Author: Baby Yit Lone

  • Twenty

    Twenty

    Twenty (2015) ၂၀၁၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Twenty ဆိုတဲ့ ဇာတ်ကားလေးဟာ အသက်၂၀ပြည့်တော့မယ့် ကျောင်းနေဖက်သူငယ်ချင်းသုံးယောက် သူတို့ဘဝကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ဆုံးဖြတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ ဟာသဒရမ်မာလေးပဲ ဖြစ်ပါတယ် .. ဒီကားလေးထဲမှာ‌တော့ တကယ့်ထိတ်ထိတ်ကြဲ သရုပ်ဆောင်တွေဖြစ်တဲ့ Kim Woo Bin၊ Lee Jun Ho၊ Kang Ha Neul၊ Jung So Min ၊ Lee Yoo Bi နဲ့ Min Hyo Rin တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းလေးထဲမှာတော့ .. ချီဟို( Kim Woo Bin), ဒုံဝူ (Lee Jun Ho), ဂယောင်းဂျယ်(Hang Ha Neul)တို့ သုံးယောက်ဟာ…

  • Home Sweet Home

    Home Sweet Home

    Home Sweet Home (2025) ဒီဇာတ်ကားလေးဟာ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး လောကရဲ့ ခက်ခဲကြမ်းတမ်းတဲ့ အဖြစ်မှန်ကို ဖော်ကျူးထားတဲ့ Drama ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဆိုဖီဟာချစ်စရာကောင်းတဲ့ ဆယ်နှစ်အရွယ်သမီးလေးနှင့်အတူနေထိုင်ရင်း သူမနေထိုင်ရာ မြို့ငယ်လေးရှိ သက်ကြီးရွယ်အိုများကိုပြုစုစောင့်ရှောက်သူအဖြစ် အလုပ်သစ်တစ်ခုကို စတင်ခဲ့ပါတယ်။ သူမရဲ့ရည်ရွယ်ချက်ကတော့ သနားစရာကောင်းတဲ့သက်ကြီးရွယ်အိုတွေရဲ့ နောက်ဆုံးနေ့ရက်များကို အဓိပ္ပာယ်ရှိစေဖို့ပဲဖြစ်ပါတယ်။ ကုတင်ပေါ် လဲလျောင်းနေရတဲ့ သတိမေ့ရောဂါသည် များမှသည် စိတ်ဓာတ်ကျနေသော သက်ကြီးရွယ်အိုများအထိ လူနာတစ်ဦးချင်းစီရဲ့ ဘဝဇာတ်ကြောင်းနှင့် စိတ်နေစိတ်ထား အမျိုးမျိုးကို ဆိုဖီတစ်ယောက်ရင်ဆိုင်ရပြီး သူမရဲ့ ကြင်နာမှုနှင့် လေးစားမှုများသည် လူနာများရဲ့ဘဝတွင် ခြားနားမှုကို ဖန်တီးပေးနိုင်တာကို သိရှိသော်လည်း အလုပ်ရဲ့စီမံခန့်ခွဲမှုစနစ်ပိုင်းဆိုင်ရာ ပြဿနာများက သူမကို ဖိအားပေးလာတဲ့အခါမှာတော့…

  • The Case of the Unknown

    The Case of the Unknown

    The Case of the Unknown (2020) ဒီတစ်ခါတော့ မှုခင်းဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ရွာလေးတစ်ရွာမှာ (၅)လောင်းပြိုင် တစ်မိသားစုလုံးသတ်ခံရတဲ့အမှုဖြစ်ပွားခဲ့တယ်။မြို့မှုခင်းရဲဌာနက အဖွဲ့မှူးဝမ်တို့ဟာ စုံစမ်းစစ်ဆေးလိုက်တဲ့အခါမှာရွာလေးရဲ့အရှုပ်ထုပ်တွေကိုတစ်စပြီးတစ်စဆွဲထုတ်မိလာခဲ့ပါတယ်။ ဒီ(၅)လောင်းပြိုင်လူသတ်မှုရဲ့နောက်ကွယ်ကအမှန်တရားဟာဘယ်လိုရှိနေမလဲ…။ယ ရွာလေးရဲ့လျှို့ဝှက်ချက်တွေကရောဘာတွေရှိနေမလဲဆိုတာကို စိတ်ဝင်တစားနဲ့ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • Tale of the Night

    Tale of the Night

    Tale of the Night (2023) ဒီတစ်ခါတော့ တရုတ်နိုင်ငံ၊ ချန်ရှာ (Changsha) မြို့ရဲ့ ညရှုခင်းတွေကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ နွေးထွေးပြီး ကြည်နူးစရာကောင်းတဲ့ “Tale of the Night” (2023) ဆိုတဲ့ ဇာတ်ကားလေးအကြောင်း ပြောပြချင်ပါတယ်။ ဒီကားလေးကလူတွေရဲ့ဘဝအကြောင်းကို ရိုက်ပြထားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့… ဒီဇာတ်ကားက ချန်ရှာမြို့ရဲ့ ညအချိန်မှာ ရှင်သန်လှုပ်ရှားနေကြတဲ့ လူအမျိုးမျိုးရဲ့ ဘဝဇာတ်လမ်းတိုလေးတွေကို တစ်ညတည်းမှာဖြစ်ပျက်သွားတဲ့ပုံစံနဲ့ ပေါင်းစပ်တင်ဆက်ထားပါတယ်။ အဓိကအားဖြင့် ဇာတ်ကောင်လေးယောက်ရဲ့ ဇာတ်လမ်းကို အဓိကထားပြီး သူတို့တစ်ယောက်နဲ့တစ်ယောက် ဘယ်လို ဆုံတွေ့၊ ဆက်စပ်သွားကြသလဲဆိုတာကို ပြထားပါတယ်။ စကားပြောပြိုင်ပွဲဝင်ချင်တဲ့ ကောင်မလေးတစ်ယောက်ကတော့ သူမက ချန်ရှာမြို့ကို Talk Show ပြိုင်ပွဲတစ်ခုဝင်ဖို့ ရောက်လာတာပါ။ ဒါပေမဲ့ သူ့မှာ…

  • Liao Zhai Fox Spirit: Spoony Woman

    Liao Zhai Fox Spirit: Spoony Woman

    Liao Zhai Fox Spirit: Spoony Woman (2023) အခုတစ်ခေါက် ဘာသာပြန် တင်ဆက်ပေးမဲ့ ရုပ်ရှင်လေးကတော့တရုတ်ဒဏ္ဍာရီပုံပြင်လေးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မြေခွေး မိစ္ဆာမလေး ယင်းနင်ဟာ မွေးစားအမေနဲ့အတူ မြို့အပြင်တစ်နေရာမှာအပူအပင်ကင်းစွာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ လူ့ပြည်က ရှန့်ယွမ်ပွဲတော်ကို သွားလည်တဲ့ လမ်းမှာ ဝမ်းကျီဖူဆိုတဲ့ ပညာရှိနဲ့ ဆုံတွေခဲ့ပါတယ်။ ဝမ်ကျီဖူဟာ ယင်းနင်အပေါ် မြင်မြင်ချင်း ချစ်မိသွားပြီး မစားနိုင် မသောက်နိုင် ဖြစ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယင်းနင်ရဲ့ နေထိုင်ရာနေရာကို ရှာတွေ့သွားပြီး လက်ထပ်ခွင့်တောင်းကာ အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ပညာတတ်မိသားစုဖြစ်တဲ့အတွက် ဝမ်ကျီဖူရဲ့ အမေဖြစ်သူ သခင်မဝမ်ဟာလွတ်လပ်သွက်လက်တဲ့ ယင်းနင်ကို ကြည့်မရ ဖြစ်နေပါတယ်။ ယင်းနင်ဟာ မြေခွေးမိစ္ဆာဖြစ်ကြောင်း သိပြီးနောက်မှာတော့သူ့သားနဲ့ ယင်းနင်နဲ့ကို ရအောင်…