Author: Baby Yit Lone
-

Hag
Hag (2025) ဘဝထဲကိုသူငယ်ချင်းဟောင်းတစ်ယောက် ပြန်ဝင်လာတာဟာကံကောင်းခြင်းလား ဒါမှမဟုတ် ငရဲတံခါး ပွင့်သွားတာလားဆိုတာ ဒီဇာတ်ကားမှာကြည့်ရှုရမှာပါ။ အခုတင်ဆက်ပေးမှာကတော့ Hag ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Hagဟာ ရိုးရိုးတန်းတန်း Horror ကားတွေနဲ့မတူဘဲ စွဲလမ်းမှုရဲ့ အနက်ရှိုင်းဆုံး အမှောင်ခြမ်းကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ ဂီတလောကမှာ နေရာတစ်ခုရဖို့ ရုန်းကန်နေရတဲ့ရိုဝန်ရဲ့ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝထဲကို တချိန်ကရင်ခုန်ခဲ့ဖူးတဲ့ ငယ်သူငယ်ချင်း မဂ် ပြန်ရောက်လာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတယ်။ သူမဟာ အစပိုင်းမှာတော့ ကူညီတတ်တဲ့၊ နားလည်ပေးတတ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပေါ့။ ဒါပေမဲ့ “ဂရုစိုက်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရိုဝန်ရဲ့ ပတ်ဝန်းကျင်က လူတွေကို တစ်ယောက်ပြီးတစ်ယောက် ဖယ်ရှားပစ်ဖို့ ကြိုးစားလာတဲ့အခါမှာတော့…
-

Andhela Ravamidhi
Andhela Ravamidhi (2025) ခြေကျင်းဝတ်သံစဉ် အိန္ဒိယရိုးရာအကအလှတွေကို အရသာရှိရှိခံစားရမယ့် တေလေဂူစကားပြောရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ရိုးရာအကပညာနဲ့ ခေတ်သစ်လူမှုဘဝကြားက ပဋိပက္ခတွေကို ပီပြင်အောင်ရုပ်လုံးဖော်ထားပါတယ်။ ဒီရုပ်ရှင်ကို ရုပ်ရှင်ရဲ့ဇာတ်ဆောင်ဖြစ်သူ မင်းသမီး အင်ဒရာနီကပဲ ဒါရိုက်တာလုပ်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ပါဗာနီဟာ ထူးချွန်တဲ့ အိန္ဒိယရိုးရာ အကပညာရှင်တစ်ဦးပါ။ သူဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အစပိုင်းမှာ အိမ်ထောင်ရေးသာယာခဲ့ပေခဲ့ ကလေးမရနိုင်တဲ့ ပြဿနာကြောင့် အိမ်ထောင်ရေးပဋိပက္ခတွေနဲ့ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို ရင်ဆိုင်ရပါတယ်။ ဒီကြားထဲမှာပဲ ပါဗာနီဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း၊ အခက်အခဲတွေကို အနုပညာနဲ့ ဘယ်လိုကျော်ဖြတ်ပြီး ဘဝရဲ့ အဓိပ္ပာယ်အစစ်အမှန်ကို ရှာဖွေသွားမလဲဆိုတာကို ရိုက်ကူးပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။
-

Observe and Report
Observe and Report (2009) “အသံကြားရယ်ရပါစေ၊ ရုပ်မြင် စခွီထပါစေ” ဆိုတဲ့ ပါရမီနဲ့မွေးဖွားလာတဲ့လူတစ်ယောက်ရှိပါတယ်။ သူကတော့ ဟာသမင်းသား Seth Rogen ပါ။ သူစကားပြောရင်ကို ရယ်နေရတဲ့ လူတစ်ယောက်ပါ။ Seth Rogen ပါတော့ ထုံးစံအတိုင်းပဲ ပေါက်ကရပေါင်း ၁ သိန်း ၆ သောင်းလောက်နဲ့ တော်တော်လေးကိုရယ်ရပါတယ်။ ဒီကားက သိပ်ပြီးထူးခြားနေတဲ့ ဟာသရုပ်ရှင်မျိုးမဟုတ်ပေမယ့် ဘဝအမောကိုတော့ ပြေစေမှာသေချာပါတယ်။ ဇာတ်ညွှန်း ရော်နီဆိုတာ ကုန်တိုက်တစ်ခုရဲ့ လုံခြုံရေးခေါင်းဆောင်။ ရဲလည်းမဟုတ်၊ သာမန်အရပ်သားလည်းမဟုတ်တဲ့ ဂွတိဂွကြားအခြေအနေပေါ့။ ကုန်တိုက်မှာ မိန်းကလေးတွေကို ဖွားဖက်တော်လိုက်လှန်ပြပြီး ထွက်ထွက်ပြေးနေတဲ့ ဘဲတစ်ဗွေပေါ်လာတယ်။ သိတဲ့အတိုင်း ဒါဟာ SA အမှု ဆိုတော့ ဒါကိုဖြေရှင်းဖို့ တာဝန်သိပြည်သူတစ်ယောက်လည်းဖြစ်၊ လုံခြုံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ ရော်နီရဲ့ သမိုင်းပေးတာဝန်ဖြစ်လာတယ်။ တစ်ရက်မှာတော့…
-

W/O Anirvesh
W/O Anirvesh (2025) ဘယ်သူလဲ တစ်နေ့ အမျိုးသားတစ်ယောက် တိုင်ချက်လာဖွင့်တယ်။ အကြောင်းရင်းက မိန်းမက နောက်လူနဲ့ဖောက်ပြန်ပြီး သူ့ကို လုပ်ကြံဖို့ ကြိုးစားနေလို့ပါတဲ့။ ရဲတွေလည်း လိုအပ်တာတွေမေးမြန်းပြီး စုံစမ်းဖို့ စတင်ပါတော့တယ်။ ကျူးလွန်သူမိန်းမဆီ ဖုန်းဆက်အစ်မေးတော့ သူတို့သိထားတဲ့ ဇာတ်လမ်းနဲ့ပြောင်းပြန် မိန်းမဖြစ်သူက နစ်နာသူဖြစ်သွားပြန်ပါတယ်။ ဒီအချိန်မှာပဲ ရေတွင်းထဲမှာ တွေ့လာရတဲ့ အမျိုးသမီးအလောင်းတစ်ခု။။။ ဒါတွေအားလုံး ဘယ်လိုဆက်စပ်နေမလဲ ဘယ်သူ့ကိုယုံပြီး ဘာတွေစုံစမ်းတွေ့ရှိမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။
-

The Last Viking
The Last Viking (2025) ဒီဇာတ်ကားကတော့ နာမည်ကြီး မင်းသားကြီး Mads Mikkelsen နဲ့ Nikolaj Lie Kaas တို့ ဦးဆောင်ပါဝင်ထားပြီး ၂၀၂၅ ခုနှစ်က ထွက်ရှိထားတဲ့ Dark Comedy ဇာတ်ကားသစ် “The Last Viking” (2025) ဖြစ်ပါတယ်။ ဒီကားကို Riders of Justice တို့၊ Men & Chicken တို့လို နာမည်ကြီးကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Anders Thomas Jensen က ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေကြားမှာ တော်တော်လေး ဟော့ဖြစ်နေတဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း Anker (Nikolaj Lie Kaas) ဆိုတဲ့ လူတစ်ယောက်ဟာ ဘဏ်ဓားပြတိုက်မှုနဲ့…