Author: Baby Yit Lone

  • နွားကျောင်းသားတောင် ထောက်ခံစာယူနေကြရတဲ့ခေတ်

    နွားကျောင်းသားတောင် ထောက်ခံစာယူနေကြရတဲ့ခေတ်

    နွားကျောင်းသားတောင် ထောက်ခံစာယူနေကြရတဲ့ခေတ်

    လွတ်လပ်ရေးဖခင်ကြီးဟာ သူ့ဇာတိမြို့ကလူတွေ သူတည်ထောင်ခဲ့တဲ့စစ်တပ်လက်ထက်မှာ ခုလိုသောကပင်လယ်ဝေနေကြရတာသိရင် မြေကြီးထဲက ပြန်ကုန်းထကာ ပါးရိုက်ဆုံးမ လေမလား တွေးကြည့်ပါတယ်။

    လီကွမ်းယူမသေခင်က တိုင်းပြည်အာဏာယူပြီး သောက်သုံးမကျရင် သူကိုယ်တိုင်အခေါင်းထဲကပြန်ထလာပြီး ပညာပေးပြမယ်တဲ့လေ။

    ပညာမတတ်ဘဲ အာဏာရူးတွေကို လီကွမ်းယူသတိပေးသွားတာလေးက သိပ်သဘောကျစရာပါ။

    နိုင်ငံရေးလုပ်တယ်ဆိုတာ ဖဲရိုက်နေတာမျိုး မဟုတ်ဘူး။

    သင့်အနာဂတ်ပါသလို ငါ့အနာဂတ်လည်းပါပါတယ်။

    ငါတို့မျိုးဆက်ဟာ တိုင်းပြည်လွတ်လပ်ရေးရဖို့၊ ရလာတော့ ပြန်လည်ထူထောင်ရေးလုပ်ကြရာမယ် သွေးသားထဲကနေ အရိုးကျေကျေအရေခမ်းခမ်း ကြိုးစားပြီးလုပ်ခဲ့ကြရတာပါ။

    မထိုက်တန်တဲ့ အာဏာကို ရယူပြီးတိုင်းပြည်ဖျက်ဖို့ ကြိုးစားလာတာမျိုး ငါ့မျက်စေ့ရှေ့မှာ အဖြစ်မခံနိုင်ဘူးတဲ့။

    photo: credit

    ZA

  • “တတိုင်းပြည်လုံး နတ်သမီးဖြစ်သွားလိမ့်မယ်”

    “တတိုင်းပြည်လုံး နတ်သမီးဖြစ်သွားလိမ့်မယ်”

    ခုချိန်ထိ ဘာဖြစ်လို့ ဖြစ်နေတယ်ဆိုတာ မသိကြသေးဘူး။ ဒေါ်လာဈေးက ငြိမ်နေပါလားဆိုပြီး ကြည်နူးနေတဲ့သူက ရှိသေးတယ်။ ‌နင့်ပထွေးက လှုပ်မရအောင် တုပ် ထားမှတော့ မငြိမ်ဘဲ နေပါ့မလား။

    ဘာမှမသွင်းတော့ ဘာမှမကုန်၊ ဘာမှမကုန်တော့ ဘာမှမရှိ၊ ဘာမှမရှိတော့ ဘာမေးမေး ရှားနေတဲ့ ဘာမေးရှားဖြစ်။ လူပြိန်းလိုပြောရရင် ဒေါ်လာဈေး ငြိမ်တယ်ဆိုတာ ၂ မျိုးပဲရှိတယ်။

    နိုင်ငံတခုရဲ့ ပို့ကုန်နဲ့ သွင်းကုန်က မျှတနေရင်ပဲဖြစ်ဖြစ်၊

    ပို့ကုန်က သွင်းကုန်ထက် ကျော်နေရင်ပဲဖြစ်ဖြစ် ဒေါ်လာဈေးငြိမ်မယ်။

    ဒါမှမဟုတ် ပြည်ပက လာတာမှန်သမျှ ဘာမှမသုံးရဆိုပြီး အဝင် အကုန်ပိတ်လိုက်ရင် သုံးဖို့ ဒေါ်လာ မလိုတော့ ရင် ဒေါ်လာဈေးငြိမ်မယ်။

    ခုဖြစ်နေတာ နောက်ကဟာပဲ။ နဂိုထဲက ဘာမှမထွက်တဲ့ တိုင်းပြည်မှာ အဝင်ပါ ပိတ်လိုက်တော့ အစစအရာရာ ပစ္စည်းတွေ ရှားလာရော။

    ပစ္စည်းရှားတော့ ဈေးတက်လာတယ်။ ဈေးတက်လာတော့ လူတိုင်းမဝယ်နိုင်တော့ဘူး။

    မဝယ်နိုင်တော့ ဝယ်လိုအားကျလာတယ်။ ဝယ်လိုအားကျတော့ စီးပွားရေးပါတွဲကျလာပြီး ဝင်ငွေနည်းလာတယ်။ ဝင်ငွေနည်းလာတော့ တိုင်းပြည်က ပိုဆင်းရဲလာတယ်။

    အသစ်မသုံးနိုင်တော့ အဟောင်းကို ပြင်သုံးလာရပြီး အ ဟောင်းဈေးကွက် တပတ်ပြန်လည်လာရော။

    နောက်ဆို အရင်လို အဟောင်းဈေးကွက်ကြီး ပြန်ဖြစ်လာလိမ့်မယ်။

    ဖုန်းတလုံးကို လေးငါးဆယ်နှစ် ယုယုယယကိုင်ရလိမ့်မယ်။

    TV တလုံးဝယ်ပြီး မပျက်ဖို့ ဆုတောင်းရလိမ့်မယ်။

    ကိုယ့်ထက်အသက်ကြီးတဲ့ Taxi ကားအစုတ်တွေ အကုန် ဂျလုတ် ဂျလုတ်မြည်ပြီး ပြေးနေလိမ့်မယ်။

    အဆုံးသတ်ပြောရရင်တော့ တတိုင်းပြည်လုံး နတ်သမီးဖြစ်သွားလိမ့်မယ်။

    ✍ Pyae Paing Heing

  • ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ကြေညာ

    ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ကြေညာ

    အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ကြေညာလိုက်ပြီး လိုက်နာခြင်းမရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးကို ထိရောက်စွာ အရေးယူမည်ဟု သတိပေး

    အကြမ်းဖက် စစ်တပ်၏ ရွေးကောက်ပွဲသို့ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးမှုများ လုံး၀(လုံး၀) မပြုလုပ်ရန် KNU တပ်မဟာ ၆ က ယမန်နေ့ ညပိုင်း ထုတ်ပြန်ကြေညာလိုက်ပြီး လိုက်နာခြင်း မရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအားလုံးကို ထိရောက်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။

    အကြမ်းဖက် အာဏာသိမ်းထားသည့် စစ်တပ်က တရားမဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်သလို အသုံးချ၍ ပြည်သူလူထုတရပ်လုံးအပေါ် ရေရှည် ဆက်လက် ဖိနှိပ် အုပ်ချုပ်နိုင်ရန် ဖြစ်ကြောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ပြည်သူ လူထု တစ်ရပ်လုံး၏ သဘောထားကို ဆန့်ကျင်၍ အကြမ်းဖက်မှု ခြိမ်းခြောက်မှု အတင်း အဓမ္မ ဖမ်းဆီးမှု စသည့် လုပ်ရပ်များ ကျူးလွန်ပြီး ပြုလုပ်မည့် ရွေးကောက်ပွဲ ဖြစ်သည့် အတွက် လက်ရှိ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ကြောင်း KNU တပ်မဟာ ၆ က ကြေညာထားသည်။

    လက်ရှိ ရွေးကောက်ပွဲသည် စစ်မှန်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဘဲ အကြမ်း ဖက်အာဏာသိမ်း စစ်ကော်မရှင် ဗိုလ်ချုပ်များနှင့် မိသားစုဝင်များ၊ ၎င်းတို့၏ အသိုင်းအ၀ိုင်း၊ အပေါင်းအပါများ၊ စစ်တပ် လက်သပ်မွေးထားသည့် နိုင်ငံရေးအမည်ခံပါတီများ အာ ဏာ ရရှိရေးအတွက်သာဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံးအတွက် မည်သည့် အကျိုး ကျေးဇူးမှ ရရှိမည်မဟုတ်ကြောင်း KNU တပ်မဟာ ၆ က ပြောဆိုသည်။

    ထို့ကြောင့် KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ လူပုဂ္ဂိုလ်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ NGOs ၊ INGOs များအနေဖြင့် တစ်ဦးချင်းအရ သော်လည်း ကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း စစ်တပ်၏ ရွေးကောက်ပွဲသို့ ကူညီပံ့ပိုး ပူး ပေါင်းပါဝင်ခြင်း လုံး၀ (လုံး၀) မပြုလုပ်ရန် တိုက်တွန်းထားသည်။

    KNU တပ်မဟာ ၆ ၏ ကြေညာချက်နှင့် တိုက်တွန်းချက်ကို လိုက်နာခြင်းမရှိသည့် အဖွဲ့အစည်း ဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ မည်သူ့ကိုမဆို KNU တပ်မဟာ ၆ က ချမှတ် ထားသော ကော်သူးလေ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အလေးအနက် သတိပေး ကြေညာထားသည်။

  • တုံးအောက်ကဖား

    တုံးအောက်ကဖား

    မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးအတွင်း မန္တလေးရှိ နာမည်ကျော် Sky Villa Condo ပြိုကျမှုမှာ သာမန် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြသလို အကြမ်းဖက် စစ်တပ်နဲ့ တိုက်ရိုက် ပတ်သက်သူတွေလဲ မလွတ်ခဲ့ပါဘူး။

    ဒီဘဲကြီး နာမည်က ဗိုလ်မှူးဟောင်း ဉာဏ်စိုးလှိုင်လို့ သိရပြီး Sky Villa Condo ပြိုကျမှုမှာ သမီးဖြစ်သူ ပါသွားခဲ့ပေမယ့် ၅ လပြည့်ချိန်မှ ရုပ်အလောင်းကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    အသက်ရှင်ဖို့ အချိန်မီ ကယ်ဆယ်ရေး လုပ်နိုင်ဖို့ ဝေးစွ၊ အလောင်း ပြန်ရဖို့တောင် လုပ်မပေးနိုင်တဲ့ အကြမ်းဖက် စစ်တပ်ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းတာကိုလဲ (တကယ်က ပြည်သူအပေါ် စေတနာကို မရှိတာပါ) ဒဲ့ မပြောရဲခဲ့ရှာပါဘူး။ အတွင်းလူဖြစ်ခဲ့ဘူးသူပီပီ ကြိတ်စရာရှိရင် အရင်းအဖျားမရွေး လက်ကုန်ကြိတ်တတ်တဲ့ ခွေးတပ်ရဲ့ လက်ဆကို သိနေတော့ သူ့ရဲ့ မကျေနပ်မှုတွေကို အာသာဖြေရင်း လိုင်းပေါ်တင်ပြီးတော့ပဲ ကြိတ်လောင်နေခဲ့ရတာပါ။

    အာဏာရှင်ရဲ့ ရက်စက်မှုကို ပြည်သူစစ်စစ်တွေပဲ ခံနေရတာ မဟုတ်ပဲ ခွေးတပ်ထဲကလူတွေရော ဆက်စပ် အနွယ်ပွားတွေပါ ခေါင်းမထူအောင် ခံနေရတဲ့ သက်သေတစ်ခု ဆိုရင်လဲ မမှားပါဘူး။

    ဘောမတွေကိုယ်တိုင် ဝပ်ကျင်းတစ်ခုစာပဲ ရပြီး နည်းနည်းလေး လှုပ်လိုက်တာနဲ့ တန်းပြီးပိမယ့် တုံးအောက်က ဖားတွေ ဆိုတာ ဂျေးအောင်းနေတဲ့ ဘောမတွေက ထပ်ပြီး သက်သေခံနေပါတယ်။

    ဆိုတော့ ခွေးတပ် ထောက်ခံတွေနဲ့ လက်ပါးစေတွေကို မေးချင်တာက ခင်ဗျားတို့ရော ဘယ်လောက်အထိ အနေချောင်ကြလဲ၊ လုံခြုံမှု အာမခံချက်ရော အပြည့်ရှိရဲ့လား?

    ဖိုးစီ

  • နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး

    နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို စစ်တပ်မှ ဖမ်းဆီး

    နတ်သမီး (ခေါ်) ဖြိုးအိအိဇော်ကို ယမန့်နေ့ညက စစ်တပ်မှ ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပြီး ဒီကနေ့မှာတော့ ဖမ်းဆီးခံလိုက်ရတာသေချာကြောင်း ပုံနှင့်တကွ ဖေါ်ပြလာတာကို တွေ့ရပါတယ်။

    ဖြိုးအိအိ‌ဇော်ဟာ ဖေါ်ချွတ်မယ်တစ်ဦးဖြစ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ သူမကို နတ်သမီးခေါ်ပါက ပိုက်ဆံပေးမယ်ဆိုတဲ့ post ကြောင့် ဝေဖန်မှုတွေရှိခဲ့ကာ ခုချိန်မှာတော့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။

    ‌ဖြိုးအိအိဇော်ဟာ ဖေါ်ချွတ်မယ် တစ်ဦးဖြစ်ပေမယ့် သူ့ကိုအားပေးတဲ့ ဆင်းရဲနွမ်းပါးသူတွေကို လိုက်လံပြီး ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖေါ်ချွတ်မယ်တွေအနေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံ‌နေရပြီး ဒါဟာ ဖိုဝါဒကြီး‌ဆိုးတဲ့ တိုင်းပြည်တစ်ခု ဖြစ်တာကြောင့်လို့ လူမှုကွန်ယက်မှာ ဝေဖန်ပြောဆို နေတာတွေလည်းရှိနေပါတယ်။

    ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာဆိုသော ဖြိုးအိအိဇော် ရဲစခန်းမှာ ထိန်းသိမ်းခံထားရ

    ဖြိုးအိအိဇော်ဆိုတာ မသိသေးသူများအတွက် အချိန်ကာလများစွာကတည်းက အွန်းလိုင်းမှာ အတွင်းပစ္စည်းတွေ ထုတ်ပြတတ်သူ

    ဒီလို ပစ္စည်းမဲမဲ အမွှေးထူထူမဲမဲ ကြီးပြရင်း ငွေကြေးအဆင်ပြေလာပြီး ဟိုတယ်မှာနေကာ ဆက်လက် ထုတ်ပြ နောက်ဆုံး Marketing ထိုးဖောက်ဖို့ ပြစားရင်း ဒီဂျီလုပ်ရင်း ရလာတဲ့ ပိုက်ဆံတွေကို အွန်လိုင်းမှာ မဲဖောက်ဝေမယ်လုပ်ရာက ပိုက်ဆံရချင်ကြတဲ့သူတွေက နတ်သမီးလေးလို့ မြှောက်ပြောရင်း နတ်သမီးလို့ ခေါ်လာကြ…

    ကြာလာတော့ မျက်စိနောက်လာပြီး လူ့အသိုင်းအဝိုင်းက အော်တော့ လုပ်ရဲလုပ်ကြည့်လို့ ဇောင်းထ မလုပ်ရဲတာ မရှိတဲ့သူနဲ့တွေ့တော့ ခု ရဲစခန်းမှာ လက်ထိပ်လေးနဲ့ ရောက်

    နတ်အစစ်မဟုတ်ခြင်းရဲ့ ဒုက္ခပေါ့