Author: Baby Yit Lone

  • ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက် ပြေး

    ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက် ပြေး

    ကျုံဒိုးမြို့ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေး၊ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၄၀ နီးပါး သေဆုံးကာ စစ်တပ်က လက်နက်ကြီးနှင့် အတွဲလိုက်ဒုံးများ ပစ်ခတ်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ ခမရ ၅၄၅ တပ်သို့ ရောက်ရှိလာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးသွားသဖြင့် စစ်တပ်က ပိတ်ဆို့ ရှာဖွေလျက်ရှိကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

    ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ခမရ ၅၄၅ တပ်သို့ စစ်မှုထမ်းတပ်သားသစ်များနှင့် ပြည် သူ့စစ်များ စစ်ကူ ပေးပို့လာကြောင်း၊ ထိုသို့ ပေးပို့လာသော စစ်ကူစစ်ကြောင်းမှ စစ်မှုထမ်းတပ်သားသစ် ၃၀ ကျော် ထွက်ပြေးထွက်သွားကြောင်း၊ ယင်းသို့ ထွက်ပြေးသွားသည့် အတွက် ကျုံဒိုးမြို့ အပါအဝင် စစ်မှုထမ်းတပ်သားသစ်များ ဖြတ်သန်းနိုင်ဖွယ်ရှိသည်ဟု ယူ ဆ ရသော နေရာပေါင်းစုံကို စစ်တပ်က ပိတ်ဆို့ ရှာဖွေနေကြောင်း သိရှိရသည်။

    ထွက်ပြေးသွားသော စစ်မှုထမ်းတပ်သားသစ်များအနက်မှ စစ်မှုထမ်းတပ်သားသစ် ၆ ဦးကို ပြန်လည် ဖမ်းဆီးရရှိသွားကြောင်း သိရှိရသည်။

    “ကျုံဒိုး ထမင်းဆိုင်မှာ ထွက်ပြေးသွားတဲ့ စစ်မှုထမ်းတပ်သားသစ် ၆ ဦးပြန်ဖမ်းမိတယ်။ အခု ကျန်တဲ့ လွတ်နေတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ပြန်ဖမ်းမိဖို့ ဂျိုင်းတံတား၊ သာမည၊ အိန္ဒု၊ ဖားအံ သံလွင်တံတားတွေမှာ ပိတ်ဆို့ ရှာဖွေနေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    လတ်တလော ကျုံဒိုးမြို့ အင်ကြီးရွာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းမှ စစ်သားများ KNLA တပ်များထံသို့ အလင်းဝင်မှုများလည်းရှိနေကြောင်း ၊ ဩဂုတ်လ ၂၀ ရက်နေ့မှ ဩဂုတ်လကုန်အထိ ကျုံဒိုးမြို့ဝန်းကျင် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၄၀ ဝန်းကျင်သေဆုံးခဲ့ပြီး စစ်မှုထမ်းတပ်သားသစ်များ ပါဝင်ကြောင်း သိရှိရသည်။

    “ဩဂုတ်လ ၂၀ ရက်နေ့က ဩဂုတ်လကုန်အထိ သေဆုံးစစ်သား ၄၀ ဝန်းကျင်ရှိတယ်။ အလောင်းကောက်လို့ရတာတွေကို ဂျိုင်းရွာသင်္ချိုင်း မှာ ရွာအုပ်ချုပ်မှူးတွေကို မြှုပ်ခိုင်းတယ်။ ဒဏ်ရာရတွေကိုတော့ ဂျိုင်းရွာမှာရှိတဲ့ နာရေးကူညီမှု ကား တွေကို ချောဆွဲပြီး ဘားအံ တောင်က လေး ဆေးရုံ ပို့နေတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ကျုံဒိုးမြို့တစ်၀ိုက်တွင် ဗိုလ်အယ်စေးဝါး ဦးဆောင်သော စစ်ကြောင်း အပါအဝင် KNLA မဟာမိတ်တပ်များက စစ်တပ်ကို တိုက်ခိုက်နေသဖြင့် စစ်တပ်က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ကျေးရွာများသို့ ဦးတည်ပစ်ခတ်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျုံဒိုးမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်။ (ပုံအဟောင်းများဖြစ်ပါသည်။)

  • တရုတ်လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ချီတက်

    တရုတ်လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ချီတက်

    တရုတ်လက်နက်ပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် ရထားဖြင့် ချီတက်

    ဘေဂျင်းမြို့တော် စစ်ရေးပြအခမ်းအနား တက်ကြမည့် နိုင်ငံတကာ ခေါင်းဆောင်များက တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် သွားရောက်ကြချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏ထုံးစံအတိုင်း ရထားစီးပြီး နယ်စပ်ဖြတ် ခရီးနှင်နေပြီ ဖြစ်သည်။

    ဒုတိယကမ္ဘာစစ်တွင် ဂျပန်စစ်တပ်လက်နက်ချသည့် နှစ် ၈၀ ပြည့် အခမ်းအနား တက်ရောက်မည့် ရဲဘော်ကင်ဂျုံအန်း၏ရထား ထွက်ခွာသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားက သတင်းထုတ်ပြန်သည်ဟု နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားသည်။

    ကွယ်လွန်သူ ဖခင် အာဏာရှင်ကဲ့သို့ပင် သူလည်း လေယာဉ်စီးရမည်ကို ကြောက်တတ်သဖြင့် ကုန်းလမ်းမှသာ ခရီးသွားတတ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

    သူ၏ ဇိမ်ခံရထားမှာ လုံခြုံရေး အထူး တင်းကျပ်ထားပြီး ခရီးဆုံးဘူတာသို့ရောက်ရန် နာရီ ၂၀ ကျော် မောင်းနှင်ရမည် ဖြစ်သည်။

    အစည်းအဝေးခန်းမ၊ စုဝေးဆောင်၊ အိပ်ခန်းများ ထည့်သွင်းတည်ဆောက်ထားသဖြင့် ရထားတွဲအများအပြား ပါဝင်သည်ဟု သတင်းများက ဆိုသည်။ အမေရိကန်ရှိ ကုန်တင်ရထားများကဲ့သို့ တွဲ ၉၀ ခန့် ပါဝင်သည်ဟုပင် သတင်းတချို့တွင် ဖော်ပြထားသည်။ တွဲအရေအတွက် ထိုမျှ များပြားပါက တမိုင်ကျော် ရှည်လျားမည့်ရထားဖြစ်သည်။

    ရထားစီးလာသော မြောက်ခေါင်းဆောင်ကို ဗုဒ္ဓဟူးနေ့ အခမ်းအနားတွင် တရုတ်ခေါင်းဆောင်၊ ရုရှားခေါင်းဆောင်တို့နှင့်အတူ တွေ့ရမည် ဖြစ်သည်။ နိုင်ငံတကာမှ လာရောက်သူများ တွေ့ဆုံသည့်ပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခြင်းလည်း ဖြစ်သည်။

    တရုတ်က သူ၏ လက်နက်အင်အား ထုတ်ပြမည့် ထိုပွဲကို မြန်မာ၊ ကျူးဘား၊ အီရန်နိုင်ငံတို့မှ အာဏာရှင်များလည်း တက်ရောက်မည်ဖြစ်သည်။ ပူတင်လာမည့်ပွဲဖြစ်သောကြောင့် သူ၏ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်သည့် နိုင်ငံများက ခေါင်းဆောင်များ ကိုယ်တိုင် မတက်ဘဲ ကိုယ်စားလှယ်သာ စေလွှတ်ကြဖွယ်ရှိသည်။

    တရုတ်စစ်တပ်က ကမ္ဘာ့အဆင့်မီ နည်းပညာများ ပါဝင်သည့် လက်နက်ပစ္စည်းများ ထုတ်ပြရန် ပြင်ဆင်ထားသည်ဟု တရုတ်အစိုးရသတင်းဌာနက လွန်ခဲ့သည့် ၁ နာရီခန့်က သတင်းထုတ်ပြန်ထားသည်။

    မိနစ် ၇၀ ကြာမည့် ထိုပွဲတွင် တင့်ကား၊ လေယာဉ်တင်သင်္ဘောတွင် အတက်အဆင်း လုပ်နိုင်သော လေယာဉ်၊ တိုက်လေယာဉ်၊ ဗျူဟာမြောက်လက်နက်ကြီးများ ပြသမည်ဟုလည်း မကြာသေးခင်က တရုတ်အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

    ထုတ်ပြမည့်လက်နက်များမှာ တပ်တွင် သုံးနေပြီဖြစ်ပြီး တရုတ်တွင် ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

    ဒရုန်း၊ ဒရုန်းဖျက်လက်နက်၊ လေဆာရောင်ခြည်သုံးလက်နက်များကိုလည်း ထုတ်ပြမည်ဟု တရုတ်ထုတ်ပြန်ချက်က ဆိုသည်။

  • ခိုးဆိုးလုနှိုက် လူငယ်များကို စစ်မှုထမ်းလူစားထိုးခေါ်ယူ၍ ရှေ့တန်းပို့ရာ နေအိမ်များ ဖောက်ထွင်းခိုးယူမှုများ ဖြစ်ပွားနေ

    စစ်ကော်မရှင်နှင့် ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်မှုထမ်းလူအစားထိုးခေါ်ယူရာတွင် ခိုးဆိုးလုယက်မှုများ ပြုလုပ်နေသည့် လူငယ်များကို ခေါ်ယူခဲ့ရာ ရှေ့တန်းထွက်သည့်အခါ ၎င်းလူငယ်များက လုယက်ခိုးယူမှုများ ကျူးလွန်နေကြောင်း သိရသည်။

    စစ်မှုထမ်းသင်တန်းပေးပြီး ရှေ့တန်းသို့ ပို့ဆောင်ခံရသည့် အဆိုပါ ခိုးဆိုးလုယက် လူငယ်များသည် စစ်ကြောင်းထိုးရာ ကျေးရွာများရှိ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ဖောက်ထွင်းဝင်ရောက် လုယက်နေကြောင်း သိရသည်။

    ရန်ကုန်တိုင်း၊ သန်လျင်မြို့၊ ဗိုလ်ချုပ်ကျေးရွာမှ စစ်မှုထမ်းအမှတ်စဉ် (၂) တွင် ပါသွားခဲ့သည့် သူခိုးအများစုသည် ရှေ့တန်းရောက်သည့်အခါ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ပြီး တန်ဖိုးရှိပစ္စည်းများကို လုယူကာ ရရှိသည့်ငွေကြေးနှင့် ရွှေထည်များကို မိဘများထံ ပြန်လည်ပို့ဆောင်ပေးနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “စစ်မှုထမ်းခေါ်တဲ့ အစောပိုင်း အမှတ်စဉ် (၂) လောက်က ပါသွားတဲ့ ရပ်ကွက်ထဲက သူခိုးနဲ့ မုဒိမ်းသမား သုံးယောက်ဆိုရင် သူတို့မိဘအိမ်ကို တစ်ခါပို့ရင် သိန်းဆယ်ချီပို့တယ်။ ရှေ့တန်းက ခိုးလို့ရတာတွေ၊ လုယက်ရရှိတာတွေ ပို့တာလို့ ပြောတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    လုယက်ရရှိသည့် ပစ္စည်းများကို စစ်ကြောင်းမှူးများနှင့် ခိုးဆိုးလုယက်သည့် တပ်ဖွဲ့ဝင်များက ခွဲဝေရောင်းချကာ ပြည်သူ့ပစ္စည်းများကို အစဉ်တစိုက် ခိုးယူနေကြောင်း သိရသည်။

    ခိုးဆိုးလုယက်သူ အများစုသည် စစ်မှုထမ်းလူအစားထိုးရာတွင် ငွေကျပ်သိန်း ၅၀ နှင့်အထက် ရရှိသည့်အပြင် ရှေ့တန်းတွင်လည်း ထင်သလို လုယက်ယူငင်ခွင့်ရနေသည့်အတွက် စစ်မှုထမ်းသင်တန်းတက်ပြီး ရှေ့တန်းထွက်ရန် အားသန်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။

    စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းရှိ အဖိုးတန် လူငယ်များကိုသာမက နာမည်ပျက် ထောင်ထွက် ခိုးဆိုးလုယက်သူများကိုပါ စစ်မှုထမ်းရန် အတင်းအဓမ္မ ဖမ်းဆီးလျက်ရှိသည်။ စစ်ကော်မရှင် စစ်ကြောင်းများသည် စစ်ကိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ်များကို စစ်ကြောင်းထိုးနေစဉ် ရွာလုံးကျွတ် မီးရှို့ခြင်းမပြုမီ နေအိမ်အတွင်းရှိ တန်ဖိုးရှိပစ္စည်းများကို စစ်သုံးကားကြီးများဖြင့် သယ်ဆောင် လုယူနေကြကြောင်းလည်း သိရသည်။

    စစ်ကြောင်းတွင် အဓိက တာဝန်ရှိသည့် အကြီးဆုံး စစ်အရာရှိမှစ၍ အောက်ခြေတပ်သားအထိ စစ်ကြောင်းထိုးရာ ရွာစဉ်တစ်လျှောက် ခိုးဆိုးလုယက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်မှုများ ကျူးလွန်နေကြပြီး ထိုသို့ကျူးလွန်ရန်လည်း အားပေးအားမြှောက် ပြုထားကြောင်း သိရသည်။

    ပုံစာ-စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ရန် ခေါ်ယူထားသူများ

  • ကျောက်ဖြူတွင် AA တပ်စွဲထားသည့်နေရာများကို စစ်ကော်မရှင် အပြင်းအထန်စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေ

    ကျောက်ဖြူတွင် AA တပ်စွဲထားသည့်နေရာများကို စစ်ကော်မရှင် အပြင်းအထန်စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေ

    ကျောက်ဖြူတွင် AA တပ်စွဲထားသည့်နေရာများကို စစ်ကော်မရှင် အပြင်းအထန်စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေ

    ‎အာရက္ခတပ်တော် (AA) တပ်စွဲထားသည့် နေရာအချို့ကို စစ်ကော်မရှင်က လက်နက်ကြီး ပစ်ကူများနှင့်အတူ အပြင်း အထန်စစ်ကြောင်းထိုးနေသည့်အတွက် တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

    ‎မင်းတပ်တောင်နှင့် ကန္ဒီးကို စစ်ကော်မရှင်ဘက်က လက်နက်ကြီးများဖြင့် နေရာစုံမှပစ်ခတ်ပြီး ယနေ့ စက်တင်ဘာ ၁ရက်နေ့တွင် အပြင်းအထန် စစ်ကြောင်းထိုးနေကြောင်း little rabbitထံမှ သိရသည်။

    ‎”မင်းတပ်တောင်ကို အဓိကထိုးစစ်ဆင်နေတယ် စစ်တပ်က။ ဓာတ်ငွေ့စက်ရုံဘက်ကလည်း တက်လာနေတာရှိပါတယ်။ AAက လုံးဝ နောက်ဆုတ်မပေးတော့ဘူး။ တန်ပြန်ထိုးစစ်ဆင်တဲ့ နေရာတွေလည်းရှိလို့ တိုက်ပွဲနေရာပြန့်နေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

    ‎စစ်ကော်မရှင်က AA ထိန်းချုပ်နယ်မြေအချို့ကို ပြန်လည်ရယူရန် စစ်ကြောင်းထိုးနေသော်လည်း သေဆုံးထိခိုက်မှုများစွာနှင့် တပ်ဆုတ်ပြန်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    စစ်ကော်မရှင်သည် ‎ပြီးခဲ့သည့်ရက်ပိုင်းက AA ထံမှပြန်လည်ရယူထိန်းချုပ်ထားသည့် လိပ်ခမော်ရွာကို ပြန်လည်လက်လွှတ်ထားရပြီး မင်းတပ်တောင်ဘက်ကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

    ‎စစ်ကော်မရှင်၏ အမှတ် (၃၂) ရဲတပ်ရင်း၊ ဓညဝတီရေတပ်ဌာနချုပ်နှင့် ကျောက်ဖြူ ပင်လယ်ပြင်တွင် ရပ်တန့်ထားသည့် စစ်သင်္ဘောများမှ ထိုးစစ်ဆင်နေသည့် နေရာများကို လက်နက်ကြီးပစ်ကူများ ပေးလျက်ရှိသည်။

    ‎ပျားတဲ၊ ကြတ္တိန်၊ သပြုတောင်၊ ကပ်သပြေ၊ ကုလာဘာနှင့် ဂေါ်တူတောင်တန်းအနီးထိ တိုက်ပွဲမှာ ပြင်းထန်နေပြီး စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းအပြင် ဒရုန်းနှင့် လက်နက်ကြီးပစ်ကူများသုံးလျက် ထိုးစစ်ဆင်နေသည်။

    ‎‎တိုက်ပွဲများကြောင့် ကျောက်ဖြူမြို့နယ်အတွင်းမှ ဒေသခံ ငါးသောင်း(၅၀,၀၀၀) ကျော်မှာ စစ်ဘေးရှောင်ထွက်ပြေးနေရပြီး နေထိုင်၊ စားသောက်ရေးအတွက် အကူအညီများလိုအပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    ‎ပုံစာ – AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း)

  • သံတောင်ကြီး၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    သံတောင်ကြီး၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    သံတောင်ကြီး၊ ဘုရင့်နောင်စစ်သင်တန်းကျောင်းကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး အရာရှိနေအိမ်နှင့် သင်တန်းသား အိပ်ဆောင်တချို့ မီးလောင်ဟုဆို

    ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဘုရင့်နောင် စစ်သင်တန်းကျောင်း ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများပြားပြီး ဒုကျောင်းအုပ်ကြီးနေအိမ်၊ သင်တန်းသား အိပ်ဆောင် ၂ ခု မီးလောင်မှုအပါ အဝင်အများအပြား ထိခိုက်ပျက်စီးသွားကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

    ဩဂုတ်လ ၂၆ ရက် နံနက် ၁၀ နာရီ ၄၃ မိနစ်က သံတောင်ကြီးမြို့ရှိ တပ်မတော် (ကြည်း) တိုက်ခိုက် ရေး ကျောင်း (ဘုရင့်နောင်) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၉ လုံးလုံး ယင်းတိုက်ခိုက်ရေး ကျောင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သား ၂၀ ဦး ထက်မနည်း ပွဲချင်း ပြီး သေဆုံးကာ ၅၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ထို့အပြင် သင်တန်းကျောင်းရှိ လက်နက်ကြီး အထိုင်နေရာ ၂ ခု ထိမှန် ပျက်စီးခဲ့ပြီး စာသင်ဆောင် အတွင်းသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ဆောင် ၊ သင်ကြားရေး ပစ္စည်းများ နှင့် ပရိဘောဂများပျက်စီးမှုရှိခဲ့သည့်အပြင် ကား ၃ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း အလားတူ ဒုကျောင်း အုပ်ကြီး၏ နေအိမ်၊ သင်တန်း အိပ်ဆောင် နှစ်ခု မီးလောင်ခဲ့ကြောင်း သိရသည်။

    အလားတူ ဘုရင့်နောင်သင်တန်းကျောင်း၏ ဒုကျောင်းအုပ်ကြီး ပြင်းထန်ဒဏ်ရာရရရှိပြီး အဆိုပါ အိမ်ရှိ စစ်သား ၃ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

    “အခုရရှိတဲ့ ထိခိုက်ပျက်စီးမှုအခြေအနေကလည်း ကျနော်တို့ ချိန်ရွယ်ပစ်ခတ်ခဲ့တဲ့ ပစ်မှတ်တွေ ချည်း ဖြစ်နေတာကြောင့် ဒါကိုယုံကြည်စွာနဲ့ထုတ်ပြန်ပေးရခြင်းဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ တော်လှန် ရေးမှာ တတ်နိုင်သမျှ အစွမ်းကုန် ဆက်လက်တိုက်ခိုက်သွားမှာမို့ ပြည်သူတွေလည်း တော်လှန်ရေး မှာ ဆက်ဝန်းရံပေးနေကြဖို့တိုက်တွန်းချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

    အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) အဖွဲ့နှင့် KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ တို့ပူးပေါင်းကာ BWM mission 44 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ဘုရင့်နောင် တပ်မတော်ကြည်း တိုက်ခိုက်ရေး ကျောင်းသည် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ အာဏာသိမ်းစစ်အုပ်စု၏ အဓိက သက်ရှိဒေါက်တိုင်များဖြစ်သော စစ်တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်း များကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်သည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဩဂုတ် လ ၂၅ ရက်တွင် ပြန်လည်စတင်သောသင်တန်းတွင် စခ အရာရှိ ၄၀၀ ဦး ကျော် သင်တန်းတက် ရောက်သည်ကို အအတိအကျရထားသည့်အတွက် သင် တန်း ချိန်တွင် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။

    စစ်ကောင်စီ၏ ဩဇာကိုခံ၍ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် နှိပ်စက်သတ်ဖြတ်နေသော စခသန္ဓေစစ် အရာရှိများအား ပြည်သူ့ကိုယ်စား တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ပြီး စကစနောက်လိုက်တို့ သည်လည်း အချိန်မရွေး အတိုက်အခိုက်ခံရ၊ နေရာမရွေး အသက်ဆုံးရှုး နိုင်သည်ဟူသော စိတ်မလုံခြုံသည့် ခံစား ချက်ကို ခံစားစေရန် ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

    ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်က တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဘုရင့်နောင်) သင်တန်းကျောင်းသို့ သွားရောက်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)