံအနီးရှိ တမာတန်း၊ စစ်ကိုင်းမြို့ နှစ် ၇၀၀ ကွင်း၊ ရွှေမင်းဝံရပ်ကွက် အဝင် ဆိုင်းဘုတ်အနီး၊ ရွှေမင်းဝံရပ်ကွက် ၁ လမ်း တကြော၊ ရွှေမင်းဝံ ရပ်ကွက်၊ ဒီဇယ်စက်ခေါင်း စက်ရုံရှိသည့် ဒီဇယ်ရပ်ကွက်၊ ဇေယျာကွက်သစ်ရပ်ကွက် သွားသည့်လမ်း ဘက်၊ စစ်ကိုင်းမြို့ရှောင်လမ်းဘေးနှင့် နီလာရပ်ကွက်ရှိ ဆန်းဘရားသား သံရည်ကျိူစက်ရုံအနီး နေ ရာများတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေမှု အများဆုံးတွေ့ရကြောင်း သိရသည်။

    ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသော လူငယ်များကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)

  • မြန်အောင်မြို့ အနီး ဧရာဝတီမြစ်အတွင်းမှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါက်

    မြန်အောင်မြို့ အနီး ဧရာဝတီမြစ်အတွင်းမှာ သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါက်

    “ရခိုင်ကမ်းလွန်ကနေ ပဲခူးတိုင်းဘက်ကို ချိတ်တဲ့ ပိုက်လိုင်းလို့တော့ သိရတယ်။ အဲဒါဖြစ်ဖို့များတယ်။အဲဒီပိုက်လိုင်းကို စမ်းတာ ဘယ်နေရာတွေကို ဖာရမလဲဆိုပြီး စမ်းဖို့အတွက် ဂက်စ်လွှတ်ကြည့်တယ်လို့တော့ သိရတယ်။ မိုးတွင်းမှာ လုပ်လို့မရနိုင်တဲ့အခါကျတော့ အခုလုပ်ဖို့ ကြိုးစားကြည့်ပုံရတယ်”

    မြန်အောင်မြို့အနီး ဧရာဝတီမြစ်ကြောင်းထဲမှာ ဇန်နဝါရီလ ၈ ရက်နေ့က သဘာဝဓါတ်ငွေ့ပိုက်လိုင်း ပေါက်နေတဲ့အတွက် မြစ်ကြောင်းအတွင်းမှာ ရေတွေပွက်ထနေပြီး လှေ၊စက်လှေ၊သင်္ဘောတွေ ကွေ့ရှောင်သွားခဲ့ရပါတယ်။

    “ရေအာက်ကနေ ပြင်းအားတခုခုကြောင့်သာရေတွေပန်းထွက်နေတာ။ဒါကတချို့ပြောနေကြသလို မှုတ်ဝဲ မဟုတ်ပါဘူး။ ဓာတ်ငွေ့ပိုက်လိုင်း ရှိတယ် ကြားမိတော့ အဲ့ဒါကြောင့်လို့ ကျတော်တော့ထင်တယ်လို့” ဧရာဝတီမြစ်ကြောင်းအတွင်း စက်လှေမောင်းသူ တဦးကပြောပါတယ်။

    မြန်အောင်မြို့နယ် မြစ်ကျိုးအုပ်စု ၊ မာလကာကုန်းကျေးရွာ၊ ရောင်နီအရက်ချက်စက်ရုံ အနီး မြန်အောင်-ကြံခင်းလမ်းဘေးရှိ ဧရာဝတီမြစ်အတွင်းမှာ မြစ်ရေတွေဟာ ရေမျက်နှာမြင်အထက် ၆ ပေခန့်အထိ ပွက်နေတာ ဖြစ်ပါတယ်။ ဒေသခံတွေအကြားမှာတော့ အခုဖြစ်စဉ်ကို မြစ်သဲကျောက်စုပ်နေတဲ့ မော်တော်တွေကြောင့် ပိုက်လိုင်းပေါက်သွားတယ်လို့ ခန့်မှန်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

    “ရေအောက်ဂတ်စ်ပိုက်လိုင်းပေါက်တာဖြစ်မယ် ။ ဌာနဆိုင်ရာတွေက ပြင်တာဆင်တာတွေ လုပ်ပါလိမ့်မယ်။ စိုးရိမ်စရာမရှိပါဘူး”လို့ မြန်အောင်မြို့မှ အုပ်ချုပ်ရေးမှုးတယောက်က မှတ်ချက်ပေးပါတယ်။

    ဒီချုပ်ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ဧရာဝတီတိုင်းဒေကြီး မြန်အောင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်ကတော့ ဒီချုပ်အစိုးရကာလ ၂၀၂၀ ကတည်းက မြန်အောင်မြို့နယ်ထဲမှာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်း ပြန်စဖို့ သူတို့ကိုယ်စားလှယ်တွေ ကွင်းဆင်းဆောင်ရွက်ခဲ့ရတယ်လို့ ပြောပါတယ်။ အခု ဖြစ်စဉ်ကလည်း ပိုက်လိုင်းပေါက်တာ မဟုတ်ပဲ ကုမ္မဏီကနေ သဘာဝဓါတ်ငွေ့ စမ်းသပ်လွှတ်ခဲ့ကြောင်း သတင်းကြားရတယ်လို့ ပြောပါတယ်။

    “ရခိုင်ကမ်းလွန်ကနေ ပဲခူးတိုင်းဘက်ကို ချိတ်တဲ့ ပိုက်လိုင်းလို့တော့ သိရတယ်။အဲဒါဖြစ်ဖို့များတယ်။အဲဒီပိုက်လိုင်းကို စမ်းတာ ဘယ်နေရာတွေကို ဖာရမလဲဆိုပြီး စမ်းဖို့အတွက် ဂက်စ်လွှတ်ကြည့်တယ်လို့တော့ သိရတယ်။ မိုးတွင်းမှာ လုပ်လို့မရနိုင်တဲ့အခါကျတော့ အခုလုပ်ဖို့ ကြိုးစားကြည့်ပုံရတယ်”လို့ ဒေါ်စုစုအောင်က ပြောပါတယ်။

    အခုပိုက်လိုင်းပေါက်တဲ့ ဧရိယာရဲ့ ဧရာဝတီမြစ်အတွင်းမှာ ရောင်နီအရက်ချက်စက်ရုံရဲ့ ရေဆိုးစွန့်ပြွန်လည်း ရှိနေသလို အခုလို မြစ်အတွင်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းပေါက်နေတဲ့ အခြေအနေက မြစ်ကြောင်းအတွင်း ရှင်သန်နေတဲ့ အစာကွင်းဆက်တွေအပေါ် အကျိုးသက်ရောက်မှု ၊ မြစ်ရေကို မှီခိုအသုံးပြုနေရတဲ့ ဒေသခံတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့အချက်တွေကို သုတေသနတွေ ပြုသင့်တယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်က သုံးသပ်ပါတယ်။

    မြန်အောင်ရေနံမြေကို ၁၉၆၄ ခုနှစ်ကတည်းက စတင် အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပြီး လက်တလောမှာ စွမ်းအင်ဝန်ကြီးဌာန၊မြန်မာ့ရေနံ နှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း(MOGE) နဲ့ HNA Myanmar Oil & Gas Ltd.တို့က ကုန်းတွင်းလုပ်ကွက်IOR-4(ပြည်ဒေသ) ဧရိယာ-၁ IOR-6 (မြန်အောင်ဒေသ) ဧရိယာ-၃ က ထွက်တဲ့ ရေနံနှင့် သဘာဝဓါတ်ငွေတွေကို ခွဲဝေခံစားတဲ့ စာချုပ်ကို ၂၀၂၅ ဩဂုတ်လ ၆ ရက်နေ့မှာ ချုပ်ဆိုပြီး အကျိုးတူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

  • မိန်းမဖြစ်သူကို ရောင်းစား ကြက်မလုပ်ခိုင်းတဲ့  သားအဖ

    မိန်းမဖြစ်သူကို ရောင်းစား ကြက်မလုပ်ခိုင်းတဲ့ သားအဖ

    မိန်းမဖြစ်သူကို ရောင်းစား ကြက်မလုပ်ခိုင်းတဲ့၊

    သားရော အဖေရော၊ ထိန်းသိမ်းလိုက်တယ်လို့၊ သိရပါတယ်။

    ပုံထဲက အကောင်က၊ အသက် 22၊ရေခဲမုန့်ရောင်းတယ်။

    ဝဝနဲ့ လူကြီးက၊ ဒီအကောင်ရဲ့ အဖေ။

    ရေခဲမုန့်သည် အကောင်က၊ ကုန်စုံဆိုင်မှာ၊ အလုပ်လုပ်နေတဲ့၊ အသက် 19နှစ်၊ ညီမလေးနဲ့ ယူပီးတော့၊

    ပိုက်ဆံအသုံးကြီးမှုကြောင့်၊ ညီမလေးရဲ့ လစာလဲ မလောက်၊

    အဲတော့၊ ဘာလုပ်သလဲဆို၊ သူ့အဖေနဲ့ အိပ်ခိုင်းပီး၊

    ပုံရိုက်ပီး၊ အပြင်မှာ ရောင်းစားခဲ့တယ်။

    အဲအပြင်၊ သူကိုတိုင် ကြို/ပို့ လုပ်ပေးပီး၊

    ညီမလေးကို ကြက်မလုပ်ခိုင်းခဲ့တာ ၁နှစ်လောက်ရှိပီ။

    ညီမလေးကို အိမ်ထဲမှာ ပိတ်ထားပီး၊ ဘယ်မှ မသွားခိုင်းဘူး။

    အဲတော့ ညီမလေးက၊ နောက်ဆုံး မရရအောင်၊

    ထွက်လာပီး အကူညီ ၊တောင်းခဲ့လို့၊ သတင်းဖြစ်သွားတာ။

    အခု ဒီညီမလေးမှာ ကိုဝန် 3လရှိနေပီး၊

    ယောက်ျားရဲ့ ကိုယ်ဝန်လား/ ယောက်ျား အဖေရဲ့ ကိုယ်ဝန်လားဆိုတာ၊

    မသိတော့ဘူး။

    သူ့ကို ကူညီကြပါလို့၊ ပြောလာပီး၊

    ဆိုင်ရာ လူကြီးတွေက၊ ဒီညီမလေးကို၊ လက်ရှိ စောင့်ရှောက်ထားပီး၊

    သားအဖ၂ယောက်ကိုတော၊ တရားစွဲဖို့ စီစဉ်ထားတယ်လို့၊ သိရပါတယ်။

    အားလုံးက ထိုင်းတွေပါရှင့်။

    ထိုင်း-မြန်မာမူရင်းဘာသာပြန် Nanpiya

  • ရုရှားနှင့် တရုတ်ရန်မှ ကာကွယ်ရန် အနုနည်းဖြင့်မရပါက အကြမ်းနည်းသုံးပြီး ဂရင်းလန်ကို ရယူမည်ဟု ထရမ့် သတိပေး

    ရုရှားနှင့် တရုတ်ရန်မှ ကာကွယ်ရန် အနုနည်းဖြင့်မရပါက အကြမ်းနည်းသုံးပြီး ဂရင်းလန်ကို ရယူမည်ဟု ထရမ့် သတိပေး

    ရုရှားနှင့် တရုတ်တို့၏ ဩဇာလွှမ်းမိုးမှုကို ဟန့်တားရေးအတွက် ဂရင်းလန်ကျွန်းအရေးကို အနုနည်းဖြင့် မရပါက အကြမ်းနည်းသုံး၍ ဆောင်ရွက်သွားမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။

    “ဂရင်းလန်ကိစ္စကို သူတို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့ တခုခုလုပ်သွားမှာပါ။ ကျွန်တော်တို့က တခုခုမလုပ်ရင် ရုရှား ဒါမှမဟုတ် တရုတ်က ဂရင်းလန်ကို သိမ်းပိုက်သွားလိမ့်မယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်းအဖြစ် အဖြစ်မခံနိုင်ပါဘူး” ဟု စနေနေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ထရမ့်က ပြောခဲ့သည်။

    “ကျွန်တော်ကတော့ အနုနည်းနဲ့ပဲ သဘောတူညီမှု ရချင်ပါတယ်။ ဒါပေမဲ့ အဆင်မပြေရင်တော့ အကြမ်းနည်းနဲ့ ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ပိုင်ဆိုင်ရင် ကျွန်တော်တို့ပဲ ကာကွယ်စောင့်ရှောက်မှာပါ။ အိုဘားမားရဲ့ အီရန်နဲ့ချုပ်ဆို ခဲ့တဲ့ ကာလတို သဘောတူညီချက်ဆိုးကြီးကို ကြည့်လိုက်ပါ။ နိုင်ငံတွေမှာ ပိုင်ဆိုင်ခွင့်ရှိဖို့ လိုပါတယ်။ ကျွန်တော်တို့သာ ဂရင်းလန်ကို မကာကွယ်ရင် တရုတ် ဒါမှမဟုတ် ရုရှားက ဝင်လာမှာမို့ ကျွန်တော်တို့ ကာကွယ်ရပါမယ်” ဟု ဂရင်းလန်ကျွန်း၏ မဟာဗျူဟာမြောက် အရေးပါမှုကို ထရမ့်က ထပ်မံ အလေးပေးပြောကြားခဲ့သည်။

    ထို့ပြင် အမေရိကန်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိလာစေရန် ဂရင်းလန်ကျွန်းသားတဦးလျှင် အမေရိ ကန်ဒေါ် လာ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ငွေကြေးထောက်ပံ့ပေးရန် ထရမ့်အစိုးရက စဉ်းစားနေ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

    ယင်းစီမံကိန်းသည် အစပျိုးအဆင့်တွင်သာ ရှိနေသေးသော်လည်း ငွေကြေးထောက်ပံ့မှု စုစုပေါင်းမှာ ဒေါ်လာ ခြောက်ဘီလီယံနီးပါးအထိ ရှိနိုင်ကြောင်း အကြံပေးများက ခန့်မှန်းထားကြသည်။

    လူဦးရေ ၅၇,၀၀၀ ခန့်ရှိပြီး သယံဇာတ ပေါကြွယ်ဝသော ဂရင်းလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်သည်။

    အမေရိကန်၏ လုပ်ဆောင်လာနိုင်ခြေရှိသော အစီအစဉ်များနှင့်ပတ်သက်၍ ဒိန်းမတ်က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ အကယ်၍ ဂရင်းလန်တိုက်ခိုက်ခံရပါက ၎င်းတို့၏ တပ်ဖွဲ့ဝင်များက “အရင်ပစ် ပြီးမှသာ မေးမြန်ရန်” ဟူသော အသင့်အနေအထားနေရန် အမိန့်စာထုတ်ထားကြောင်း သတိပေးခဲ့သည်။

    ထို့ပြင် အာတိတ်စက်ဝိုင်းဒေသအတွင်း အမေရိကန်က စစ်ရေးအရ အရေးယူဆောင်ရွက်ရန် ပေါ်ပေါ် ထင်ထင် စဉ်းစားနေမှုအပေါ် ဥရောပတာဝန်ရှိသူများကလည်း စိုးရိမ်နေသည်။

    ရွေးချယ်စရာ နည်းလမ်းတခုအနေဖြင့် အမေရိကန်က ပစိဖိတ်ကျွန်းနိုင်ငံအချို့နှင့် ချုပ်ဆိုထားသကဲ့သို့ “လွတ်လပ်စွာ ပေါင်းစည်းရေး သဘောတူညီချက်”ကို ဆွေးနွေးနေသည်။ ယင်းသဘောတူညီချက်အရ အမေရိကန်က စစ်ဘက်ဆိုင်ရာ အခြေစိုက်ခွင့်ပေးသည့်အတွက် ဂရင်းလန်ကို ငွေကြေးထောက်ပံ့မှုနှင့် ကာကွယ်ရေးစောင့်ရှောက်မှုများ ပေးအပ်မည်ဖြစ်သည်။

    ယင်းအဆင့်သို့ ရောက်ရှိရန် ဂရင်းလန်က ဒိန်းမတ်ထံမှ ဦးစွာ လွတ်လပ်ရေးယူရန် လိုအပ်မည်ဖြစ်သည်။

    အမေရိကန်၏ ငွေကြေးထောက်ပံ့မှုများကို လွတ်လပ်ရေးအတွက်ဖြစ်စေ၊ အမေရိကန်နှင့် နောင်တွင် ချုပ်ဆိုမည့် သဘောတူညီချက်အတွက်ဖြစ်စေ လူထုထောက်ခံမှုရရှိရန် အသုံးချနိုင်ဖွယ်ရှိသည်။

    သို့သော် လူထုဆန္ဒကောက်ယူမှုများအရ ဂရင်းလန်ကျွန်းသားအများစုက ဒိန်းမတ်ထံမှ လွတ်လပ်ရေး ရယူလိုကြသော်လည်း အမေရိကန်၏ အစိတ်အပိုင်းတခု ဖြစ်လာရန်မူ ဆန္ဒမရှိကြပေ။

    The Times of India မှ ‘Going to do it hard way’ : Trump vows action on greenland cites risk of russia china taking over အား သောမတ် ဘာသာပြန်သည်။

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် မြန်မာပြည် စစ်ရေးသုံးသပ်ချက်အနေနှင့် ဦးစွာအားဖြင့် ရခိုင်စစ်မြေပြင်မှ အစပြုပါမည်။ အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ် တခုလုံးတွင် စစ်မျက်နှာ ခြောက်ခုတွင် ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့မြင်ရ၏။

    အဆိုပါ စစ်မျက်နှာ ၆ ခုမှာ-

    ၁။ မောင်တော၊ ဘူးသီးတောင်

    ၂။ စစ်တွေ

    ၃။ ကျောက်ဖြူ
    ၄။ နတ်ရေကန်

    ၅။ ညောင်ကျိုး

    ၆။ ဧရာဝတီ တို့ဖြစ်ကြ၏။

    အာရက္ခတပ်တော်သည် မောင်တော၊ ဘူးသီးတောင်ဒေသတွင် စကမ စစ်တပ် ၏ ပျူစောထီးတပိုင်းဖြစ်ကြသည့် အစ္စလမ်မစ်အစွန်းရောက်အဖွဲ့များနှင့်ရင်ဆိုင်နေရပြီး ကျန်စစ်မျက်နှာ ၅ ခုတွင် စကမ စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်‌နေသည်ကို တွေ့ရ၏။

    ၁။ မောင်တော၊ ဘူးသီးတောင် စစ်မျက်နှာ

    မောင်တော၊ ဘူးသီးတောင် စစ်မျက်နှာတလျှောက် အာရက္ခတပ်တော် ရင်ဆိုင်နေရသည်မှာ အစ္စလမ်မစ် အစွန်းရောက်အဖွဲ့များဖြစ်ကြ၏။ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA)၊ အာရ ကန် ရိုဟင်ဂျာတပ် (ARA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) စသည့်အဖွဲ့များအပြင် နောက်တိုးအဖွဲ့အချို့ပါ တွေ့လာရသည်ဟု သိရ၏။ ထိုအဖွဲ့များသည် ယခင်က မောင်တော၊ ဘူးသီးတောင်ဒေသတွင် စကမ စစ်တပ်နှင့်တွဲ၍ ရပ်တည်ခဲ့ကြသော်လည်း စကမ စစ်တပ်အရေးနိမ့်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်တွင်းသို့ ပြေးဝင်သွားကြပြီး မွတ်စလင်ဒုက္ခသည်စခန်းများတွင် အခြေပြု၊ တပ်သားစုဆောင်း၍၎င်း၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လေ့ကျင့်စုဖွဲ့၍၎င်း မောင်တော၊ ဘူးသီးတောင်ဒေသအားပြန်လည်ထိုးဖေါက်နိုင်ရန် ကြိုးစားနေသည်ကိုတွေ့ရ၏။ ထို့အဖွဲ့များအား စကမ စစ်တပ်က လက်နက်တပ်ဆင်ပေးထားသည်ကို တွေ့ရပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က သူ့နယ်မြေအတွင် အကာအကွယ်ပေးထားသည်ဟု နယ်စပ်ဒေသသတင်းများအရ သိရ၏။

    မွတ်စလင် ပြူစောထီးများသည် နယ်စပ်တလျှောက်ရှိ စခန်းများအား တိုက်ခိုက်မည်ဟု ကြုံးဝါးသော်လည်း ပြင်းပြင်းထန်ခန် တိုက်ခိုက်နိုင်ခြင်းမရှိပါ။ အများစုမှာ ချောင်းပစ်၊ပြေးအဆင့်ကများသည်ကို တွေ့ရ၏။ သို့သော် ပြသနာမှာ မွတ်စလင်ပြူစောထီးအဖွဲ့များသည် နယ်စပ်ဒေသတလျှောက်သာမက မယူတောင်တန်းအတွင်း ပြောက်ကျားလှုပ်ရှားခြင်းဖြစ်ပြီး ဘူးသီးတောင်၊ မောင်တော တောင်ဖက် စေတီပြင်၊ ကျောက်ပန္ဒူတောင်ကျော်လမ်းအထိ လှုပ်ရှားသည်ကို တွေ့ရ၏။ ထိုသို့လှုပ်ရှားရာတွင် အာရက္ခတပ်တော်အား ရှောင်ပြီး ဒေသခံတိုင်းရင်းသားများအား လစ်လျှင်လစ်သလို ဖမ်းဆီးသတ်ဖြတ်ခြင်းပြုလုပ်နေသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက် ခံစစ်စခန်းများယူထားရသကဲ့သို့ မယူတောင်တန်းတလျောက် လိုက်လံရှင်းလင်းခြင်းပြုလုပ်နေရသည်ကို တွေ့ရ၏။ စစ်ရေးအရ ရင်ဆိုင်တိုက်ခိုက်ရသည်ထက် အရပ်သားလူထုအား မွတ်စလင်ပြူစောထီးများ သတ်ဖြတ်ခြင်းရန်မှ ကာကွယ်နေရ၏။

    ၂။ စစ်တွေ

    စစ်တွေတွင် စကမ ၏ နပခ တိုင်းမှူနှင့် ဒကစမှူး အခြေပြုပြီး ကြည်း တပ်အင်အား နှစ်ထောင်ခန့်၊ ရေတပ် စစ်သင်္ဘော အနည်ဆုံးဆယ်စီးခန့်နှင့် အင်အားတထောင်ခန့် အပြင် ရဲများ၊ မွတ်စလင်ပြူစောထီးများ၊ ALP ပြည်သူ့စစ်များဖြင့် အားဖြည့်ထားသည်ကို တွေ့ရ၏။ စစ်တွေပတ်လည်ရှိ ရခိုင်ကျေးရွာများအား ဖျက်ဆီးပြီး စစ်တွေတွင်စုစည်းထား၏။ စစ်တွေမြို့နှင့် စစ်တပ်တပ်ရင်းတပ်ဖွဲ့များအခြေပြုရာ ပါဒလိတ်၊ မင်းချောင်းတံတားအထိ တပ်ဖြန့်နေရာယူထား၏။

    စစ်တွေအား ကားလမ်းဖြင့် ဝင်၍ရသည့် တခုတည်းသော မင်းချောင်းတံတားအား AA စစ်ဆင်ရေး စကထဲက ချိုးထားသော်လည်း ၂၀၂၅ ခုနှစ်ထဲတွင် ပြန်ပြင်ပြီး ပုဏ္ဏားကျွန်းအား ပြန် လည်ထိုးစစ်ဆင်မည်ဟု သတင်း လွှင့်သည်ကို တွေ့ရ၏။ သို့သော် ၂၀၂၅ ခုနှစ်တနှစ်လုံး စကမ သည် စစ်တွေမှ ပေါက်တော၊ ပုဏ္ဏားကျွန်း ဖက်သို့ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်ခြင်းသာတွေ့ရပြီး မြေပြင်တွင် ထိုးစစ်ဆင်သည်ကို မတွေ့ရသေးပေ။

    အာရက္ခတပ်တော်ဖက်မှလည်း စစ်တွေအား ထိုးစစ်ဆင်ခြင်းမပြုသေးဘဲ အစောပိုင်းကာလက လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပြန်လည်ပစ်ခတ်ခြင်းကို စတိသဘောပြုသည်ကိုသာတွေ့ရ၏။ သို့သော် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အာရက္ခတပ်တော်၏ ပစ်ခတ်မှုများပြားလာပြီး ပါဒလိတ်တကြောရှိ စခန်းများတွင် ကျရောက်ပေါက်ကွဲခဲ့ခါ သေဆုံးဒဏ်ရာရသူများရှိလာသည်ဟု သိရ၏။ ထို့နောက် ဒကစ တပ်ရင်းတပ်ဖွဲ့အိမ်ထောင် သည်များအား လက်နက်ကြီးမမှီဟုယူဆသည့် စစ်တွေမြို့၏တောင်ဖက်ဆုံးသို့ ပြောင်းရွှေ့နေရာချသည်ဟု သိရ၏။

    လက်ရှိတွင် စကမ သည် စစ်တွေသို့ လေကြောင်းရော၊ ရေကြောင်းပါထောက်ပို့နိုင်ပြီး စစ်တွေတွင် ကျောက်ဖြူတိုက်ပွဲ ဒဏ်ရာရှိသူများပါ ဆေးကုသပေးနေ၏။ ယခု လူနာများပြားသဖြင့်၎င်း၊ အာရက္ခတပ်တော် လက်နက်ကြီးပစ်ခတ်မှု မမှီစေရန်၎င်း စစ်တွေ ကုတင် ၅၀၀ ဆေးရုံ၏ အချို့အဆောင်များအား စစ်ဆေးရုံအဖြစ် ပြောင်းလဲ အသုံးပြုနေသည်ကို သိရ၏။

    ၃။ ကျောက်ဖြူ

    ကျောက်ဖြူတွင် အခြေစိုက်တပ်ရင်း သုံးရင်း၊ ရဲတပ်ရင်းတရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နှင့်ရေတပ်စခန်းငယ်နှစ်ခုရှိ၏။ တပ်မ ၁၁ နှင့် အခြားတပ်များ ထပ်မံဖြည့်တင်းထား၏။ စကမ တပ်အင်အားတောက်လျောက်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ကျောက်ဖြူတွင် စကမ ကြည်းတပ်မှ အင်အား ၁၅၀၀ မှ ၂၀၀၀ ကြား၊ရေတပ်မှ စစ်သင်္ဘော ဆယ်စီးခန့်နှင့် အင်အား တထောင်ခန့် နှင့် ရဲတပ်ရင်းတရင်းနှင့် မွတ်စလင်ပြူစောထီးအချို့ ရှိသည်ဟုသိရရ၏။

    ၂၀၂၅ မတ်၊ ဧပြီလမှ စ၍ တိုက်ပွဲများဖြစ်ပွါးနေပြီး OGT – Offshore Gas Terminal အနီး၊ ရဲတပ်ရင်း ၃၂ အနီးနှင့် သစ်ပုတ်တောင် ရေတပ်စခန်းအနီး သုံးနေရာတွင် တိုက်ပွဲများ ပြင်းထန်သည်ကို တွေ့ရ၏။ ၂၀၂၅ နှစ်လည်ခန့်မှစ၍ AA တပ်ဖွဲ့များ ကျောက်ဖြူမြို့မှ ၁၀ မိုင်ဝန်းကျင်ခန့်ထိ ဆုတ်၍ ခံစစ်ဆင်သည်ကို တွေ့ရ၏။ အစောပိုင်း OGT အနီးတိုက်ပွဲဖြစ်ပွါးနေရာ တရုတ်သို့ ဓါတ်ငွေ့တင်ပို့မှု ထိခိုက်မည်စိုး၍ AA အား တရုတ်တို့ တောင်းဆို၍ ခွါစစ်ဆင်သည်ဟု ဆိုကြ၏။

    ထို့နောက် အောက်တိုဘာ၊နိုဝင်ဘာလများတွင် သိုင်းချောင်း၊ ဇင်ချောင်း၊ မင်းပြင် တဝိုက်ထိ စကမ တပ်က ထိုးစစ်ဆင်လာပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွါးခဲ့ပြီး အပြန်အ လှန်ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ဒီဇင်ဘာလတွင် အာရက္ခတပ်တော်က သိုင်းချောင်း၊ ဇင်ချောင်း၊ မင်းပြင်တို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်ပြင် ကျောက်ဖြူမြို့နှင့် ရေတပ်ဌာန ချုပ်အနီးရှိ ကပ်သပြေအထိ ပြန်လည်ထိုးစစ်ဆင်သဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွါးနေသည်ဟု သိရ၏။

    ကျောက်ဖြူတိုက်ပွဲတွင် စကမ တပ်မှ ထိခိုက်ကျဆုံးမှုများသဖြင့် ဒဏ်ရာသမားများကို ကျောက်ဖြူမှ စစ်တွေသို့ ရေယဉ်ဖြင့် ပို့ဆောင်ခြင်း၊ စစ် ကူများကို ရန်ကုန်မှ ကျောက်ဖြူသို့ မပြတ်ပို့ဆောင်နေရပြီး ၂၀၂၅ ဒီဇင် ဘာလအတွင်း စစ်ကူအင်အား ၈၀၀ ခန့်ပို့သည်ဟု မြေပြင်သတင်းများအရသိရ၏။စကမ ဖက်မှ သေဆုံးမှု နှင့်ဖမ်းဆီးခံမှုများသည်ဟုသိရပြီး တရား ဝင်ထုတ်ပြန်မှုများမတွေ့ရ၍ ကိန်းဂဏန်းများ အတည်ပြု၍မရသော် လည်း စကမ ဖက်က စစ်ကူအဆက်မပြတ်ဖြည့်တင်းနေသည်ကတော့ အမှန်ပင်ဖြစ်၏။ ကျောက်ဖြူစစ်မျက်နှာသည့် ၂၀၂၅ ခုနှစ် မတ်လခန့်မှစ၍ တောက်လျောက်တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်စစ်မျက်နှာတခုဖြစ်၏။

    ၄။ နတ်ရေကန်

    အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား သိမ်းပြီးနောက် အာရက္ခတပ်တော်သည် အမ်းတောင်ကြားလမ်းအတိုင်း ထိုးစစ်ဆင်လာခဲ့ရာ စခန်းတခုပြီးတခုသိမ်းပိုက်ခဲ့ပြီး စကမ က နတ်ရေကန်ကို ဗဟိုပြုထားသည့် ခံစစ်စခန်းကြီးတွင် အင်အားအလုံးအရင်းဖြင့် ခံစစ်ဆင်နေသည်။

    နတ်ရေကန်စခန်းသည် ပဒါန်း၏ အနောက်ဖက် ပေ ၅၀၀၀ ကျော်အမြင့်တွင်ရှိပြီး ငဖဲမြို့နယ်အပိုင်ဖြစ်သည်။ နတ်ရေကန်မှ အရှေ့ဖက် တောင်ခြေရောက်လျင် ပဒါန်းသို့ရောက်ပြီး မကွေးတိုင်း မြေပြန့်ဒေသသို့ ရောက်ပြီဖြစ်၏။

    စကမတပ်သည် ပဒါန်းအခြေစိုက် အမြောက်တပ်မဌာနချုပ် မစခ ၉၀၅ အား အခြေပြု၍ နတ်ရေကန် ခံစစ်အားပြင်ဆင်ထား၏။ နတ်ရေကန် သည် စခန်းမကြီးဖြစ်ပြီး ပတ်လည်တွင် ကာကင်းစခန်းများစွာထားပြီး ခံစစ်ဆင်၏။ နတ်ရေကန်ကျော်လွန်လာပါက မင်းဘူး၊ စေတုတ္ထရာ၊ ပွင့်ဖြူ၊ မင်းလှ ဒေသများတွင် ကပစ စက်ရုံ ၆ ရုံခန့်ရှိသာဖြင့် နတ်ရေကန်သည် အရေးပါသော ခံစစ်စခန်းကြီးဖြစ်၏။ တဖန် ရခိုင်တောင်ပိုင်းအား ပြန်လည်ထိုးစစ်ဆင်ရန် အမ်းတောင်ကြားလမ်းသည် အရေးပါသည်ဖြစ်ရာ နတ်ရေကန်သည် ခံစစ်လည်းဖြစ်သကဲ့သို့ ထိုးစစ်ပြန်လည် စတင်ရန်လည်းဖြစ်၏။

    အမ်းတောင်ကြားလမ်းရှိ နတ်ရေကန်တွင် လောလောဆယ် တိုက်ပွဲပြင်း ထန်သည်။ အမ်းမြို့သိမ်းပြီးနောက် တဆင့်ပြီးတဆင့်ထိုးစစ်ဆင်လာသည့် AA တပ်များအား စကမတပ်များက တပ်မ ၉၉ တပ်မတခုလုံးဖြည့်တင်းပြီး အင်အားအလုံးအရင်းဖြင့် ခုခံနေသကဲ့သို့ ပြန်လည်ထိုးစစ်ဆင်ရန် ကြိုးပမ်းနေ၍ တိုက်ပွဲများပြင်းထန်နေ၏။ တပ်မ ၉၉ အထိနာပြီးနောက် တမ် ၉၉ နှင့် စကခ ၁၇ မှ ဗျူဟာနှစ်ခု၊ စကခ ၁၄ မှ ဗျူဟာတခုနှင့် လဲလှယ်ခဲ့၏။ ထို့နောက် အကျအဆုံးများသဖြင့် စကခ ၁၇ မှ လက် ကျန် ဗျူဟာတခုအားလည်း ထပ်မံဖြည့်တင်းခဲ့၏။ ယခုအခါ နတ်ရေကန်စစ်မျက်နှာတွင် စကခ ၁၇ တခုလုံး၊ စကခ ၁၄ မှ ဗျူဟာတခု၊ မစခ ၉၀၅ နှင့် ကပစ စက်ရုံများမှ ထုတ်နှုတ်အင်အားများအပါ စုစုပေါင်း အင်အား ၂၅၀၀ မှ ၃၀၀၀ ကြား အသုံးပြုပြီး ခံစစ်ဆင်နေသည်။

    ယခုအခါ AA တပ်ဖွဲ့များက ပတ်လည်စခန်းများအား သိမ်းပိုက်ပြီး နတ်ရေကန် ပင်မစခန်းကြီးအား ဝိုင်းပတ်ပိတ်ဆို့ထားသည်ကို တွေ့ရ၏။

    စကမ ကလည်း စစ်ကူများ တောက်လျောက် စေလွှတ်နေပြီး ထိုစစ်ကူ စစ်ကြောင်းများကို AA က ဖြတ်တောက်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများတောက်လျောက် ဖြစ်ပွါးနေသည်ကို တွေ့ရ၏။ စကမ တပ်များသည် အာရက္ခတပ်တော်က သိမ်းပိုက်ထားသော ကာကင်းစခန်းများကို ပြန်လည်သိမ်း ပိုက်ရန် အင်အားတောက်လျောက်ဖြည့်၍ ပြန်လည်ထိုးစစ်ဆင်နေသော် လည်း ပြန်လည်လန်ကျနေပြီး အထိနာနေသည်ကို တွေ့ရ၏၊၊ ယခုအခါ နတ်ရေကန်စခန်းတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်ပြီး ရခိုင်စစ် မျက်နှာတွင် အပြင်းအထန်ဆုံး အသေအပျောက်များဆုံးစစ်မျက်နှာတခုဖြစ်၏။

    ၅။ ညောင်ကျိုး

    တောင်ကုတ်တောင်ကြားလမ်းတွင် တောင်ကုတ်အားသိမ်းပိုက်ပြီး ထိုးစစ်ဆင်လာသည့် AA တပ်ဖွဲ့သည် ၂၀၂၅ ခုနှစ်အတွင်း ညောင်ကျိုးအား သိမ်းပိုက်ပြီးနောက် ညောင်ကျိုးအရှေ့ဖက် ကားလမ်းအတိုင်း ညောင်ခြေထောက်အား ဦးတည်၍ စစ်ကြောင်းတကြောင်းတိုက်ခိုက်နေသကဲ့သို့ ညောင်ကျိုးတောင်ဖက် မသုန်သို့ စစ်ကြောင်းတကြောင်း ဦးတည်တိုက်ခိုက်နေသည်။ ညောင်ခြေထောက်၊ မသုန်၊ ထုံးဘို၊ ဆင်တဲတို့တွင် ကပစ စက်ရုံ ၅ ခုခန့်ရှိသဖြင့် စကမ မှ တပ်အင်အားအလုံးအရင်းဖြင့် ခုခံနေသကဲ့သို့ ပြန်လည်ထိုးစစ်ဆင်ရန် လုံးပမ်းနေသဖြင့် တိုက်ပွဲများ တောက်လျောက်ပြင်းထန်စွာဖြစ်ပွါးနေသည်ကို တွေ့ရ၏။

    ညောင်ကျိုးစစ်မျက်နှာတွင် စကမ သည် ပြည်ဒကစ ကိုအခြေပြု၍ တောင်ကုတ်မှ ဆုတ်လာသည့် စကခ ၅ မှ တပ်လက်ကျန်အချို့အား စကခ ၁၀ မှ တပ်များ၊ ကပစ မှ ထုတ်နှုတ်အင်အားများ ဖြည့်တင်းထားသည့်အပြင် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် စကခ ၁၂ မှ ဗျူဟာတခုထပ်မံဖြည့်တင်း သည်ကို တွေ့ရပြီး အနည်း ဆုံးအင်အား နှစ်ထောင်နှင့် အထက် အသုံးပြုထားသည်ဟု ခန့်မှန်းရ၏။

    တိုက်ပွဲများသည် ညောင်ကျိုးနှင့် ညောင်ခြေထောက်ကြားရှိ ဆင်လန်၊ ‌လေသာတောင်တဝိုက်တွင် ဖြစ်ပွါးနေပြီး အပြန်အလှန်ထိုးစစ်ဆင်‌နေသကဲ့သို့၊ ညောင်ကျိုးတောင်ဖက် မသုန်အနီး ပွိုင့် ၆၆၆ တောင်ကုန်းအား အာရက္ခတပ်တပ်တော်သိမ်းပိုက်ပြီးနောက် အပြန်အလှန်ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ညောင်ကျိုးစစ်မျက်နှာသည်လည်း ၂၀၂၅ ခုနှစ် တနှစ်လုံးတောက်လျောက်ပြင်းထန်စွာဖြစ်ပွါးနေပြီး စကမ တပ်အသေအပျောက်များပြီး တပ်အင်အား မပြတ်ဖြည့်တင်းနေရသည်ကို တွေ့ရ၏။

    ၆။ ဧရာဝတီ

    ဂွတောင်ကြားလမ်း ထိုးဖေါက်ဝင်ရောက်သည် AA တပ်ဖွဲ့များသည် သာပေါင်း၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ အင်္ဂါပူမြို့နယ်များတွင် ဖြန့်ခွဲထိုးစစ်ဆင်နေ၏။ ရခိုင်ရိုးမနှင့် ငဝန်မြစ်ကြား၊ ပုသိမ်၊ မုံရွာလမ်းမတလျောက်အား ထိုးဖေါက်တိုက်ခိုက်နေသည်ကို တွေ့ရ၏။ စကမ စခန်းတ ချို့ သိမ်းပိုက်ထားသည်ဟု မြေပြင်သတင်းများသိရသော်လည်း တရား ဝင် ထုတ်ပြန်ခြင်းမရှိ၍ သတင်းအတိအကျ မသိရပါ။ ထိုစစ်မျက်နှာတွင် စကမ မှ နတခ တိုင်းတပ်များအပြင် တပ်မ ၆၆ မှ တပ်ရင်းများအပါ အင် အား နှစ်ထောင်ခန့်အသုံးပြုထားသည်ဟု ခန့်မှန်းရ၏။