Author: Baby Yit Lone

  • အသက်ရှည်ဆေး

    အသက်ရှည်ဆေး

    “မရဘူး၊ မရဘူး၊ ထပ်မထုတ်ပေးနိုင်တော့ဘူး။ အခု နင်ကြိုယူထားတာ နှစ်လစာတောင်ရှိပြီ။ ပြောလိုက် နင့်အမေကို မရတော့ဘူးလို့၊ လကုန်မှ ထပ်ပေးနိုင်မယ်၊ အခု လကုန်ဘို့ ၂ ပတ်တောင် လိုသေးတယ်၊ မပေးနိုင်ဘူး” မျက်နှာငယ်လေးဖြင့် ကျုပ်မိန်းမပြောသမျှ နားထောင်နေသော ခင်ဝိုင်းက ဘာမှပြန်မပြောဘဲ ခေါင်းသာ အသာညိတ်ပြသည်။ ခင်ဝိုင်းတို့ မိသားစု အားလုံး အလုပ်လုပ်ကြသော်လည်း ဘယ်တော့မှ လောက်ငသည် မရှိ။ အခုလည်း သူ့အမေက သူ့လခ တစ်လစာ ထပ်ကြိုထုတ်ခိုင်းသည်ဟု ခင်ဝိုင်းကတောင်းသဖြင့် ကျုပ်မိန်းမက မပေးနိုင်ဘူး ငြင်းနေခြင်းဖြစ်သည်။ ကျုပ်သိသလောက် ခင်ဝိုင်းတို့မိသားစုမှာ ဖခင်က ဆိုက်ကားနင်းစားသော်လည်း အရက်သမား။ သူရှာသည့်ငွေက သူ့အရက်ဖိုးဖြင့်တောင် မလောက်ချင်။ မိခင်ကတော့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် ဆိုပေမဲ့ ဝင်ငွေက ဟုတ်တိပတ်တိ မရှိ။…

  • Fran the Man

    Fran the Man

    Fran The Man (2025) Fran the Man ရုပ်ရှင်ဟာ Stephen Bradley ရိုက်ကူးပြီး Darragh Humphreys က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသ (Comedy) နဲ့ အားကစား (Sport) အမျိုးအစား ဇာတ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ပရိသတ်တွေ အချစ်တော်ဖြစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ရိုက်ခဲ့တဲ့ တီဗီဇာတ်လမ်းတို (Mockumentary series) ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီကားက အိုင်ယာလန် (Irish) ဘောလုံးအသင်းတစ်သင်း ပွဲကြိုတင်ငွေပေးကစားခြင်း (match-fixing) လိုမျိုး နိုင်ငံတကာအဆင့် အရှုပ်တော်ပုံတစ်ခုနဲ့ ပတ်သက်မိသွားတဲ့အခါ အကြောင်းပြုပြီး ရိုက်ထားတာပါ။ အသင်းရဲ့ ကံမကောင်းအကျိုးမပေးတဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဟာ သူတို့အသင်းကို အောက်တန်းလိဂ်ကနေ ကယ်တင်ဖို့ နည်းလမ်းရှာဖွေရမယ့် ဇာတ်လမ်းပါ။

  • At Eternity’s Gate

    At Eternity’s Gate

    At Eternity’s Gate (2018) အချိန်မှားပြီးမွေးဖွားခဲ့တဲ့ ခေတ်အဆက်ဆက်တည်မြဲနေဦးမယ့် ပန်းချီကားတို့ရဲ့ ဖန်တီးရှင်ဗင်းဆင့်ဗန်ဂိုးဟာ ဒတ်ချ်လူမျိုးပန်းချီဆရာတစ်ယောက်ပါ။ သူ့ရဲ့စိတ်ခံစားချက်ကို အရောင်များနဲ့ဖော်ပြတတ်သူဖြစ်ပြီး သူ့ရဲ့ပန်းချီကားတွေမှာ ပြင်းပြတဲ့စိတ်ဆန္ဒကို ကြက်သီးထဖွယ်တွေ့မြင်ရတတ်ပါတယ်။ သူဟာပန်းချီကို အလွန်ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး အသက် ၂၇နှစ်မှစတင်ပြီး ပန်းချီဆွဲခဲ့တာပါ။ လောကမှ နာမည်အကျော်ကြားဆုံးနဲ့ ကံအဆိုးဆုံး ပန်းချီဆရာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အချိန်မှားပြီးမွေးဖွားလာခဲ့လို့ပါပဲ။ သူ့ခေတ်က ပန်းချီပညာရှင်အများစုက သူ့ကို အသိအမှတ်မပြုခဲ့ကြပေမယ့် ခေတ်သစ်ပန်းချီဆရာတွေကတော့ သူ့ပန်းချီကားတွေရဲ့ထူးခြားချက်ကို အသိအမှတ်မပြုဘဲ မနေနိုင်ကြပါဘူး။ သူ့ပန်းချီကားတွေဟာ သူသေဆုံးပြီး နှစ်၃၀ဆယ်ခန့်ကြာမှ စတင်နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ဆင်းရဲနွမ်းပါးစွာနေလာခဲ့ရပြီး သေသွားသည့်တိုင်အောင်သူ့ကို ဘယ်သူကမှ အသိအမှတ်မပြုခဲ့ပါဘူး။ ဒါပေမယ့် ၁၀နှစ်လုံးလုံး ပန်းချီဆွဲတဲ့အလုပ်ကို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဇောက်ချလုပ်ခဲ့ပါတယ်။ အသက် ၃၇နှစ်မှာသေဆုံးခဲ့ပြီး ပန်းချီဆွဲခဲ့တဲ့ ၁၀နှစ်တာ ကာလတစ်လျှောက်မှာပန်းချီကားချပ်ပေါင်း ၁၆၀၀ခန့်ရေးဆွဲခဲ့ပါတယ်။…

  • Boss

    Boss

    Boss (2025) မင်းသား Jung Kyung-Ho, Jo Woo-Jin, Park Ji-Hwan, Lee Kyoo-Hyung, မင်းသမီး Hwang Wooseul-Hye တို့အပြင် မင်းသားကြီး Lee Sung-Min ကပါ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်ပေးထားတဲ့ ရုံတင် ဟာသအက်ရှင်ကားသစ်လေးကို တင်ဆက်ပေးပါရစေ။ – ဇာတ်လမ်းအကျဉ်း – အင်ဒယ်ဆူ (Lee Sung-Min) ကတော့ နာ့ဝန်းဟိုတယ်ရဲ့ ကိုယ်စားလှယ်တစ်ဖြစ်လဲ “မိသားစုဂိုဏ်း”လို့ အမည်ရတဲ့ လူဆိုးဂိုဏ်းရဲ့ ဘော့စ်ပဲဖြစ်ပါတယ်။ တစ်နေ့မှာ အင်ဒယ်ဆူ ရုတ်တရက် ဆုံးပါးသွားပြီး ဂိုဏ်းအတွက် ဘော့စ်အသစ်ကို ရွေးချယ်ဖို့ လိုအပ်လာပါတော့တယ်။ အင်ဒယ်ဆူရဲ့ နေရာကို ဆက်ခံဖို့အတွက် အလားအလာအရှိဆုံးသူ သုံးဦးကတော့… ကိုယ်ပိုင် တရုတ်စားသောက်ဆိုင်လေးဖြစ်တဲ့ “မီမီရူ” ကို တစ်နိုင်ငံလုံးအနှံ့မှာ…

  • Mutt Boy

    Mutt Boy

    Mutt Boy (2003) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Action, Comedy အမျိုးအစား Mutt Boy ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ မင်းသားကြီး Jung Woo-sung, မင်းသမီး Uhm Ji-won တို့မှ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ချောမင်ဟာ ကလေးဘဝအရွယ်မှာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် သူ့ကို”တုံးဂယ်”(လမ်းဘေးခွေး) လို့ လူတွေက ခေါ်ကြပါတယ်။ ငယ်ငယ်ကတည်းက အမေ မရှိတော့တဲ့သူဟာ မြို့ရဲ့ ခေါင်းဆောင်စုံထောက်ဖြစ်တဲ့ အဖေဖြစ်သူ၊ ပြီးတော့ တုံးဂယ်လို့ခေါ်တဲ့ ခွေးလေးတစ်ကောင်နဲ့အတူတူ ကြီးပြင်းလာခဲ့ပါတယ်။ တစ်နေ့မှာ သူ့ခွေးကို သူ့အထက်တန်းကျောင်း ဘောလုံးအသင်းက လူတွေ ခိုးယူပြီး စားသွားတာကြောင့် ချောမင်ဟာ ပြန်လည် လက်စားချေဖို့လုပ်ခဲ့ပေမဲ့ အဖေ…