Author: Baby Yit Lone
-

Synthesized
Synthesized (2025) မာတင်က ရိုးရိုးအေးအေး ကွန်ပျူတာပြင်ဆရာတစ်ယောက်၊ ကျောင်းတုန်းက လက်လှမ်းမမှီနိုင်ခဲ့တဲ့အဟော့ဆုံးမိန်းကလေး ငယ်ချစ် ဗယ်လ်ကီရီကိုလက်ထပ်ထားတယ်။ သူတို့နှစ်ယောက်ကြားက မတူညီတဲ့ အယူအဆတွေစိတ်ဝင်စားမှုတွေဟာ အချိန်ကြာလာတော့အိမ်ထောင်ရေးကိုထိခိုက်ပြီးအက်ကြောင်းထင်စပြုလာတယ်။ နောက်ဆုံးတော့ ဗယ်လ်ကီရီဟာ နောက်တစ်ယောက်နဲ့ပေါ်တင်တွဲလိုက်ပြီး အိမ်ပေါ်ကဆင်းသွားခဲ့တယ်။ ပြိုလဲကြေကွဲသွားတဲ့ မာတင်ဟာ သူဝါသနာပါတဲ့ ဂီတကို ပိုလုပ်ဖြစ်လာတယ်။ ဒါပေမယ့်လည်းတစ်ဖြည်းဖြည်းနဲ့ ဗယ်လ်ကီရီဘက်ကလူတွေပေးတဲ့ စိတ်ဒုက္ခတွေကြောင့် သူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းဟာ ဘယ်သူမှမသိလိုက်ပဲ ရုန်းကြွလာခဲ့ပါတယ်။ ဆန်းသစ်တဲ့တင်ပြပုံနဲ့ဆိုပေမယ့် ပေါ့ပေါ့ပါးပါးတင်ဆက်ထားတဲ့ အင်ဒီဆန်ဆန်ဗြိတိန် Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။
-

Ordinary Girl in a Tiara
Ordinary Girl in a Tiara (2025) မိန်းကလေးတစ်ယောက်ရဲ့ LGBTQ အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ငယ်ငယ်ထဲက မက်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာအိမ်မက်ကို အကောင်ထည်ဖော်ရင်းနဲ့ ဖက်ရှင်ပွဲတစ်ခုမှာ တော်ဝင်မျိုးနွယ်အမျိုးသမီးတစ်ယောက်နဲ့တွေ့သွားရာကစပြီးအသစ်အသစ်သော လူမှုဘဝတွေကြားမှာသူ့အတွက် အရာအားလုံးက မလွယ်ကူပါဘူး။ ဒါပေမယ့် ကိုယ့်ပုံစံကို ထိန်းထားရင်း အချစ်အစစ်နဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ရှာဖွေသွားတဲ့အခါသူမရဲ့ဘဝက တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။
-

7 Days to Hell
7 Days to Hell (2025) JJ ဟာမတော်တဆခြေလှမ်းမှားရာကနေ ငရဲကိုရောက်သွားခဲ့ပေမယ့် အဲ့ဒီကနေလွတ်မြောက်ဖို့ ဘာမဆိုလုပ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူ ငရဲဘုရင်မနဲ့အပေးအယူလုပ်ခဲ့ပါတယ်။ အဲ့ဒီသဘောတူညီချက်အရသူဟာ ခုနှစ်ရက်အတွင်း ဝိဉာဉ်ခုနှစ်ခုကိုငရဲဘုရင်မစေခိုင်းတဲ့ နည်းလမ်းတွေနဲ့ သူ့ဆီအပ်နှံပေးရမှာဖြစ်ပါတယ်။ အချိန်နဲ့အမျှ အပြေးအလွှားလုပ်ဆောင်နေရတဲ့ JJ အတွက်ဒီလုပ်ငန်းစဉ်အတွင်းမှာ အချစ်ကိုရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ သူ့အလုပ်ကိုအချိန်မှီပြီးမြောက်နိုင်ဖို့ အခက်အခဲတွေ့လာပါတော့တယ်။ ဘတ်ဂျတ်အများကြီးသုံးမထားပေမယ့် Satire ဆန်ဆန်ဇာတ်လမ်းဇာတ်အိမ်၊ အချိတ်အဆက် ပေါ့ပါးသွက်လက်တဲ့ တင်ပြပုံနဲ့ဆွဲဆောင်နိုင်တဲ့Horror-Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
-

4 Horror Tales: Roommates
4 Horror Tales: Roommates (2006) ဒီတစ်ခေါက်မှာတော့ 4 Horror Tales စီးရီးထဲက Roommates ဆိုတဲ့ ကိုရီးယားသရဲကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်း ယောင်းဟွာ မိန်းကလေးစာသင်ကျောင်း ဆိုတာ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးခဲ့ဖူးတဲ့ ကျောင်းသူတွေကို အထူးကြပ်မတ် စာသင်ကြားပေးတဲ့နေရာပါ။ ဒီကျောင်းမှာ ဂင်ဘိုရမ်နဲ့ သူမရဲ့ သူငယ်ချင်း (၃) ယောက်ဟာ ပြင်ပလောကနဲ့ အဆက်အသွယ် လုံးဝဖြတ်တောက်ပြီး တစ်နေ့ကို (၁၅) နာရီကျော် စာကြည့်ရတဲ့ ပြင်းထန်လွန်းတဲ့ စည်းကမ်းတွေအောက်မှာ နေထိုင်နေကြရပါတယ်။ ဒါပေမယ့် ဒီကျောင်းဟာ သာမန်ကျောင်းတစ်ခု မဟုတ်ပါဘူး… လွန်ခဲ့တဲ့ (၃) နှစ်က ကျောင်းသူတွေအားလုံး သေဆုံးခဲ့ရတဲ့ မီးလောင်မှုတစ်ခု ဒီနေရာမှာ ဖြစ်ပွားခဲ့ဖူးပါတယ်။ ကျောင်းသူတွေကြားထဲမှာ သရဲခြောက်သလို ထိတ်လန့်စရာ ဖြစ်ရပ်တွေ…
-

We’re Not Safe Here
We’re Not Safe Here (2025) ဇာတ်လမ်းအကျဉ်း ၂၀၂၅ ခုနှစ်မှာ ထွက်ရှိထားတဲ့ “We’re Not Safe Here” ဆိုတဲ့ ရုပ်ရှင်က စိတ္တဇဆန်ဆန်နဲ့ ကျောချမ်းစရာကောင်းတဲ့ Horror/Drama အမျိုးအစားလေးပါ။ ဒီကားက တကယ်တော့ အိမ်ထဲကျူးကျော်ဝင်ရောက်ခံရတာနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ရောမွှေထားတဲ့ ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာ Neeta ဆိုတဲ့ ကျောင်းဆရာမလေးက ပန်းချီဆွဲဖို့ ကြိုးစားပေမယ့် စိတ်ကူးမထွက်ဘဲ ဖြစ်နေတယ်။ အဲဒီအချိန်မှာ ပျောက်နေတာ ကြာပြီဖြစ်တဲ့ သူ့လုပ်ဖော်ကိုင်ဖက်ဆရာမ Rachel က ညသန်းခေါင်ကြီး အိမ်ကို ရုတ်တရက်ရောက်လာတာကနေ စတာပဲ။ Rachel က ကြည့်ရတာ တစ်ခုခုကိုအရမ်းကြောက်နေပြီး သူ ပျောက်သွားတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို Neeta ကို စပြောပြပါတော့တယ်။ Rachel ရဲ့…