Author: Baby Yit Lone

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    လွန်ခဲ့သည့် ၂၀၂၅ ခုနှစ် မြန်မာပြည် စစ်ရေးသုံးသပ်ချက်အနေနှင့် ဦးစွာအားဖြင့် ရခိုင်စစ်မြေပြင်မှ အစပြုပါမည်။ အာရက္ခတပ်တော်သည် ၂၀၂၅ ခုနှစ် တခုလုံးတွင် စစ်မျက်နှာ ခြောက်ခုတွင် ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်ကို တွေ့မြင်ရ၏။ အဆိုပါ စစ်မျက်နှာ ၆ ခုမှာ- ၁။ မောင်တော၊ ဘူးသီးတောင် ၂။ စစ်တွေ ၃။ ကျောက်ဖြူ ၄။ နတ်ရေကန် ၅။ ညောင်ကျိုး ၆။ ဧရာဝတီ တို့ဖြစ်ကြ၏။ အာရက္ခတပ်တော်သည် မောင်တော၊ ဘူးသီးတောင်ဒေသတွင် စကမ စစ်တပ် ၏ ပျူစောထီးတပိုင်းဖြစ်ကြသည့် အစ္စလမ်မစ်အစွန်းရောက်အဖွဲ့များနှင့်ရင်ဆိုင်နေရပြီး ကျန်စစ်မျက်နှာ ၅ ခုတွင် စကမ စစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်‌နေသည်ကို တွေ့ရ၏။ ၁။ မောင်တော၊ ဘူးသီးတောင် စစ်မျက်နှာ မောင်တော၊…

  • စစ်တွေသို့ စစ်ကော်မရှင် စစ်ဘက်ထိပ်သီးပိုင်းများရောက်ရှိနေ

    စစ်တွေသို့ စစ်ကော်မရှင် စစ်ဘက်ထိပ်သီးပိုင်းများရောက်ရှိနေ

    စစ်တွေ ဒကစ အနီး ကာကင်းစခန်း ၂ ခု AA သိမ်းပိုက်၊ စစ်တွေသို့ စစ်ကော်မရှင် စစ်ဘက်ထိပ်သီးပိုင်းများရောက်ရှိနေ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ဒကစ)အနီးရှိ စစ်ကော်မရှင် ကာကင်းစခန်းနှစ်ခုကို အာရက္ခတပ်တော်(AA) ကသိမ်းပိုက်လိုက်ကြောင်း စစ်ရေး သတင်းအရင်းမြစ်များက အတည်ပြုဖြေကြားသည်။ ထို့အပြင် ဒကစမှူးနှင့် နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး သာမက ယခင်အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ -၂ မှူး) ဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးလည်း စစ်တွေမြို့တွင်ရောက်ရှိနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က မဇ္ဈိမ သို့ ပြောသည်။ ” စစ်တွေဘက်မှာ ဟုတ်တယ်ဗျ။ ကံ့ကော်ကျွန်းနဲ့ စစ်ဆိုင်ထားတာ ဟိုဘက်မှာ ဝါဘိုကျွန်းပေါ့။ ကံ့ကော်ကျွန်းဘက်က ကာကင်းစခန်း နှစ်ခုကို စစ်တပ်က လုံးဝလွှတ်ပေးလိုက်ရတယ်။ ဟိုကောင်တွေကလည်း ပြေးလာတယ် အရှင်ရတာတို့…

  • ငွေစက္ကူများကို ရိုရိုသေသေကိုင်တွယ်ရန် စစ်ကောင်စီဗဟိုဘဏ် သတိပေး

    ငွေစက္ကူများကို ရိုရိုသေသေကိုင်တွယ်ရန် စစ်ကောင်စီဗဟိုဘဏ် သတိပေး

    မြန်မာနိုင်ငံတဝန်းမှာ ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူတွေကို ဟောင်းနွမ်းပျက်စီးအောင် မလုပ်ဖို့၊ ရေရှည်အသုံးပြုနိုင်ဖို့ ရိုရိုသေသေ ကိုင်တွယ်အသုံးပြုကြဖို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဇန်နဝါရီ ၉ ရက်မှာ ထုတ်ပြန်သတိပေးလိုက်ပါတယ်။ ဒါ့အပြင် ငွေစက္ကူပေါ်မှာ နိုင်ငံတော် ဂုဏ်သိက္ခာထိခိုက်စေမဲ့ ဆောင်ရွက်ချက်တွေလုပ်ရင် တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ငွေစက္ကူပေါ်မှာ ရေးတဲ့စာက အစိုးရကိုဖြစ်စေ၊ အများပြည်သူ တည်ငြိမ်ရေးကို ဖြစ်စေ ထိခိုက်စေတဲ့ ပြစ်မှုကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ရွံ့၊ ထိတ်လန့်တာ တခုခု ဖြစ်စေဖို့ ကြံရွယ်ချက်ရှိရင်၊ ဒါမှမဟုတ် ပြစ်မှုကျူးလွန်လှုံ့ဆော်ခြင်းဖြစ်စေဖို့ ကြံရွယ်ချက်ရှိရင် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ဂ) နဲ့ (ဃ)အရ ၂ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ…

  • ICJ တွင် စစ်တပ်တင်ပြချက် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားမပြုဟု NUG ထုတ်ပြန်

    ICJ တွင် စစ်တပ်တင်ပြချက် မြန်မာပြည်သူများ၏ဆန္ဒကို ကိုယ်စားမပြုဟု NUG ထုတ်ပြန်

    အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာမဲ့ ဂမ်ဘီယာ-မြန်မာ တရားစွဲဆိုမှုတွေနဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်အားလုံးဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ပဲသက်ဆိုင်ပြီး စစ်တပ်ရဲ့ တင်ပြချက်တွေဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုတာမဟုတ်ဘူးလို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှာ NUG က ထုတ်ပြန်ပြောဆိုပါတယ်။ ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့ နောက်တဆင့်အဖြစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ ICJ က ကြားနာတာတွေစမယ်လို့သိရပြီး ဒါဟာ ရိုဟင်ဂျာပြည်သူတွေအတွက်သာမက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်ပါ အလွန်အရေးကြီးတယ် လို့ ဆိုပါတယ်။ NUG အနေနဲ့ မြန်မာနိုင်ငံပြည်သူတွေကို ကိုယ်စားပြုပြီး ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြိုဆိုခဲ့သလို အရင်က တင်ပြထားခဲ့တဲ့ ပဏာမ ကန့်ကွက်ချက်တွေအားလုံးကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြီးတော့…

  • Battalion of Budalin

    Battalion of Budalin

    စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချူပ်(နမခ)ကိုလာတဲ့ စစ်ကောင်စီရဲ့ Mi 17p ရဟတ်ယာဥ်တစီးကို ပစ်ခတ်မှုရုပ်သံကို မုံရွာခရိုင်အမှတ် (၂၀) တပ်ရင်း – BOB (Battalion of Budalin)က ဒီနေ့ထုတ်ပြန်ပါတယ်။ ကန့်ဘလူ ၆၀၀၆ မှ မုံရွာ နမခကိုလာတဲ့ စစ်ကောင်စီရဟတ်ယာဉ်ကို ဇန်နဝါရီလ (၈) ရက် နေ့လယ် ၁း၅၄ နာရီမှာ ပစ်ခတ်ခဲ့တာလို့လည်း သိရပါတယ်။