Author: Baby Yit Lone

  • ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ

    ဒီပဲယင်း၊ မူးကမ်းကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကိုရင်ကြီး ၁ ပါး အပါအဝင် လူ ၅ ဦးသေဆုံး

    (more…)

  • ဧရာဝတီတိုင်းထဲက အေအေ ထိုးစစ်ကို လေ့လာခြင်း

    ဧရာဝတီတိုင်းထဲက အေအေ ထိုးစစ်ကို လေ့လာခြင်း

    ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ရခိုင်နဲ့ ဧရာဝတီအစပ်မှာ ရှိတဲ့ ဘောမိရွာကို အာရက္ခတပ်တော်(အေအေ) က သိမ်းပိုက်ပြီး ဧရာဝတီတိုင်း အစွန်အဖျားနေရာတွေမှာ တိုက်ပွဲတွေ စတင်လာခဲ့ပါတယ်။

    အေအေဟာ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ကလွဲလို့ ရခိုင်တစ်ပြည်နယ်လုံးကို ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပါတယ်။ လက်ကျန် အဲဒီသုံးမြို့ကို လက်မလွှတ်ရဖို့ စစ်တပ်ဘက်ကလည်း ခံစစ် အခိုင်အမာပြင်ပြီး အေအေထိုးစစ်ကို စောင့်နေခဲ့ပါတယ်။

    ဒါပေမဲ့ ဘောမိကို သိမ်းပြီး အေအေထိုးစစ်ဟာ ရခိုင်ကနေ ရုတ်တရက် ဧရာဝတီတိုင်းကို ရောက်သွားခဲ့ပါတယ်။

    ဧရာဝတီတိုင်းအစပ်ကို အေအေ စတိုက်ချိန်မှာပဲ ရခိုင်မှာ အေအေထိုးစစ်တွေ ရပ်သွားပါတယ်။ ဘောမိကစလိုက်တဲ့ တိုက်ပွဲတွေကတော့ ဧရာဝတီတိုင်းထဲမှာ ဒီ ၆ လအတွင်း ပိုကျယ်ပြန့်လာခဲ့ပါတယ်။

    ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်ကဘောမိစခန်းကို အေအေတပ်ဖွဲ့သိမ်းပိုက်ခဲ့စဥ်

    အေအေရဲ့ ‘အာရကန်အိပ်မက် ၂၀၂၅’ ထဲမှာ ဧရာဝတီတိုင်းထိ စိုးမိုးဖို့ မပါဝင်ဘူးလို့ အေအေနီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒါကြောင့် ဧရာဝတီတိုင်းထဲက အေအေထိုးစစ်တွေဟာ ရခိုင်မှာ သူတို့သိမ်းထားတဲ့မြို့တွေ လုံးဝ ပြန်မပေးရရေး နယ်မြေကန့်သတ်ခြံစည်းရိုးခတ်တဲ့တိုက်ပွဲတွေ လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။

    ဒီနယ်မြေကန့်သတ်ချင်တဲ့တိုက်ပွဲတွေဟာ တိုင်းဒေသကြီးတစ်ခုထဲမှာ နယ်မြေစိုးမိုးချင်တဲ့ သူ့မဟာမိတ် ဗမာဒေသကာကွယ်ရေးတပ်တွေကိုလည်း စစ်ရေးကူညီပေးရာ ရောက်သွားပါတယ်။

    ၂၀၂၅ ဇွန်လလောက်မှာ ရခိုင်ရော ဧရာဝတီ၊ မကွေးနဲ့ ပဲခူးအစပ်မှာပါ တိုက်ပွဲတွေ ပြန်ငြိမ်သွားပါတယ်။ အခု သြဂုတ်လဆန်းမှာတော့ ရခိုင်အစပ်က အဲဒီတိုင်းဒေသကြီးသုံးခုမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာနေပါတယ်။

    အေအေနဲ့ မဟာမိတ်တွေရဲ့စစ်ကြောင်း သုံးခု

    အေအေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေဟာ ဧရာဝတီတိုင်းထဲ စစ်ကြောင်းသုံးခုခွဲပြီး တိုက်ပွဲတွေ ဖော်ဆောင်တာတွေ့ရတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေနဲ့ အေအေစစ်ဖက်ဆိုင်ရာသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒီစစ်ကြောင်းသုံးခုကို ရခိုင်နဲ့ ဧရာဝတီတိုင်းနယ်နိမိတ်အစပ်မှာရှိတဲ့ ငါးသိုင်းချောင်း၊ သာပေါင်း၊ အင်္ဂပူနဲ့ လေးမျက်နှာမြို့တွေကို ဦးတည်ပြီး ဖော်ဆောင်ထားပါတယ်။

    ပထမဆုံး စစ်ကြောင်းကတော့ ဂွ-ငါးသိုင်းချောင်း ကားလမ်းအတိုင်း ဆင်လာပြီး အဲဒီလမ်းမကြီးပေါ်က အမြောက်တပ် ၃၄၄ ကို ဦးတည်ပါတယ်။

    ဒုတိယ စစ်ကြောင်းကတော့ ဘောမိရွာကနေ အပေါ်ပိုင်းကို တက်သွားပြီး သာပေါင်းကို တိုက်ဖို့ ဦးတည်တာပါ။

    အမှတ် ၃၄၄ အမြောက်တပ်ရင်းဟာ ဧရာတီနဲ့ ရခိုင်အစပ် ဧရာဝတီကို အဝင် အခရာကျတဲ့လမ်းပေါ်မှာ ရှိနေ

    တတိယစစ်ကြောင်းကတော့ အင်္ဂပူ၊ လေးမျက်နှာမြို့နယ်ဘက်သို့ ဦးတည်လာပါတယ်။

    ဒီစစ်ကြောင်း ၃ ခုကို ခြုံငုံကြည့်လိုက်ရင် အေအက ပုသိမ်-မုံရွာလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားတာလို့ နားလည်ရပါတယ်။

    ခြောက်လကြာလာပေမဲ့ စစ်တပ်ရဲ့ စခန်းငယ်တွေနဲ့ ကာကင်းတွေ‌လောက်ပဲ သိမ်းထားနိုင်ပါတယ်။

    ရခိုင်ပြည်နယ်ရဲ့နယ်နိမိတ်သတ်မှတ်ချက်ဟာ ဧရာဝတီတိုင်းထဲက ရေကြည်၊ သာပေါင်းနဲ့ လေးမျက်နှာမြို့တွေအထိ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေလည်း ရှိထားပါတယ်။

    ဘိုးဘွားပိုင်နယ်မြေတွေကို အကုန်သိမ်းပိုက်မယ်လို့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ပြောထားပါတယ်။

    ဒါကြောင့် AA ဟာ ဧရာဝတီတိုင်းထဲက မော်တင်စွန်းထိ တိုက်ခိုက် သိမ်းပိုက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

    စစ်ခေါင်းဆောင် စိတ်ချထားတဲ့ ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေရောက်လာ

    ၂၀၂၁ စစ်အာဏာသိမ်းမှုကို တိုင်းနဲ့ပြည်နယ်တော်တော်များများမှာ လက်နက်ကိုင်ဆန့်ကျင်မှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းမှာ ကာလအတန်ကြာတဲ့အထိ တိုက်ပွဲတွေဖြစ်မလာပါဘူး။ မြို့ပြပြောက်ကျားလှုပ်ရှားမှုတွေလည်း ရန်ကုန်လောက် အားမကောင်းခဲ့ပါဘူး။

    ဒါကြောင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဧရာဝတီတိုင်းကိုတော့ သူ စိတ်ချတယ်လို့ ထုတ်ဖော်ပြောထားဖူးပါတယ်။

    ဧရာဝတီတိုင်းဟာ အားထားရတဲ့တိုင်းလို့ဆိုပြီး စစ်ခေါင်းဆောင်က အာဏာသိမ်းပြီးနောက်သွားတဲ့ သူ့ရဲ့ ပုသိမ်ခရီးစဉ်မှာပြောခဲ့

    အခုတော့ ဧရာဝတီတိုင်းထဲ ခြေကုပ်ယူဖို့ ခက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အေအေစောင်မမှုနဲ့ စုစည်းသွားကြပါတယ်။ အေအ ထိုးစစ် စချိန်မှာ ဧရာဝတီတိုင်းဒေသအသီးသီးက PDF တပ်တွေပါ စုဖွဲ့လာပြီး အင်အားအသင့်အတင့်ရှိတဲ့အဖွဲ့တွေ ဖြစ်လာပါတယ်။

    အေအ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ဟာ စစ်ရေးနဲ့ နိုင်ငံ‌ရေးအရ ပူးပေါင်းမှုတွေကို တရားဝင် ထုတ်ပြောတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းရှေ့ခြမ်းထဲမှာတော့ NUG ကာကွယ်ရေးအောက်က PDF အဖွဲ့တွေနဲ့တော့ တပ်ပေါင်းစုတွေအဖြစ် လက်တွဲပြီး စစ်မျက်နှာ တော်တော်များများမှာ တိုက်ပွဲဖော်ဆောင်တာတွေ ရှိကြပါတယ်။ ရခိုင်စစ်မျက်နှာမှာလည်း PDF တပ်ဖွဲ့တွေ ပူးပေါင်း တိုက်ပွဲဝင်ကြတာတွေရှိသလို အေအေက စစ်သင်တန်းပေးထားတဲ့ PDF တပ်တချို့လည်း ရှိကြပါတယ်။

    အေအေရဲ့ PDF မဟာမိတ်တွေထဲ NUG က ဖွဲ့စည်းထားတဲ့ ဧရာဝတီတိုင်း စစ်ဌာနချုပ် ဗျူဟာ ၂၉ နဲ့ ပြည်သူ့ လွတ် မြောက်ရေးတပ်ဖွဲ့ (PLF) တို့လည်း ပါဝင်ကြပါတယ်။ နောက်ထပ်လည်း အခုလို ပူးပေါင်းအားဖြည့်ထားတဲ့ မဟာမိတ် PDF တပ်ဖွဲ့တွေပေမဲ့ အေအေရောပူးပေါင်းတပ်တွေဘက်ကပါ ဧရာဝတီတိုင်းထဲက စစ်ရေးအခြေအနေကို ရေငုံနှုတ်ပိတ်နေပါတယ်။

    အေအေနဲ့ မဟာမိိတ် PDF စစ်‌ရေးနည်းဗျူဟာတွေကိုတော့ အေအေ ကပဲ ဦးဆောင်မှုတွေလုပ်နေတာ ဖြစ်တယ်လို့ PDF တပ်တွေဘက်ကနေ သိရပါတယ်။

    “အဓိကကတော့ ဧရာဝတီတိုင်းထဲကို ဝင်‌ရောက်တိုက်ခိုက်နေတာကတော့ မဟာမိတ်ပေါ့နော်၊ ဘယ်မဟာမိတ်လဲဆိုတာကတော့ သိတဲ့အတိုင်းပါပဲ။ မဟာမိတ်နဲ့အတူတူ ဧရာဝတီ ဗျူဟာ ၂၉ ပေါ့နော်။ ပြီးရင် PLF အဲဒီ နှစ်ခုကနေပြီး တော့ တိုက်နေတာရှိတယ်။ လက်ရှိအချိန်ထိလည်း အောင်မြင်မှုတွေ ရနေတာရှိတယ်” လို့ PDF တပ်ဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဧရာဝတီ PDF အမှတ် ၂၉ ဗျူဟာဆိုတာဟာ အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်း တိုင်းစစ်ဒေသ ဧရာဝတီတိုင်းစစ်ဌာနရဲ့ ကွပ်ကဲအုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ဗျူဟာတခု ဖြစ်ပါတယ်။ ပြည်သူ့ လွတ် မြောက်ရေးတပ်ဖွဲ့ (PLF) ကတော့ ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ ကျောင်းသားလူငယ်တွေ၊ ဝန်ထမ်း အလုပ်သမား၊ လယ်သမားတွေကို စုရုံး စုစည်းပြီး ဖွဲ့စည်းထားတဲ့တပ်တစ်ခု ဖြစ်ပါတယ်။

    အဲဒီ PDF တပ်တွေအားလုံးဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်တွေဖြစ်ပါတယ်။

    အေအေဟာ သူသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်တာတွေ မလုပ်နိုင်ဖို့ ဆက်စပ်နယ်မြေတွေကိုပါ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

    တစ်ချိန်တည်းမှာပဲ အေအေဟာ မြန်မာတစ်နိုင်ငံလုံး စစ်ကောင်စီတပ်တွေ ကင်းစင်ရေး မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

    ဒါကြောင့် ရခိုင်မှာ ၁၄ မြို့အထိ သိမ်းယူထားပေမဲ့ ဧရာဝတီတိုင်းအပြင် ရခိုင်ရိုးမအရှေ့ခြမ်းက မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်နေရာတွေမှာ စစ်တပ်ကို မဟာမိတ် PDF တွေဘက်က ကူညီတိုက်ခိုက်ပေးနေပါတယ်။

    ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲ တိုက်ပွဲပြင်းထန်နေချိန် ဒုတိယစစ်ခေါင်းဆောင်က ပုသိမ်ကို သွားပြီး ပြည်သူ့စစ်မှုထမ်းတွေနဲ့ တွေ့ခဲ့

    တိုင်းစစ်ဌာနချုပ် နောက်တစ်ခု ထပ်ရဖို့ အေအေ ရည်မှန်းသလား

    အေအေထိုးစစ် ခြောက်လအတွင်း ဧရာဝတီတိုင်းထဲက စစ်ကောင်စီရဲ့တပ်စခန်းပေါင်း ၁၅ ခုထက်မနည်း သိမ်းပိုက်ထားပါတယ်။ အဲဒီထဲမှာ လက်နက်ကြီး အထိုင်စခန်းနဲ့ သံချပ်ကာစခန်းတွေ ပါဝင်ပါတယ်။ ဒီတပ်စခန်းတွေဟာ ‌ရေကြည်၊ သာပေါင်း၊ ငသိုင်းချောင်းပတ်ဝန်းကျင်က စခန်းတွေဖြစ်ပါတယ်။

    ဇွန်လ ၁၂ ရက်နေ့ကစလို့ ငသိုင်းချောင်းအခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်ရင်းကို အေအေနဲ့ ပူးပေါင်းတပ်တွေ စတိုက်နေပေမဲ့ ဇူလိုင်လကုန်ပိုင်းအထိ မသိမ်းပိုက်နိုင်သေးပါဘူး။

    ဂွ-ငသိုင်းချောင်းလမ်းက ၃၄၄ အမြောက်တပ်ကို သိမ်းနိုင်ရင် အဲဒီလမ်းပိုင်းတချို့တဝက်ကို ထိန်းချုပ်နိုင်မှာပါ။ ဒါ့အပြင် ပုသိမ်-မုံရွာလမ်းရဲ့ ပဲခူးတိုင်းအနောက်ခြမ်းကို တလျှောက်ကိုလည်း စစ်ရေးအတွက် အသုံးပြုလို့ ရသွားနိုင်တယ်လို့ တပ်ပေါင်းစုဘက်က ပြောပါတယ်။

    ဒါ့ပြင် ပုသိမ်-မုံရွာလမ်းမကြီးတစ်လျှောက်လည်းထိုးစစ်တွေ ဖော်ဆောင်လာနိုင်ပါတယ်။

    လေကြောင်းပြီးရင် အမြောက်တပ်လို လက်နက်ကြီးစခန်းတွေက တော်လှန်ရေးတပ်တွေကို စစ်ရေးအရဖိအားပေးနိုင်တဲ့ ဒုတိယမြောက်နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် အေအေနဲ့တပ်ပေါင်းစုဟာ ၃၄၄ အမြောက်တပ်ကို ဝိုင်းတိုက်နေကြတာပါ။

    ဒါ့အပြင် လေးမျက်နှာမြို့နယ်ထဲမှာ တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာနေပါတယ်။

    အင်္ဂပူမြို့နယ်ထဲက မဲဇလီကုန်းမြို့ကိုလည်း စစ်ကောင်စီက တိုင်းစစ်ဌာနခွဲမြို့အဖြစ် တိုးမြှင့်ထားပြီး ခံစစ်ပြင်နေပြီလို့ တော်လှန်ရေးတပ်တွေဘက် ပြောပါတယ်။

    ဒီထိုးစစ်တွေနဲ့ စစ်တပ်ဘက်ကခံစစ်ပြင်ဆင်တာတွေကိုကြည့်ရင် အေအေဟာ မြို့တော်ပုသိမ်မှာရှိတဲ့ အနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်ဖို့ ရည်မှန်းထားပုံရတယ်လို့ အေအေနီးစပ်သူက ပြောပါတယ်။

    “ရခိုင်ပြည်ကို စစ်ရေးအရ နယ်မြေအတားအဆီးအတွက် ဧရာဝတီကနေ ကာတယ်ဆိုတာထက် အနောက်တောင်တိုင်း စစ်ဌာနချုပ်ကို တိုက်ရိုက်ထိုးဖောက်လိမ့်မယ်လို့ ထင်တာပဲ။ အခု အေအေနဲ့ တပ်ပေါင်းစုတွေ သွားနေတဲ့အခြေအနေက အဲဒီပုံစံပဲ”လို့ သူက ပြောပါတယ်။

    ကပစ စက်ရုံတွေနဲ့ ပုသိမ်-မုံရွာလမ်း

    ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)များ တည်နေရာပြ မြေပုံ

    ဒီစစ်ကြောင်း ၃ ခုကို ခြုံငုံ ကြည့်လိုက်ရင် AA က ပုသိမ်-မုံရွာလမ်းကို ထိန်းချုပ်ဖို့ ကြိုးစားတာလို့ စစ်ရေးအကဲခတ်တွေကပြောပါတယ်။

    အဲဒီလမ်းမဟာ ဧရာဝတီတိုင်း ပုသိမ်မြို့ကနေ စစ်ကိုင်းတိုင်း မုံရွာမြို့အထိ မိုင်ပေါင်း ၄၀၀ ကျော် ရှည်ပါတယ်။ ဒီလမ်းဟာ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ဂွ-ငသိုင်းချောင်းလမ်းပေါ်က အမြောက်တပ် ၃၄၄ ရှိတဲ့ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ကျေးရွာအနီးကို ဖြတ်သန်းသွားပါတယ်။

    ပြီးတော့ ရခိုင်ပြည်နယ်ကနေ တခြားတိုင်းဒေသကြီးတွေဆီ သွားနိုင်တဲ့ တောင်ကုတ်တောင်ကြားလမ်းက ဥသျှစ်ပင်လမ်းဆုံနဲ့ အမ်းတောင်ကြားလမ်းက ပဒါန်းလမ်းဆုံတွေနဲ့လည်း ဆက်စပ်နေပါတယ်။

    အဲဒီလမ်းမကြီးဟာ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးကို သွားလာနိုင်သလို အဲဒီတစ်လျှောက်မှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိနေပါတယ်။

    ဒါကြောင့် ဒီလမ်းဟာ စစ်ရေးအတွက် အထူးအရေးပါတဲ့လမ်းမကြီးတစ်ခုဖြစ်ပါတယ်။

  • စစ်ကိုင်းမြို့ အနောက်ဘက်တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ် မှာ စစ်တပ်လုံခြုံရေးတင်းကျပ်

    စစ်ကိုင်းမြို့ အနောက်ဘက်တိုက်ပွဲဖြစ်ပြီးနောက် မြို့ပေါ် မှာ စစ်တပ်လုံခြုံရေးတင်းကျပ်

    စစ်ကိုင်းမြို့ အနောက်ဘက် ငါးထပ်ကြီးနဲ့ ဘုရားဖြူ အနီးတဝိုက်ရှိ စစ်တပ် တပ်စွဲအထိုင်ချထားတဲ့ တပ်စခန်းအချို့ အနီးက ရပ်ကွက်တွေမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား သြဂုတ် ၁၇ ရက် ညပိုင်းက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ စစ်ကိုင်းမြို့ခံ နှစ်ဦး က ပြောပါတယ်။

    စစ်ကိုင်းမြို့ပေါ် အထိ လက်နက်ကြီး/ငယ်တွေ အပြန်အလှန်ပစ်ခတ်မှုသံတွေ ကြားရသလို တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ကျော်ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

    တိုက်ပွဲဖြစ်ပွားရာအနီးက မဟာခိုနန်း‌‌ကျောင်းတိုက်က ကိုရင်ငယ်တစ်ပါး ဗုံးစထိမှန်‌‌ပေမယ့် ဒဏ်ရာက မစိုးရိမ်ရဘူးလို့ကျောင်းတိုက်က ဘီဘီစီကိုပြောပါတယ်။

    “ မနေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဟိုဘက် ဒီဘက်ပစ်ခတ်နေတဲ့ လက်နက်ကြီးအသံတွေနဲ့ ပစ်ခတ်နေကြတာ။ အသံတွေကြားနေရတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    အခုတိုက်ပွဲဖြစ်တဲ့ နေရာဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းမြို့နဲ့ တော်လှန်ရေးအင်အားစုတွေ စစ်ရေးလှုပ်ရှားတဲ့ စစ်ကိုင်းမြို့ထဲက နေရာတွေရဲ့ နယ်မြေအစပ် နေရာမှာ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ စစ်ကိုင်းမြို့ အနောက်ဘက် တလျှောက်ဟာ စစ်တပ်က တပ်ဖြန့်ထားတဲ့ နေရာတွေ ဖြစ်တယ်လို့ စစ်ကိုင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    “ဘယ်အဖွဲ့တွေ တိုက်လဲဆိုတာ မသိရသေးဘူး။ တိုက်ပွဲကတော့ တစ်နာရီလောက်ကြာခဲ့တယ်လို့ သတင်းရတယ်။” လို့ အဲဒီ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

    အခုလို စစ်ကိုင်းမြို့ အနောက်ခြမ်းနေရာက စစ်တပ်စခန်းကို တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    မနေ့ညက မြို့ပေါ်မှာ စစ်တပ်ယာဉ်တန်းတွေ အမြောက်အများတွေ့ရပြီး ဒီနေ့မနက်ပိုင်း စစ်ကိုင်း မြို့ပေါ်မှာ လုံခြုံရေး တင်းကျပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    စစ်တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဒီတိုက်ပွဲကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လဲ ဆိုတာတော့ ထုတ်ပြန်လာတာမရှိသေးသလို စစ်တပ်ဘက်ကလည်း ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

  • ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

    ဗန်းမော်တိုက်ပွဲ အရေးပါတဲ့နေရာ ၅ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ပြော

    ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ တပ်စခန်းနေရာတွေကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းမရှိသေးပေမယ့် အရေးပါတဲ့ နေရာ ၅ ခုမှာ နှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIO ပြောပါတယ်။

    “ဗန်းမော်မှာ သီးခြားတပ်နေရာ သိမ်းပိုက်နိုင်တာမျိုးတော့မရှိသေးဘူး။ ဒါပေမယ့် တိုက်ပွဲက မြို့မရပ်ကွက်ဖြစ်တဲ့ မြစ်ဆုံဟိုတယ်၊ ဝင်းလိုက် ဟိုတယ် ၊ စုပေါင်းရုံးဘက်ခြမ်းမှာ တိုက်ပွဲက ပိုပြီးပြင်းထန်နေတယ်။ ဒါပြီးရင် တာမိုင်းလုံ၊ ဗန်းမော် တက္ကသိုလ်ဝင်း နဲ့ မင်းလှဘက်က နေ့တိုင်းလို တိုက်ပွဲဖြစ်နေတယ်”လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

    ယခုရက်ပိုင်းအတွင်းKIA တပ်တွေ လက်လွတ်လိုက်ရတဲ့ အမတ (၃၆၆) နေရာကို ပြန်လည်ရယူခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေပြင်မှာ အမှန်တကယ် သိမ်းပိုက်နိုင်ခြင်းမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေ ရောက်ရှိသွားပြီးနောက် ဩဂုတ်လဆန်းပိုင်းအတွင်းကနေ တိုက်ပွဲပြန်လည်ပြင်းထန်နေတာဖြစ်ပါတယ်။

    စစ်တပ်က ပြန်ပြီးထိုးစစ်ဆင် စတင်လိုက်တဲ့ ဗန်းမော်တိုက်ပွဲမှာ လေကြောင်းအပြင် သံချပ်ကာနဲ့ Sucide ဒရုန်းကို အဓိကအသုံးပြုကာ တိုက်ခိုက်နေတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။

    ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ သိမ်းပိုက်ထားတဲ့ အမတ (၃၆၆) နဲ့ လေယာဉ်ကွင်း နေရာတွေကို KIA နဲ့ တော်လှန်ရေးပူပေါင်းတပ်တွေက ပြီးခဲ့တဲ့ အပတ်မှာပဲ လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။

    စစ်တပ်ဟာ ဗန်းမော်မြို့ လက်မလွတ်ရေးအတွက် စစ်အင်အားအပါ စစ်ရိက္ခာနဲ့ လက်နက်ပစ္စည်းတင်တဲ့ စစ်သင်္ဘောတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်မှာ တစ်ကြိမ်၊ ၂၂ ရက်မှာ တစ်ကြိမ် နှစ်သုပ်ခွဲပြီး စစ်သင်္ဘော အစီး ၂၀ ကျော် ဗန်းမော်ကို တင်ပို့ထားနိုင်ပါတယ်။

    စစ်သင်္ဘောတွေ ဇွန်လကစပြီး မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ဆန်တက်လာခဲ့တာဖြစ်ပြီး ဗန်းမော်ကို ရောက်ရှိနိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေ ကသာ၊ ရွှေကူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လေကြောင်းအကူနဲ့ ဆန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် စစ်တပ်က တန်ပြန် ထိုးစစ်ဆင်ကာ KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

    စစ်တပ်ရဲ့ ပြန်လည်ထိုးစစ်အတွင်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သိမ်းပိုက်ထားတဲ့ နေရာတွေကို ပြန်လည်လက်လွတ်လိုက်ရတဲ့ အခြေအနေဟာ မိုးတွင်းကာလနေရာရယူဖို့ ခက်ခဲတဲ့အတွက်ဖြစ်နိုင်တယ်လို့ ကချင်စစ်ရေးလေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက အခုလိုသုံးသပ် ထားပါတယ်။

    “စစ်တပ် မိုးတွင်းကာလမှာ စစ်သင်္ဘောတွေကို ရောက်အောင် လုပ်ဆောင်ခဲ့တယ်။ အဲဒါကြောင့် ထိုးစစ်ပြန်လုပ်လာတယ်။ မိုးတွင်းကာလက တစ်ဖက်မှာ စစ်တပ်အတွက် ကောင်းပေမယ့် KIA အတွက်တော့ နည်းနည်းခက်ခဲလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဗန်းမော်က မြေနိမ့်တဲ့ နေရာတွေဖြစ်တယ်။ ရေဝပ်တဲ့ နေရာများတယ်။ ပြီးတော့ ရေကြီးလာရင် ကတုတ်ကျင်းတူးဖော်ဖို့ မလွယ်ဘူး။ အဲဒီအတွက်ကြောင့်လည်း စစ်တပ်က စစ်ဆင်ရေးလုပ်နေတယ်လို့လည်းမြင်တယ်။ KIA တပ်တွေနေရာယူထားတဲ့ အိမ်တွေကြတော့ စစ်တပ်က လေကြောင်းနဲ့ ဖျက်ဆီးပေးလိုက်တယ်။ ဒါကြောင့်လည်း လေယာဉ်ကွင်းလို နေရာတွေကို လက်လွတ်လိုက်ရတဲ့အခြေအနေထိဖြစ်လာရတယ်”လို့သုံးသပ်ပါတယ်။

    ဗန်းမော်မြို့သိမ်းတိုက်ပွဲအခြေအနေဟာ မိုးတွင်းအကုန် အောက်တိုဘာလတွေမှာ မြို့သိမ်းတိုက်ပွဲပိုမို ကြီးမားလာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

    ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့မှာ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ဖြစ်ပွားနေတာ ၈ လကျော်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

    By – နော်ထွယ့်(ဟူးကောင့်)

  • ရန်ကုန် စီးတီးမတ်များ ထိုင်းထုတ်ကုန် အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြု

    ရန်ကုန် စီးတီးမတ်များ ထိုင်းထုတ်ကုန် အကန့်အသတ်ဖြင့်သာ ဝယ်ခွင့်ပြု

    ပြည်ပသွင်းကုန်ပစ္စည်း ၃၅ မျိုးအား တင်သွင်းခွင့် စစ်ကော်မရှင်မှ ကန့်သတ်သည့်စာ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့စီးတီးမတ် (City Mart) များတွင် ထိုင်းထုတ်ကုန်ပစ္စည်းတချို့ဝယ်ယူခြင်းကို အရေအတွက် အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ပြုတော့ကြောင်း သိရသည်။

    ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “ဆပ်ပြာ၊ သွားတိုက်ဆေးလိုဟာတွေကို နှစ်ခုပဲ ဝယ်ယူနိုင်တယ်လို့ စာကပ်ထားတယ်။ ဒီလအစပိုင်းကတောင် ဒီစာ မရှိဘူး။ အခု သွားဝယ်တော့ တွေ့တာ၊ ကျန်တဲ့ ကလေးမုန့်တွေ ဘာတွေတော့ မသတ်မှတ်ထားဘူး။ ယိုးဒယားကုန်ကိုပဲ အဓိထား ကပ်ထားတာ” ဟု ပြောသည်။

    စီးတီးမတ်များ၌ ထိုင်းထုတ်ကုန် လူသုံးကုန်ပစ္စည်းများတွင် “ဤကုန်ပစ္စည်းအား ဈေးဝယ်သူတဦးလျှင် အရေအတွက် ၂ ခု သာ ဝယ်ယူနိုင်ပါသည်” ဟု စာကပ်ထားသည်။

    ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းမှ စတင်၍လည်း ထိုင်းနှင့် နယ်စပ်ကုန်သွယ်မှု အဓိက ပြုလုပ်သော မြန်မာ- ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ တွင် မြန်မာဘက်သို့ ကုန်စည်တင်သွင်းမှုကို စစ်ကော်မရှင်မှ ယာယီပိတ်လိုက်ကြောင်း ကုန်သည်များထံက သိရသည်။