Author: Baby Yit Lone
-

De De Pyaar De 2
De De Pyaar De 2 (2025) ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဘောလိဝုဒ်ရဲ့နာမည်ကျော်မင်းသားကြီး Ajay Devgn (အာဂျေး ဒီဗ်ဂန်) ပါ၀င်သရုပ်ဆောင်ထားတဲ့ အချစ် ဟာသဇာတ်ကားလေးပဲဖြစ်ပါတယ်။ ပထမဇာတ်ကားက ၂၀၁၉ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး အိန္ဒိယရူပီး ကုဋေ ၁၀၀ ကျော် ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့လို့ အခုလို ဒုတိယကား ထပ်ထွက်လာတာ ဖြစ်ပါတယ်။ မင်းသားအာရှစ်ဟာ ကွာရှင်းပြီးသားကလေး၂ နှစ်ယောက်အဖေဖြစ်ပါတယ်။ သူနဲ့အသက်အရွယ်အရ အရမ်းကွာနေတဲ့ မင်းသမီး အာယေရှုနဲ့ချစ်ကြိုက်မိကြပြီး ချစ်သူရဲ့မိဘတွေနဲ့တွေ့ဆုံရဖို့ အကြောင်းဖန်လာပါတယ်။ အာယေရှာရဲ့ မိဘတွေက သူတို့နဲ့အသက်အရွယ်မကွာတဲ့သူကို သူတို့သားမက်အဖြစ် လက်ခံနိုင်ပါ့မလား။ ဘယ်လိုအခက်အခဲတွေကြုံရမလဲ ဆိုတာကို ဟာသနှောပြီးကြည့်ရှုရမယ့်အပြင် နာမည်ကြီး သရုပ်ဆောင်တွေပါ၀င်ထားကြတာမို့ ထွေထွေထူးထူးပြောမနေတော့ဘဲ တ၀ကြီးကြည့်ရှုခံစားလိုက်ကြပါဦး ခင်ဗျာ။
-

Akhanda
Akhanda (2021) ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ရုပ်ရှင်ကားကောင်းတွေထဲမှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ကားလို့ပြောရလောက်အောင်ကို ရှယ်ကောင်းတဲ့တောင်ပိုင်းကားလေးပါ။ Box office မှာ ကုဋေ ၂၀၀ အထိဝင်ငွေကြမ်းခဲ့ပြီး ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယမြောက် ဝင်ငွေအကြမ်းဆုံးကားဆိုလည်း ဟုတ်တယ်ဗျ။ Box Office မှာ ၂၀၂၁ ခုနှစ်မှာ ဒုတိယဝင်ငွေအများဆုံးဖြစ်ရတဲ့ အကြောင်းကိုပြောပါဆို နာမည်ကြီးဝါရင့်သရုပ်ဆောင် Nandamuri ပါတာရယ် မင်းသမီးချောနှစ်လက်ဖြစ်တဲ့ Pragya နဲ့ Shamna တို့ပါတာကြောင့်လည်းပါတယ်ပေါ့ဗျာ။ အဲလိုပြောလို့ Red Notice လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့ထိန်းသွားတဲ့ ကားလားဆိုရင်တော့လည်း မဟုတ်ပြန်ဘူးဗျ။ ဇာတ်လမ်းဇာတ်ကွက်က ကုလားကားဆန်ဆန်ရိုက်ချက်တွေပါနေတာကလွဲရင်(ကုလားကားကိုးဗျ) ရှယ်ကိုကောင်းနေတာမျိုးဗျ။ မျောပြီးကြည့်နေရင်းကြက်သီးထရလောက်တဲ့ စကားမျိုးတွေထပြောလေ့ပြောထရှိတဲ့တောင်ပိုင်းကားတွေရဲ့ ဗီဇကိုသိပြီးပြီဆိုရင်တောင် ဒီကားထဲက ကြက်သီးထစရာဇာတ်ဝင်စကားတွေက တစ်ခြားတွေနဲ့ကိုမတူတာအမှန်။ ကြည့်ရင်းမျောရင်း၊ မျောရင်းကြည့်ရင်း အဆုံးကိုဘယ်လိုရောက်လို့ရောက်သွားမှန်းမသိမယ့်ကားကောင်းမျိုးဗျ။ ဇာတ်လမ်းအကျဉ်းချုပ်ကိုပြောပြရမယ်ဆိုရင် ရွှေကျေးညီနောင်ပေါ့ဗျာ။ ကျေးညီနောင်နှစ်ကောင်ဟာ တစ်ကောင်က…
-

Akhanda-2 (2025)
Akhanda-2 (2025) အသက်လုပွဲ ၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Akhanda (ပထမကား) ဟာ အိန္ဒိယရုပ်ရှင်လောကမှာ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါအပြီး ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တဲ့အချိန်မှာ ပရိသတ်တွေကို ရုံထဲပြန်ခေါ်နိုင်ခဲ့တဲ့ ကားကြီးလည်း ဖြစ်ပါတယ်။ မင်းသားကြီး Nandamuri Balakrishna ရဲ့ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးနဲ့ ပထမဆုံး ရူပီး ၁၀၀ ကုဋေတန်းဝင်ဇာတ်ကား ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ အိန္ဒိယနိုင်ငံရဲ့ ဝိညာဉ်ရေးရာ အစဉ်အလာတွေကို ဖျက်ဆီးပြီး နိုင်ငံကို မငြိမ်မသက်ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတဲ့ ပြည်ပရန်သူတွေနဲ့ ပြည်တွင်းက အဂတိလိုက်စားသူတွေကို ရင်ဆိုင်ရမှာပါ။ အထူးသဖြင့် Maha Kumbh Mela ပွဲတော်ကြီးအတွင်း ဇီဝလက်နက် (Bioweapon) သုံးပြီးတိုက်ခိုက်မယ့် အစီအစဉ်ကို တားဆီးဖို့ ကြိုးစားကြရမှာ…
-

The Informant
The Informant (2025) ဒီတစ်ခေါက်မှာတော့ Supporting Role အနေနဲ့ပဲ မြင်ရတာများတဲ့ Squid Game ထဲက မင်းသားကြီး Heo Sung-Tae နဲ့ Moving ထဲက မင်းသား Jo Bok-Rae တို့ကို အဓိက ဇာတ်လိုက်မင်းသားတွေအဖြစ် မြင်တွေ့ရမဲ့ ရုံတင်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ Main Cast နှစ်ဦးအပြင် Taxi Driver ထဲက တာဝန်ခံနှစ်ဦးဖြစ်တဲ့ Jang Hyuk-Jin နဲ့ Bae Yoo-Ram တို့ကိုလည်း တွဲဖက်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ – ဇာတ်လမ်းအကျဉ်း – အိုနမ်ဟျော့ (Heo Sung-Tae) ဟာဆိုရင်တော့ ဖမ်းဆီးစစ်ဆင်ရေးတစ်ခု ကျရှုံးသွားပြီးနောက် ရာထူးချခံလိုက်ရတဲ့ စုံထောက်တစ်ယောက်ဖြစ်ပြီး ဂျိုထယ်ဘုံး (Jo Bok-Rae)…