Author: Baby Yit Lone

  • စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ်AAနှင့်တိုက်ပွဲ အလူးအလဲခံနေရ

    ထိုးစစ်အချို့အသာစီးရ၍ စိတ်ကြီးဝင်နေသည့် စစ်ကောင်စီတပ်AAနှင့်တိုက်ပွဲ အလူးအလဲခံနေရဟု ထုတ်ပြန်

    ငဖဲတိုက်ပွဲ စစ်ကောင်စီတပ် အလောင်း၊ လက်နက်များ ချန်ထား၊ ပဲခူး-ရက္ခိုင်အစပ် တိုက်ပွဲပြင်းထန်

    ဆုံးရှုံးထားရသည့်နယ်မြေအချို့၊တပ်စခန်းအချို့ပြန်ရ၍စိတ်ကြီးဝင်နေသည့်စစ်ကောင်စီတပ်များအာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲများအတွင်း အလူးအလဲခံနေရကြောင်းAAကယနေ့ (စက်တင်ဘာ ၅ ရက်)တွင်သတင်းထုတ်ပြန်သည်။

    အကြမ်းဖက်စစ်ကောင်စီသည်ရှမ်းမြောက်ဒေသအတွင်းမှ၎င်းတို့၏ လက်လွှတ်ဆုံးရှုံးလိုက်ရသော တပ်စခန်းများ ပြန်လည်ရရှိရန်ရည်ရွယ်ထားသည့် တန်ပြန်ထိုးစစ်များနှင့်အတူ မြန်မာနိုင်ငံ၏ နေရာအချို့တွင် ၎င်းတို့သည် အသာစီးရ၊ အောင်ပွဲရနေသည်ဟု စိတ်ကြီး ဘဝင်မြင့်နေသည်ဟု ဆိုသည်။

    ယုံကြည်မှုလွန်ကဲနေသော၎င်းတို့၏အနိုင်ရတပ်ဖွဲ့များနှင့်စုဖွဲ့ထားသော တပ်ရင်း၊ စစ်ကြောင်းများအား အာရက္ခတပ်တော်နှင့် ရင်ဆိုင်တိုက်ခိုက်နေကြသည့်စစ်မြေပြင်နေရာများသို့ရွှေ့ပြောင်းကာထိုးစစ်ဆင် တိုက်ခိုက်လာသော်လည်း အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်အောက်တွင် သတ္တိ၊ နည်းဗျူဟာအရ မယှဉ်သာနိုင်သကဲ့သို့ မြေပြင်ထိုးစစ်တိုင်းတွင်လည်း အလူးအလဲခံရပြီး ခွေးပြေးဝက်ပြေး ထွက်ပြေးလျက်ရှိကြသည်ဟု AAက ထုတ်ပြန်ခဲ့သည်။

    စစ်ကောင်စီသည် စစ်ရှုံး၍ စိတ်ဓာတ်ပျက်နေသည့် ၎င်းတို့၏ လက်ကျန်တပ်ဖွဲ့ဝင်များ၊ အတင်းအဓမ္မစုဆောင်းထားသော တပ်ဖွဲ့ဝင်အသစ်များအား စိတ်ဓာတ်မြှင့်တင်ရေးအတွက် ၎င်းတို့၏အားသာချက်ဖြစ်သည့် လေကြောင်း ပစ်ကူ၊ ရေကြောင်းပစ်ကူ၊ နည်းပညာအတန်အသင့် အဆင့်မြင့်ဒရုန်းများနှင့် စစ်အင်အားအများအပြား စုပြုံသုံး ဗျူဟာဖြင့် ၂၀၂၅ မတ်လဆန်းစမှ အရှိန်မြှင့်ကာ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ သိမ်းထားသော စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ စစ်တိုင်းဌာနချုပ်၊ တပ်ရင်းဌာနချုပ် အပါအဝင် စစ်ရေးအရ အရေးပါသောနေရာများကို ပြန်လည်သိမ်းပိုက်ရရှိရန်အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။

    ထိုသို့ ထိုးစစ်ဆင်ကာ အချို့သောနေရာများ၌ အောင်မြင်မှု အနည်းငယ်ရရှိခဲ့သည့် စစ်ကောင်စီတပ် စိတ်ကြီးဝင်နေသော်လည်း AAနှင့် တိုက်ပွဲများအတွင်း အထိနာလျက်ရှိကာ မရှုမလှ ပိုင်ရှင်မဲ့အလောင်းများကို ချန်ထားခဲ့ကြရသည့်အပြင် အာရက္ခတပ်တော်နှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေကြသော တိုက်ပွဲများတွင်လည်း ယခင်နည်းတူ ဆက်လက် အထိနာလျက်ရှိဟု ထုတ်ပြန်သည်။

    စစ်ကောင်စီ၏ စကခ (၁၇)လက်အောက်ခံ ခမရ (၅၇၄) နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ-ဆလအခွဲ (၉၄၄) မှတပ်ဖွဲ့ဝင်များပူးပေါင်းပါဝင်သောစစ်ကြောင်းနှင့်အာရက္ခတပ်တော်တို့သည်၂၀၂၅ ခုနှစ်၊စက်တင်ဘာ (၄) ရက်က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဖက်တွင် နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ဟု ဆိုသည်။

    အပြန်အလှန်တိုက်ခိုက်မှုအပြီးတွင်လက်နက် ခဲယမ်း၊ စစ်အသုံး အဆောင်ပစ္စည်းများ၊ အလောင်းများနှင့်အတူ ကျောပိုးအိတ်အများအပြားကိုထားခဲ့ပြီး စကခ (၁၇) လက်အောက်ခံ တပ်များသည် တပ်လန်ကာဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြသည်။

    စစ်ကောင်စီသည် ၎င်းတို့၏ စကခ (၁၇) အပြင် စကခ (၁၄) မှ တပ်ရင်းများတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရဥပဒေအောက်၌ ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သားစုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာကြသော ရဲဘော်သစ်များဖြင့် စုဖွဲထားသည့် တပ်ရင်းများကို အသုံးပြုကာ ပဲခူးတိုင်းနှင့်အာရက္ခဒေသထိစပ်နေသော နေရာများတွင် အင်အား (၁၅၀၀) ခန့် ထပ်တိုးကာ မရပ်မနား ထိုးစစ်များဆက်လုပ်နေ၍ ပဲခူး-ရက္ခိုင်အစပ် နေရာအချို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိဟု အသိပေးသည်။

    မကွေးတိုင်းအတွင်း၌ စစ်ဆင်ရေးလုပ်နေခဲ့သော တပ်မ (၉၉) တပ်ရင်း၊ တပ်ဖွဲ့ဝင်များနေရာ၌ တပ်အပြောင်းအလဲလုပ်သောအားဖြင့် တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၁၀၉) မှာ မိခင်တပ်ရင်းသို့ တပ်နားရန်ရောက်ရှိနေသည်ကိုအမ်း-ပဒါန်း စစ်ဆင်ရေးတွင် အောင်မြင်မှုရခဲ့သည့်သဖွယ် ရှေ့တန်းပြန်အခမ်းအနားများဖြင့်ပြုလုပ်နေသည်မှာ ၎င်းတို့၏ စစ်မြေ ပြင်အရှုံးကို ဖုံးကွယ်ရန်ကြိုးစားခြင်းသာဖြစ်ကြောင်း AA က ထုတ်ပြန် သည်။

    အဆိုပါအမှတ် (၉၉)ခြေလျင်တပ်မဌာနချုပ်၊အမှတ် (၉၉၂) နည်းဗျူဟာအဖွဲ့မှ အသက် (၄၆) နှစ်အရွယ်ရှိ ပြန်တမ်းဝင်အမှတ်၊ ကြည်း/၃၃၁၄၄ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်၊ ယာယီနည်းဗျူဟာမှူးအား မကွေး တိုင်း၊ ဂုတ်စီးရိုးဒေသ တိုက်ပွဲများတွင် ယခုနှစ် ဖေဖော်ဝါရီ ၄ရက် က ၎င်းနှင့်အတူ ၎င်း၏ ဗျူဟာရုံးအဖွဲ့ဝင် (၁၇) ဦးတို့အား AA က လက်ရဖမ်းမိထားကြောင်း အသိပေးသည်။

    စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ လက်ရှိရင်ဆိုင်ထားကြသော နေရာများထဲမှပဲခူးတိုင်း၊ ပန်းတောင်မြို့နယ် ဆင်လမ်ကျေးရွာအနောက်ဘက်၊ ပဲခူးတိုင်း၊ပန်းတောင်မြို့နယ်၊ ညောင်ကျိုးကျေးရွာ၏အရှေ့မြောက်ဘက် တောင်ကြော၌ လည်းကောင်း၊ ဧရာဝတီတိုင်း-ရက္ခိုင်အစပ် စက်စက်ယိုရွာပတ်ဝန်းကျင်၌ လည်းကောင်း စစ်ကောင်စီသည် နေ့တိုင်း ထိုးစစ်ဆင်၍ တိုက်ပွဲများ ပြင်းထန်နေသည်ဟုဆိုသည်။

    ဧရာဝတီတိုင်း-ရက္ခိုင်အစပ်၊ မကွေးတိုင်း-ရက္ခိုင်အစပ်နေရာများ၌ စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံး၍ ပေးထားခဲ့ရသောနေရာများကို ပြန်လည်ရရှိရန် အားထုတ်ကြိုးပမ်းနေသည်ဟုဖော်ပြသည်။

    ထို့အပြင် အာရက္ခဒေသအတွင်း AA ဝန်းရံပိတ်ဆိုထားသော စစ်တွေ နှင့် ကျောက်ဖြူမြို့ရှိ လက်ကျန်စခန်းများ ထပ်မံ မကျစေရေးအတွက် ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော်မှ တပ်ဖွဲ့ဝင်များ၏ ကြံ့ကြံ့ခံစိတ်ဓာတ်၊ စုစည်းညီညွတ် သောခုခံစစ်၊ တန်ပြန်ထိုးစစ်အောက်တွင် အထိအခိုက်အကျအဆုံး များစွာဖြင့်သာ ဆက်လက် ကြုံတွေ့နေရကြောင်း AA က ထုတ်ပြန်သည်။

    ၂၀၂၃ နိုဝင်ဘာလ (၁၃) ရက်မှစတင်ခဲ့သောအာရက္ခတပ်တော်၏ တိုက်ပွဲတိုင်းသည်အာရက္ခပြည်သူတစ်ရပ်လုံးမျှော်မှန်းထားသော ရည်မှန်းချက်များဖြစ်ကြောင်း၊ ရည်မှန်းချက်များအလုံးစုံအကောင်အထည်ဖော်တိုက်ပွဲများသည် ယခုဆိုလျှင် နှစ်နှစ်နီးပါးသို့တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။

    အနည်းငယ်သောလက်ကျန်ရည်မှန်းချက်များကို အာရက္ခပြည်သူ လူထုတစ်ရပ်လုံးနှင့်အတူလက်တွဲပြီးအာရက္ခပြည်သူလူထုတစ်ရပ်လုံး ရည်မှန်းထားသောရည်မှန်းချက်များအလုံးစုံအပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

    (စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားမှုအပေါ် AAထုတ်ပြန်ထားသည့် မှတ်တမ်းဓာတ်ပုံများ။ ဓာတ်ပုံ − AA)

  • မွေးရာပါ ဦးခေါင်းထဲ အရည်တွေ စုပြုံနေတဲ့ hydrocephalus ရောဂါကို အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး မှတ်တိုင်တစ်ခုစိုက်ထူ

    လွတ်မြောက်နယ်မြေရောက် CDM ဆေးပညာရှင်တွေက မွေးရာပါ ဦးခေါင်းထဲ အရည်တွေ စုပြုံနေတဲ့ hydrocephalus ရောဂါကို အခမဲ့ ခွဲစိတ်ကုသနိုင်ပြီး မှတ်တိုင်တစ်ခုစိုက်ထူ

    မန္တလေးဆေးတက္ကသိုလ် CDM ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင် ဦးဆောင်တဲ့ ဆေးပညာရှင်အဖွဲ့ဟာ Congenital Hydrocephalus လို့ ခေါ်တဲ့ မွေးရာပါ ဦးနှောက်အတွင်း အရည်တွေစုပြုံပြီး ဦးခေါင်းကြီးတဲ့ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ် တစ်ဦးကို အခမဲ့ ခွဲစိတ် ကုသပေးနိုင်ခဲ့ပါတယ်။

    “ တော်လှန်ရေးထဲမှာ နိုင်ရာဝင်ကူကြရင်း ဒါလေးတွေနဲ့ပဲ Moti (စိတ်ခွန်အား) ယူ။ All FOC (အားလုံးအခမဲ့) ပါ။ Congenital Hydrocephalus ပါ Ventriculoperitoneal Shunt ထဲ့ထားတာပါ” လို့ ဒေါက်တာခင်မောင်လွင်က သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာရေးသားပါတယ်။

    ဒီရောဂါဟာ သန္ဓေသား ကြီးထွားလာချိန်မှာ ဖြစ်ပွားနိုင်ပြီး ဦးနှောက်ဖွံ့ဖြိုးမှု မှုမမှန်ခြင်းနဲ့လည်း ဆက်စပ်နေသလို နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း ရှိပါတယ်။ ရောဂါလက္ခဏာတွေက ဦးခေါင်းကျယ်လာတာ၊ ဖောရောင်လာတာနဲ့ ကလေးရဲ့ ဉာဏ်ရည်အပေါ် သက်ရောက်မှု ဖြစ်ပေါ်နိုင်တာ စတာတွေ ဖြစ်ပါတယ်။

    ဒီရောဂါကို ကုသတဲ့ နေရာမှာ ဦးနှောက်ထဲက အရည်တွေကို ဆင်းထွက်နိုင်ဖို့ ဗိုက်ဘက်ကို လှည့်ပေးတာ (ဒါမှမဟုတ်) လမ်းအသစ်ဖောက်ပေးတာ စတဲ့ ခေတ်မီခွဲစိတ်ကုသပုံတွေနဲ့ နိုင်ငံတကာမှာ ကုသနေကြပါတယ်။

    လွတ်မြောက်နယ်မြေမှာရှိတဲ့ ဆေးပညာရှင်အဖွဲ့ဟာ အဆိုပါ ဝေဒနာရှင် ကလေးငယ်ကို Ventriculoperitoneal Shunt လို့ ခေါ်တဲ့ ဝမ်းဗိုက်ထဲ အရည်တွေ ဆင်းထွက်စေဖို့ ခွဲစိတ်ခဲ့ကြပြီး အခမဲ့ ကုသပေးကာ လွတ်မြောက်နယ်မြေက ဆေးပညာမှတ်တိုင်တခုကို စိုက်ထူခဲ့တာလည်း ဖြစ်ပါတယ်။

    Photo – ဒေါက်တာခင်မောင်လွင် FB

  • ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်

    ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်

    ဗန်းမော်မှပြန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး စစ်သင်္ဘော ၁ စင်းပျက်စီး

    ‎ဗန်းမော်ကို လူအင်အား၊ စစ်လက်နက်၊ ရိက္ခာပို့ပြီး ပြန်စုန်ဆင်းလာသည့် စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    တော်လှန်ရေးတပ်ဖွဲ့များသည် ‎ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်၈နာရီခန့်က လေကြောင်းပစ်ကူ များနှင့်အတူ ဗန်းမော်မှ ပြန်ထွက်ခွာလာသည့် စစ်သင်္ဘော အုပ်စုကို စင်ခန်းအနီးတွင် တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတစ်စင်း ပျက်စီးသွားကြောင်း သိရသည်။

    ‎”သင်္ဘော ၁၁ စင်းမှာ ခြောက်စင်း ပြန်ဆင်းလာတယ်ပြောပါတယ်။ ကြားဖြတ်တိုက်တာ စစ်သင်္ဘော တစ်စင်း ပျက်စီးပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ‎ပျက်စီးသွားသည့် စစ်သင်္ဘောကို အခြားသင်္ဘောဖြင့် ဆွဲ၍ ဆက်လက်ထွက်ခွာသွားရာ ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် ဝဲမကို ရောက်ရှိနေပြီဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

    ယခုတိုက်ခိုက်ခံရသော စစ်ကော်မရှင်စစ်သင်္ဘောများသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ‎မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောပေါင်း အစီး ၂၀ ဖြင့် ဗန်းမော်မြို့အထိ မြစ်ကမ်းတ‌စ်လျှောက် စစ်စခန်းများကို လူအင်အား၊ လက်နက်၊ ခဲယမ်း၊ စားနပ်ရိက္ခာများ ပို့ပြီး ပြန်ဆင်းလာသည့် စစ်သင်္ဘောများ ဖြစ်ကြောင်း သိရသည်။

    ‎ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တက်လာစဉ်ကလည်း အဆိုပါ စစ်သင်္ဘောများကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်သင်္ဘော လေးစင်း အထိပျက်စီးခဲ့ကြောင်း သိရသည်။

    ‎ထောက်ပို့ စစ်သင်္ဘောများ ဗန်းမော်မြို့သို့ရောက်ရှိကာ လက်နက်၊ရိက္ခာဖြည့်တင်းပြီးနောက် ဗန်းမော်တိုက်ပွဲမှာ ပြန်လည်ပြင်းထန်လာခဲ့ပြီး စစ်ကော်မရှင်က တပ်ရင်းသုံးခုထက်မနည်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

    ပုံစာ-ဧရာ၀တီမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကော်မရှင် စစ်သင်္ဘောများ။ (ပုံဟောင်း)

  • ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းတို့ကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားဟုဆို

    မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ ခလရ ၁၃ တပ်ရင်းနှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း မကွေးတိုင်း ပကဖ Drone လက်ရုံး တပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ပြောဆိုသည်။

    စက်တင်ဘာလ ၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့ရှိ တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၃ နှင့် စလေမြို့နယ်ရှိ ခမရ ၄၁၆ တပ်ရင်းကို တော်လှန် ရေးတပ်ဖွဲ့များက ရော့ကတ် ၁၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထို တိုက်ခိုက်မှု အတွင်း ခလရ ၁၃ တပ်ရင်းကို ရော့ကတ် ၇ လုံး၊ ခမရ ၄၁၆ တပ်ရင်း ကို ရော့ကတ် ၈ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ခလရ ၁၃ တပ်ရင်းထဲကို ပေါက်မြို့နယ်မှ ရိက္ခာပို့ပြီး ပြန်လာသည့် ကား ၂ စီးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

    “စစ်ခွေး ထိခိုက်သေဆုံးမှုစာရင်းက ၃၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာကတော့ ၁၅ ယောက် ကျော်တယ်လို့တော့ သိရတယ်။ ၄၁၆ တပ်ရင်းထဲမှာ အင်အား ၁၀၀ ဝန်းကျင်ရှိတယ်လို့သိရတယ်။ ခလရ ၁၃ တပ်ရင်းကတော့ အင်အားပိုများတဲ့အပြင် စစ်သင်တန်းပါပေးတယ်။ ပေါ်တာဆွဲထားတဲ့ လူတွေကို စစ်သင်တန်းပေးတယ်။ စစ်ခွေး သေစာရင်းကတော့ ၂ ခု ပေါင်းရင် အဲ့ထက်ပိုနိုင်တယ်။ ပစ်ခတ်မှု ဖြစ်ပြီး ၃ နာရီကျော်ကြာမှ ချောက်မြို့ပေါ်နဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကင်းတွေထွက်လာတယ်။ အဲဒီအချက်နဲ့တင် အထဲမှာ ဘယ်လောက်ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်လည်းဆိုတာကို သိနိုင်တယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေကို ဝေးဝေးမှရှောင်ပေးဖို့ရယ် မရှောင်လို့သွားမိရင် ထိခိုက်မှုတွေရှိလာနိုင်လို့ပါ။ နောက်ပြီး ပူးပေါင်းလုပ်ဆောင်ကြတဲ့ အဖွဲ့တွေကို ကူညီထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်သော သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးအဖွဲ့မှ Cyrus က ပြောဆိုသည်။

    အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းပြည်သူ့ကာကွယ်​ရေးအဖွဲ့ Droneလက်ရုံးတပ်ဖွဲ့ Team1 သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦးနှင့် ချောက်သခင်ဖိုးလှကြီးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

    ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

    ပေါင်းတည်တွင် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူများကို ရွှေတောင် ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ဟုဆို

    ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူများကို ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။

    စက်တင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်ခန့်တွင် ပေါင်းတည်မြို့နယ်၊ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နှင့် ညောနီပင်ရွာ အကြားတွင် အကြမ်းဖက် စစ်သား ၉၂ ဦးပါဝင်သော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ပြီး စနိုက်ပါ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်သား ၆ ဦး ပွဲချင်းပြီး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား အလောင်းများနှင့် ဒဏ်ရာ ရရှိသူများကို ထမ်းစင်ဖြင့် ကျောက်ကြီးတောင် စစ်တပ် ဂိတ်စခန်းကို သယ်ဆောင်သွားပြီး ထိုမှတဆင့် ဖောကား ၂ စီးဖြင့် ရွှေတောင်မြို့ကုတင် ၁၀၀ စစ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ်က ယင်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ရွှေတောင်မြို့နယ်၊ ဘိုလည်ကုန်း တပ်က စက်တပ်လေထီး ၂ စီး ဖြင့် ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာနှင့် တောင်ခမောက်ရွာတို့ကို ဗုံး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “မိုင်းဆွဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၆ ကောင် ပွဲချင်းပြီး သေဆုံးတယ်။ ၅ ကောင် အပြင်း အထန် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ စစ်ခွေးတွေကို ရွှေ တောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံကို သယ်ဆောင်သွားတယ်” ဟု ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် Shadow ကပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၁ ၊ ၃၆၀၁ တပ်ရင်း တပ်ခွဲ ၂ နှင့် ၃၆၀၁ တပ်ရင်း Sniper အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။