Author: Baby Yit Lone

  • Fran the Man

    Fran the Man

    Fran The Man (2025)

    Fran the Man ရုပ်ရှင်ဟာ Stephen Bradley ရိုက်ကူးပြီး Darragh Humphreys က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသ (Comedy) နဲ့ အားကစား (Sport) အမျိုးအစား ဇာတ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ပရိသတ်တွေ အချစ်တော်ဖြစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ရိုက်ခဲ့တဲ့ တီဗီဇာတ်လမ်းတို (Mockumentary series) ကို အခြေခံပြီး ရိုက်ကူးထားတာပါ။

    ဒီကားက အိုင်ယာလန် (Irish) ဘောလုံးအသင်းတစ်သင်း ပွဲကြိုတင်ငွေပေးကစားခြင်း (match-fixing) လိုမျိုး နိုင်ငံတကာအဆင့် အရှုပ်တော်ပုံတစ်ခုနဲ့ ပတ်သက်မိသွားတဲ့အခါ အကြောင်းပြုပြီး ရိုက်ထားတာပါ။

    အသင်းရဲ့ ကံမကောင်းအကျိုးမပေးတဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဟာ သူတို့အသင်းကို အောက်တန်းလိဂ်ကနေ ကယ်တင်ဖို့ နည်းလမ်းရှာဖွေရမယ့် ဇာတ်လမ်းပါ။

  • At Eternity’s Gate

    At Eternity’s Gate

    At Eternity’s Gate (2018)

    အချိန်မှားပြီးမွေးဖွားခဲ့တဲ့ ခေတ်အဆက်ဆက်တည်မြဲနေဦးမယ့် ပန်းချီကားတို့ရဲ့ ဖန်တီးရှင်ဗင်းဆင့်ဗန်ဂိုးဟာ ဒတ်ချ်လူမျိုးပန်းချီဆရာတစ်ယောက်ပါ။ သူ့ရဲ့စိတ်ခံစားချက်ကို အရောင်များနဲ့ဖော်ပြတတ်သူဖြစ်ပြီး သူ့ရဲ့ပန်းချီကားတွေမှာ ပြင်းပြတဲ့စိတ်ဆန္ဒကို ကြက်သီးထဖွယ်တွေ့မြင်ရတတ်ပါတယ်။ သူဟာပန်းချီကို အလွန်ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး အသက် ၂၇နှစ်မှစတင်ပြီး ပန်းချီဆွဲခဲ့တာပါ။ လောကမှ နာမည်အကျော်ကြားဆုံးနဲ့ ကံအဆိုးဆုံး ပန်းချီဆရာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အချိန်မှားပြီးမွေးဖွားလာခဲ့လို့ပါပဲ။

    သူ့ခေတ်က ပန်းချီပညာရှင်အများစုက သူ့ကို အသိအမှတ်မပြုခဲ့ကြပေမယ့် ခေတ်သစ်ပန်းချီဆရာတွေကတော့ သူ့ပန်းချီကားတွေရဲ့ထူးခြားချက်ကို အသိအမှတ်မပြုဘဲ မနေနိုင်ကြပါဘူး။ သူ့ပန်းချီကားတွေဟာ သူသေဆုံးပြီး နှစ်၃၀ဆယ်ခန့်ကြာမှ စတင်နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ဆင်းရဲနွမ်းပါးစွာနေလာခဲ့ရပြီး သေသွားသည့်တိုင်အောင်သူ့ကို ဘယ်သူကမှ အသိအမှတ်မပြုခဲ့ပါဘူး။

    ဒါပေမယ့် ၁၀နှစ်လုံးလုံး ပန်းချီဆွဲတဲ့အလုပ်ကို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဇောက်ချလုပ်ခဲ့ပါတယ်။ အသက် ၃၇နှစ်မှာသေဆုံးခဲ့ပြီး ပန်းချီဆွဲခဲ့တဲ့ ၁၀နှစ်တာ ကာလတစ်လျှောက်မှာပန်းချီကားချပ်ပေါင်း ၁၆၀၀ခန့်ရေးဆွဲခဲ့ပါတယ်။ ပန်းချီကားတိုင်းဟာ သူပြောပြချင်တဲ့ အကြောင်းအရာတွေသူဖော်ပြချင်တဲ့ စိတ်ခံစားမှုအခြေအနေတွေ ပြည့်နှက်နေပါတယ်။ သူအသက်ရှင်စဉ်ကာလတစ်လျှောက်မှာ ပန်းချီကားက ၁ချပ်ပဲရောင်းခဲ့ရပါတယ်။ အဲ့ဒါတောင်မှ သူ့မိတ်ဆွေနာမည်ကြီး ပန်းချီဆရာတစ်ယောက်ကခင်မင်မှုသဘောနဲ့ဝယ်ယူခဲ့တာပါ။

    အစမှာပြောခဲ့သလိုပဲသူဟာ အချိန်မှားပြီး မွေးဖွားလာခဲ့တာပါ။ အခုချိန်မှာဆိုရင်တော့ သူ မသေခင်ကရေးဆွဲခဲ့တဲ့ “Portrait of Dr Gachet” ဆိုတဲ့ ပန်းချီကားဟာ ဒေါ်လာ ၁၀၀ မီလီယံကျော်တန်ကြေးရှိပါတယ်။ ဒါတွေကတော့ ဇာတ်ကားလေးမကြည့်ခင် သိထားသင့်တဲ့သူ့ရဲ့သနားစဖွယ် ဇာတ်ကြောင်းလေးတစ်ခုပါ။

    ဒီဇာတ်ကားလေးထဲမှာတော့ အနုပညာကိုရူးသွပ်ပြီး သိပ်ကိုသံယောဇဉ်ကြီးမားတဲ့ ဗင်ဆင့်ကိုဂရုဏာသက်ဖွယ် တွေ့ရှိရမှာပါ။ ဒီဇာတ်ကားလေးဟာ အနုပညာရှင်ကြီး ဗင်ဆင့်ဗန်ဂိုးရဲ့ အတ္ထုပ္ပတ္တိဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်ဆင့်ဗန်ဂိုးရဲ့ အနုပညာအပေါ်သဘောထားနဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ဒီဇာတ်ကားထဲမှာ လေးစားဖွယ်တွေ့ရှိရမှာပဲဖြစ်ပါတယ်။

  • Boss

    Boss

    Boss (2025)

    မင်းသား Jung Kyung-Ho, Jo Woo-Jin, Park Ji-Hwan, Lee Kyoo-Hyung, မင်းသမီး Hwang Wooseul-Hye တို့အပြင် မင်းသားကြီး Lee Sung-Min ကပါ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ပေးထားတဲ့ ရုံတင် ဟာသအက်ရှင်ကားသစ်လေးကို တင်ဆက်ပေးပါရစေ။

    – ဇာတ်လမ်းအကျဉ်း –

    အင်ဒယ်ဆူ (Lee Sung-Min) ကတော့ နာ့ဝန်းဟိုတယ်ရဲ့ ကိုယ်စားလှယ်တစ်ဖြစ်လဲ “မိသားစုဂိုဏ်း”လို့ အမည်ရတဲ့ လူဆိုးဂိုဏ်းရဲ့ ဘော့စ်ပဲဖြစ်ပါတယ်။

    တစ်နေ့မှာ အင်ဒယ်ဆူ ရုတ်တရက် ဆုံးပါးသွားပြီး ဂိုဏ်းအတွက် ဘော့စ်အသစ်ကို ရွေးချယ်ဖို့ လိုအပ်လာပါတော့တယ်။

    အင်ဒယ်ဆူရဲ့ နေရာကို ဆက်ခံဖို့အတွက် အလားအလာအရှိဆုံးသူ သုံးဦးကတော့… ကိုယ်ပိုင် တရုတ်စားသောက်ဆိုင်လေးဖြစ်တဲ့ “မီမီရူ” ကို တစ်နိုင်ငံလုံးအနှံ့မှာ ဆိုင်ခွဲများစွာ ချဲ့ထွင်ဖွင့်လှစ်နိုင်ဖို့ကိုပဲ စိတ်ဝင်စားနေတဲ့ နာဆွန်းထယ် (Jo Woo-Jin)…

    Tango အကအပေါ် စွဲလမ်းရူးသွပ်နေတဲ့ ဒုံဂန်ဖြို (Jung Kyung-Ho)…

    သုံးယောက်ထဲမှာ ဘော့စ်နေရာကို ရဖို့ မျှော်မှန်းနေတဲ့ တစ်ဦးတည်းသောသူဖြစ်ပေမဲ့

    ဘယ်သူကမှ ဘော့စ်ဖြစ်ဖို့ မသင့်လျော်ဘူးလို့ ယူဆထားတဲ့ ဂျိုဖန်းဟို (Park Ji-Hwan) တို့ပါပဲ။

    တစ်ဖက်မှာလည်း မူးယစ်ဆေးအမှုကို စုံစမ်းဖို့အတွက် ရဲအရာရှိ ဟုန်းထယ်ဂယူ (Lee Kyoo-Hyung) ဆိုသူက မီမီရူဆိုင်မှာ ပို့ဆောင်ရေးဝန်ထမ်းအဖြစ် သရုပ်ဖျက်ပြီး ဝင်ရောက်လုပ်ကိုင်လာတဲ့အခါမှာတော့…

    ဂိုဏ်းရဲ့ အစဉ်အလာကိုပဲ ဆက်ခံမလား…

    ကိုယ် ဝါသနာပါရာကိုပဲ ရွေးချယ်သွားကြမှာလား…

    အဆုံးမှာ ဘော့စ်နေရာရဲ့ ပိုင်ရှင်က ဘယ်သူဖြစ်လာမလဲဆိုတာကို ဟာသရော အက်ရှင်ပိုင်းပါမချန် ရသအစုံအလင်နဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။

  • Mutt Boy

    Mutt Boy

    Mutt Boy (2003)

    ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Action, Comedy အမျိုးအစား Mutt Boy ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

    သရုပ်ဆောင်တွေ အနေနဲ့ကတော့ မင်းသားကြီး Jung Woo-sung, မင်းသမီး Uhm Ji-won တို့မှ အဓိကပါဝင်ထားကြပါတယ်။

    ဇာတ်လမ်းအညွှန်း

    ချောမင်ဟာ ကလေးဘဝအရွယ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် သူ့ကို”တုံးဂယ်”(လမ်းဘေးခွေး) လို့ လူတွေက ခေါ်ကြပါတယ်။

    ငယ်ငယ်ကတည်းက အမေ မရှိတော့တဲ့သူဟာ မြို့ရဲ့ ခေါင်းဆောင်စုံထောက်ဖြစ်တဲ့ အဖေဖြစ်သူ၊ ပြီးတော့ တုံးဂယ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်နဲ့အတူတူ ကြီးပြင်းလာခဲ့ပါတယ်။

    တစ်နေ့မှာ သူ့ခွေးကို သူ့အထက်တန်းကျောင်း ဘောလုံးအသင်းက လူတွေ ခိုးယူပြီး စားသွားတာကြောင့် ချောမင်ဟာ ပြန်လည် လက်စားချေဖို့လုပ်ခဲ့ပေမဲ့ အဖေ ဖြစ်သူရဲ့ တားဆီးမှုကြောင့် ရပ်တန့်လိုက်ရပါတယ်။

    ကျောင်းကထွက်လိုက်ရပြီး နောက်ပိုင်းမှာတော့ MJK လို့ခေါ်တဲ့ အဖွဲ့တစ်ခုရဲ့ အဖွဲ့သားဖြစ်သွားပါတော့တယ်။

    တစ်နေ့ သူ့သူငယ်ချင်း ဒယ်တော့ကို အိုဒုမန်ဘက်တော်သားတွေက ရိုက်နှက်လို့ အဖေဖြစ်သူကို အကူအညီတောင်းခဲ့ပေမယ့် ဂရုစိုက်ချင်း မရှိခဲ့တာကြောင့် သူကိုယ်တိုင် ခေါင်းဆောင်ပြီး အိုဒုမန်ရဲ့ ဘက်တော်သားတွေကို ရင်ဆိုင်ခဲ့ရာကနေ
    ဦးဆောင်နေသူဟာ မိမိခွေးကို စားသွားတဲ့ ဂျင်မုဖြစ်နေကြောင်းကို သိရှိသွားပြီး လက်စားချေခဲ့ပေမဲ့ အဖမ်းခံလိုက်ရပါတော့တယ်။

    နောက်ဆုံး ဂျင်မုနဲ့ ချောမင်ဟာ ဆုံးဖြတ်ချက်ချလို့ရတဲ့ တိုက်ပွဲကို ယှဥ်ပြိုင်ပြီးချိန်မှာတော့ ဂျင်မုပဲ အနိုင်ရမလား ချောမင်ပဲ နိုင်သွားမလားဆိုတာကို အက်ရှင်ဆန်ဆန်ပြကွက်တွေနဲ့အတူတူ ဟာသဆန်ဆန်ရိုက်ကူးထားတဲ့

    ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦးနော်။

  • If I Had Legs I’d Kick You

    If I Had Legs I’d Kick You

    If I Had Legs I’d Kick You (2025)

    တစ်ခါတလေတော့ ရုပ်ရှင်တွေဟာ ဇာတ်လမ်းတစ်ခုဆိုတာထက် အတွေ့အကြုံတစ်ခုကို ဝင်ပြီးခံစားကြည့်ရတာမျိုးပါ။

    If I Had Legs I’d Kick You ကလည်း ပရိသတ်ကို “ငါသာဆိုလို့ကတော့…” ဆိုပြီး အဓိကောင်ဇာတ်ကောင် နေရာကနေ သူ့ပတ်ဝန်းကျင်ကအရာတွေကို ခံစားမိစေနိုင်တဲ့ ရုပ်ရှင်မျိုးပေါ့။

    လင်ဒါ (Rose Byrne)ဟာ စိတ်ကျန်းမာရေးအတိုင်ပင်ခံတစ်ယောက်ဖြစ်ပြီး အလုပ်တစ်ဖက်နဲ့ ရောဂါသည်သမီးလေးကို စောင့်ရှောက်နေရသူပါ။

    သင်္ဘောကပ္ပတိန်ဖြစ်သူခင်ပွန်းကလည်း အနားမှာမရှိပေးနိုင်ပဲ အရာရာကိုတစ်ကိုယ်တည်းဖြေရှင်းရင်း ကိုယ်တိုင်က စိတ်ကျန်းမာရေးဆွေးနွေးကုသမှုကို ခံယူလာရပါတယ်။

    ဒီရုပ်ရှင်ကိုရိုက်ကူးသူဒါရိုက်တာ Mary Bronsteinကတော့ ဒါဟာဖြစ်ရပ်မှန်ဇာတ်လမ်းမဟုတ်သည့်တိုင် ခံစားချက်တွေကတော့ လက်တွေ့အပြင်ကအတိုင်းပါပဲ လို့ဆိုပါတယ်။