Author: Baby Yit Lone

  • လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွား

    ပြည်မြို့တွင် ပျူစောထီးအဖွဲ့က နယ်ကျော်၍ လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွား

    ပဲခူးတိုင်း၊ ပြည်မြို့တွင် ပျူစောထီးအဖွဲ့က နယ်ကျော်၍ လူငယ်များကို ပေါ်တာဆွဲ လာရောက် ဖမ်းဆီးစဉ် စစ်သားများနှင့် စကားများ ရန်ဖြစ်ပြီး ရိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၁၅ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်မြို့ ဆင်စုရပ်ကွက် ကမ်းနားလမ်းရှိ အမှတ် ၇၅ စစ်သား စုဆောင်းရေးတပ်အနီးတွင် ထိုင်နေသော အရံ မီးသတ် ၂ ဦးနှင့် မြို့နယ်ထွေအုပ်ရုံးမှ ဆွေမျိုးတော်စပ်သူ ၁ ဦးကို ပြည်မြို့ ၉၅၉ တပ်ရင်းမှ စစ်သားနှင့် ပျူစောထီးများက ကားဖြင့်ရောက်ရှိလာပြီး ပေါ်တာဆွဲ ဖမ်းဆီးရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားရာနေရာ အနီးနားရှိ အမှတ် ၇၅ စစ်သားစုဆောင်းရေးတပ်မှ စစ်သားများ ရောက်ရှိလာပြီး ၎င်းတို့ အားလုံးကို စုဆောင်းရေးတပ်ထဲ ခေါ်ဆောင်လာကြောင်း၊ ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ၉၅၉ တပ်ရင်းမှ အရပ်ဝတ် ဝတ်ထားသော စစ်သားနှင့်ပျူစောထီး အဖွဲ့ကို နယ်ကျော်၍ ပေါ်တာဆွဲ ဖမ်းဆီးသည်ဟုဆိုကာ စုဆောင်းရေးမှ စစ်သားများက ဝိုင်းဝန်း ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    ယင်းသို့ ထိုးကြိတ်မှုဖြစ်ပွားပြီးနောက် ၉၅၉ တပ်ရင်းမှ အရပ်ဝတ် ဝတ်ထားသော စစ်သားက တပ်ရင်းမှ ဗိုလ်မှူး ၁ ဦးကို ဖုန်းဆက်၍ အကူအညီ တောင်းခံခဲ့ကြောင်း၊ ထို့နောက် ဗိုလ်မှူး ဆိုသူက ပြည်မြို့ အခြေစိုက် ၇၅ တပ်ရင်းကို ဖုန်းဆက်၍ ၎င်းလူများကို ပြန်လွှတ်ပေးရန် ပြောဆိုခဲ့သော်လည်း ဗိုလ်မှူးလည်း ဂရုမစိုက်ကြောင်း ပြန်လည်ပြောဆိုခဲ့သောကြောင့် အပြန်အလှန် ဆဲဆိုကာ ဖုန်းချသွားကြောင်း သိရသည်။

    ထို့နောက် ယင်းနေ့ ည ၁၁ နာရီခန့်တွင် ၉၅၉ တပ်ရင်းမှ ဗိုလ်မှူးဆိုသူ အပါအဝင် စစ်သားများနှင့် ပြည်မြို့ ထွေ/အုပ်ရုံးမှလည်း AD မြို့နယ် အုပ်ချုပ်ရေးမှုးအဖွဲ့တို့ အမှတ် ၇၅ စစ်သားစုဆောင်းရေးတပ်သို့ ကားဖြင့် ရောက်ရှိလာပြီး ၎င်းကို ဆဲဆိုခဲ့သူကို ထုတ်ပေးရန် ပြောဆိုပြီး အပြန်အလှန် ဆဲဆိုမှုများ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ပြဿနာဖြစ်ပွားပြီးနောက် စုဆောင်းရေးတပ်မှ ဖမ်းဆီးထားသော ၉၅၉ တပ်ရင်းမှ စစ်သား ၁ ဦး၊ ပျူစောထီးများ၊ အရံ မီးသတ် ၂ ဦးနှင့် မြို့နယ်ထွေအုပ်ရုံးမှ ဆွေမျိုးတော်စပ်သူ ၁ ဦးတို့ ပြန်လည် လွတ်မြောက်လာကြောင်း၊ ပြည်မြို့တွင် အကြမ်းဖက် စစ်တပ်က အပတ်စဉ် ၁၈ အတွက် အဓမ္မပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ စစ်မှုထမ်း သင်တန်းကျောင်းများသို့ ပို့ဆောင်နေကြောင်း သိရှိရသည်။

    အဆိုပါ အမှတ် ၉၅၉ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ အလုပ်ရုံတပ်ခွဲ (၉၅၉ လျှပ်/စက်တပ်)သည် ပြည်မြို့၏ မြို့ပေါ် ၁၁ ရပ်ကွက်ဖြစ်သည့် ခေတ္တရာရပ်ကွက်တွင်တည်ရှိပြီး ပြည်မြို့မှ ဒေသခံများ အများစုရှိသည့် တပ်ဖြစ်ကြောင်း၊ ထို ၉၅၉ တပ်ရင်းမှ မိသားစုဝင် သားသမီးများသည် ခေတ္တရာ ရပ်ကွက်ရှိ အမှတ် ၅ အခြေခံပညာ အထက်တန်း ကျောင်း (အထက-၅) ကျောင်းထွက်များဖြစ်ပြီး ခေတ္တရာ ရပ်ကွက်သားများ၏ နေအိမ်များတွင် ဝင်ထွက်စားသောက်ဖူးသူများ ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် က အာဏာသိမ်းပြီးနောက် ၉၅၉ တပ်ရင်းမှ စစ်သားများသည် မြို့ခံများ၏ မျက်နှာ၊ ပြည်သူလူထု၏ မျက်နှာကို မထောက်ဘဲ စစ်တပ်၏ အလိုကျသာ အလွန်အကျူး လုပ်ဆောင် ပေးနေသောတပ်ရင်းဖြစ်ကာ ပေါ်တာဆွဲသူများကို ထားရှိပြီး သက်ဆိုင်ရာသင်တန်းကို ပို့ဆောင်နေသောနေရာဖြစ်ကြောင်း သိရသည်။

  • Good News

    Good News

    Good News (2025)

    ဒီတစ်​ခေါက် Netflix က​နေ ထွက်ရှိလာတဲ့ ရုပ်ရှင်က​တော့ 1970 ခုနှစ်က ပြန်​ပေးဆွဲခံခဲ့ရတဲ့

    ဂျပန်​ခရီးသည်တင်လေယာဥ်အ​ကြောင်းကို နောက်ခံထားရိုက်ကူးထားတဲ့ ​Crime/Thriller

    အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ အဓိကဇာတ်​ကောင်​တွေက​တော့ Sul Kyung-gu, Hong Kyungနဲ့

    Ryoo Seung-bum တို့ဖြစ်ပြီး The Merciless, Kill Bok Soon တို့ကို ရိုက်ကူးခဲ့တဲ့

    ဒါရိုက်တာ Byun Sung-hyunက ရိုက်ကူးပုံ​ဖော်ထားပါတယ်။

    ဇာတ်လမ်းအကျဥ်း

    1970 ခုနှစ်မှာ ခရီးသည်တင်​လေယာဥ်တစ်စီးဟာ တိုကျိုမြို့ ဟာနဲဒါလေဆိပ်က​နေ အီတာဇုကီသို့

    ထွက်ခွာပြီး မကြာခင်မှာပဲ ​လက်နက်ကိုင် Red Army ဂိုဏ်းထံ ပြန်​ပေးဆွဲခံလိုက်ရပြီး ပြုံယမ်းအထိ

    ပျံသန်း​ဖို့ ဖိအားပေးခံခဲ့ရတယ်။ ဒါ​ပေမဲ့ ​မြောက်ကိုရီးယားဘက်က ​လေယာဥ်ဆင်းသက်ဖို့

    ခွင့်မပြုတဲ့အတွက် ပြန်​ပေးသမား​တွေရဲ့ အစီအစဥ်က က​မောက်ကမ ဖြစ်ကုန်​တော့တယ်။

    အဲဒီအချိန် ဆိုးလ်မှာရှိ​နေတဲ့ သရုပ်မှန်လျှို့ဝှက်ထားတဲ့ ထူးချွန်တဲ့ လုပ်​ဆောင်မှု​တွေ​​ကြောင့်

    နာမည်​ကျော် ‘အညတရ’ ဆိုသူကို ခရီးသည်​လေယာဥ်ကို လျှို့ဝှက်ကယ်တင်ဖို့အတွက် ​ခေါ်ယူခဲ့တဲ့အခါမှာတော့…

    ဒါ့အပြင် ဂျပန်၊ ​တောင်ကိုရီးယားနဲ့ အ​မေရိကန်တို့မှ ​ထောက်လှမ်း​ရေးအဖွဲ့များ စစ်ဆင်​ရေးအဖွဲ့များကို ​

    စေလွှတ်ပြီး ​​လေယာဥ်ဆီဖြည့်ချိန် ​ပြေးလမ်းပိတ်ဆို့တာ၊ ​ရေဒီယိုအချက်ပြမှု​တွေကို

    ခိုးယူဖြတ်​တောက်တာစတဲ့ နည်းဗျူဟာများစွာကို အသုံးပြုပြီး ပြန်​ပေးဆွဲ​လေယာဥ်ကို

    ကယ်တင်ဖို့ ကြိုးစားရပုံ​တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရ​မှာပဲဖြစ်ပါတယ်။

  • မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား

    မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွား

    မင်းလှတွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံး၊ PDF ဒုတပ်ခွဲမှူး ၀ဿန် ကျဆုံး

    မကွေးတိုင်း၊ မင်းလှမြို့နယ်တွင် အင်အား ၆၀ ခန့်ပါ စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ဆရာကျောင်းက ပြောဆိုသည်။

    အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် မလွန်ကပစ ၂ မှ တပ်အပြောင်းအလဲလုပ်ရန် ထွက်လာသော အင်အား ၆၀ ခန့်ပါသော စစ်ကား ၂ စီးကို မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာ၊ သရက်အုပ်လမ်းခွဲ၊ စာသင်ကျောင်းအနီးတွင် ဒုတပ်ခွဲမှူး ၀ဿန် ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ ညနေ ၄ နာရီ ၅ မိနစ်အချိန်အထိ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကား ၂ စီးလည်းပျက်စီးသွားကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ပွဲတွင် ဒုတပ်ခွဲမှူး ဝဿန်မှာ ဒဏ်ရာရရှိထားပြီး မပြေးနိုင်တော့သဖြင့် လက်အောက်ငယ်သား တော်လှန်ရေးရဲဘော်များကို တပ်ပြန်ဆုတ်ခိုင်းခဲ့ကြောင်း၊ ဒဏ်ရာ အပြင်းအထန်ရရှိ၍ မပြေးနိုင်တော့သည့် ဒုတပ်ခွဲမှူး ၀ဿန်က စစ်တပ်ထံတွင် အဖမ်းမခံတော့ဘဲ လက်ပစ်မိုင်းကို ဖောက်ခွဲ၍ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရှိရသည်။

    “ဒုတပ်ခွဲမှူး ၀ဿန်က လက်ပစ်မိုင်းကို စနက်တံဖြုတ်ပြီး ကိုယ့်ကိုကိုယ်အသေ ခံသွားတာ။ ကျန်ရဲဘော်တွေကို သူ့မှာပါတဲ့သေနတ်ကိုပေးပြီး မိုးကလည်း အရမ်းရွာ၊ မထနိုင်တော့ သူ့ ရဲဘော်တပ်စိတ်မှူးကို သေနတ်ပေးပြီး ဗိုက်အောက် မှာ မိုင်းထားပြီးဖောက်ခွဲခဲ့တာပါ။ အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် မြင့်မြတ်စွာကျဆုံးခဲ့ရတာပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ဆရာကျောင်းက ပြောဆိုသည်။

    စစ်တပ်ဘက်တော်သား လော်ဘီတယ်လီဂရမ်များတွင် မင်းလှတိုက်ပွဲအတွင်း PDF ၁ ဦးမှာ စစ်တပ်၏ RPG ကျည်ထိမှန်၍ ခန္ဓာကိုယ် အစိတ်အမွှာအမွှာ ဖြစ်ပြီး သေဆုံးသည်ဟု ဓာတ်ပုံနှင့်တကွ လိမ်လည်သတင်းထုတ်ပြန်ထားကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းမှ ဆရာကျောင်းက ရှင်းပြသည်။

  • ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်နေသူများ လမ်းပေါ်ကိုဆင်းပြေးခဲ့ရ

    ရန်ကုန်တွင် ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်နေသူများ လမ်းပေါ်ကိုဆင်းပြေးခဲ့ရ

    ရန်ကုန်တိုင်း၊ အင်းစိန် ၊မရမ်းကုန်း ၊ လှိုင်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနဲ့ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ အောက်တိုဘာ ၁၇ ရက် မနေ့ ည ၁၁နာရီက ငလျင်လှုပ်ခတ်လို့ အထပ်မြင့်တိုက်မှာနေသူတွေ စိုးရိမ်ထိတ်လန့်ပြီး မြေပြင်ကိုဆင်းပြေးရတယ်လို့ မြို့ ခံတွေဆီက သိရပါတယ်။

    မနေ့ ည ၁၁ နာရီလောက်စလို့ ငလျင်လှုပ်ခတ်ရာ အထပ်မြင့်မှာနေထိုင်သူတွေ မြေညီထပ်ကို ဆင်းပြေးကာ ကားလမ်းမပေါ်မှာ တစ်နာရီလောက်နေပြီး အခြေအနေစောင့်ကြည့်ခဲ့ကြရတယ်လို့ လှိုင်မြို့နယ်နေသူ တယောက်က ပြောပါတယ်။

    “ကျမတို့က အထပ်မြင့်မှာနေတော့ ငလျင်သတင်းကို စောင့်ကြည့်နေတာ ညက ငလျင်လှုပ်တော့ အခန်းတိုင်းလိုလို အောက်ကို ဆင်းပြေးကြတာ။ ချက်ချင်းအပေါ် ပြန်မတက်ရဲဘူး ငလျင်ကငြိမ်သွားပြီဆိုမှ အပေါ်ပြန်တက်ကြတာ။ တချို့ဆိုမတက်ကြဘူး၊ လမ်းပေါ်မှာပဲနေကြတယ။ ကမာရွတ်မှာလည်း လှုပ်သွားတယ်။ အရမ်းမပြင်းပေမယ့် စိတ်ပူတယ်။”

    မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပေါက်ကံမြို့သစ်မှာလည်း မနေ့ည ၁၁ နာရီကျော်က ငလျင်လှုပ်ခတ်ခဲ့ပြီး ဒဏ်ရာရသူ တချို့ရှိတယ်လို့ ဒေသခံက ပြောပါတယ်။

    “ငလျင်လှုပ်တာ သိသာတယ်။ အိမ်ကို တယောက်ယောက်က ဆွဲကိုင်ပြီးလှုပ်လိုက်သလိုပဲ၊ လမ်းထဲက အဒေါ်ကြီးတယောက် ဘီဒိုပိတာ လက်ထိသွားတယ်။ သူ့ယောကျ်ားက ထုတ်တန်းပေါ်က ပစ္စည်းတွေကျတာ၊ ခေါင်းပေါက်သွားတယ်။ ဘယ်သူမှအိမ်ထဲမှာ မနေရဲဘူး အကုန်လမ်းပေါ်မှာ။”

    “ကုတင်​ပေါ်အိပ်​နေတာ ​နည်းနည်းပြင်းတယ်၊ တမိနစ်​လောက်ကြာတယ်၊ရပ်ကွက်ထဲအိမ်​အောက်မှာလည်း​ပြေးဆင်းကြတာ​တွေ့တယ်”ဟုပုဇွန်​တောင်မြို့နယ်တွင်​နေထိုင်သူတစ်ဦးက ပြောသည်။

    ​မြေငလျင်လှုပ်ခတ်မှုကို​​ဖော်ပြသည့် အပ်ပလီ​ကေးရှင်းများ၏ဖော်ပြချက်အရ ရစ်ချ်တာစကေး အင်အား ၃ ဒသမ ၉ အဆင့်ရှိပြီး ဒလမြို့အနီး တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းကို ဗဟိုပြု၍လှုပ်ခတ်ခဲ့​ကြောင်းသိရသည်။

    အလားတူ မနေ့က အင်းစိန်နဲ့ လှိုင်သာယာမြိုနယ်မှာလည်း ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်မှာနေသူတွေအားလုံး မြေညီထပ်လမ်းမပေါ်ကို ဆင်းပြေးရတယ်လို့ နယ်ခံတွေထံက သိရပါတယ်။

    အဆိုပါငလျင်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် တမိုင်လောက်ကွာ ဝေးတဲ့ မြန်မာပြည်တွင်း ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရဲ့ မြောက်-အနောက်မြောက်ဘက် တမိုင်လောက်အကွာ အနက် ၁၅ မီတာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၃ ဒသမ ၆ အဆင့်ရှိငလျင်နဲ့ နောက်ထပ်ငလျင်တခုလှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

    မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး ပြည်သူ ၄,၀၀၀ ကျော်သေဆုံးခဲ့တာကြောင့် ရန်ကုန်မြို့ခံ ပြည်သူတွေက ငလျင်အန္တရာယ်ကို စိုးရိမ်ထိတ်လန့်နေတာ ဖြစ်ပါတယ်။

  • နတ်ရေကန်ဗျူဟာတိုက်ပွဲ၌ စစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချ

    နတ်ရေကန်ဗျူဟာတိုက်ပွဲ၌ စစ်တပ် တပ်ဖွဲ့ဝင်အချို့ AA ထံ လက်နက်ချ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က နတ်ရေကန်ဗျူဟာစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ အာရက္ခတပ်တော် (AA) ဆီမှာ အလံဖြူထောင် လက်နက်ချတာရှိသလို တိုက်ပွဲတွင်း လက်ရဖမ်းဆီးရမိတာတွေလည်းရှိတယ်လို့ AA က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

    လက်နက်ချတဲ့အရေအတွက်နဲ့ ဖမ်းမိတဲ့အရေအတွက်ကိုတော့ ထုတ်ပြန်ချက်မှာ ဖော်မပြထားပါဘူး။

    ဒါပေမဲ့ AA က ထုတ်ပြန်တဲ့ ဓာတ်ပုံမှာတော့ စစ်တပ် တပ်ဖွဲ့ဝင် ၁၁ ယောက် ဒူးထောက်နေတဲ့ပုံပါရှိပါတယ်။

    အမ်း-ပဒါန်းလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ နတ်ရေကန် ဗျူဟာကုန်းကို AA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်ပြီး လက်ရှိမှာ နေရာအနည်းငယ်ပဲ ရဖို့ကျန်တော့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

    အဲဒီ နတ်ရေကန် ဗျူဟာကုန်းဟာ စစ်တပ်က လက်နက်ငယ်ကျည်ဆန်ထုတ်လုပ်တဲ့ ကပစ ၁၄ စက်ရုံနဲ့ ၉ မိုင်ပဲ ဝေးသလို ပဒါန်းမြို့နဲ့လည်း ၁၂ မိုင်ပဲ ဝေးပါတယ်။

    နတ်ရေကန် ဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာကြောင့် စစ်တပ်က စစ်ကူလို့ မရတဲ့အပြင် ရိက္ခာကိုပါ လေကြောင်းက ပို့နေရပါတယ်။

    အဲဒီလိုအခြေအနေမှာ စစ်တပ်က ပဒါန်းမြို့နဲ့ နတ်ရေကန်ဗျူဟာကြားမှာ ခံစစ် အဆင့်ဆင့် ပြင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။