Author: Baby Yit Lone

  • ရေကြည်မြို့နယ်တွင် စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ဖမ်းဆီး

    ရေကြည်မြို့နယ်တွင် စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ဖမ်းဆီး

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ငြင်းဆန်ခဲ့သော ခလရ-၂၇၁ တပ်ရင်းမှူးကို စစ်တပ်က ပြန်လည် ဖမ်းဆီးလိုက်ကြောင်း အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    ဩဂုတ်လအတွင်း ရေကြည်မြို့နယ်၊ စက်စက်ယို‌ကျေးရွာအနီးတွင် ခလရ ၂၇ စစ်ကြောင်းက စစ်ကြောင်းထိုးခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းထိုးစဉ် တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခြင်းကြောင့် ခလရ ၂၇ တပ်ရင်းမှူး၊ ဗိုလ်ကြီး ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေဆုံးသွားပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။

    ထိုသို့ ခလရ ၂၇ တပ်ရင်းမှူးနှင့် အရာရှိ၊ စစ်သည်များ သေဆုံးပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး ရဲလင်းအောင်က ရေကြည်မြို့တွင် နယ်မြေရှင်းလင်းရန် ပုသိမ်အခြေစိုက် ခလရ ၂၇၁ တပ်ရင်းမှူးကို ထပ်မံ အမိန့်ပေးခဲ့ကြောင်း၊ သို့ရာတွင် ခလရ ၂၇၁ တပ်ရင်းမှူးက အောက်ခြေရဲဘော်များ စစ်ပန်းနေသည်ဟုဆိုကာ ရှေ့တန်းထွက်ရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

    ခလရ ၂၇၁ တပ်ရင်းမှူးက ရှေ့တန်း ထွက်ရန် ငြင်းဆန်သဖြင့် အမိန့်မနာခံဟုဆိုကာ ဗျူဟာမှူး ဗိုလ်မှူးကြီး လွင်ထူးမောင်နှင့် ဗိုလ်မှူးကြီး ဇေယျာမောင်တို့က ဆဲဆို ကြိမ်းမောင်းခဲ့ကြောင်း၊ ထိုသို့ ဆဲဆိုကြိမ်းမောင်း၍ ခလရ ၂၇၁ တပ်ရင်းမှူးက ပြန်လည် တုံ့ပြန် ရန်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

    ယင်းနောက် စစ်တပ်က ခလရ ၂၇၁ တပ်ရင်းမှူးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ရဲလင်းအောင် ကိုယ်တိုင် ဖမ်းဆီးပြီး အမတ-၃၄၄ (ရေကြည်) တပ်တွင် ဖမ်းဆီးထိန်းသိမ်းနေကြောင်း၊ လစ်လပ်သွားသော ခလရ ၂၇၁ တပ်ရင်းမှူး နေရာတွင် ခလရ-၂၇၁ ဒုတပ်ရင်းမှူး ကျော်ဝင်းထွဋ်ကို အစားထိုး ခန့်အပ် လိုက်ကြောင်း သိရှိရသည်။

    “ဗျူဟာမှူး လွင်ထူးမောင်နဲ့ ဇေယျာမောင်တို့က ထိုးစစ်ဆင်ဖို့ အတင်း ဖိအားပေး စေလွှတ်တော့ ခလရ ၂၇၁ တပ်ရင်းမှူးက သူ့ရဲ့ဘော်တွေ စစ်ပန်းနေပြီဆိုပြီး သွားဖို့ ငြင်းတာကနေ အပြန်အလှန် စကားများ ရန်ဖြစ်ပြီး အတင်းလွှတ်တာ အဲတာကို တပ်ရင်းမှူးက တပ်ရင်းတစ်ခုလုံး အလင်းဝင်ဖို့ စည်းရုံးတယ်ဆိုပြီး အမတ ၃၄၄ မှာ ဖမ်းထားတယ်လို့ သိရတယ်။ တကယ်စည်းရုံးတာလား။ ဗျူဟာမှူး ၂ ကောင် အကွက်ဆင်ပြီး ဖမ်းခိုင်းတာလားဆိုတာတော့ မသိဘူး” ဟု အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

  • တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာ

    တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာ

    ဗန်းမော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွား

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး တင့်ကား ၁ စီးကို KIA ပူးပေါင်းတပ်က ဖျက်စီးနိုင်ခဲ့ကာ စစ်တပ်က မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဗန်းမော်မြို့၌ အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်၏ တင့်ကား ၁ စီးကို ပစ်ခတ် ဖျက်စီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ အထိနာခဲ့သောကြောင့် လက်ရှိချိန်တွင် စစ်သားများသည် ဗန်းမော်မြို့ပေါ်မှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

    “ဒီနေ့ ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်တယ်။ စစ်ခွေးတွေ တော်တော်အထိနာပြီး မြို့ပေါ်က ပြန်ဆုတ်သွားပြီ မွန်းလွဲ ၁ နာရီလောက်ကလည်း စစ်ခွေး တင့်ကား ၁ စီးကို KIA ပူးပေါင်း တပ်တွေက ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့တယ်” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့ပြင် ဩဂုတ်လ ၁၈ ရက်နေ့ကလည်း ဗန်းမော်မြို့ နောင်ခို ၊ မင်းလှ ၊ ရွှေကျီး အနီးတွင် လှုပ်ရှားနေသည့် အကြမ်းဖက် စစ်တပ်ကို KIA ပူးပေါင်း တပ်ဖွဲ့များက ခုခံ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်တပ် စစ်ကြောင်း တစ်ခုလုံး စကခ ၂၁ တပ်သို့ ပြန်လည် ဆုတ်ခွာထွပ်ပြေးသွားပြီး တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှုများပြားကာ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    အလားတူ ဗန်းမော်မြို့ပေါ်တွင် ဩဂုတ်လ ၁၃ ရက်နေ့မှစ၍ မြစ်ဆုံဟိုတယ်အနီးတဝိုက်ကို အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် KIA ပူးပေါင်းတပ်ဖွဲ့က ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့ရော ညပါ ၄ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၆၀ ကျော် သေဆုံးကာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သားအလောင်းများ ပုံထပ်နေကာ လာရောက်ယူနိုင်ခြင်းမရှိကြောင်း သိရသည်။

  • ကန့်ဘလူတွင် စစ်တပ်က ထိန်းတောရွာမှ အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်

    ကန့်ဘလူတွင် စစ်တပ်က ထိန်းတောရွာမှ အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်

    ကန့်ဘလူတွင် စစ်တပ်က ထိန်းတောရွာမှ အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်ကာ ပြည်သူ ၄ ဦးကိုလည်း မီးရှို့ သတ်ဖြတ်

    တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆ ဦးသေဆုံးကာ PDF ရဲဘော် ၂ ဦး ကျဆုံး

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ထိန်းတောရွာမှ အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ် သတ်ဖြတ်ကာ ပြည်သူ ၄ ဦးကိုလည်း မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ဩဂုတ်လ ၁၆ ရက်နေ့တွင် တန့်ဆည်မြို့နယ်ဘက်မှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသစ်ရွာ၊ ကိုင်းရိုးရွာ၊ ကျေးပင်အပ်ရွာ၊ သရက်တော့ရွာ၊ အင်္ဂါဒေါင့်ရွာနှင့် မြစိန်ဘုရားတောတိုက်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ယင်းစစ်ကြောင်းသည် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထိန်တောရွာကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ်က အသက် ၇၀ ကျော်အရွယ် အဖွားအို ၁ ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး လည်ပင်းညစ်သတ်ခဲ့ကြောင်း၊ ထို့ပြင် ရွာသစ်ရွာမှ ကိုဇော်ဦး၊ ရီး‌ဒွေးရွာမှ ကိုဖိုးတရုတ် နှင့် ထိန်တောရွာမှ အမျိုးသား ၂ ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့‌ကြောင်း သိရှိရသည်။

    ထိုစစ်ကြောင်းသည် ကန့်ဘလူမြို့နယ် အတွင်း ဝင်ရောက်လာစဉ်မှ စတင်ပြီး ညောင်းပေါင်ရင်း ကျေးရွာ ပကဖ မှ ဗိုလ်ချစ်သူ ဗိုလ်နွေဦးမောင် ဦးဆောင်သော တော်လှန်ရေး ရဲဘော်များက ဆက်တိုက် လိုက်လံ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၆ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

    “စစ်ခွေးတွေက ရွာ ၆ ရွာကို မီးရှို့ ဖျက်ဆီးသွားတယ်။ မုဒိန်းကျင့်ခံရတဲ့ အဖွားအိုကိုတော့ လည်ပင်ညစ်ပြီး သတ်ဖြတ်သွားတယ်။ ကျန်တဲ့ ပြည်သူ ၄ ဦးကိုတော့ မီးရှို့သတ်ဖြတ်ခဲ့တယ်။ စစ်ခွေးတွေ ကန့်ဘလူနယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတည်းက ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေက လိုက်လံ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၆ ကောင်သေပြီး တော်လှန်ရေး ရဲဘော် ၂ ဦး အသက်ပေးလှူ လိုက်ရပါတယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်အထိ ကျေးရွာများတွင် တပ်စွဲထားသောကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကို လက်နက်ခဲယမ်းများ ထောက်ပို့ လှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

    ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

  • တပ်ကြပ်ကြီး ကျော်မြင့်သွင် ကို အရှင်ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

    တပ်ကြပ်ကြီး ကျော်မြင့်သွင် ကို အရှင်ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

    ပေါက်ခေါင်းတွင် အရပ်ဝတ်ဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသော တပ်ကြပ်ကြီး ကျော်မြင့်သွင် ကို အရှင်ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံး

    ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အရပ်ဝတ်ဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသော တပ်ကြပ်ကြီး ကျော်မြင့်သွင် ကို အရှင်ဖမ်းမိသော်လည်း ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးစဉ် သေဆုံးခဲ့ကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်အတွင်း အရပ်ဝတ်ဖြင့် ဆေးကုသရန် အယောင်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများနှင့် ထောက်ပို့များ၏ သတင်း များကို လိုက်လံ စုံစမ်းနေသော အမှတ် ၃ စုဆောင်းရေးတပ်မှ တပ်ကြပ်ကြီး ကျော်မြင့်သွင်ကို တော်လှန်ရေး တပ်ဖွဲ့များက အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

    ထိုသို့ ဖမ်းဆီးပြီးနောက် စစ်ဆေးမှုများ ပြုလုပ်စဉ် စုဆောင်းရေတပ်တွင် လက်ရှိချိန်ထိ တာဝန်ထမ်းဆောင်နေကြောင်း၊ စစ်သားအသစ်များ စုဆောင်းပေးခြင်း၊ ပျူစောထီးများနှင့် ပူးပေါင်းပြီး ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဝန်ခံ ထွက်ဆိုခဲ့ကြောင်း သိရှိရသည်။

    ထို့နောက် တော်လှန်ရေး တပ်ဖွဲ့များက တပ်ကြီးကြီ ကျော်မြင့်သွင်ကို တပ်စခန်းသို့ ဖမ်းဆီးသွားရန် ပြုလုပ်စဉ် ပြန်လည် ခုခံ ထွက်ပြေးသောကြောင့် လိုက်လံ ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “သတင်းထောက်လှမ်းဖို့ လာရင်းနဲ့ မိတာပါ။ မှတ်ပုံတင် အမျိုးမျိုးနဲ့ ဖုန်း sim card ရယ် ဆိုင်ကယ်လိုင်စင် စာအုပ်က အများကြီးပါ။ ဝန်ထမ်းကဒ်လည်းပါတယ်ပေါ့။ စစ်ဆေးနေရင်း ရဲဘော်တွေကို ခုခံပြီးထွက်ပြေးလို့ ပစ်ခတ်ရှင်းလင်လိုက်ရတာ သေနတ်တော့မပါဘူး။ ဆေးကုတဲ့ ဆရာယောင်ဆောင်ပြီးလာတာပါ။ စစ်ခွေး ဒေါက်တိုင်တွေရော စစ်ခွေးတွေရော ပြေးစရာမြေမရှိပါဘူးလို့ ကိုယ့်အသိစိတ်နဲ့ကိုယ် အလင်းဝင်ရင် အသက်ချမ်းသာရာရမယ်လို့ပြောချင်ပါတယ်” ဟု ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

  • ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်

    ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်

    ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်မှု ကလေးငယ်များ အပါ အဝင် စစ်ဘေးရှောင် ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

    ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

    ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က နောင်ပိန် စေတီအနီးကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း ကလေးငယ်များ အပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အရေ အတွက် ပိုမိုများပြားနိုင်ကြောင်း သိရှိရသည်။

    “ပြည်သူထိခိုက်သေဆုံးမှုများပါတယ်။ သေဆုံးသူတွေမှာ နောင်ချိုဘက်က စစ်ဘေးရှောင်လာသူတွေလည်းပါတယ်။ ကျနော်တို့ သတင်းကြားတာကတော့ အနည်းဆုံး ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိတယ်လို့သိရတယ်။ အရေအတွက် အတိ အကျကိုတော့ အတည်မပြုနိုင်သေးဘူး။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူအရေအတွက်ပိုများနိုင်တယ်။ လေယာဉ်ကော လက်နက်ကြီးတွေနဲ့ ပါစစ်ခွေးတွေက ပစ်ခတ်နေတာ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

    လက်ရှိချိန်တွင် နောင်ပိန်ရွာတွင် ကျန်ရှိနေသော ပြည်သူ အားလုံး ထွက်ပြေး တိမ်းရှောင်နေရပြီး မြေပြင်တွင် အကြမ်းဖက် စစ်တပ် နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်နေကြောင်း သိရသည်။

    အကြမ်းဖက် စစ်တပ်က ဩဂုတ်လ ၁၈ ရက်နေ့တွင် နောင်ပိန်ရွာနှင့် ၁ မိုင်ခန့်သာ ကွာဝေးသော ထန်းပင်ကုန်းရွာကို အင်အား ၈၀၀ ခန့်ပါ ရောက်ရှိလာပြီးနောက် လက် နက်ကြီးများဖြင့် စတင်ပစ်ခတ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။