Author: Baby Yit Lone
-

Crazy Old Lady
Crazy Old Lady (2025) ၂၀၂၅ မှာ ထွက်ရှိထားတဲ့ Vieja Loca (အင်္ဂလိပ်လို Crazy Old Lady) ရုပ်ရှင်ဟာ Horror နဲ့ Psychological Thriller ကြိုက်တဲ့သူတွေအတွက် တကယ်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Pedro ဆိုတဲ့ အမျိုးသားတစ်ယောက်ဆီကနေ စတာပါ။ တစ်နေ့မှာ သူ့ရဲ့ရည်းစားဟောင်းဆီကနေ အကူအညီတောင်းတဲ့ ဖုန်းတစ်ခုရလာတယ်။ အကြောင်းရင်းကတော့ သူ့ရဲ့အမေ Alicia ဟာ အသက်ကြီးပြီး သတိမေ့တတ်တာကြောင့် တစ်ယောက်တည်း ထားလို့မရလို့၊ ခဏလောက် သွားကြည့်ပေးပါဆိုပြီး အကူအညီတောင်းတာပါ။ Pedro လည်း လူနာသွားကြည့်သလိုပဲ ခဏဆိုပြီး သွားလိုက်တာပေါ့။ ဒါပေမဲ့ အဲဒီ အိမ်ကြီးထဲကို သူရောက်သွားတဲ့အချိန်ကစပြီး သူ့ဘဝရဲ့ ငရဲခန်းက စတော့တာပါပဲ။ Alicia…
-

Long Shadows
Long Shadows (2025) ဒီဇာတ်ကားလေးကတော့ ၁၈၀၀ ပြည့်နှစ်နှောင်းပိုင်း အမေရိကန် အရီဇိုးနားဒေသမှာ ဇာတ်အိမ်တည်ထားပါတယ်။ မားကပ်စ်တို့ မိသားစု ၃ ယောက်ရဲ့ ငြိမ်းချမ်းနေတဲ့ဘဝလေးဟာ တစ်ရက်မှာတော့ မြင်းဓားပြတွေ ဖျက်ဆီးတာကို ခံလိုက်ရပါတယ်။ ဓားပြတွေက မြင်းတွေကို ခိုးသွားရုံတင်မက မားကပ်စ်ရဲ့ မိဘနှစ်ပါးကိုပါ သတ်ပစ်လိုက်တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မားကပ်စ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပျင်းလာခဲ့ရပါတယ်။ ဒီလိုနဲ့ မားကပ်စ်အရွယ်ရောက်လာတဲ့အခါမှာ မိဘမဲ့ဂေဟာကနေ ထွက်ပြီး ဇာတိမြို့လေးကို ပြန်လာခဲ့ပါပြီ။ ဇာတိမြို့လေးကို ရောက်ပေမဲ့ အတိတ်က စိတ်ဒဏ်ရာဟောင်းတွေက ဖိစီးတဲ့အခါ အနာဟောင်းက အသစ်ပြန်ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ ဆိုင်တစ်ဆိုင်မှာ မားကပ်စ်ရဲ့ မိဘတွေကို သတ်သွားတဲ့သူတစ်ယောက်နဲ့ ဆုံမိတဲ့အခါမှာ မိဘနှစ်ပါးအတွက် လက်စားချေချင်စိတ်တွေဟာ စိတ်ထဲမှာ ပြန်လည်ပေါ်ပေါက်လာပါတော့တယ်။ မားကပ်စ်အနေနဲ့ ဘယ်လိုတွေ ရှေ့ဆက်ကြုံတွေ့ရမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။
-

Alpha
Alpha (2025) ဒီတစ်ခါမှာတော့ Palme d’Or မှာ nominated ဖြစ်ထားတဲ့ Body Horror ရုပ်ရှင်တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကိုတော့ အယ်လ်ဖာလို ခေါ်တဲ့ အသက် ၁၃ နှစ်အရွယ်ကလေးမလေး ပါတီတစ်ခုကို သွားရာကနေ ရုတ်တရက်ကြီး တက်တူးတစ်ခု ရလာတဲ့အကြောင်းနဲ့ စတင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်က လူတွေမှာ သလင်းကျောက်တွေအဖြစ်နဲ့ တဖြည်းဖြည်းအေးခဲသေဆုံးသွားတတ်တဲ့ ရောဂါဆိုးတစ်မျိုး ပျံ့နှံနေခဲ့တာပါ။ အယ်လ်ဖာရဲ့အမေကလည်း ဆရာဝန်တစ်ယောက်ဖြစ်တဲ့အတွက် နေ့စဥ်နဲ့အမျှ အဲဒီလို သလင်းကျောက်ဖြစ်သွားတဲ့လူနာတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ သမီးဖြစ်သူကပါ ဘယ်ကမှန်းမသိတဲ့ အပ်နဲ့ တက်တူးထိုးလာတဲ့အခါမှာတော့ အယ်လ်ဖာ့အမေရဲ့ စိုးရိမ်စိတ်တွေက မြင့်တက်သွားပါတော့တယ်။ ဒါ့အပြင်ကိုမှ အယ်လ်ဖာ ရဲ့ အတန်းဖော်တွေကလည်း အယ်လ်ဖာ့မှာ ရောဂါရှိနေပြီအထင်နဲ့ ဝိုင်းပယ်ကြ စွပ်စွဲကြတဲ့အခါမှာ ၁၃ နှစ်သာရှိသေးတဲ့ အယ်လ်ဖာတစ်ယောက်…
-

Wreck-It Ralph
Wreck-It Ralph (2012) Ralph ဟာ သူ့ဂိမ်းထဲ က ပြီးပြည့်စုံပြီး တော်နေတဲ့ ကောင်လိုမျိုး အချစ်ခံချင်သူပါ။ ပြဿနာက လူဆိုးတွေကို ဘယ်သူမှမချစ်ကြတာပါပဲ။ ဒါပေမဲ့ သူရဲကောင်းတွေကိုတော့ ချစ်ကြပါတယ်။ ဒီတော့ ဆားဂျင့်အဖြစ်ဆော့ရတဲ့ ဂိမ်းပေါ်လာတဲ့အခါမှာတော့ အဲ ဂိမ်းကို သူ့အတွက် သူရဲကောင်းဖြစ်ဖို့ အခွင့်အရေးလို့ မြင်သွားပါတယ်။ သူဟာ ဂိမ်းထဲ ကို ရိုးရှင်းတဲ့ပလန်နဲ့ ဝင်သွားတယ်။ နိုင်ခဲ့ပေမယ့် မကြာခင်မှာပဲ အရာအားလုံးပျက်စီးသွားခဲ့ပါတယ်။ ဒီအခါမှာ သူဘာတွေဆက်လုပ်မလဲ။ ဘာတွေ ဆက်ဖြစ်လာမလဲ။ သူဖြစ်ချင်တဲ့ သူရဲကောင်းရော ဖြစ်လာပါ့မလားဆိုတာတော့ Wreck-It Ralph ဆိုတဲ့ ၂၀၁၂ ထွက် Animation ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါ။ IMDb rating 7.7 ထိရထားတဲ့ ကာတွန်းလေးမို့ လက်မလွတ်သင့်တဲ့…
-

Ralph Breaks the Internet
Ralph Breaks the Internet (2018) ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇာတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘဝကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ။ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ဝင်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေဖောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီလို…